
(၁) ချစ်စရာကောင်းတယ်
Calcifer
Credit
Unicode
ပါးချိုင့်ရှိတဲ့သူလေးတွေမှာပဲတွေ့ရတဲ့ အားသာချက် (၅) ခု
ရယ်လိုက်ရင် ပါးချိုင့်လေးပေါ်တဲ့ သူတွေဟာ တခြားသူတွေ ထက် ပိုပြီး ဆွဲဆောင်မှု ရှိပြီး ချစ်စရာကောင်းတယ် ဆိုတာ ကတော့ အားလုံး လက်ခံ ထားပြီးသား အမှန်တရားတခုပါပဲနော်။
အခုပြောပြပေး ချင်တာ ကတော့ ပါးချိုင့်လေးနဲ့ ချစ်စရာကောင်း သူတွေမှာ ပဲရှိတဲ့ အားသာချက်လေးတွေမို့ ပါးချိုင့်ပါ သူလေးတွေ ဒီအချက်လေးတွေ အတိုင်း ဟုတ်၊မဟုတ်ကို ဆန်းစစ်ကြည့် လိုက်ရအောင်နော်။
(၁) ချစ်စရာကောင်းတယ်
ပြုံးလိုက်တဲ့ အခါမှာဖြစ်ဖြစ်၊ အားရပါးရ ရယ်မော လိုက်တဲ့ အခါ မျိုးမှာဖြစ်ဖြစ် ပါးချိုင့်ပါသူလေးတွေ ဟာ တခြားသူတွေ ထက် ပိုပြီး ချစ်စရာကောင်းနေ တတ်ကြ ပါတယ်။ ပြုံးပြုံး ရယ်ရယ်နဲ့ စကားပြောတဲ့ အချိန် မျိုးမှာ ပေါ်လာတဲ့ ပါးချိုင့်လေးက တမျိုးလေးဆွဲဆောင်မှု ရှိနေတာ လည်းဖြစ် ပါ တယ်။
(၂) တခြားသူတွေထက်ပိုပြီး မှတ်မိလွယ်တယ်
ဒါကတော့ လူတိုင်း လက်ခံထားတဲ့ အမှန်တရား တခု ပါပဲနော်။ ပါးချိုင့်ပါသူလေးတွေကို တခါမြင်ဖူးရုံ၊ ကြည့်ဖူးရုံနဲ့ မှတ်မိလွယ်ကြပြီး လူကို ပါးချိုင့်လေးနဲ့တွဲပြီး မှတ်မိနေတတ်တာမျိုးကိုက တော်တော် များများနဲ့ ရင်းနှီး လွယ်စေတဲ့ အချက် တခု ပါ။
(၃) ဓာတ်ပုံရိုက်တဲ့ အခါ မျိုးမှာ ပိုပြီးဆွဲဆောင်မှု ရှိကြ တယ်
ဓာတ်ပုံရိုက်တဲ့ အခါ မျိုးမှာ ပါးချိုင့်ပါ သူလေးတွေရဲ့ အားသာချက်ကတော့ ရယ်ရယ်မောမောနေတဲ့ အခါ ပေါ်လာတဲ့ ပါးချိုင့်လေး ပါပဲ။ ဒါကြောင့်မို့လို့ ပါးချိုင့်ပါသူလေးတွေအနေနဲ့ ဓာတ်ပုံရိုက်တဲ့ အခါ ပြုံးပြုံး ရယ်ရယ်လေးနေဖို့ မေ့မထားသင့် ပါဘူးနော်။
(၄) ငယ်ရွယ်နုပျိုတဲ့ အသွင်ပေါက်စေတယ်
ပါးချိုင့်ပါ သူလေးတွေဟာ တခြားသူတွေထက်ပိုပြီး ကလေးဆန်ပြီးချစ်စရာကောင်းသလို အသက်အရွယ်တခု ရလာ ရင်တောင် ငယ်ရွယ်နုပျိုတဲ့ အသွင်ပေါက်စေ တာဖြစ်ပါတယ်။
(၅) အပြစ်ကင်းတဲ့အသွင်ပေါက်တယ်
ရယ်လိုက်ရင် ပါးချိုင့်လေးပေါ် လာတာ ဟာမျိုးဟာ တမျိုးတဘာသ ဆွဲဆောင်မှုရှိသလို အပြစ်ကင်းစင်တဲ့ ကလေး တယောက်လို ချစ်စရာကောင်း တာကြောင့် ပါးချိုင့်ပါသူလေးတွေဟာ ကံကောင်း သူလေးတွေ ဖြစ်နေတယ် ဆိုတာ ကတော့ ငြင်းမရ ပါဘူး။
Calcifer
No Comments