Credit
Unicode
ထိုက်တန်ရင် ကိုယ့်ဆီကိုပဲ ရောက်လာ မှာပါ
ကိုယ်အရမ်း ချစ်ရတဲ့ သူကို ဆုံးရူံးရမှာ ကြောက်နေလား ။ မကြောက်ပါနဲ့ ။ သင်သာ အကောင်းဆုံး ထိုက်တန်သူ ဖြစ်ပါစေ သင့်ဆီ ရောက်လာ မှာပါ ။
ကိုယ်က အရမ်း တန်ဖိုးထား ရသူက ကိုယ့်အနား ကနေ ရှင်ကွဲ ကွဲထားခဲ့မှာ ကြောက်နေလား ။ မကြောက်ပါနဲ့ ။ သင် အရမ်းကြီး မျှော်လင့် ထားရင်
အများကြီး နာကျင် ခံစားရ တတ်ပြီး သင်နဲ့ ထိုက်တန်တဲ့ သူ ဆိုရင် သင်မောင်းထုတ် ရင်တောင် သင့်အနားက ထွက်သွားနိုင်မှာ မဟုတ်ဘူးလေ ။
တချို့သော အရာတွေ အပေါ်မှာ မျှော်လင့်ချက် သိပ်မ ထားပါနဲ့ ။ ဘာလို့လဲ ဆိုတော့ မျှော်လင့်တဲ့ အတိုင်း ဖြစ် မလာတာ ရှိ တတ် သလို တကယ် ထိုက်တန်ပြီ ဆိုရင် မျှော်လင့်မထားလည်း ဘယ်လောက် ဝေးဝေး ကိုယ့် ဆီ ရောက် လာ မှာ သေချာ ပါ တယ် ။
မျှော်လင့်ချက် ဆို တာ က လူတယောက် အတွက် အသက် ဖြစ်တယ် လို့ ဆိုပေမယ့် မဖြစ်နိုင်တာကို မျှော်လင့် မိ ရင်လည်း အသက်ပါမက ဘဝပါ စုတ်ပြတ် သွားနိုင် ပါ တယ် ။
တချို့သော အရာတွေက လိုက်နေရင် ပိုဝေးကွ ာတတ်ပြီး မလိုချင်တော့မှ ကိုယ့်ဆီ ရောက်လာတာမျိုးလည်း ရှိ တတ် ပါ တယ် ။
အရာအားလုံး အပေါ်မှာ သင့်တင့်သော မျှော် လင့် ချက် ထား နိုင် မှ မဖြစ်နိုင်တဲ့ အခါ ဖြေသာရာရပြီး အေးချမ် းပါ လိမ့် မယ် … ။
No Comments