
အရြယ္ေရာက္ လာတဲ့ သူတိုင္း သိနားလည္ဖို႔ လိုအပ္တဲ့ ဘဝ သင္ခန္းစာမ်ား
အသက္ေတြ ႀကီးလာေလေလ လူ႔ေလာက အေၾကာင္း သိလာေလေလ ပါပဲ။ လူတိုင္းက ငယ္ရြယ္စဥ္ ဘာမွ သိပ္မသိတဲ့ အခ်ိန္ကေန အျဖစ္အပ်က္ေတြ ၾကံဳရင္း ဝမ္းနည္းရင္း ေပ်ာ္ရႊင္ရင္းနဲ႔ လူေတြနဲ႔ ေလာက အေၾကာင္းကို ပိုၿပီး သိလာ ၾကရတာ သိပါတယ္။
ဒါေၾကာင့္ အရြယ္ေရာက္ လာတဲ့ သူတိုင္း ကေတာ့ ေလာကႀကီးရဲ႕ အခုလုိ အေၾကာင္းအရာေတြကို သိထားသင့္ ပါတယ္။
(၁) လူတုိင္းကို မယံုရဘူး
ကိုယ္ကလြဲရင္ ကိုယ့္ဒူးေတာင္ ယံုလုိ႔ မရဘူးဆိုတဲ့ စကားက ဒါေၾကာင့္ ထြက္လာတာ ျဖစ္ပါတယ္။ ေလာကရဲ႕ သဘာဝလို႔ ဆိုရေလာက္ေအာင္ လူေတြကို ယံုရင္ေတာင္မွ လံုးဝ ယံုလို႔ မရပါဘူး။
အရင္းႏွီးဆံုး သူကလည္း ကိုယ့္ကို ဒုကၡေရာက္ေစေအာင္ လုပ္တတ္သလို ရိုးလွပါခ်ည္ရဲ႕ ထင္သူေတြကလည္း မရိုးသားစြာ ကိုယ့္အနား ေရာက္လာလည္း ရွိတတ္ ပါတယ္။ ဒါကို နားလည္ ထားရင္ေတာ့ ၾကံဳလာခဲ့ ရင္ေတာင္မွာ ခံစားရတာ သက္သာ ႏိုင္မွာပါ။
(၂) ကိုယ့္စိတ္ကုိလည္း ယတိျပတ္ မယံုရဘူး
အသက္ႀကီးလာတဲ့အခါ ဒီအခ်က္ကို ပိုၿပီး သတိထားမိတတ္ပါတယ္။ ကိုယ္က လူတစ္ေယာက္ကို ထာဝရ ခ်စ္သြားမယ္လို႔ ထင္မိတတ္ေပမယ့္ တကယ္မွာ ဒီစိတ္ကလည္း ခဏဆိုတာမ်ိဳးကို ပိုၿပီး သတိထားမိတတ္ၾကမွာပါ။ တျခားအေၾကာင္းအရာေတြလည္း အခ်ိန္တစ္ခုမွာ တစ္မ်ိဳးေတြးေပမယ့္ ေနာက္အခ်ိန္တစ္ခုမွာ အေတြးေျပာင္းသြားတာမ်ိဳးလည္း ျဖစ္တတ္ပါတယ္။
(၃) မနက္ျဖန္ ဘာျဖစ္မယ္ဆိုတာ မေသခ်ာဘူး
ေလာကႀကီးက ဆန္းၾကယ္ပါတယ္။ မနက္ျဖန္မွာ ဘာလုပ္မယ္ဆိုတဲ့ အစီအစဥ္ေတြ ထားရွိထားေပမယ့္လည္း အစီအစဥ္အတိုင္း ျဖစ္မလာႏိုင္တဲ့ အေျခအေနေတြလည္း ရွိသြားတတ္ပါတယ္။
ဒါကေတာ့ မေမွ်ာ္လင့္တဲ့ အေျခအေနေတြက အခ်ိန္မေရြး ျဖစ္သြားႏိုင္တယ္ဆိုတဲ့ အသိကို တိုးျမင့္ေစတာပဲ ျဖစ္ပါတယ္။ ဒါေၾကာင့္ သတိထားတတ္တဲ့ အက်င့္ကိုလည္း ရေစပါတယ္။
(၄) ဘာျဖစ္ျဖစ္ အေကာင္းဆံုး လုပ္သင့္တယ္
ေလာကမွာ အေကာင္းဆံုး ရွင္သန္ေနထိုင္ ခ်င္ရင္ေတာ့ ဘာပဲလုပ္လုပ္ အေကာင္းဆံုး လုပ္လိုက္တာ အေကာင္းဆံုးပါပဲ။ အနည္းဆံုးေတာ့ ဘယ္လုိ အေျခအေနပဲ ၾကံဳလာ ၾကံဳလာ ငါက အေကာင္းဆံုး လုပ္ခဲ့တယ္ ဆိုၿပီး ကိုယ့္ကိုယ္ကို ႏွစ္သိမ့္ႏိုင္မွာပဲ ျဖစ္ပါတယ္။
(၅) လူတိုင္း အမွားနဲ႔ မကင္းဘူး
အရမ္း ေတာ္တဲ့သူေတြ ႀကိဳးစားေနတတ္တဲ့ သူေတြကေတာ့ ငယ္ဘဝတည္းက အမွား မရွိသေလာက္ နည္းတတ္ ၾကပါတယ္။ သူတုိ႔ေတြကေတာ့ ငယ္တဲ့ စိတ္နဲ႔ ႀကိဳးစားမႈေတြေၾကာင့္ အမွား ကင္းၾက တာမ်ိဳး ျဖစ္ပါတယ္။
အရြယ္ နည္းနည္းေရာက္ လာတဲ့အခါ ဘဝမွာ ကိုယ္မထင္ထားဘဲနဲ႔လည္း အမွားေတြ ၾကံဳတတ္ ပါေသးတယ္။ ေတာ္တဲ့သူေတြက ဒီအေျခအေနကို လက္ခံ ႏိုင္ဖုိ႔ ခဲယဥ္းၾကပါတယ္။ တကယ္ေတာ့ လူတိုင္းက အမွားနဲ႔ မကင္းပါဘူး။ ဒါက ေလာကသဘာဝ တစ္ခုပါပဲ။
Credit to original writer
Unicode
အရွယ်ရောက် လာတဲ့ သူတိုင်း သိနားလည်ဖို့ လိုအပ်တဲ့ ဘဝ သင်ခန်းစာများ
အသက်တွေ ကြီးလာလေလေ လူ့လောက အကြောင်း သိလာလေလေ ပါပဲ။ လူတိုင်းက ငယ်ရွယ်စဉ် ဘာမှ သိပ်မသိတဲ့ အချိန်ကနေ အဖြစ်အပျက်တွေ ကြုံရင်း ဝမ်းနည်းရင်း ပျော်ရွှင်ရင်းနဲ့ လူတွေနဲ့ လောက အကြောင်းကို ပိုပြီး သိလာ ကြရတာ သိပါတယ်။
ဒါကြောင့် အရွယ်ရောက် လာတဲ့ သူတိုင်း ကတော့ လောကကြီးရဲ့ အခုလို အကြောင်းအရာတွေကို သိထားသင့် ပါတယ်။
(၁) လူတိုင်းကို မယုံရဘူး
ကိုယ်ကလွဲရင် ကိုယ့်ဒူးတောင် ယုံလို့ မရဘူးဆိုတဲ့ စကားက ဒါကြောင့် ထွက်လာတာ ဖြစ်ပါတယ်။ လောကရဲ့ သဘာဝလို့ ဆိုရလောက်အောင် လူတွေကို ယုံရင်တောင်မှ လုံးဝ ယုံလို့ မရပါဘူး။
အရင်းနှီးဆုံး သူကလည်း ကိုယ့်ကို ဒုက္ခရောက်စေအောင် လုပ်တတ်သလို ရိုးလှပါချည်ရဲ့ ထင်သူတွေကလည်း မရိုးသားစွာ ကိုယ့်အနား ရောက်လာလည်း ရှိတတ် ပါတယ်။ ဒါကို နားလည် ထားရင်တော့ ကြုံလာခဲ့ ရင်တောင်မှာ ခံစားရတာ သက်သာ နိုင်မှာပါ။
(၂) ကိုယ့်စိတ်ကိုလည်း ယတိပြတ် မယုံရဘူး
အသက်ကြီးလာတဲ့အခါ ဒီအချက်ကို ပိုပြီး သတိထားမိတတ်ပါတယ်။ ကိုယ်က လူတစ်ယောက်ကို ထာဝရ ချစ်သွားမယ်လို့ ထင်မိတတ်ပေမယ့် တကယ်မှာ ဒီစိတ်ကလည်း ခဏဆိုတာမျိုးကို ပိုပြီး သတိထားမိတတ်ကြမှာပါ။ တခြားအကြောင်းအရာတွေလည်း အချိန်တစ်ခုမှာ တစ်မျိုးတွေးပေမယ့် နောက်အချိန်တစ်ခုမှာ အတွေးပြောင်းသွားတာမျိုးလည်း ဖြစ်တတ်ပါတယ်။
(၃) မနက်ဖြန် ဘာဖြစ်မယ်ဆိုတာ မသေချာဘူး
လောကကြီးက ဆန်းကြယ်ပါတယ်။ မနက်ဖြန်မှာ ဘာလုပ်မယ်ဆိုတဲ့ အစီအစဉ်တွေ ထားရှိထားပေမယ့်လည်း အစီအစဉ်အတိုင်း ဖြစ်မလာနိုင်တဲ့ အခြေအနေတွေလည်း ရှိသွားတတ်ပါတယ်။
ဒါကတော့ မမျှော်လင့်တဲ့ အခြေအနေတွေက အချိန်မရွေး ဖြစ်သွားနိုင်တယ်ဆိုတဲ့ အသိကို တိုးမြင့်စေတာပဲ ဖြစ်ပါတယ်။ ဒါကြောင့် သတိထားတတ်တဲ့ အကျင့်ကိုလည်း ရစေပါတယ်။
(၄) ဘာဖြစ်ဖြစ် အကောင်းဆုံး လုပ်သင့်တယ်
လောကမှာ အကောင်းဆုံး ရှင်သန်နေထိုင် ချင်ရင်တော့ ဘာပဲလုပ်လုပ် အကောင်းဆုံး လုပ်လိုက်တာ အကောင်းဆုံးပါပဲ။ အနည်းဆုံးတော့ ဘယ်လို အခြေအနေပဲ ကြုံလာ ကြုံလာ ငါက အကောင်းဆုံး လုပ်ခဲ့တယ် ဆိုပြီး ကိုယ့်ကိုယ်ကို နှစ်သိမ့်နိုင်မှာပဲ ဖြစ်ပါတယ်။
(၅) လူတိုင်း အမှားနဲ့ မကင်းဘူး
အရမ်း တော်တဲ့သူတွေ ကြိုးစားနေတတ်တဲ့ သူတွေကတော့ ငယ်ဘဝတည်းက အမှား မရှိသလောက် နည်းတတ် ကြပါတယ်။ သူတို့တွေကတော့ ငယ်တဲ့ စိတ်နဲ့ ကြိုးစားမှုတွေကြောင့် အမှား ကင်းကြ တာမျိုး ဖြစ်ပါတယ်။
အရွယ် နည်းနည်းရောက် လာတဲ့အခါ ဘဝမှာ ကိုယ်မထင်ထားဘဲနဲ့လည်း အမှားတွေ ကြုံတတ် ပါသေးတယ်။ တော်တဲ့သူတွေက ဒီအခြေအနေကို လက်ခံ နိုင်ဖို့ ခဲယဉ်းကြပါတယ်။ တကယ်တော့ လူတိုင်းက အမှားနဲ့ မကင်းပါဘူး။ ဒါက လောကသဘာဝ တစ်ခုပါပဲ။
No Comments