
ဘယ်လို အခြေအနေမျိုးမှာမဆို ဘ၀ကို ကြံ့ကြံ့ခံ ရင်ဆိုင်နိုင်ဖို့ လက်ခံထားရမယ့် အချက်များ
ဘဝဆိုတာ အမြဲ စိန်ခေါ်မှုတွေနဲ့ ပြည့်နေတဲ့ အရာလို့ ပြောကြ ပါတယ်။ လူတွေမှာ ရှိတတ်တဲ့ ခံစားမှုတွေနဲ့အတူ ဘဝမှာ ဖြစ် တတ်တဲ့ အခြေအနေ အားလုံးကို ရင်ဆိုင်နေကြရတာကြောင့် ဘဝက စိန်ခေါ်မှုတွေ ပြည့်နေတာပါ။
ဒီလိုမျိုး ဘဝကို အကောင်းဆုံး ရင်ဆိုင်နိုင်ဖို့ဆိုရင် ကိုယ့်ဘက် ကနေလည်း အကောင်းဆုံး ပြင်ဆင်ပြီး လက်သင့် ခံထား ရမယ့် အရာတွေ ရှိနေ ပါတယ်။ ဒါတွေကတော့
(၁) အကောင်းဆုံး ရင်ဆိုင်ဖို့ လိုတယ်
ဘဝမှာ အကောင်းဆုံး နေနိုင်ချင်ရင် ကိုယ့်ဘက်ကနေ ဘာပဲလုပ်လုပ် အကောင်းဆုံး လုပ်ဖို့ပဲ လိုအပ် ပါတယ်။ အကောင်းဆုံး လုပ်ရက်နဲ့ မဖြစ်ဘူးဆိုတာ လက်သင့်ခံစရာ အခြေအနေ တစ်ခု ဖြစ်ပါတယ်။
ကိုယ့်ရဲ့ ချို့ယွင်းချက်ကြောင့် ဖြစ်လာတာမျိုး မဖြစ်ရလေအောင် ကျန်းမာရေးမှာ ဖြစ်စေ၊ လူမှုရေးနဲ့ အလုပ် ကိစ္စမှာ ဖြစ်စေ ကိုယ့်ဘက်က အမြဲ အကောင်းဆုံးသာ လုပ်နေဖို့ လိုပါတယ်။ ဒါက ကိုယ့်ကိုယ်ကို နောင်တ မရအောင် လည်း ကူညီပေးနိုင် ပါတယ်။
(၂) မမျှော်လင့်ထားတာတွေ ဖြစ်တတ်တယ်
ဘဝဆိုတာ ဘာမှ မျှော်လင့်ထားလို့ ရတဲ့အရာ မဟုတ်ပါဘူး။ ကိုယ်ချစ်တဲ့သူက ကိုယ့်ကို ပြန်မချစ် တာလည်း ဖြစ်နိုင်သလို၊ ကိုယ် အောင်မြင်မယ် ထင်ပြီး အကြောင်းတစ်ခုကြောင့် ကျရှုံး သွားတာ လည်း ဖြစ်တတ် တာပါပဲ။
ဒါ့အပြင် ရုတ်တရက် မတော်တဆမှုဆိုတာလည်း ဖြစ်နိုင်နေ ပါသေးတယ်။ ဒါကြောင့် ဘဝမှာ မမျှော်လင့်တာတွေ ဖြစ်လာ တဲ့ အခါ ရင်ဆိုင် နိုင်တဲ့ စိတ်လေး ရှိအောင် ကြိုပြီး နှလုံးသွင်းထား သင့်ပါ တယ်။
(၃) ဒုက္ခရောက်တာ သဘာဝပဲ
ဘဝဆိုတာ ဒုက္ခရောက် တဲ့ အချိန် တစ်ချိန်တော့ ရှိနေတတ် တာပါပဲ။ ဒါကြောင့် ဒုက္ခရောက်တိုင်း စိတ်တွေ အရမ်း မညစ် သွားပါနဲ့။ စိတ်ဓာတ်တွေ အောက်ဆုံးထိ ထိုးမကျ သွားပါနဲ့။
ဘဝမှာ ငါ ရင်ကို ရင်ဆိုင်ရမယ့် အခြေအနေ တစ်ခုလို့ တွေးပြီး အကောင်းဆုံးတာ ရင်ဆိုင်လိုက်ပါ။ ဒုက္ခရောက်လို့ ဆိုပြီး ထပ်ပြီး ပင်ပန်းစွာ တွေးနေရင် ကိုယ်ပဲ ပိုပြီး ထိခိုက်မှာ ဖြစ်ပါတယ်။
(၄) ခံစားရတဲ့အချိန်မှာ ခံစားရမှာပဲ
လူဆိုတာ ခံစားချက် ရှိတဲ့ သတ္တဝါပါပဲ။ ဒါက အံ့သြစရာ မရှိပါဘူး။ ကိုယ်က နှလုံးသား နုပြီး ကိုယ်ချင်းစာတရား ကြီးမားတဲ့သူလည်း ဖြစ်နိုင်သလို ငွေကြေးကို မက်မောလွန်းသူလည်း ဖြစ်နေနိုင် တာပါပဲ။
ဒါ့အပြင် သံယောဇဉ် အတွယ်လွယ်တဲ့ သူလည်း ဖြစ်နေနိုင် ပါသေးတယ်။ ဒီလိုမျိုး ကိုယ့်ရဲ့ အချိန်အခါအလိုက် ဖြစ်ပေါ် လာတဲ့ ခံစားချက်တွေက သူများကို သွားပြီး မထိခိုက်ဘူးဆိုရင် ခံစားချက်တွေကို မြိုသိပ် မထားတာ အကောင်းဆုံးပါပဲ။
သူများက ကိုယ့်အပေါ် ဘယ်လို မြင်လိမ့်မလဲ တွေးပြီး မြိုသိပ်နေရင် ကိုယ့်အတွက် ကျန်းမာရေးအတွက် ထိခိုက်စေ ပါတယ်။
(၅) ချစ်တဲ့သူအားလုံးက ထွက်ခွာသွားမှာပဲ
ကိုယ့်အနားမှာ ဘယ်သူက အမြဲ မရှိနိုင်ဘူး ဆိုတာကိုလည်း လက်ခံထားဖို့ လိုပါတယ်။ ကိုယ့်ကို ချစ်ပေမယ့်လည်း ကိုယ့်ကို မချစ်တော့တဲ့ အချိန်မှာ ထားသွားတာမျိုးလည်း ဖြစ်တတ်ပါတယ်။
ကိုယ်ချစ်တဲ့သူက ရုတ်တရက် သေဆုံး သွားတာလည်း ဖြစ်နိုင်တာပဲ။ ကိုယ့်မိဘတွေကလည်း ကိုယ့်အနား အမြဲ မရှိနိုင် ပါဘူး။ ဒါကို တွေးထားပြီး နားလည် ထားမယ် ဆိုရင် ဒီအခြေအနေတွေကို ကြုံတွေ့ ရချိန်မှာ သင့်ကိုယ်သင် လုံးဝ ပြိုလဲမသွားအောင် ထိန်းပေးနိုင်ပါလိမ့် မယ်။
Kham
No Comments