
ဘာေၾကာင့္အမ်ိဳးသားေတြ ဒိုက္ထိုးေလ့က်င့္ခန္းလုပ္သင့္လဲ
ေငြကုန္ေၾကးက် မမ်ားပဲ ထိေရာက္မႈ ႐ွိတဲ့ေလ့က်င့္ခန္းေတြ ထဲမွာ ဒိုက္ထိုးျခင္း ကလည္း ထိပ္ဆုံးက ပါဝင္ေန ပါ တယ္။ ဒိုက္ထိုးေလ့က်င့္ခန္း ဟာ အခ်ိန္ေနရာ မေ႐ြးလုပ္ေဆာင္ ႏိုင္တဲ့ အျပင္ အသက္အ႐ႊယ္အပိုင္းအျခားမေ႐ြးျပဳလုပ္ ႏိုင္တဲ့ လြယ္ကူ႐ိုး႐ွင္း တဲ့ေလ့က်င့္ခန္း တစ္ခု ပါ ။
ဒီေန႔မွာေတာ့ ဘာေၾကာင့္ အမ်ိဳးသားေတြ ေန႔တိုင္း ဒိုက္ထိုးေလ့က်င့္ခန္း လုပ္ေပး သင့္ လဲ။ ဒိုက္ထိုးေလ့က်င့္ခန္းက ဘယ္လိုေကာင္းက်ိဳးေတြ ရေစလဲ ဆိုတာ မွ်ေဝေပး ခ်င္ပါတယ္ ။
(၁) ႏွလုံးက်န္းမာေရးေကာင္းေစတယ္
႐ုပ္ပိုင္းဆိုင္ရာၾကံ့ခိုင္မႈက ႏွလုံးေသြးေၾကာ ဆိုင္ရာ က်န္းမာေရးႏွင့္ အၿမဲဆက္ ႏြယ္ေနတယ္ဆိုတာ သင္သိ ပါသ လား။ JAMA Network Open ဂ်ာနယ္ရဲ႕ေဖာ္ျပမႈ အရေတာ့
ေန႔တိုင္း ဒိုက္ထိုးေလ့က်င့္ခန္းျပဳလုပ္တဲ့ အမ်ိဳးသားေတြဟာ ႏွလုံးေရာဂါျဖစ္ႏိုင္ေျခနည္းပါးၿပီး ႏွလုံးေသြးေၾကာဆိုင္ ရာေရာဂါမ်ား ကိုလည္း ကာကြယ္ေပး ကာ ႏွလုံးက်န္းမာေရးကို ထူးျခားေကာင္းမြန္ေစတယ္ လို႔ဆို ပါတယ္။
(၂) အ႐ိုးႏွင့္ႂကြက္သားမ်ားသန္မာေစတယ္
ဒိုက္ထိုးေလ့က်င့္ခန္းရဲ႕ ေနာက္ထပ္အံ့ၾသဖြယ္ အက်ိဳးေက်းဇူးတစ္ခုက ႂကြက္သားႏွင့္ အ႐ိုးအဆစ္ေတြကို သန္မာလာေစဖို႔ ကူညီေပး တာျဖစ္ပါတယ္။ အဓိကအားျဖင့္ ဒိုက္ထိုးတဲ့အခါ ခႏၶာကိုယ္ေဘာ္ဒီတစ္ခုလုံးရဲ႕ အေလးခ်ိန္ကိုထိန္းထားေပးတဲ့ လက္ ပခုံး ရင္ဘက္ ႏွင့္ ေနာက္ေက်ာစတဲ့
ခႏၶာကိုယ္အေပၚပိုင္း ႂကြက္သားမ်ားနဲ႔ အ႐ိုးအဆစ္မ်ားကို ပိုၿပီးသန္မာလာေစပါတယ္။ ဒါေၾကာင့္ ဒိုက္ထိုးေလ့က်င့္ခန္းမ်ားမ်ားလုပ္ေလ အ႐ိုးႏွင့္ႂကြက္သားမ်ားပိုၿပီးသန္မာလာေလပါပဲ။
(၃) ဝိတ္က်ဖို႔ကူညီေပးတယ္
ဒိုက္ထိုးျခင္းဟာ တခ်ိန္တည္းမွာပင္ ခႏၶာကိုယ္တစ္ခုလုံး႐ွိ ႂကြက္သားအစိတ္အပိုင္းအားလုံးကို အလုပ္လုပ္ေစတဲ့ ေလ့က်င့္ခန္းတစ္ခုျဖစ္ပါတယ္။ ဒါေၾကာင့္ ခႏၶာကိုယ္မွာ႐ွိတဲ့ ကယ္လိုရီေတြကိုမ်ားမ်ားပိုေလာင္ကြၽမ္းေစၿပီး ကိုယ္အေလးခ်ိန္က်ေစဖို႔ ကူညီေပးမွာျဖစ္ပါတယ္။ ဝိတ္က်ခ်င္သူေတြအတြက္ေတာ့ ဒိုက္ထိုးေလ့က်င့္ခန္းဟာ ေန႔တိုင္းလုပ္ေပးသင့္တဲ့ ေလ့က်င့္ခန္းတစ္ခုျဖစ္ပါတယ္။
(၄) ႀကီးထြားမႈေဟာ္မုန္းမ်ားတိုးေစတယ္
Human growth hormone (HGH) လို႔ေခၚတဲ့ ႀကီးထြားမႈေဟာ္မုန္းေတြဟာ အမ်ိဳးသားေတြရဲ႕ ကိုယ္ခႏၶာဖြံ႕ၿဖိဳးတိုးတက္မႈ ႏွင့္ႀကီးထြားမႈ အတြက္ အလြန္အေရးႀကီး ပါတယ္။
အဆိုပါေဟာ္မုန္းေတြဟာ ႂကြက္သားထုထည္ တည္ေဆာက္ျခင္းတြင္လည္း အေရးပါတဲ့အခန္းက႑ကေနပါဝင္ေနပါတယ္။ ဒိုက္ထိုးေလ့က်င္းခန္းပုံမွန္ျပဳလုပ္ျခင္းဟာ အဆိုပါေဟာ္မုန္း ဓာတ္ေတြကို တိုးေစၿပီး ခႏၶာကိုယ္ဖြံၿဖိဳး တိုးတက္ျခင္း ႂကြက္သားႏွင့္ အ႐ိုးမ်ားႀကီး ထြားသန္မာ လာျခင္းတို ႔အတြက္ ကူညီေပး ပါတယ္။
Unicode
ဘာကြောင့်အမျိုးသားတွေ ဒိုက်ထိုးလေ့ကျင့်ခန်းလုပ်သင့်လဲ
ငွေကုန်ကြေးကျ မများပဲ ထိရောက်မှု ရှိတဲ့လေ့ကျင့်ခန်းတွေ ထဲမှာ ဒိုက်ထိုးခြင်း ကလည်း ထိပ်ဆုံးက ပါဝင်နေ ပါ တယ်။ ဒိုက်ထိုးလေ့ကျင့်ခန်း ဟာ အချိန်နေရာ မရွေးလုပ်ဆောင် နိုင်တဲ့ အပြင် အသက်အရွှယ်အပိုင်းအခြားမရွေးပြုလုပ် နိုင်တဲ့ လွယ်ကူရိုးရှင်း တဲ့လေ့ကျင့်ခန်း တစ်ခု ပါ ။
ဒီနေ့မှာတော့ ဘာကြောင့် အမျိုးသားတွေ နေ့တိုင်း ဒိုက်ထိုးလေ့ကျင့်ခန်း လုပ်ပေး သင့် လဲ။ ဒိုက်ထိုးလေ့ကျင့်ခန်းက ဘယ်လိုကောင်းကျိုးတွေ ရစေလဲ ဆိုတာ မျှဝေပေး ချင်ပါတယ် ။
(၁) နှလုံးကျန်းမာရေးကောင်းစေတယ်
ရုပ်ပိုင်းဆိုင်ရာကြံ့ခိုင်မှုက နှလုံးသွေးကြော ဆိုင်ရာ ကျန်းမာရေးနှင့် အမြဲဆက် နွယ်နေတယ်ဆိုတာ သင်သိ ပါသ လား။ JAMA Network Open ဂျာနယ်ရဲ့ဖော်ပြမှု အရတော့
နေ့တိုင်း ဒိုက်ထိုးလေ့ကျင့်ခန်းပြုလုပ်တဲ့ အမျိုးသားတွေဟာ နှလုံးရောဂါဖြစ်နိုင်ခြေနည်းပါးပြီး နှလုံးသွေးကြောဆိုင် ရာရောဂါများ ကိုလည်း ကာကွယ်ပေး ကာ နှလုံးကျန်းမာရေးကို ထူးခြားကောင်းမွန်စေတယ် လို့ဆို ပါတယ်။
(၂) အရိုးနှင့်ကြွက်သားများသန်မာစေတယ်
ဒိုက်ထိုးလေ့ကျင့်ခန်းရဲ့ နောက်ထပ်အံ့သြဖွယ် အကျိုးကျေးဇူးတစ်ခုက ကြွက်သားနှင့် အရိုးအဆစ်တွေကို သန်မာလာစေဖို့ ကူညီပေး တာဖြစ်ပါတယ်။ အဓိကအားဖြင့် ဒိုက်ထိုးတဲ့အခါ ခန္ဓာကိုယ်ဘော်ဒီတစ်ခုလုံးရဲ့ အလေးချိန်ကိုထိန်းထားပေးတဲ့ လက် ပခုံး ရင်ဘက် နှင့် နောက်ကျောစတဲ့
ခန္ဓာကိုယ်အပေါ်ပိုင်း ကြွက်သားများနဲ့ အရိုးအဆစ်များကို ပိုပြီးသန်မာလာစေပါတယ်။ ဒါကြောင့် ဒိုက်ထိုးလေ့ကျင့်ခန်းများများလုပ်လေ အရိုးနှင့်ကြွက်သားများပိုပြီးသန်မာလာလေပါပဲ။
(၃) ဝိတ်ကျဖို့ကူညီပေးတယ်
ဒိုက်ထိုးခြင်းဟာ တချိန်တည်းမှာပင် ခန္ဓာကိုယ်တစ်ခုလုံးရှိ ကြွက်သားအစိတ်အပိုင်းအားလုံးကို အလုပ်လုပ်စေတဲ့ လေ့ကျင့်ခန်းတစ်ခုဖြစ်ပါတယ်။ ဒါကြောင့် ခန္ဓာကိုယ်မှာရှိတဲ့ ကယ်လိုရီတွေကိုများများပိုလောင်ကျွမ်းစေပြီး ကိုယ်အလေးချိန်ကျစေဖို့ ကူညီပေးမှာဖြစ်ပါတယ်။
ဝိတ်ကျချင်သူတွေအတွက်တော့ ဒိုက်ထိုးလေ့ကျင့်ခန်းဟာ နေ့တိုင်းလုပ်ပေးသင့်တဲ့ လေ့ကျင့်ခန်းတစ်ခုဖြစ်ပါတယ်။
(၄) ကြီးထွားမှုဟော်မုန်းများတိုးစေတယ်
Human growth hormone (HGH) လို့ခေါ်တဲ့ ကြီးထွားမှုဟော်မုန်းတွေဟာ အမျိုးသားတွေရဲ့ ကိုယ်ခန္ဓာဖွံ့ဖြိုးတိုးတက်မှု နှင့်ကြီးထွားမှု အတွက် အလွန်အရေးကြီး ပါတယ်။
အဆိုပါဟော်မုန်းတွေဟာ ကြွက်သားထုထည် တည်ဆောက်ခြင်းတွင်လည်း အရေးပါတဲ့အခန်းကဏ္ဍကနေပါဝင်နေပါတယ်။ ဒိုက်ထိုးလေ့ကျင်းခန်းပုံမှန်ပြုလုပ်ခြင်းဟာ အဆိုပါဟော်မုန်း ဓာတ်တွေကို တိုးစေပြီး ခန္ဓာကိုယ်ဖွံဖြိုး တိုးတက်ခြင်း ကြွက်သားနှင့် အရိုးများကြီး ထွားသန်မာ လာခြင်းတို့အတွက် ကူညီပေး ပါတယ်။
No Comments