Credit
Unicode
အရိုးရှင်းဆုံးနဲ့အနိုင်ယူတဲ့နည်း
အတင်းတွေလား ပြောပါစေ အာညောင်းသွားရင် သူ့ဟာသူ တိတ်သွား လိမ့် မယ် ။ အတိုက်အခံတွေ လား သောင်းကျန်း ပါစေ လက်ပန်း ကျသွားရင် သူ့ဟာ သူရပ် သွားလိမ့်မယ် အပြိုင်အဆိုင်တွေ လား
ပြိုင်ကြ ပါစေ ရှုံး သွားရင် သူ့ဟာသူ ဘေးရှောင် ထွက်သွား လိမ့်မယ် ။ အဆိုးမြင် သမားတွေ လား မြင်စမ်းပါစေ ပြောစရာ မရှိတော့တဲ့ အချိန်မှာ သူ့ဟာသူ ငြိမ်ကုတ် သွား လိမ့်မယ် ။
ကုန်းတိုက် သမားတွေ လား တိုက်စမ်း ပါစေ ပါးစပ် စမြုတ်ပြန် သွားရင် သူ့ဟာသူ့ တိတ် သွားလိမ့် မယ် ။ အကျင့်ဆိုး ရှိသူတွေ လား ဆိုးသွမ်း စမ်းပါစေ ကိုယ့်ဘာသာ ကိုယ် ပျက်ဆီး သွားတဲ့ နေ့မှာ သူ့ဟာသူ ငြိမ်သွား လိမ့်မယ် ။
လောဘ ကြီးသူတွေလား ကြီးစမ်းပါစေ မှန်းသလောက် မရတာများ သွားတဲ့ အချိန်ခါ မျိုးမှာ သူ့ဟာသူ စိတ်ဓာတ်ကျ သွားလိမ့် မယ် ။ အလိမ် အညာ သမားတွေလား စိတ်ကြိုက် လုပ်စမ်းပါစေ
လိမ်လို့ မရတဲ့ အခါမှာ သူ့ဟာသူ လက်လျှော့ သွားလိမ့်မယ် ကပ်ပါးကောင်တွေ လား ကပ်စမ်းပါစေ ဘာမှ မရတဲ့နေ့မှာ သူ့ဟာသူ နောက်ဆုတ်
သွားလိမ့် မယ် ။ ငရစ်တွေ လား ရစ်စမ်း ပါစေ ဂရုမစိုက်ပဲ
နှုတ်ဆိတ်နေ တဲ့ အချိန်မှာ သူ့ဟာသူ အမောဖောက်ပြီး လှည့်ပြန် သွားလိမ့် မယ် ငချွဲတွေလား ချွဲစမ်းပါစေ မညှာပဲကြည့်နေ လိုက် သူ့ဟာသူ နလန်ထူ သွားလိမ့် မယ် အရေးကြီးတာ တစ်ခုက
ဒါတွေ အားလုံးကို အနိုင်လို ချင်တယ် ဆိုရင် မိမိကိုယ် ကိုလည်း ရင့်ကျက်အောင်နေပါ အသန်မာ ဆုံးနဲ့ ခွန်ကြီးမားအောင်နေပါ (စိတ်ဓာတ်ပိုင်း ဆိုင်ရာ ကိုပြော တာပါ)
တကယ်တော့ ဘယ်သူတွေ ဘယ်လောက်ပဲ ကိုယ့်အပေါ် ဆိုးနေ ပါစေ ကိုယ်က မခံယူရင် သူဘာမှ မတတ်နိုင် ပါဘူး ဆိုလိုချင် တာက ကိုယ့်ဘေးမှာ လာပြီး ဆဲဆို နေတယ်ပဲ ထားအုံး နာမနေနဲ့သူအတတ် နဲ့သူ
ဆူးအောင် လုပ်ပစ် လိုက်စမ်းပါ မပြောနဲ့ မနာနဲ့ စိတ်မဆိုးနဲ့ အပြုံးမပျက် ပဲနေလိုက် သူ့ကို နှုတ်ဆက် လိုက် ဒေါသတွေမပြနဲ့ မာန်မာနတွေ မထောင်လွှားနဲ့ အတ္တတွေကို လွယ်လွယ် မလွှတ်ထုတ် လိုက်နဲ့
ငါဘာမှ မဖြစ်ဘူး ဆိုတဲ့ ပုံစံ နေပါ မတူလို့ မတုဘူး ဆိုတဲ့ လက္ခဏာနဲ့သာနေပြလိုက် အလိုလိုနေရင်း သူ့ဟာသူ ငပေါဖြစ် သွားလိမ့် မယ် ။ မှတ်ထား
အဲ့ဒါ အရိုးရှင်းဆုံးနဲ့အနိုင်ယူ တဲ့နည်းပဲ ဒါမျိုး ကြုံဖူးတယ် ဆိုရင်တော့ မင်းဟာ တော်တော်လေး ရင့်ကျက် သွားပြီပဲ မိတ်ဆွေ ။
Credit
No Comments