သူငယ္ခ်င္း အရင္းႀကီးေတြသာ အခ်င္းခ်င္း သိၾကတဲ့ အခ်က္ (၁၀) ခ်က္ - Amawpyay

သူငယ္ခ်င္း အရင္းႀကီးေတြသာ အခ်င္းခ်င္း သိၾကတဲ့ အခ်က္ (၁၀) ခ်က္

သူငယ္ခ်င္း အရင္းႀကီးေတြသာ အခ်င္းခ်င္း သိၾကတဲ့ အခ်က္ (၁၀) ခ်က္
Knowledge

သူငယ္ခ်င္း အရင္းႀကီးေတြသာ အခ်င္းခ်င္း သိၾကတဲ့ အခ်က္ (၁၀) ခ်က္

ဘဝမွာ သူငယ္ခ်င္းေကာင္း တစ္ေယာက္ ရွိထား ရင္ေတာင္ သင္က ကံေကာင္းတဲ့သူ ျဖစ္ပါတယ္။ သူငယ္ခ်င္း အရင္းႀကီးေတြ ဆိုတာ ဘယ္ေလာက္ အဖိုးတန္လဲ ဆိုတာကို သူငယ္ခ်င္းရွိရင္ သိမွာပါ။

သူငယ္ခ်င္း အရင္းႀကီး မရွိထားရင္ သင္က ဒီအခ်က္ေတြ ကိုလည္း နားလည္မွာ မဟုတ္ပါဘူး။ သူငယ္ခ်င္း အရင္းႀကီးေတြမွပဲ ဒီအခ်က္ေတြကို နားလည္ တာပါ။

(၁) စကားလံုးေတြထက္ ပိုတယ္

တစ္ေယာက္နဲ႔ တစ္ေယာက္ နားလည္ဖို႔ စကားေတြနဲ႔ ေျပာျပဖို႔ မလိုပါဘူး။ တစ္ေယာက္ကို တစ္ေယာက္ ၾကည့္လိုက္တာနဲ႔ ဘာျဖစ္တယ္ ဆိုတာကို နားလည္ တာက သူငယ္ခ်င္း ျဖစ္ျခင္းေၾကာင့္ ပါပဲေနာ္။

(၂) ေန႔တိုင္း ေျပာေနဖို႔ မလိုဘူး

စကားေတြ ေျပာမေနလည္း စိမ္းမသြားတာ သူငယ္ခ်င္းေတြ ပါပဲ။ စကားေျပာေျပာ မေျပာေျပာ စိတ္ခုစရာ မရွိတာကလည္း သူငယ္ခ်င္းဆိုတဲ့ သံေယာဇဥ္ေၾကာင့္ပါပဲ။

(၃) တစ္ေယာက္ ဘဝ ကို တစ္ေယာက္က နားလည္တယ္

လူတုိင္းမွာ မတူညီတဲ့ ဘဝေတြ ရွိပါတယ္။ ဒီဘဝေတြအတြက္ ခံစားေနရတာလည္း ရွိပါတယ္။ ဒီလိုမ်ိဳး ကို္ယ့္ခံစားခ်က္ သူ႔ခံစားခ်က္ နားလည္ၾကတာ သူငယ္ခ်င္း အရင္းႀကီးေတြမွာပဲ ရွိတာပါ။

(၄) ဘာပဲ ျဖစ္ျဖစ္ ကူညီတယ္

သင္က အမွားေတြပဲ လုပ္ထားပါေစ၊ သင့္ကို ကူညီေပးတဲ့ သူက သင့္သူငယ္ခ်င္းပါပဲ။ သင္ အဆင္ေျပဖို႔ သင္ ေကာင္းဖို႔ အတြက္ စိတ္ေရာ ကိုယ္ပါ ကူညီတတ္ တဲ့သူ ျဖစ္ပါတယ္။

(၅) ပါးစပ္မဖြာဘူး

သင့္အေၾကာင္းကို လူတကာ လိုက္ေျပာမယ့္ အထဲမွာ သင့္ သူငယ္ခ်င္း မပါပါဘူး။

(၆) ဓာတ္ပံုေတြ ရွိေနတယ္

တစ္ေယာက္ဖုန္းထဲမွာ တစ္ေယာက္ ပံုေတြ ပံုစံမ်ိဳးစံု ရွိေန တာပါ။ ေဆးထုိးဖို႔ ပံုေတြ၊ အလွပံုေတြ၊ လွ်ပ္တပ်က္ ရိုက္ကူ းထားတဲ့ ပံုေတြ မ်ားႀကီး ရွိေနမွာပါ။

(၇) ရိုးသားတယ္

သင့္ဘဝမွာ ဘာမွ ပူပန္စရာ မလိုဘဲ အရိုးသားဆံုး ဆက္ဆံလို႔ ရတဲ့ လူလည္း ျဖစ္ပါတယ္။ သင့္အေပၚလည္း အရွိအတိုင္း အရိုးသားဆံုး ဆက္ဆံတဲ့သူ ျဖစ္ပါတယ္။

(၈) လွ်ိဳ႕ဝွက္ထားတယ္

လူမႈေရးမွာ ေျပာစရာ မလုိတဲ့ သူ သိထားသမွ် သင့္ရဲ႕ ကိုယ္ေရး ကိုယ္တာနဲ႔ အားနည္းခ်က္ေတြကိုလည္း ထုတ္မေျပာ တတ္ၾက သူေတြလည္း ျဖစ္ပါတယ္။ လွ်ိဳ႕ဝွက္သင့္တာကို လွ်ိဳ႕ဝွက္ေပးတဲ့ သင့္ရဲ႕ အေဖာ္မြန္ တစ္ေယာက္ပါ။

(၉) ဟန္ေဆာင္စရာ မလုိတဲ့သူ

သင္က ရုတ္တရက္ပဲ ထေအာ္ေအာ္၊ ထိုင္ပဲ ငိုေနေန သူငယ္ခ်င္း ဆိုတာက နားလည္ၾကပါတယ္။ သင့္ကို ထူးဆန္း တယ္လို႔ ျမင္မွာ မဟုတ္သလို သင္ စိတ္ရူးေပါက္သမွ်ကို ၾကည့္ေနႏိုင္တဲ့သူေတြ ျဖစ္ပါတယ္။ သူတို႔ေရွ႕မွာ သင္က ဘာမွ ထိန္းခ်ဳပ္စရာ ဟန္ေဆာင္စရာ မလိုတတ္ပါဘူး။

(၁၀) သင့္ရဲ႕ လူ

သင္ အမွားေတြ လုပ္မိရင္ေတာင္ သင့္ကို ဆူပူၿပီး ကူညီေျဖရွင္းေပးတတ္တာက သင့္ သူငယ္ခ်င္း ပါပဲ။ ဘယ္လို အေျခအေန ရွိရွိ သင့္ကို ယံုေပးၿပီး သင့္ဘက္က ရွိေနေပးသူေတြလည္း ျဖစ္ပါတယ္။

Credit

Unicode

သူငယ်ချင်း အရင်းကြီးတွေသာ အချင်းချင်း သိကြတဲ့ အချက် (၁၀) ချက်

ဘဝမှာ သူငယ်ချင်းကောင်း တစ်ယောက် ရှိထား ရင်တောင် သင်က ကံကောင်းတဲ့သူ ဖြစ်ပါတယ်။ သူငယ်ချင်း အရင်းကြီးတွေ ဆိုတာ ဘယ်လောက် အဖိုးတန်လဲ ဆိုတာကို သူငယ်ချင်းရှိရင် သိမှာပါ။

သူငယ်ချင်း အရင်းကြီး မရှိထားရင် သင်က ဒီအချက်တွေ ကိုလည်း နားလည်မှာ မဟုတ်ပါဘူး။ သူငယ်ချင်း အရင်းကြီးတွေမှပဲ ဒီအချက်တွေကို နားလည် တာပါ။

(၁) စကားလုံးတွေထက် ပိုတယ်

တစ်ယောက်နဲ့ တစ်ယောက် နားလည်ဖို့ စကားတွေနဲ့ ပြောပြဖို့ မလိုပါဘူး။ တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်တာနဲ့ ဘာဖြစ်တယ် ဆိုတာကို နားလည် တာက သူငယ်ချင်း ဖြစ်ခြင်းကြောင့် ပါပဲနော်။

(၂) နေ့တိုင်း ပြောနေဖို့ မလိုဘူး

စကားတွေ ပြောမနေလည်း စိမ်းမသွားတာ သူငယ်ချင်းတွေ ပါပဲ။ စကားပြောပြော မပြောပြော စိတ်ခုစရာ မရှိတာကလည်း သူငယ်ချင်းဆိုတဲ့ သံယောဇဉ်ကြောင့်ပါပဲ။

(၃) တစ်ယောက် ဘဝ ကို တစ်ယောက်က နားလည်တယ်

လူတိုင်းမှာ မတူညီတဲ့ ဘဝတွေ ရှိပါတယ်။ ဒီဘဝတွေအတွက် ခံစားနေရတာလည်း ရှိပါတယ်။ ဒီလိုမျိုး ကိုယ့်ခံစားချက် သူ့ခံစားချက် နားလည်ကြတာ သူငယ်ချင်း အရင်းကြီးတွေမှာပဲ ရှိတာပါ။

(၄) ဘာပဲ ဖြစ်ဖြစ် ကူညီတယ်

သင်က အမှားတွေပဲ လုပ်ထားပါစေ၊ သင့်ကို ကူညီပေးတဲ့ သူက သင့်သူငယ်ချင်းပါပဲ။ သင် အဆင်ပြေဖို့ သင် ကောင်းဖို့ အတွက် စိတ်ရော ကိုယ်ပါ ကူညီတတ် တဲ့သူ ဖြစ်ပါတယ်။

(၅) ပါးစပ်မဖွာဘူး

သင့်အကြောင်းကို လူတကာ လိုက်ပြောမယ့် အထဲမှာ သင့် သူငယ်ချင်း မပါပါဘူး။

(၆) ဓာတ်ပုံတွေ ရှိနေတယ်

တစ်ယောက်ဖုန်းထဲမှာ တစ်ယောက် ပုံတွေ ပုံစံမျိုးစုံ ရှိနေ တာပါ။ ဆေးထိုးဖို့ ပုံတွေ၊ အလှပုံတွေ၊ လျှပ်တပျက် ရိုက်ကူ းထားတဲ့ ပုံတွေ များကြီး ရှိနေမှာပါ။

(၇) ရိုးသားတယ်

သင့်ဘဝမှာ ဘာမှ ပူပန်စရာ မလိုဘဲ အရိုးသားဆုံး ဆက်ဆံလို့ ရတဲ့ လူလည်း ဖြစ်ပါတယ်။ သင့်အပေါ်လည်း အရှိအတိုင်း အရိုးသားဆုံး ဆက်ဆံတဲ့သူ ဖြစ်ပါတယ်။

(၈) လျှို့ဝှက်ထားတယ်

လူမှုရေးမှာ ပြောစရာ မလိုတဲ့ သူ သိထားသမျှ သင့်ရဲ့ ကိုယ်ရေး ကိုယ်တာနဲ့ အားနည်းချက်တွေကိုလည်း ထုတ်မပြော တတ်ကြ သူတွေလည်း ဖြစ်ပါတယ်။ လျှို့ဝှက်သင့်တာကို လျှို့ဝှက်ပေးတဲ့ သင့်ရဲ့ အဖော်မွန် တစ်ယောက်ပါ။

(၉) ဟန်ဆောင်စရာ မလိုတဲ့သူ

သင်က ရုတ်တရက်ပဲ ထအော်အော်၊ ထိုင်ပဲ ငိုနေနေ သူငယ်ချင်း ဆိုတာက နားလည်ကြပါတယ်။ သင့်ကို ထူးဆန်း တယ်လို့ မြင်မှာ မဟုတ်သလို သင် စိတ်ရူးပေါက်သမျှကို ကြည့်နေနိုင်တဲ့သူတွေ ဖြစ်ပါတယ်။ သူတို့ရှေ့မှာ သင်က ဘာမှ ထိန်းချုပ်စရာ ဟန်ဆောင်စရာ မလိုတတ်ပါဘူး။

(၁၀) သင့်ရဲ့ လူ

သင် အမှားတွေ လုပ်မိရင်တောင် သင့်ကို ဆူပူပြီး ကူညီဖြေရှင်းပေးတတ်တာက သင့် သူငယ်ချင်း ပါပဲ။ ဘယ်လို အခြေအနေ ရှိရှိ သင့်ကို ယုံပေးပြီး သင့်ဘက်က ရှိနေပေးသူတွေလည်း ဖြစ်ပါတယ်။

 

No Comments

Leave a Reply

Your email address will not be published.

ရိုးဂုဏ်ဆိုတာ တန်ဖိုးဖြတ်လို့ မရဘူး
Knowledge
” ရိုးဂုဏ်ဆိုတာ တန်ဖိုးဖြတ်လို့ မရဘူး “

” ရိုးဂုဏ်ဆိုတာ တန်ဖိုးဖြတ်လို့ မရဘူး “ ငါ့လောက်ခြေထောက် များတဲ့သူကမ္ဘာမှာရှိရဲ့လားလို့ ကျောက်တုံးပေါ်က ကင်းခြေများက ကြွေးကြော်တော့ သူနေတဲ့နေရာနဲ့အနီးနားက ကျောက်ကုန်းပေါ်က ပို့နတ်သံကောင်က မင်းကငါ့ကို ပြိုင်ဝံ့လို့လားပြောလိုက်တော့ ခင်ဗျားကိုတော့ကျွန်နော် မပြိုင်ဝံ့ပါလို့ကင်းခြေများက ပြောရှာပါသတဲ့…. တစ်နေ့တွင် အမိတာဘချမ်းသည် လေယာဉ်ဖြင့်ခရီးထွက်ရန် ကိစ္စတစ်ခုပေါ်လာသည်။ လေယာဉ်ပေါ်ရှိ သူနှင့်ဘေးချင်းကပ်လျက်ကျသော လူတစ်ယောက်မှာ သူ့ထက်အသက်ကြီးပြီး ရိုးရိုးရှပ်အင်္ကျီနှင့် ဘောင်းဘီကိုသာ ဝတ်ထားသော သာမန် လူလတ်တန်းစားပုံစံပေါက်နေသည့် လူကြီးတစ်ယောက်ဖြစ်သည်။ ထိုလူကြီးမှာ ပညာတော့ တတ်ပုံရသည်။ သတင်းစာတစ်စောင်ကို ဖတ်နေတာတွေ့ရသည်။ ထိုစဉ် လေယာဉ်မယ်လေးက လက်ဖက်ရည်ဖြင့် လိုက်ဧည့်ခံလေသည်။ ထိုလူကြီးက လက်ဖက်ရည်ခွက်ကိုယူလိုက်ပြီး သူနှင့်ဘေးချင်းကပ် အမိတာဘချမ်းကို အသာအယာပြုံးပြလာလေသည်။bအမိတာဘချမ်းကလည်း ထိုလူ့ကို အခွင့်သာခိုက် ပြုံးပြလိုက်ပြီး “ဟဲလို” …

" ပိုက်ဆံ ရှာပါ စုပါ သုံးပါ မဖြုန်းပါနှင့် "
Knowledge
” ပိုက်ဆံ ရှာပါ စုပါ သုံးပါ မဖြုန်းပါနှင့် “

” ပိုက်ဆံ ရှာပါ စုပါ သုံးပါ မဖြုန်းပါနှင့် “ ပိုက်ဆံရှိမှ ဖြစ်တော့မယ်လို့ တွေးမိတဲ့အချိန်ဟာ ခရီးတစ်ခုကို စတင်ဖို့ လက်မှတ်စဝယ်တာနဲ့ တူပါတယ်။ လောကမှာ ပိုက်ဆံရှိမှ ပိုအဆင်ပြေနိုင်ပါတယ်။ မိသားစုထဲမှာ ကြည့်ပါ။ ပိုက်ဆံရှာနိုင်တဲ့သူက ပိုအရေးပါ အရာရောက်ပါတယ်။ အပေါင်းအသင်းတွေ ကြားထဲ ကြည့်ပါ။ ပိုက်ဆံရှိတဲ့သူက ပိုလူရာဝင်ပါတယ်။ လူမှုအဖွဲ့အစည်း တစ်ခုခုကို ကြည့်ပါ။ ပိုက်ဆံပိုရှိတဲ့သူက ပိုအရာရောက်ပါတယ်။ ဒါဟာ လောကကြီးထဲမှာ ရာခိုင်နှုန်း တော်တော်များများ ဖြစ်နေတာပါ။ ဘယ်နည်းနဲ့ကြည့်ကြည့် သင် ပိုက်ဆံရှာရပါမယ်။ ငွေစုရပါမယ်။ သင်ပိုက်ဆံရှိမှ သင်ချစ်တဲ့သူတွေအတွက် သင်လုပ်ချင်တဲ့အရာတွေအတွက် သင်ပြောချင်တဲ့စကားတွေအတွက် သင်လိုချင်တဲ့အရာတွေအတွက် အားလုံးမဟုတ်ရင်တောင် တော်တော်များများလုပ်လို့ရမှာပါ။ “ခင်မင်မှုက ပိုအရေးကြီးတယ်” …

ခံတွင်း အနံ့ဆိုးကို ဘယ်လို ဖျောက်ကြမလဲ
Knowledge
ခံတွင်း အနံ့ဆိုးကို ဘယ်လို ဖျောက်ကြမလဲ

ခံတွင်း အနံ့ဆိုးကို ဘယ်လို ဖျောက်ကြမလဲ ခံတွင်း ပုတ် အနံ့ သည် လူတယောက် အတွက် မိမိကိုယ် ကို ယုံကြည်မူ့ မဲ့စေပါသည်။ ခံံတွင်းအနံ့ မကောင်း သူများသည် လူအများ ကြားတွင် စကားပြော ဆိုရာ တွင် မိမိ ၏ ပါးစပ်မှ အနံ့ ကြောင့် သူတပါးအား အနှောင့်အယှက် ဖြစ်စေသလို မိမိကိုယ်တိုင်လည်း သိမ်ငယ်ရပါသည် ။ ကျွန်တော် တာဝန်ထမ်းဆောင်ရာ အရပ်တပါး၌် တောရ ကျောင်းတခုတွင် သီတင်းသုံး နေထိုင်သော ရဟန်းတပါးအား အခါ အခွင့်သင့်၍ သွားရောက် ဖူးခဲ့ပါသည်။ ထိုရဟန်းသည် စကားပြောသောအခါတွင် ပါးစပ်အား လက်ဝါးနှင့် ကာ၍ …