
သိပ္ခ်စ္တတ္လြန္းတဲ့ ဗုဒၶဟူးသားသမီးေတြဆိုတာ
ဗုဒၶဟူးသားသမီးေတြ ေတာ္ေတာ္ မ်ားမ်ားက ကိုယ့္မိသားစု၊ ကိုယ့္သူငယ္ခ်င္း၊ ကိုယ့္ခ်စ္သူအေပၚ အရမ္းကို ခ်စ္တတ္ ၾကပါတယ္။ ကိုယ့္အတြက္ ဆိုတာကို ေမ့ေနေလာက္ေအာင္အထိ ခ်စ္တဲ့ သူေတြ အေပၚမွာ ေကာင္းၾက တယ္။
ေပးဆပ္ၾက တယ္။ တစ္ခါတစ္ရံမွာ ကိုယ္ခ်စ္သေလာက္ ကိုယ္သိတတ္သေလာက္ ျပန္ၿပီးမရ တာေတြလည္း ရွိတတ္ ၾကတယ္။ ခ်စ္တဲ့ အခ်ိန္ေတြ မွာဆိုရင္ ဒီလူအတြက္ ဘယ္လိုအေကာင္းဆုံး လုပ္ေပးရမလဲ ဆိုတာကိုပဲ ေတြးေန တတ္ၾက ပါတယ္။
ကိုယ့္အေပၚမေကာင္းတဲ့ သူေတြ အေပၚမွာေတာင္ အျပင္မွာသာ မုန္းတယ္ဆိုၿပီးေတြးေနေပမယ့္ စိတ္ထဲမွာ သူအဆင္ေျပရဲ႕လားဆိုၿပီး အၿမဲတမ္းေခါင္းထဲ ထည့္ၿပီး စဥ္းစားတတ္ေသးတယ္။
အေနေအးသလို ေဒါသထြက္ၿပီ ဆိုရင္လည္း ထိန္းမႏိုင္ သိမ္းမရ ပါပဲ။ သနားတတ္တဲ့ေနရာမွာလည္း ႏွစ္ေယာက္ မရွိဘူး။ သနားတတ္တဲ့ စိတ္ေၾကာင့္ပဲ ကိုယ့္ကိုယ္ ကိုယ္ျပန္ၿပီးထိခိုက္တတ္ ၾကတယ္။
အစြဲအလမ္း အရမ္းႀကီးတယ္။ ပစၥည္းအစ လူအဆုံး အကုန္လုံးကို အစြဲအလမ္းႀကီးတယ္။ ကိုယ္ခ်စ္တဲ့ သူေတြ ကိုယ့္အနားမွာ ရွိေနတဲ့ အခ်ိန္ဆို အေကာင္းဆုံးေပးဆပ္
တတ္ၾကၿပီးေတာ့ ကိုယ့္ကို မေကာင္းဘူး ထင္လို႔ ထြက္သြားတဲ့ သူေတြေနာက္ ကိုေတာ့ အတင္းလိုက္ၿပီး ဆြဲထားတတ္တဲ့ အက်င့္ မရွိၾက ပါဘူး။
ေတာ္႐ုံတန္႐ုံ သူ႔အေပၚ မေကာင္းတာကို ၾကည္ၾကည္ျဖဴျဖဴနဲ႔ အၿပဳံးမပ်က္ ဆက္ဆံတတ္ၾကေသး တယ္။ အမွတ္အေတး ကလည္း နည္း တယ္။ ကိုယ့္အေပၚမေကာင္းခဲ့တဲ့သူေတြကို စိတ္ထဲမွာအၿမဲ ရွိေနေပမယ့္
မုန္းတီးေနတဲ့ စိတ္ေတြ ကေတာ့ အလြယ္တကူပဲေမ့ေပ်ာက္ သြားတတ္ ၾကတယ္။ စိတ္ထဲမွာမတင္မက်ျဖစ္ေနတဲ့ ကိစၥေတြ အကုန္လုံးကို မၿပီးမခ်င္း စိတ္ထဲထားၿပီး အပင္ပန္းခံတယ္။
ဘယ္အရာကိုမွ လွ်ိဳ႕ဝွက္ မထားတတ္ ၾကတာကလည္း သူတို႔ရဲ႕ပြင့္လင့္လြန္းတဲ့ စိတ္ေၾကာင့္ပါပဲ။ အားငယ္ လြယ္တယ္၊ ဝမ္းနည္း လြယ္တယ္။ သူတို႔ရဲ႕အခက္ခဲေတြ ကို သူမ်ားကိုေျပာျပဖို႔အတြက္ အခ်ိန္ေတာ္ေတာ္ ၾကာၾကာ စဥ္းစားၿပီး မွေျပာတတ္ ၾကတယ္။
တစ္ေယာက္တည္းႀကိတ္ၿပီး ခံစားတတ္တဲ့ သူေတြျဖစ္လို႔ အျပင္ပန္းၾကည့္ၿပီး သူတို႔ရဲ႕စိတ္ကို ဆုံးျဖတ္ဖို ႔ဆိုတာ ေတာ္ေတာ္မလြယ္ ပါဘူးေနာ္။ မာေၾကာတယ္ ထင္ရေပမယ့္ တကယ္ကိုႏွလုံးသားႏု တဲ့သူေတြပါ။
တစ္ဖက္သားကိုလည္း အမ်ားႀကီးခ်စ္ေပး တတ္ၾကသလို ကိုယ္ကိုယ္တိုင္လည္း အခ်စ္ခံခ်င္ၾက တဲ့သူေတြပါ။ အခ်စ္ႀကီး လားဆိုျပန္ေတာ့ လည္း သူမ်ားေတြလို သိသိသာသာႀကီး ခ်စ္ျပေန တာမ်ိဳးမဟုတ္ဘဲ တစ္ေယာက္ တည္းႀကိတ္ၿပီးပဲ အခ်စ္ႀကီးတတ္တဲ့ သူေတြပါ။
Credit
Unicode
သိပ်ချစ်တတ်လွန်းတဲ့ ဗုဒ္ဓဟူးသားသမီးတွေဆိုတာ
ဗုဒ္ဓဟူးသားသမီးတွေ တော်တော် များများက ကိုယ့်မိသားစု၊ ကိုယ့်သူငယ်ချင်း၊ ကိုယ့်ချစ်သူအပေါ် အရမ်းကို ချစ်တတ် ကြပါတယ်။ ကိုယ့်အတွက် ဆိုတာကို မေ့နေလောက်အောင်အထိ ချစ်တဲ့ သူတွေ အပေါ်မှာ ကောင်းကြ တယ်။
ပေးဆပ်ကြ တယ်။ တစ်ခါတစ်ရံမှာ ကိုယ်ချစ်သလောက် ကိုယ်သိတတ်သလောက် ပြန်ပြီးမရ တာတွေလည်း ရှိတတ် ကြတယ်။ ချစ်တဲ့ အချိန်တွေ မှာဆိုရင် ဒီလူအတွက် ဘယ်လိုအကောင်းဆုံး လုပ်ပေးရမလဲ ဆိုတာကိုပဲ တွေးနေ တတ်ကြ ပါတယ်။
ကိုယ့်အပေါ်မကောင်းတဲ့ သူတွေ အပေါ်မှာတောင် အပြင်မှာသာ မုန်းတယ်ဆိုပြီးတွေးနေပေမယ့် စိတ်ထဲမှာ သူအဆင်ပြေရဲ့လားဆိုပြီး အမြဲတမ်းခေါင်းထဲ ထည့်ပြီး စဉ်းစားတတ်သေးတယ်။
အနေအေးသလို ဒေါသထွက်ပြီ ဆိုရင်လည်း ထိန်းမနိုင် သိမ်းမရ ပါပဲ။ သနားတတ်တဲ့နေရာမှာလည်း နှစ်ယောက် မရှိဘူး။ သနားတတ်တဲ့ စိတ်ကြောင့်ပဲ ကိုယ့်ကိုယ် ကိုယ်ပြန်ပြီးထိခိုက်တတ် ကြတယ်။
အစွဲအလမ်း အရမ်းကြီးတယ်။ ပစ္စည်းအစ လူအဆုံး အကုန်လုံးကို အစွဲအလမ်းကြီးတယ်။ ကိုယ်ချစ်တဲ့ သူတွေ ကိုယ့်အနားမှာ ရှိနေတဲ့ အချိန်ဆို အကောင်းဆုံးပေးဆပ်
တတ်ကြပြီးတော့ ကိုယ့်ကို မကောင်းဘူး ထင်လို့ ထွက်သွားတဲ့ သူတွေနောက် ကိုတော့ အတင်းလိုက်ပြီး ဆွဲထားတတ်တဲ့ အကျင့် မရှိကြ ပါဘူး။
တော်ရုံတန်ရုံ သူ့အပေါ် မကောင်းတာကို ကြည်ကြည်ဖြူဖြူနဲ့ အပြုံးမပျက် ဆက်ဆံတတ်ကြသေး တယ်။ အမှတ်အတေး ကလည်း နည်း တယ်။ ကိုယ့်အပေါ်မကောင်းခဲ့တဲ့သူတွေကို စိတ်ထဲမှာအမြဲ ရှိနေပေမယ့်
မုန်းတီးနေတဲ့ စိတ်တွေ ကတော့ အလွယ်တကူပဲမေ့ပျောက် သွားတတ် ကြတယ်။ စိတ်ထဲမှာမတင်မကျဖြစ်နေတဲ့ ကိစ္စတွေ အကုန်လုံးကို မပြီးမချင်း စိတ်ထဲထားပြီး အပင်ပန်းခံတယ်။
ဘယ်အရာကိုမှ လျှို့ဝှက် မထားတတ် ကြတာကလည်း သူတို့ရဲ့ပွင့်လင့်လွန်းတဲ့ စိတ်ကြောင့်ပါပဲ။ အားငယ် လွယ်တယ်၊ ဝမ်းနည်း လွယ်တယ်။ သူတို့ရဲ့အခက်ခဲတွေ ကို သူများကိုပြောပြဖို့အတွက် အချိန်တော်တော် ကြာကြာ စဉ်းစားပြီး မှပြောတတ် ကြတယ်။
တစ်ယောက်တည်းကြိတ်ပြီး ခံစားတတ်တဲ့ သူတွေဖြစ်လို့ အပြင်ပန်းကြည့်ပြီး သူတို့ရဲ့စိတ်ကို ဆုံးဖြတ်ဖို့ဆိုတာ တော်တော်မလွယ် ပါဘူးနော်။ မာကြောတယ် ထင်ရပေမယ့် တကယ်ကိုနှလုံးသားနု တဲ့သူတွေပါ။
တစ်ဖက်သားကိုလည်း အများကြီးချစ်ပေး တတ်ကြသလို ကိုယ်ကိုယ်တိုင်လည်း အချစ်ခံချင်ကြ တဲ့သူတွေပါ။ အချစ်ကြီး လားဆိုပြန်တော့ လည်း သူများတွေလို သိသိသာသာကြီး ချစ်ပြနေ တာမျိုးမဟုတ်ဘဲ တစ်ယောက် တည်းကြိတ်ပြီးပဲ အချစ်ကြီးတတ်တဲ့ သူတွေပါ။
No Comments