ေယာက်ာ္းျဖစ္ေစ မိန္းမျဖစ္ေစ တကယ္ခ်စ္ၾကတယ္ဆိုရင္ အတိတ္က အမွားေတြကို လက္ညႇိးထိုး ေျပာဆိုတာမ်ိဳး မလုပ္ရဘူး။ - Amawpyay

ေယာက်ာ္းျဖစ္ေစ မိန္းမျဖစ္ေစ တကယ္ခ်စ္ၾကတယ္ဆိုရင္ အတိတ္က အမွားေတြကို လက္ညႇိးထိုး ေျပာဆိုတာမ်ိဳး မလုပ္ရဘူး။

ေယာက်ာ္းျဖစ္ေစ မိန္းမျဖစ္ေစ တကယ္ခ်စ္ၾကတယ္ဆိုရင္ အတိတ္က အမွားေတြကို လက္ညႇိးထိုး ေျပာဆိုတာမ်ိဳး မလုပ္ရဘူး။
အခ်စ္ေရး

ေယာက်ာ္းျဖစ္ေစ မိန္းမျဖစ္ေစ တကယ္ခ်စ္ၾကတယ္ဆိုရင္ အတိတ္က အမွားေတြကို လက္ညႇိးထိုး ေျပာဆိုတာမ်ိဳး မလုပ္ရဘူး။

တကယ္ ခ်စ္တယ္ ဆိုရင္ သူမွားေနရင္ေတာင္မွ လက္ခံ နားလည္ ေပးရ မွာ ပဲ ။

ခ်စ္သူ/ရည္းစား ရယ္လို႔ ျဖစ္ လာၿပီ ဆို ရင္ တစ္ေယာက္ သိကၡာကို တစ္ေယာက္က

ကာကြယ္ေပး ရ မယ္ ။ အပုပ္မခ် သင့္ဘူး။

လူတိုင္းဟာ အတၱသမား ခ်ည္ းပဲ။ သူ႔အတၱကို ထိပါး လာတာ လူတိုင္း မႀကိဳက္ ၾက ဘူး။

ေပါင္းသင္း ဆက္ဆံေရးမွာ ဒီအခ်က္က သိပ္အေရးႀကီး တယ္။ ဆိုပါေတာ့… ေထာင္က်ေနတဲ့ လူေတြကို ခင္ဗ်ားမွား တယ္လို႔ သြားေျပာရင္ ဘာျပန္ေျပာမယ္ ထင္လဲ။

“တကယ္က ကြၽန္ေတာ္ လူမွားၿပီး တရားစြဲ ခံခဲ့ ရတာပါ” “တရားသူႀကီးက လာဒ္စားလို႔ပါ”

“ကြၽန္ေတာ္ ဘုရားမႀကိဳက္တာ မလုပ္ ခဲ့ပါဘူး”ဆိုတဲ့ အေျဖပဲ ေပးၾက လိမ့္မယ္။ လူ ၁၀၀ မွာ ၈၀ေလာက္ က ဝန္ခံ ရဲၾကမွာ မဟုတ္ ဘူး။

ဒါဟာ ဘာလို႔လဲ ဆိုေတာ့ လူတိုင္းဟာ မိမိအတၱကို မိမိ ကာကြယ္ခ်င္တဲ့ စိတ္ရွိလို ႔ပဲေပါ့။ ခ်စ္သူ/ ရည္းစား အခ်င္းခ်င္း ကြယ္ရာမွာ တစ္ေယာက္ကို တစ္ေယာက္ မေကာင္းေၾကာင္း

ေျပာဆိုေနရင္ ဒါဟာ တကယ္ခ်စ္တာ မဟုတ္ဘူးလို ႔ယူဆလို ႔ရပါတယ္။

ခ်စ္ေနဆဲ အခ်ိန္မွာၿမဳံ ထားၾကေပမယ့္ ျပႆနာျဖစ္ၾကတဲ့ အခါ အခ်င္းခ်င္း ငယ္က်ိဳးငယ္နာေတြ ေဖာ္ၾကမယ္ ဆိုရင္ ဘယ္မွာ ၿငိမ္းေအးမႈ ရွိပါေတာ့ မလဲ။ အမွားကင္းတဲ့ လူရယ္လို႔ ဒီေလာက မွာ မရွိ ဘူး။

သူလည္းမွားသလို ကိုယ္လည္းမွား မွာပဲေလ။ ဒါကို နားလည္ သေဘာေပါက္ ထားရမယ္။

ကြယ္ရာမွာ အခ်င္းခ်င္း ေဝဖန္အပုပ္ခ်ေနတဲ့ ခ်စ္သူ/ရည္းစားေတြက ၿမဲမယ္ လို႔ထင္သလား။

မၿမဲပါဘူးဗ်ာ။ တစ္ေယာက္တည္းေနခဲ့တုန္းကအေကာင္း…သူနဲ႔ေပါင္းကာမွ ကိုယ့္သိကၡာက်ရမယ္ဆိုရင္ဘယ္သူက ဆက္ေပါင္းခ်င္ပါေတာ့မလဲ။

သေဘာကေတာ့ ႐ိုးရွင္း ပါတယ္။ ကိုယ္တကယ္ ခ်စ္ရင္ သူ႔ဘဝကို နားလည္ေပး လိုက္။နားလည္ မေပးႏိုင္ရင္ မခ်စ္နဲ႔ေပါ့။ ဘယ္သူမွ ခ်စ္ပါလို႔ အတင္းအက်ပ္ မေတာင္းဆိုပါဘူး။ ခ်စ္တတ္ၾက ပါေစ…

ဖိုးသူေတာ္ (www.phothutaw.com)

Credit

Unicode

ယောကျာ်းဖြစ်စေ မိန်းမဖြစ်စေ တကယ်ချစ်ကြတယ်ဆိုရင် အတိတ်က အမှားတွေကို လက်ညှိးထိုး ပြောဆိုတာမျိုး မလုပ်ရဘူး။

တကယ် ချစ်တယ် ဆိုရင် သူမှားနေရင်တောင်မှ လက်ခံ နားလည် ပေးရ မှာ ပဲ ။

ချစ်သူ/ရည်းစား ရယ်လို့ ဖြစ် လာပြီ ဆို ရင် တစ်ယောက် သိက္ခာကို တစ်ယောက်က

ကာကွယ်ပေး ရ မယ် ။ အပုပ်မချ သင့်ဘူး။

လူတိုင်းဟာ အတ္တသမား ချည် းပဲ။ သူ့အတ္တကို ထိပါး လာတာ လူတိုင်း မကြိုက် ကြ ဘူး။

ပေါင်းသင်း ဆက်ဆံရေးမှာ ဒီအချက်က သိပ်အရေးကြီး တယ်။ ဆိုပါတော့… ထောင်ကျနေတဲ့ လူတွေကို ခင်ဗျားမှား တယ်လို့ သွားပြောရင် ဘာပြန်ပြောမယ် ထင်လဲ။

“တကယ်က ကျွန်တော် လူမှားပြီး တရားစွဲ ခံခဲ့ ရတာပါ” “တရားသူကြီးက လာဒ်စားလို့ပါ”

“ကျွန်တော် ဘုရားမကြိုက်တာ မလုပ် ခဲ့ပါဘူး”ဆိုတဲ့ အဖြေပဲ ပေးကြ လိမ့်မယ်။ လူ ၁၀၀ မှာ ၈၀လောက် က ဝန်ခံ ရဲကြမှာ မဟုတ် ဘူး။

ဒါဟာ ဘာလို့လဲ ဆိုတော့ လူတိုင်းဟာ မိမိအတ္တကို မိမိ ကာကွယ်ချင်တဲ့ စိတ်ရှိလို့ပဲပေါ့။ ချစ်သူ/ ရည်းစား အချင်းချင်း ကွယ်ရာမှာ တစ်ယောက်ကို တစ်ယောက် မကောင်းကြောင်း

ပြောဆိုနေရင် ဒါဟာ တကယ်ချစ်တာ မဟုတ်ဘူးလို့ယူဆလို့ရပါတယ်။

ချစ်နေဆဲ အချိန်မှာမြုံ ထားကြပေမယ့် ပြဿနာဖြစ်ကြတဲ့ အခါ အချင်းချင်း ငယ်ကျိုးငယ်နာတွေ ဖော်ကြမယ် ဆိုရင် ဘယ်မှာ ငြိမ်းအေးမှု ရှိပါတော့ မလဲ။ အမှားကင်းတဲ့ လူရယ်လို့ ဒီလောက မှာ မရှိ ဘူး။

သူလည်းမှားသလို ကိုယ်လည်းမှား မှာပဲလေ။ ဒါကို နားလည် သဘောပေါက် ထားရမယ်။

ကွယ်ရာမှာ အချင်းချင်း ဝေဖန်အပုပ်ချနေတဲ့ ချစ်သူ/ရည်းစားတွေက မြဲမယ် လို့ထင်သလား။

မမြဲပါဘူးဗျာ။ တစ်ယောက်တည်းနေခဲ့တုန်းကအကောင်း…သူနဲ့ပေါင်းကာမှ ကိုယ့်သိက္ခာကျရမယ်ဆိုရင်ဘယ်သူက ဆက်ပေါင်းချင်ပါတော့မလဲ။

သဘောကတော့ ရိုးရှင်း ပါတယ်။ ကိုယ်တကယ် ချစ်ရင် သူ့ဘဝကို နားလည်ပေး လိုက်။နားလည် မပေးနိုင်ရင် မချစ်နဲ့ပေါ့။ ဘယ်သူမှ ချစ်ပါလို့ အတင်းအကျပ် မတောင်းဆိုပါဘူး။ ချစ်တတ်ကြ ပါစေ…

ဖိုးသူတော် (www.phothutaw.com)

 

No Comments

Leave a Reply

Your email address will not be published.

အခ်စ္ေရး
ဘယ်တော့မှမဆုံစည်းနိုင်တော့တဲ့ တစ်ယောက်သောသူကို သတိရလာတဲ့အခါ..

ဘယ်တော့မှမဆုံစည်းနိုင်တော့တဲ့ တစ်ယောက်သောသူကို သတိရလာတဲ့အခါ.. သင့်ရဲ့ဘဝမှာ လုံးဝ မဆုံနိုင်တော့တဲ့ သူတစ်ယောက်၊ အမြဲ သတိရနေသူ တစ်ယောက် ကတော့ ရှိခဲ့ဖူးမှာပါ။ အခုရှိနေ ရင်လည်း ရှိနေမှာပေါ့။ သူက ကိုယ့်အနားလုံးဝမရှိတော့တာဖြစ်စေ၊ ဒီကမ္ဘာကြီးမှာ မရှိတော့ တာပဲဖြစ်ဖြစ် သူ့ကို သတိရတဲ့ အချိန် ရှိမှာပါပဲ။ အဲ့လိုအချိန်မှာ တမ်းတစိတ်ကြောင့် ရူးရူးမိုက်မိုက် မဖြစ်သွား ပါနဲ့။ သင်ခံစား နိုင်ပါတယ်။ နာကျင်နိုင်ပါတယ်။ သတိရ နိုင်ပါတယ်။ ဒါပေမဲ့ သတိရတဲ့ အချိန်တိုင်း အရင်ကထက် ပိုသက်သာစေ မယ့် နည်းလမ်းတွေကို ဖော်ပြပေးပါရစေ။ ၁။ ဒီလိုခံစားရတာ သင့်အမှား မဟုတ်ပါဘူး အချိန်က အရာရာကို ကုစား သွားမယ်လို့ …

အခ်စ္ေရး
မိန်းကလေးတွေက အရမ်းချစ်သွားမိရင် ကိုယ့်သွေးသားရင်းလိုပဲခံစားရတာ

မိန်းကလေးတွေက အရမ်းချစ်သွားမိရင် ကိုယ့်သွေးသားရင်းလိုပဲခံစားရတာ မိန်းကလေးတွေဟာ မွေးရာပါ မိခင်စိတ် ရှိသူတွေ ဖြစ်ကြ ပါတယ်။ စိတ်နှလုံးနူးညံ့တယ်၊ သနားလွယ်တယ်၊ အနစ်နာခံ တတ်တယ်။ ဒီလို မိန်းကလေးတွေဟာ ချစ်မိပြီ ဆိုရင် သူမတူအောင်ကို ချစ်နိုင်ကြပါတယ် …. ။ ချစ်သူအတွက် ချစ်သူ အဖြစ်သာမက မိခင်တစ်ယောက် နီးပါးကို ဂရုစိုက် နိုင်တဲ့၊ ချစ်နိုင်တဲ့ မိန်းကလေးတွေဆိုတာ ဒီအချက်တွေနဲ့ ကိုက်ညီနေ သူပါ။ ဒါကြောင့် သင့်ချစ်သူသာ ဒီလို မိန်းကလေးဖြစ်နေခဲ့ရင် သင်ဟာ ကမ္ဘာပေါ်မှာ ကံအကောင်းဆုံး လူတစ်ယောက် ဖြစ်တယ် ဆိုတာ သိထား လိုက်ပါနော် ။ (1) အချိန်ပြည့်စိတ်ပူပေးတယ် မိခင်တစ်ယောက် နီးပါး …

အခ်စ္ေရး
အချိန်ကြာ လမ်းခွဲပြီးသွားမှ ပြန်လက်တွဲသွားကြတဲ့စုံတွဲတွေရဲ့ ထူးခြားချက်(၅) ချက်

အချိန်ကြာ လမ်းခွဲပြီးသွားမှ ပြန်လက်တွဲသွားကြတဲ့စုံတွဲတွေရဲ့ ထူးခြားချက်(၅) ချက် ချစ်သူချင်း အဆင်မပြေလို့ ကွဲကြ၊ ကွာကြတာဟာ ဓမ္မတာပါပဲ။ ဒါပေမဲ့ လမ်းခွဲပြတ်စဲခဲ့တဲ့ ချစ်သူတွေ အချိန်အတော်ကြာ အဆက်အသွယ်လည်း မလုပ်ကြဘဲ နောက်မှ ပြန်တွဲကြတဲ့အခါ နှစ်ယောက်ကြားက အချစ်ရေးမျာ ကောင်းကျိုးလေးတွေ ရှိလာတတ်ပါတယ်။ အဲဒါလေးတွေကတော့.. (၁) သံယောဇဉ်ပိုတိုးလာတယ် ဒါကတော့ ဒီလို ပြန်တွဲခဲ့ကြတဲ့ ချစ်သူတွေမှာ အဖြစ်အများဆုံးကိစ္စပါပဲ။ ဝေးပြီးတဲ့နောက် တစ်ယောက်အပေါ်တစ်ယောက် ထားရှိတဲ့ စိတ်ခံစားချက်တွေ ပိုသေချာသွားတာကြောင့် သူနဲ့လည်းအတူပြန်ရှိရော သံယောဇဉ်တွေ အရင်ကထက်ပိုတိုးလာတာပါ။ (၂) ပိုရင့်ကျက်လာကြတယ် ပြဿနာဖြစ်တိုင်း အရင်လို ဒေါနဲ့မောနဲ့ ြဖေရှင်းမယ်၊ ဘာမဟုတ်တာလေးနဲ့ ပြတ်မယ်ပြောတယ်ဆိုတဲ့ အကျင့်တွေကြောင့် ဝေးသွားခဲ့ကြတဲ့အတွက် နောက်ပိုင်း ပြဿနာအကြီးကြီးကြုံလာရင်တောင် …