
ထို့နောက် ရေမြုပ်တစ်ခုကို အာလူ့းရည်ထဲ ဆွတ်ပြီး စွန်းနေ တဲ့နေရာကိုပွတ် တိုက်ပေးမယ်ဆိုရင် အစွန်းအထင်းတွေပြောင်စင် သွားပါ လိမ့်မယ်။
၎- သားရေပစ္စည်းတွေ ကိုပြောင်လက်စေနိုင်ခြင်း
Writer – Min Thu
Credit:Daily Hot News
လူတွေမသိသေးတဲ့ အာလူးရဲ့အသုံးဝင်ပုံများ
ကျွန်တော်တို့တွေ အာလူးကို နည်းမျိုးစုံနဲ့ချက်ပြုတ်စားသောက်ကြလေ့ ရှိတာတော့ အမှန်ပါပဲ။
ဒါပေမယ့် အာလူးဟာ စားလို့ ရရုံတင် မကပဲ အခြား အစွမ်းသတ္တိတွေ ရှိနေသေးတာ ကိုတော့ လူတော်တော် များများ မသိကြသေး ပါဘူး။
အခုကျွန်တော်တို့ အာလုံးရဲ့ အသုံးဝင် ပုံတွေ ကိုပြောပြသွားတော့ မှာပါ။
၁- သံချေးချွတ်နိုင်ခြင်း
ဓါးတွေ ကတ်ကြေးတွေ သံကြေးစွန်းနေတဲ့ အခါ မျိုးမှာ အာလုံးကို သုံးပြီး သံကြေးတွေချွတ်နိုင် ပါတယ်။
အာလူးကြီး တစ်ဝက်ဝက် ပါ။ ထို့နောက် ဘေပင်ပေါင်ဒါ နဲ့ ဆားကို ဆပ်ပြာရည်အနည်းငယ်နဲ့ရောထားပါ။
ဒီပျော်ရည်ထဲကို အာလူးခြမ်းကို နှစ်ပြီး သံကြေးတက်နေ တဲ့နေရာတွေကို ပွတ်တိုက် ပါ။
ရေဆေးလိုက်တဲ့ အခါမှာ သံကြေးတွေပြောင်စင် သွားတာ ကိုတွေ့ရ ပါလိမ့် မယ်။
၂- အပူလောင်ခြင်းကို ကုသပေး နိုင်ခြင်း
ဟင်းချက်ရင်း လက်အပူထိ သွားတဲ့ အခါမျိုး မှာလည်း အာလူးသုံးပြီးတော့ အပူလောင်ဒဏ်ရာကို သက်သာအောင် ပြုလုပ်ပေးနိုင် ပါတယ်။
အာလူးကို အဝိုင်းလေးတွေ လှီးပြီးတော့ ရေစင်အောင်ဆေးကာ အပူလောင် သွားတဲ့နေရာကို ၁၀ မိနစ် ၁၅ မိနစ်ခန့် ကပ်ထားပေးပါ။
ပြန်ခွာလိုက်တဲ့ အခါ သိသိသာသာ ဒဏ်ရာသက်သာ သွားတာ ကိုမြင်ရ ပါလိမ့်မယ်။
၃- အစွန်းချွတ်နိုင်ခြင်း
အစားအသောက် အစွန်းအထင်းတွေပေနေတဲ့ အခါမျိုးမှာ အာလူးကို အသုံးပြု နိုင်ပါတယ်။
အာလုံးတစ်လုံး ကိုတောက်တောက် စင်းပြီး ရေထဲမှာ ၁၀ မိနစ် ၁၅ မိနစ်လောက် စိမ်ထားပါ။
ထို့နောက် ရေမြုပ်တစ်ခုကို အာလ့ူးရည်ထဲ ဆွတ်ပြီး စွန်းနေ တဲ့နေရာကိုပွတ် တိုက်ပေးမယ်ဆိုရင် အစွန်းအထင်းတွေပြောင်စင် သွားပါ လိမ့်မယ်။
၄- သားရေပစ္စည်းတွေ ကိုပြောင်လက်စေနိုင်ခြင်း
သားရေဖိနပ်မျိုးတွေဟာ အချိန်ကြာလာတဲ့ အခါမှာ အရောင်မှိုင်း လာတတ် ပါတယ်။ ဒီအခါမှာ အာလူးကို ထက်ခြမ်းလှီးပြီး အာလူးနဲ့ ဖိနပ်ကို ပွတ်ပေးပါ။
ထို့နောက် ၅ မိနစ်လောက် အလင်းရောင်ရတဲ့နေရာ တစ်ခုမှာ ထားလိုက်မယ် ဆိုရင် ဖိနပ်တွေပြောင်လက် လာတာကိုတွေ့ ရပါ လိမ့်မယ်။
၅- ငွေထည်ချွတ်ဆေးအဖြစ်လည်း အသုံးပြုနိုင်ခြင်း
ငွေထည်တွေဟာ အချိန်ကြာ လာတဲ့ အခါမှာ မည်းလာလေ့ ရှိပါတယ်။
ဒီငွေထည် ပစ္စည်းတွေကို အာလူးပြုတ်ရည် (အာလူးမပါ အရည်ချည်း သက်သက်) ထဲကို တစ်နာရီလောက်စိမ် ထားပြီး ပြန်ဆယ် လိုက်တဲ့အခါ
မည်းညစ်နေတာတွေပျောက်ကွယ် သွားပါ လိမ့်မယ် ။
၆- ချိုင်းကြားအသားဖြူဆေး အဖြစ်သုံးနိုင်ခြင်း
ဓါတုဗေဒဆေးဝါးတွေ သုံးမယ့် အစား သဘာဝ ပစ္စည်း တစ်ခုဖြစ်တဲ့ အာလူးကို သုံးရင် အန္တရယ်ကင်း တာပေါ့။
သင်လုပ်ရမှာတော့ အာလူးတွေကို ခြစ်နဲ့ခြစ်ထားပြီး ဒီအာလူးတွေနဲ့ ချိုင်းကြားကို သုံးမိနစ်လောက် နှိပ်နယ်ပေး ပါ။
ထို့နောက်တစ် နာရီလောက်ကြာအောင် စောင့်ပြီးရေဆေး လိုက်တဲ့ အခါ ထူးခြားမှုကိုတွေ့ရပါလိမ့်မယ်။
၇- ခေါင်းကိုက်ပျောက်ဆေး
ခေါင်းအလွန်ကိုက်နေတဲ့ အခါ ခေါင်းကိုက်ပျောက်ဆေး ရှာမရတဲ့ အချိန်မျိုးမှာ အာလူးကိုသုံးနိုင် ပါတယ်။
အာလူးတွေကို အကွင်းလေးတွေ လှီးပြီးရေစင် စင်ဆေးကာ ပတ်တီး တစ်ခုနဲ့ နှဖူးမှာ ပတ်ထားပေးပါ။
ထို့နောက် မျက်စိမှိတ်ပြီး လှဲလျောင်း အနားယူပါ။ ခေါင်းကိုက်ဝေဒနာ သက်သာသွားပါလိမ့်မယ်။
No Comments