သင္ေ႐ြးခ်ယ္လိုက္တဲ့တံခါးက သင့္ရဲ႕အေၾကာင္းကိုေျပာျပပါလိမ့္မယ္ - Amawpyay

သင္ေ႐ြးခ်ယ္လိုက္တဲ့တံခါးက သင့္ရဲ႕အေၾကာင္းကိုေျပာျပပါလိမ့္မယ္

သင္ေ႐ြးခ်ယ္လိုက္တဲ့တံခါးက သင့္ရဲ႕အေၾကာင္းကိုေျပာျပပါလိမ့္မယ္
Knowledge

သင္ေ႐ြးခ်ယ္လိုက္တဲ့တံခါးက သင့္ရဲ႕အေၾကာင္းကိုေျပာျပပါလိမ့္မယ္

သင္အႀကိဳက္ဆုံး အႏွစ္သက္ဆုံး တံခါးအေရာင္ ကိုေ႐ြးလိုက္ ပါ။ သင္ေ႐ြးခ်ယ္ လိုက္တဲ့ တံခါးက သင့္ရဲ႕ အေၾကာင္းကို ေျပာေနတာ မို႔လို႔ ေသခ်ာေလး ေ႐ြးခ်ယ္ ဖို႔ေတာ့ လိုပါမယ္ေနာ္ ။

၁။ အျပာေရာင္တံခါး

အျပာေရာင္တံခါးက သင္ဟာ ကူညီတတ္ တယ္ဆိုတာကို ေဖာ္ျပေန ပါတယ္။ တျခားသူကို ကူညီတတ္ တယ္။ သင့္မွာ သူငယ္ခ်င္း အမ်ားႀကီး မရွိဘူး။ စစ္မွန္တဲ့ မိတ္ေဆြနည္းနည္းနဲ႔ပဲ ေပ်ာ္႐ႊင္ တတ္ပါ တယ္ ။

သင္ယုံၾကည္တဲ့ သူအေပၚမွာပဲ သင္ဆက္ဆံေရးကို တည္ေဆာက္ေလ့ ရွိတယ္။ ဒါ့ေၾကာင့္ ေနာက္ေက်ာက ဓါးနဲ႔ထိုး တာမ်ိဳးခံရ ရင္ အရမ္းနာက်င္ ရႏိုင္ တယ္ ။

သင္ဟာ ကိုယ့္ကိုကိုယ္ ယုံၾကည္မႈ ရွိတယ္။ မိမိကိုယ္ကို လုံၿခဳံ စိတ္ခ်မႈ ရွိတယ္။ သစၥာရွိတယ္။ သင္ယုံတဲ့ သူအေပၚမွာ ဘယ္ေတာ့မွ သစၥာ မေဖာက္ဘူး ။ သင္ဟာ အထိ မခံတဲ့သူ (Sensitive)ျဖစ္တတ္ သလို ယဥ္ေက်းတဲ့ သူတစ္ေယာက္ လည္းျဖစ္ျပန္ ပါတယ္ ။

၂။ ခရမ္းေရာင္တံခါး

ခရမ္းေရာင္တံခါးကို ေ႐ြးခ်ယ္ လိုက္တယ္ ဆိုရင္ေတာ့ သင္ဟာ စြမ္းအား ရွိမႈကို ပိုၿပီးႏွစ္သက္တယ္။ သင့္မွာ ခိုင္မာတဲ့ စိတ္ဓာတ္ ရွိတယ္။ လြတ္လပ္တဲ့ စိတ္ခံစားမႈေတြ ရွိတယ္။ သင့္ဘဝရဲ႕ အရာ အားလုံးကို သင္ထိန္းခ်ဳပ္ ခ်င္တယ္။

သင္ဟာ ေတာ္တယ္။ ဒါေပမယ့္ တျခားသူေတြကို ကိုယ့္ေလာက္ မေတာ္ဘူးလို႔ ေတြးတတ္တယ္ …။သင္ဟာ ဂ႐ုစိုက္ တတ္တဲ့ စိတ္ႏွလုံး ရွိတယ္ ။

သင့္ရဲ႕ စြမ္းအား အရွိဆုံး လက္နက္ ကေတာ့ ခြန္အား နဲ႔ လွ်ိဳ႕ဝွက္ခ်က္ျဖစ္ တယ္။ ခက္ခဲတဲ့အခ်ိန္မွာေတာင္ သင္ဟာ ရယ္ေမာၿပီး အေကာင္းဖက္က ေတြး တတ္တယ္။ ခက္ခဲမႈေတြႀကဳံရတဲ့အခါ ကိုယ့္ကိုကိုယ္အားေပးပါ၊ ခြန္အားရစရာေတြ ဖတ္ပါ။ အားတင္း ထားပါ။ သင့္ကို ေပ်ာ္႐ႊင္ေစ ပါလိမ့္ မယ္ ။

၃။ အနီေရာင္တံခါး

အနီေရာင္တံခါးက သင့္ရဲ႕ စြမ္းအားရွိမႈ ေပ်ာ္႐ႊင္ တတ္တဲ့ စိတ္ဓာတ္ေတြေၾကာင့္ တျခားသူေတြၾကားမွာ ထင္ရွား သူေလးပါ။ သင္ဟာ ယွဥ္ၿပိဳင္မႈကို ႏွစ္သက္တယ္။ သင္ေကာင္းေကာင္း လုပ္ထားတဲ့ အလုပ္တစ္ခုဆိုရင္ အသိအမွတ္ျပဳတာ လိုခ်င္တယ္။

လိုအပ္တဲ့သူေတြကို ကူညီ ရတာ ႏွစ္သက္ တယ္ ။ သင့္မိသားစု သူငယ္ခ်င္းေတြကို ဘာရယူလိုမႈမွ မပါဘဲ ခ်စ္ တယ္။ တည္တည္ၿငိမ္ၿငိမ္ ေအးေအးေဆးေဆးေန ခ်င္တဲ့ စိတ္ရွိတယ္ ။

၄။ ဇီးၾကကၸဳံ တံခါး

သင္ဟာ ထူးျခားတယ္။ သိခ်င္ စိတ္ရွိတယ္။ ဇီးကြက္ ပုံတံခါးကိုေ႐ြးခ်ယ္တဲ့ သူေတြဟာ တျခားအေရာင္လွလွ တံခါးေတြ ထက္ တံခါးရဲ႕ အေသးစိတ္ ပုံစံကို ေ႐ြးခ်ယ္ ထားတဲ့သူေတြပါ။ သင္ဟာ လြတ္လပ္ေပါ့ပါး တယ္။ မိမိေျခေထာက္ေပၚ မိမိ ရပ္တည္ ႏိုင္တယ္။ အေကာင္းဘက္က ေတြးတတ္ တယ္ ။

ကိုယ္မသိတဲ့သူေတြအေပၚမွာ လည္း ကိုယ့္သူငယ္ခ်င္း မိသားစုဝင္ေတြ လိုပဲ ဆက္ဆံတတ္တယ္ …။သင့္ရဲ႕ ၾကင္နာ တတ္မႈက တစ္ဖက္သား ကိုဆြဲေဆာင္ ႏိုင္တယ္။ ဒါေပမယ့္ အလွအပနဲ႔ ပတ္သက္ လို႔ေတာ့ သင္ဟာ ယုံၾကည္မႈ သိပ္ မရွိဘူး ။

သင့္ကို ဘယ္လိုပဲ ပင္ပန္းေအာင္စိတ္ဆင္းရဲေအာင္ လုပ္လုပ္ ကိစၥ မရွိဘူး။ ေက်ာ္လႊားမယ္ ဆိုတဲ့ စိတ္ေလးရွိတယ္ ။

Credit:maharmedianews

Unicode

သင်ရွေးချယ်လိုက်တဲ့တံခါးက သင့်ရဲ့အကြောင်းကိုပြောပြပါလိမ့်မယ်

သင်အကြိုက်ဆုံး အနှစ်သက်ဆုံး တံခါးအရောင် ကိုရွေးလိုက် ပါ။ သင်ရွေးချယ် လိုက်တဲ့ တံခါးက သင့်ရဲ့ အကြောင်းကို ပြောနေတာ မို့လို့ သေချာလေး ရွေးချယ် ဖို့တော့ လိုပါမယ်နော် ။

၁။ အပြာရောင်တံခါး

အပြာရောင်တံခါးက သင်ဟာ ကူညီတတ် တယ်ဆိုတာကို ဖော်ပြနေ ပါတယ်။ တခြားသူကို ကူညီတတ် တယ်။ သင့်မှာ သူငယ်ချင်း အများကြီး မရှိဘူး။ စစ်မှန်တဲ့ မိတ်ဆွေနည်းနည်းနဲ့ပဲ ပျော်ရွှင် တတ်ပါ တယ် ။

သင်ယုံကြည်တဲ့ သူအပေါ်မှာပဲ သင်ဆက်ဆံရေးကို တည်ဆောက်လေ့ ရှိတယ်။ ဒါ့ကြောင့် နောက်ကျောက ဓါးနဲ့ထိုး တာမျိုးခံရ ရင် အရမ်းနာကျင် ရနိုင် တယ် ။

သင်ဟာ ကိုယ့်ကိုကိုယ် ယုံကြည်မှု ရှိတယ်။ မိမိကိုယ်ကို လုံခြုံ စိတ်ချမှု ရှိတယ်။ သစ္စာရှိတယ်။ သင်ယုံတဲ့ သူအပေါ်မှာ ဘယ်တော့မှ သစ္စာ မဖောက်ဘူး ။ သင်ဟာ အထိ မခံတဲ့သူ (Sensitive)ဖြစ်တတ် သလို ယဉ်ကျေးတဲ့ သူတစ်ယောက် လည်းဖြစ်ပြန် ပါတယ် ။

၂။ ခရမ်းရောင်တံခါး

ခရမ်းရောင်တံခါးကို ရွေးချယ် လိုက်တယ် ဆိုရင်တော့ သင်ဟာ စွမ်းအား ရှိမှုကို ပိုပြီးနှစ်သက်တယ်။ သင့်မှာ ခိုင်မာတဲ့ စိတ်ဓာတ် ရှိတယ်။ လွတ်လပ်တဲ့ စိတ်ခံစားမှုတွေ ရှိတယ်။ သင့်ဘဝရဲ့ အရာ အားလုံးကို သင်ထိန်းချုပ် ချင်တယ်။

သင်ဟာ တော်တယ်။ ဒါပေမယ့် တခြားသူတွေကို ကိုယ့်လောက် မတော်ဘူးလို့ တွေးတတ်တယ် …။သင်ဟာ ဂရုစိုက် တတ်တဲ့ စိတ်နှလုံး ရှိတယ် ။

သင့်ရဲ့ စွမ်းအား အရှိဆုံး လက်နက် ကတော့ ခွန်အား နဲ့ လျှို့ဝှက်ချက်ဖြစ် တယ်။ ခက်ခဲတဲ့အချိန်မှာတောင် သင်ဟာ ရယ်မောပြီး အကောင်းဖက်က တွေး တတ်တယ်။ ခက်ခဲမှုတွေကြုံရတဲ့အခါ ကိုယ့်ကိုကိုယ်အားပေးပါ၊ ခွန်အားရစရာတွေ ဖတ်ပါ။ အားတင်း ထားပါ။ သင့်ကို ပျော်ရွှင်စေ ပါလိမ့် မယ် ။

၃။ အနီရောင်တံခါး

အနီရောင်တံခါးက သင့်ရဲ့ စွမ်းအားရှိမှု ပျော်ရွှင် တတ်တဲ့ စိတ်ဓာတ်တွေကြောင့် တခြားသူတွေကြားမှာ ထင်ရှား သူလေးပါ။ သင်ဟာ ယှဉ်ပြိုင်မှုကို နှစ်သက်တယ်။ သင်ကောင်းကောင်း လုပ်ထားတဲ့ အလုပ်တစ်ခုဆိုရင် အသိအမှတ်ပြုတာ လိုချင်တယ်။

လိုအပ်တဲ့သူတွေကို ကူညီ ရတာ နှစ်သက် တယ် ။ သင့်မိသားစု သူငယ်ချင်းတွေကို ဘာရယူလိုမှုမှ မပါဘဲ ချစ် တယ်။ တည်တည်ငြိမ်ငြိမ် အေးအေးဆေးဆေးနေ ချင်တဲ့ စိတ်ရှိတယ် ။

၄။ ဇီးကြက္ပုံ တံခါး

သင်ဟာ ထူးခြားတယ်။ သိချင် စိတ်ရှိတယ်။ ဇီးကွက် ပုံတံခါးကိုရွေးချယ်တဲ့ သူတွေဟာ တခြားအရောင်လှလှ တံခါးတွေ ထက် တံခါးရဲ့ အသေးစိတ် ပုံစံကို ရွေးချယ် ထားတဲ့သူတွေပါ။ သင်ဟာ လွတ်လပ်ပေါ့ပါး တယ်။ မိမိခြေထောက်ပေါ် မိမိ ရပ်တည် နိုင်တယ်။ အကောင်းဘက်က တွေးတတ် တယ် ။

ကိုယ်မသိတဲ့သူတွေအပေါ်မှာ လည်း ကိုယ့်သူငယ်ချင်း မိသားစုဝင်တွေ လိုပဲ ဆက်ဆံတတ်တယ် …။သင့်ရဲ့ ကြင်နာ တတ်မှုက တစ်ဖက်သား ကိုဆွဲဆောင် နိုင်တယ်။ ဒါပေမယ့် အလှအပနဲ့ ပတ်သက် လို့တော့ သင်ဟာ ယုံကြည်မှု သိပ် မရှိဘူး ။

သင့်ကို ဘယ်လိုပဲ ပင်ပန်းအောင်စိတ်ဆင်းရဲအောင် လုပ်လုပ် ကိစ္စ မရှိဘူး။ ကျော်လွှားမယ် ဆိုတဲ့ စိတ်လေးရှိတယ် ။

Credit:maharmedianews

 

 

No Comments

Leave a Reply

Your email address will not be published.

ရိုးဂုဏ်ဆိုတာ တန်ဖိုးဖြတ်လို့ မရဘူး
Knowledge
” ရိုးဂုဏ်ဆိုတာ တန်ဖိုးဖြတ်လို့ မရဘူး “

” ရိုးဂုဏ်ဆိုတာ တန်ဖိုးဖြတ်လို့ မရဘူး “ ငါ့လောက်ခြေထောက် များတဲ့သူကမ္ဘာမှာရှိရဲ့လားလို့ ကျောက်တုံးပေါ်က ကင်းခြေများက ကြွေးကြော်တော့ သူနေတဲ့နေရာနဲ့အနီးနားက ကျောက်ကုန်းပေါ်က ပို့နတ်သံကောင်က မင်းကငါ့ကို ပြိုင်ဝံ့လို့လားပြောလိုက်တော့ ခင်ဗျားကိုတော့ကျွန်နော် မပြိုင်ဝံ့ပါလို့ကင်းခြေများက ပြောရှာပါသတဲ့…. တစ်နေ့တွင် အမိတာဘချမ်းသည် လေယာဉ်ဖြင့်ခရီးထွက်ရန် ကိစ္စတစ်ခုပေါ်လာသည်။ လေယာဉ်ပေါ်ရှိ သူနှင့်ဘေးချင်းကပ်လျက်ကျသော လူတစ်ယောက်မှာ သူ့ထက်အသက်ကြီးပြီး ရိုးရိုးရှပ်အင်္ကျီနှင့် ဘောင်းဘီကိုသာ ဝတ်ထားသော သာမန် လူလတ်တန်းစားပုံစံပေါက်နေသည့် လူကြီးတစ်ယောက်ဖြစ်သည်။ ထိုလူကြီးမှာ ပညာတော့ တတ်ပုံရသည်။ သတင်းစာတစ်စောင်ကို ဖတ်နေတာတွေ့ရသည်။ ထိုစဉ် လေယာဉ်မယ်လေးက လက်ဖက်ရည်ဖြင့် လိုက်ဧည့်ခံလေသည်။ ထိုလူကြီးက လက်ဖက်ရည်ခွက်ကိုယူလိုက်ပြီး သူနှင့်ဘေးချင်းကပ် အမိတာဘချမ်းကို အသာအယာပြုံးပြလာလေသည်။bအမိတာဘချမ်းကလည်း ထိုလူ့ကို အခွင့်သာခိုက် ပြုံးပြလိုက်ပြီး “ဟဲလို” …

" ပိုက်ဆံ ရှာပါ စုပါ သုံးပါ မဖြုန်းပါနှင့် "
Knowledge
” ပိုက်ဆံ ရှာပါ စုပါ သုံးပါ မဖြုန်းပါနှင့် “

” ပိုက်ဆံ ရှာပါ စုပါ သုံးပါ မဖြုန်းပါနှင့် “ ပိုက်ဆံရှိမှ ဖြစ်တော့မယ်လို့ တွေးမိတဲ့အချိန်ဟာ ခရီးတစ်ခုကို စတင်ဖို့ လက်မှတ်စဝယ်တာနဲ့ တူပါတယ်။ လောကမှာ ပိုက်ဆံရှိမှ ပိုအဆင်ပြေနိုင်ပါတယ်။ မိသားစုထဲမှာ ကြည့်ပါ။ ပိုက်ဆံရှာနိုင်တဲ့သူက ပိုအရေးပါ အရာရောက်ပါတယ်။ အပေါင်းအသင်းတွေ ကြားထဲ ကြည့်ပါ။ ပိုက်ဆံရှိတဲ့သူက ပိုလူရာဝင်ပါတယ်။ လူမှုအဖွဲ့အစည်း တစ်ခုခုကို ကြည့်ပါ။ ပိုက်ဆံပိုရှိတဲ့သူက ပိုအရာရောက်ပါတယ်။ ဒါဟာ လောကကြီးထဲမှာ ရာခိုင်နှုန်း တော်တော်များများ ဖြစ်နေတာပါ။ ဘယ်နည်းနဲ့ကြည့်ကြည့် သင် ပိုက်ဆံရှာရပါမယ်။ ငွေစုရပါမယ်။ သင်ပိုက်ဆံရှိမှ သင်ချစ်တဲ့သူတွေအတွက် သင်လုပ်ချင်တဲ့အရာတွေအတွက် သင်ပြောချင်တဲ့စကားတွေအတွက် သင်လိုချင်တဲ့အရာတွေအတွက် အားလုံးမဟုတ်ရင်တောင် တော်တော်များများလုပ်လို့ရမှာပါ။ “ခင်မင်မှုက ပိုအရေးကြီးတယ်” …

အနန္တစကြာဝဠာက ထူးခြားဆန်းကြယ်လှတဲ့ တွင်းနက်ကြီး (Black Hole)များ
Uncategorized
အနန္တစကြာဝဠာက ထူးခြားဆန်းကြယ်လှတဲ့ တွင်းနက်ကြီး (Black Hole)များ

အနန္တစကြာဝဠာက ထူးခြားဆန်းကြယ်လှတဲ့ တွင်းနက်ကြီး (Black Hole)များ တွင်းနက်ကြီး (Black Hole) ဆိုတာ ငယ်ငယ်ထဲက ကြားဖူးတယ်။ အကာသထဲမှာရှိပြီး စုပ်ယူမျိုချနေတဲ့ တွင်းပေါက်ကြီးလို့ ယေဘူယျနားလည်တယ်။ သိပ္ပံပညာရှင်တွေက ဖြစ်နိုင်ချေရှိတဲ့ “ တွင်းနက်ကြီး ” ဓါတ်ပုံကို ထုတ်ပြန်နိုင်ခဲ့လို့ လူမှုကွန်ယက်မှာ “ တွင်းနက်ကြီး ” ဓါတ်ပုံတွေကို တအံတဩကြည့်ခွင့်ရကြတယ်။ အကြမ်းအားဖြင့် “ တွင်းနက်ကြီး ” ဆိုတာ (အကာသအချိန်)ထဲမှာရှိတဲ့ ဆွဲငင်အားအလွန်ပြင်းထန်ပြီး အာကာသအမှုန်အမွှား ရေဒီယိုသံလိုက်စက်ကွင်းနဲ့ အလင်းရောင်ကို စုပ်ယူဝါးမျိုနိုင်ပြီး သူ့အထဲရောက်သွား ရင်လုံးဝပြန်ထွက်မရတဲ့ စကြာဝဠာထဲက သီးခြားနေရာတခုဟု နားလည်တယ်။ “ အကာသအချိန် ” ဆိုတာ သင်္ချာသဘောအရ “ …