ေပ်ာ္႐ႊင္ၿပီး သက္တမ္းၾကာရွည္တဲ့ အိမ္ေထာင္ျဖစ္ဖို႔ အေရးႀကီးအခ်က္ (၅) ခ်က္ - Amawpyay

ေပ်ာ္႐ႊင္ၿပီး သက္တမ္းၾကာရွည္တဲ့ အိမ္ေထာင္ျဖစ္ဖို႔ အေရးႀကီးအခ်က္ (၅) ခ်က္

ေပ်ာ္႐ႊင္ၿပီး သက္တမ္းၾကာရွည္တဲ့ အိမ္ေထာင္ျဖစ္ဖို႔ အေရးႀကီးအခ်က္ (၅) ခ်က္
Knowledge

ေပ်ာ္႐ႊင္ၿပီး သက္တမ္းၾကာရွည္တဲ့ အိမ္ေထာင္ျဖစ္ဖို႔ အေရးႀကီးအခ်က္ (၅) ခ်က္

အိမ္ေထာင္သက္တမ္း ၾကာရွည္ဖို႔ အတြက္ လင္ေရာ မယားေရာမွာ တာဝန္အျပည့္ရွိပါတယ္။ အိမ္ေထာင္မႈ ဆိုတာ ဂ႐ုတစိုက္ ထိမ္းသိန္း ႏိုင္ကာမွ ေတာ္ကာ က်တာ မ်ိဳးပါ။

ဒီလို မဟုတ္ ရင္ေတာ့ အိမ္ေထာင္သက္ (၁၀)ႏွစ္ ဆိုတာလည္း ကြဲႏိုင္ၿပဲ ႏိုင္ပါတယ္။ ႏွစ္(၂၀)လည္း ကြဲႏိုင္ၿပဲ ႏိုင္တာ ပါဘဲ။ ဒါေၾကာင့္ အိမ္ေထာင္ သက္တမ္း ၾကာရွည္ေစဖို႔ နည္းလမ္းေကာင္းေတြကို မွ်ေဝေပး လိုက္ပါတယ္။

(၁) ပြင့္ပြင့္လင္းလင္းဆက္ဆံေရးကို ထိန္းသိမ္းပါ

လင္နဲ႔မယားၾကားမွာ လွ်ိဳ႕ဝွက္ခ်က္ ထားတာ မေကာင္း ပါဘူး။ အရာရာကို လွ်ိဳ႕ဝွက္တတ္တဲ့အက်င့္ဆိုး ရွိေနရင္လည္း ေဖ်ာက္ပစ္ ႏိုင္ေအာင္ ႀကိဳးစား ပါ။

လင္နဲ႔မယား ပြင့္ပြင့္လင္းလင္းရွိမွ အိမ္ေထာင္ေရး ဟာ လြတ္လပ္ေပါ့ပါးၿပီး ထိန္းသိမ္းရတာ လြယ္ကူ ပါမယ္။ အရာရာကို တိုင္တိုင္ပင္ပင္ လုပ္တဲ့အခါ အမွားအယြင္း နည္းေတာ့ ျပႆနာ နည္းတာေပါ့။

(၂) မဆိုင္တဲ့ျပႆနာေတြ အိမ္ေထာင္ေရးထဲကို မထည့္သြင္းမိပါေစနဲ႔

အိမ္ေထာင္ေရးကိစၥနဲ႔ တိုက္႐ိုက္မပတ္သက္တဲ့ ကိစၥေတြကို အိမ္ေထာင္ေရးျပႆနာအျဖစ္ မဖန္တီးပါနဲ႔။ တစ္ခ်ိဳ႕ေတြက မဆိုင္တဲ့ အေပါက္ကို ဂလိုင္နဲ႔ ေခါက္ခ်င္ ၾကပါတယ္။

တစ္ခ်ိဳ႕ေသာ အိမ္ေထာင္ရွင္ေတြက ပင္ကိုယ္ဝါသနာအရ ျပႆနာကို မီးခြက္ထြန္းရွာၿပီး အိမ္ေထာင္ေရးကို ရမယ္ ရွာတတ္ ပါတယ္။ ဒါမ်ိဳးေတြကို ေရွာင္ျဖစ္ေအာင္ ေရွာင္ဖို႔လိုပါတယ္။

(၃) နားလည္မႈအျပန္အလွန္ေပးပါ

အေရးႀကီးဆုံး ကေတာ့ နားလည္မႈ ပါဘဲ။ နားလည္မႈ မရွိရင္ အိမ္ေထာင္ေရးဆိုတာ ဘယ္လိုမွ ထိမ္းသိမ္းလို႔ မျဖစ္ ႏိုင္ပါ။

နားလည္မႈ လြဲတာနဲ႔ ျပႆနာေတြ အေပၚမွာ ခ်ဥ္းကပ္ပုံခ်င္းလည္း လြဲသြားေတာ့ တာပါပဲ။ ဒါေၾကာင့္ နားလည္မႈ ဆိုတာ ေရရွည္ ထိန္းသိမ္း တည္ေဆာက္ရမယ့္ အရာ ျဖစ္ပ ါတယ္။

(၄) သည္းခံပါ

ဘယ္သူမွားမွား ကိုယ္က သည္းခံ-ဆိုတာ အိမ္ေထာင္ေရးအတြက္ဆို ပိုၿပီး မွန္တယ္ေျပာရမွာပါ။ ဒီလို သည္းခံစိတ္ ႏွစ္ေယာက္ စလုံးမွာ ရွိေနရင္ ဘာျပႆနာမွ ျဖစ္ဖို႔ဆိုတာ မရွိေတာ့ပါဘူး။

တစ္ခါတေလ တစ္ဖက္သက္ သည္းခံတာ မ်ိဳး ရွိတတ္ ပါတယ္။ မိန္းမကိုယ္တိုင္ ေယာက္်ားေသာက္ဖို႔ အရက္ဝယ္ေပး ရတာမ်ိဳး-ကို ေမးၾကည့္တဲ့ အခါ သူတို႔က ျပန္ေျဖလိမ့္မယ္။ ခ်စ္လို႔ ဆိုၿပီးေတာ့ေပါ့။ အမွန္ေတာ့ သည္းခံႏိုင္လို႔-ဆိုတာက ပိုမွန္ ပါလိမ့္မယ္။

(၅) ၾကင္ၾကင္နာနာရွိပါေစ

ေနာက္ဆုံးအခ်က္က အၾကင္နာ တရားပါပဲ။ ခ်စ္လို ႔ယူထားတဲ့ လူအခ်င္းခ်င္း ေမတၱာတုန္းသြားရင္လည္း ဒီအိမ္ေထာင္ေရး က ဘယ္ အဆင္ေျပႏိုင္ ပါေတာ့မလဲ။ ဒီေတာ့ အၾကင္နာတရားကို ထိန္းသိမ္း ထားရ ပါမယ္။ တကယ္သည္းခံ ႏိုင္တဲ့ သူမွာ တကယ္ အၾကင္နာတရား ရွိ ပါတယ္။

source:sm

Unicode

ပျော်ရွှင်ပြီး သက်တမ်းကြာရှည်တဲ့ အိမ်ထောင်ဖြစ်ဖို့ အရေးကြီးအချက် (၅) ချက်

အိမ်ထောင်သက်တမ်း ကြာရှည်ဖို့ အတွက် လင်ရော မယားရောမှာ တာဝန်အပြည့်ရှိပါတယ်။ အိမ်ထောင်မှု ဆိုတာ ဂရုတစိုက် ထိမ်းသိန်း နိုင်ကာမှ တော်ကာ ကျတာ မျိုးပါ။

ဒီလို မဟုတ် ရင်တော့ အိမ်ထောင်သက် (၁၀)နှစ် ဆိုတာလည်း ကွဲနိုင်ပြဲ နိုင်ပါတယ်။ နှစ်(၂၀)လည်း ကွဲနိုင်ပြဲ နိုင်တာ ပါဘဲ။ ဒါကြောင့် အိမ်ထောင် သက်တမ်း ကြာရှည်စေဖို့ နည်းလမ်းကောင်းတွေကို မျှဝေပေး လိုက်ပါတယ်။

(၁) ပွင့်ပွင့်လင်းလင်းဆက်ဆံရေးကို ထိန်းသိမ်းပါ

လင်နဲ့မယားကြားမှာ လျှို့ဝှက်ချက် ထားတာ မကောင်း ပါဘူး။ အရာရာကို လျှို့ဝှက်တတ်တဲ့အကျင့်ဆိုး ရှိနေရင်လည်း ဖျောက်ပစ် နိုင်အောင် ကြိုးစား ပါ။

လင်နဲ့မယား ပွင့်ပွင့်လင်းလင်းရှိမှ အိမ်ထောင်ရေး ဟာ လွတ်လပ်ပေါ့ပါးပြီး ထိန်းသိမ်းရတာ လွယ်ကူ ပါမယ်။ အရာရာကို တိုင်တိုင်ပင်ပင် လုပ်တဲ့အခါ အမှားအယွင်း နည်းတော့ ပြဿနာ နည်းတာပေါ့။

(၂) မဆိုင်တဲ့ပြဿနာတွေ အိမ်ထောင်ရေးထဲကို မထည့်သွင်းမိပါစေနဲ့

အိမ်ထောင်ရေးကိစ္စနဲ့ တိုက်ရိုက်မပတ်သက်တဲ့ ကိစ္စတွေကို အိမ်ထောင်ရေးပြဿနာအဖြစ် မဖန်တီးပါနဲ့။ တစ်ချို့တွေက မဆိုင်တဲ့ အပေါက်ကို ဂလိုင်နဲ့ ခေါက်ချင် ကြပါတယ်။

တစ်ချို့သော အိမ်ထောင်ရှင်တွေက ပင်ကိုယ်ဝါသနာအရ ပြဿနာကို မီးခွက်ထွန်းရှာပြီး အိမ်ထောင်ရေးကို ရမယ် ရှာတတ် ပါတယ်။ ဒါမျိုးတွေကို ရှောင်ဖြစ်အောင် ရှောင်ဖို့လိုပါတယ်။

(၃) နားလည်မှုအပြန်အလှန်ပေးပါ

အရေးကြီးဆုံး ကတော့ နားလည်မှု ပါဘဲ။ နားလည်မှု မရှိရင် အိမ်ထောင်ရေးဆိုတာ ဘယ်လိုမှ ထိမ်းသိမ်းလို့ မဖြစ် နိုင်ပါ။

နားလည်မှု လွဲတာနဲ့ ပြဿနာတွေ အပေါ်မှာ ချဉ်းကပ်ပုံချင်းလည်း လွဲသွားတော့ တာပါပဲ။ ဒါကြောင့် နားလည်မှု ဆိုတာ ရေရှည် ထိန်းသိမ်း တည်ဆောက်ရမယ့် အရာ ဖြစ်ပ ါတယ်။

(၄) သည်းခံပါ

ဘယ်သူမှားမှား ကိုယ်က သည်းခံ-ဆိုတာ အိမ်ထောင်ရေးအတွက်ဆို ပိုပြီး မှန်တယ်ပြောရမှာပါ။ ဒီလို သည်းခံစိတ် နှစ်ယောက် စလုံးမှာ ရှိနေရင် ဘာပြဿနာမှ ဖြစ်ဖို့ဆိုတာ မရှိတော့ပါဘူး။

တစ်ခါတလေ တစ်ဖက်သက် သည်းခံတာ မျိုး ရှိတတ် ပါတယ်။ မိန်းမကိုယ်တိုင် ယောက်ျားသောက်ဖို့ အရက်ဝယ်ပေး ရတာမျိုး-ကို မေးကြည့်တဲ့ အခါ သူတို့က ပြန်ဖြေလိမ့်မယ်။ ချစ်လို့ ဆိုပြီးတော့ပေါ့။ အမှန်တော့ သည်းခံနိုင်လို့-ဆိုတာက ပိုမှန် ပါလိမ့်မယ်။

(၅) ကြင်ကြင်နာနာရှိပါစေ

နောက်ဆုံးအချက်က အကြင်နာ တရားပါပဲ။ ချစ်လို့ယူထားတဲ့ လူအချင်းချင်း မေတ္တာတုန်းသွားရင်လည်း ဒီအိမ်ထောင်ရေး က ဘယ် အဆင်ပြေနိုင် ပါတော့မလဲ။ ဒီတော့ အကြင်နာတရားကို ထိန်းသိမ်း ထားရ ပါမယ်။ တကယ်သည်းခံ နိုင်တဲ့ သူမှာ တကယ် အကြင်နာတရား ရှိ ပါတယ်။

source:sm

No Comments

Leave a Reply

Your email address will not be published.

ရိုးဂုဏ်ဆိုတာ တန်ဖိုးဖြတ်လို့ မရဘူး
Knowledge
” ရိုးဂုဏ်ဆိုတာ တန်ဖိုးဖြတ်လို့ မရဘူး “

” ရိုးဂုဏ်ဆိုတာ တန်ဖိုးဖြတ်လို့ မရဘူး “ ငါ့လောက်ခြေထောက် များတဲ့သူကမ္ဘာမှာရှိရဲ့လားလို့ ကျောက်တုံးပေါ်က ကင်းခြေများက ကြွေးကြော်တော့ သူနေတဲ့နေရာနဲ့အနီးနားက ကျောက်ကုန်းပေါ်က ပို့နတ်သံကောင်က မင်းကငါ့ကို ပြိုင်ဝံ့လို့လားပြောလိုက်တော့ ခင်ဗျားကိုတော့ကျွန်နော် မပြိုင်ဝံ့ပါလို့ကင်းခြေများက ပြောရှာပါသတဲ့…. တစ်နေ့တွင် အမိတာဘချမ်းသည် လေယာဉ်ဖြင့်ခရီးထွက်ရန် ကိစ္စတစ်ခုပေါ်လာသည်။ လေယာဉ်ပေါ်ရှိ သူနှင့်ဘေးချင်းကပ်လျက်ကျသော လူတစ်ယောက်မှာ သူ့ထက်အသက်ကြီးပြီး ရိုးရိုးရှပ်အင်္ကျီနှင့် ဘောင်းဘီကိုသာ ဝတ်ထားသော သာမန် လူလတ်တန်းစားပုံစံပေါက်နေသည့် လူကြီးတစ်ယောက်ဖြစ်သည်။ ထိုလူကြီးမှာ ပညာတော့ တတ်ပုံရသည်။ သတင်းစာတစ်စောင်ကို ဖတ်နေတာတွေ့ရသည်။ ထိုစဉ် လေယာဉ်မယ်လေးက လက်ဖက်ရည်ဖြင့် လိုက်ဧည့်ခံလေသည်။ ထိုလူကြီးက လက်ဖက်ရည်ခွက်ကိုယူလိုက်ပြီး သူနှင့်ဘေးချင်းကပ် အမိတာဘချမ်းကို အသာအယာပြုံးပြလာလေသည်။bအမိတာဘချမ်းကလည်း ထိုလူ့ကို အခွင့်သာခိုက် ပြုံးပြလိုက်ပြီး “ဟဲလို” …

" ပိုက်ဆံ ရှာပါ စုပါ သုံးပါ မဖြုန်းပါနှင့် "
Knowledge
” ပိုက်ဆံ ရှာပါ စုပါ သုံးပါ မဖြုန်းပါနှင့် “

” ပိုက်ဆံ ရှာပါ စုပါ သုံးပါ မဖြုန်းပါနှင့် “ ပိုက်ဆံရှိမှ ဖြစ်တော့မယ်လို့ တွေးမိတဲ့အချိန်ဟာ ခရီးတစ်ခုကို စတင်ဖို့ လက်မှတ်စဝယ်တာနဲ့ တူပါတယ်။ လောကမှာ ပိုက်ဆံရှိမှ ပိုအဆင်ပြေနိုင်ပါတယ်။ မိသားစုထဲမှာ ကြည့်ပါ။ ပိုက်ဆံရှာနိုင်တဲ့သူက ပိုအရေးပါ အရာရောက်ပါတယ်။ အပေါင်းအသင်းတွေ ကြားထဲ ကြည့်ပါ။ ပိုက်ဆံရှိတဲ့သူက ပိုလူရာဝင်ပါတယ်။ လူမှုအဖွဲ့အစည်း တစ်ခုခုကို ကြည့်ပါ။ ပိုက်ဆံပိုရှိတဲ့သူက ပိုအရာရောက်ပါတယ်။ ဒါဟာ လောကကြီးထဲမှာ ရာခိုင်နှုန်း တော်တော်များများ ဖြစ်နေတာပါ။ ဘယ်နည်းနဲ့ကြည့်ကြည့် သင် ပိုက်ဆံရှာရပါမယ်။ ငွေစုရပါမယ်။ သင်ပိုက်ဆံရှိမှ သင်ချစ်တဲ့သူတွေအတွက် သင်လုပ်ချင်တဲ့အရာတွေအတွက် သင်ပြောချင်တဲ့စကားတွေအတွက် သင်လိုချင်တဲ့အရာတွေအတွက် အားလုံးမဟုတ်ရင်တောင် တော်တော်များများလုပ်လို့ရမှာပါ။ “ခင်မင်မှုက ပိုအရေးကြီးတယ်” …

ခံတွင်း အနံ့ဆိုးကို ဘယ်လို ဖျောက်ကြမလဲ
Knowledge
ခံတွင်း အနံ့ဆိုးကို ဘယ်လို ဖျောက်ကြမလဲ

ခံတွင်း အနံ့ဆိုးကို ဘယ်လို ဖျောက်ကြမလဲ ခံတွင်း ပုတ် အနံ့ သည် လူတယောက် အတွက် မိမိကိုယ် ကို ယုံကြည်မူ့ မဲ့စေပါသည်။ ခံံတွင်းအနံ့ မကောင်း သူများသည် လူအများ ကြားတွင် စကားပြော ဆိုရာ တွင် မိမိ ၏ ပါးစပ်မှ အနံ့ ကြောင့် သူတပါးအား အနှောင့်အယှက် ဖြစ်စေသလို မိမိကိုယ်တိုင်လည်း သိမ်ငယ်ရပါသည် ။ ကျွန်တော် တာဝန်ထမ်းဆောင်ရာ အရပ်တပါး၌် တောရ ကျောင်းတခုတွင် သီတင်းသုံး နေထိုင်သော ရဟန်းတပါးအား အခါ အခွင့်သင့်၍ သွားရောက် ဖူးခဲ့ပါသည်။ ထိုရဟန်းသည် စကားပြောသောအခါတွင် ပါးစပ်အား လက်ဝါးနှင့် ကာ၍ …