သင့် သွေးအမျိုးအစားအလိုက် စိတ်နေသဘောထားများ - Amawpyay

သင့် သွေးအမျိုးအစားအလိုက် စိတ်နေသဘောထားများ

သင့် သွေးအမျိုးအစားအလိုက် စိတ်နေသဘောထားများ
Knowledge

သင့် သွေးအမျိုးအစားအလိုက် စိတ်နေသဘောထားများ

Aသွေး

Aသွေးလေးတွေ အများစုဟာ သနားစရာ၊ ချစ်စရာ အလွန်ကောင်းကြ ပါတယ်။ သူတို့တွေဟာအပြင်ပန်းမှာ ခက်ထန်ကြမ်း တမ်းတယ် ထင်ရပေမယ့် အတွင်းစိတ် သဘောထားကတော့ အလွန်နူးညံ့ သိမ်မွေ့ ပါတယ်?

သူများကို ကူညီလိုက်လို့ ကိုယ့်မှာ သုညဖြစ်သွား ခဲ့ရင်တောင် ကိုယ်ကူညီ လိုက်တဲ့ သူအဆင်ပြေနေတယ် ဆိုရင် ကြည်နူးပီတိဖြစ်နေ တတ်တဲ့ သူတွေပါ

Aသွေးလေးတွေဟာ စေတနာလည်း အရမ်းကောင်းသလို သံယောဇဉ်လည်း အလွန်ကြီးကြတဲ့ သူတွေပါ။ သူတို့ဟာ စိတ်ဆိုးစိတ်ကောက်လည်း လွယ်ပါ တယ်။ ခဏခဏ လည်းစိတ်ဆိုးစိတ်ကောက် တတ်ပါတယ် စိတ်ကောက်လည်း ခဏပဲ။

ချော့မယ့် သူရှိရင်တော့ ဟန်အမူပိုပြီး ဆက်ပြီးတော့ စိတ်ကောက်ဟန် ဆောင်နေတတ်ပါတယ်။ချော့မယ့်သူမရှိရင်တော့သူ့အလိုလိုပျော့သွားရော

A သွေးလေးတွေဟာ ချစ်သူအပေါ်မှာလည်း ကလေးတစ်ယောက်လို ဆိုးနွဲ့ချင်ကြ ပါတယ်။ အချစ်လည်း အရမ်းကြီး ပါတယ်။ ဒါပေမယ့် အချစ်စိတ်ကြီးတော့ ဘယ်လောက်ကြီးတဲ့ အပြစ်ဖြစ်ဖြစ် စိတ်ရှည်သည်းခံပြီးနားလည် ခွင့်လွှတ် ပေးနိုင်တဲ့ သူတွေပါ။

ဒါပေမယ့် စိတ်ထဲမှာတော့ မတင်မကျနဲ့ အမြဲသံသယဖြစ်နေ တတ်တယ်။ ဖြစ်ခဲ့သမျှ အတိတ်တွေ ကိုတော့ အမြဲမမေ့ဖျောက်နိုင်ပဲ အမှတ်ကြီးတဲ့ သူတွေပါ

A သွေးလေးတွေဟာ အများအားဖြင့် ကိုယ့် ဘဝကို စိတ်ညစ်စရာကောင်းတယ် လို့ထင်နေတတ် ပါတယ်။ သူများအကြည့်တွေ ကိုလည်း သည်းမခံနိုင် သလို သူ့ကို သူများတွေကစိတ်ထဲမှာ ဘယ်လိုထင်နေမလဲ ဆိုတာကို အမြဲသိချင်နေ သူတွေပါ။

Aသွေးလေးတွေဟာ ကိုယ့်ကိုယ်ကို လည်းမချစ် တတ်ဘူး။ သူများတကာတွေ ကိုလည်းတော်ရုံတန်ရုံ အထင်မကြီး တတ်ဘူ A သွေးလေးတွေဟာ တစ်ခါတစ်လေ ကိုယ့်ကိုယ်ကို တောင်o_O ယုံကြည်ဖို့ ခက်ခဲနေ တတ်တယ်။

သူ့မှာ အတွေးအခေါ်ကောင်းတွေ ရှိနေတာတောင် သူများစကားကို ယုံပြီး လက်ခံတတ်တဲ့အတွက် အလုပ်တစ်ခုကို လုပ်မယ် ဆိုရင်လည်း စဉ်းစားနေတာနဲ့ပဲ အချိန် ကုန်သွားတတ်တယ်။

လုပ်လိုက်တဲ့ ကိစ္စတစ်ခုကို အများအားဖြင့် ပြဿနာဖြစ်မယ် ၊ဆုံးရှုံးမယ် ဆိုပြီး မကောင်းတဲ့ဘက်ကပဲ အများအားဖြင့် တွေးလေ့ ရှိတယ်။

A သွေးလေးတွေဟာ ငြိမ်းချမ်းခြင်းကို မြတ်နိုးသူတွေပါ။ ညဖြစ်နိုင်ရင် ကိုယ်တစ်ယောက်တည်းပဲ ငြိမ်းချမ်းစွာ သာသာယာယာနေ သွားချင်ကြတဲ့ သူတွေပါ။ ငြိမ်းချမ်းရေး ကိုမြတ်နိုးပေမယ့် လည်း တောင်းပန် ရမှာကိုတော့ သေလောက်အောင် မုန်းတယ်။ သူအမှားတစ်ခုလုပ် မိပြီ ဆိုရင်လည်းနောင်တ ရမဆုံးဖြစ်နေ တတ်တာA သွေးလေးတွေပါ

A သွေးလေးတွေဟာ သူတစ်ပါး အပေါ်မှာကျတော့ ဦးစားပေး တတ်တယ်။ သနားတတ်တယ်။ အားနာ တတ်တယ်။ ဒါပေမယ့် ကိုယ့်မိသားစု အပေါ်မှာတော့ အနိုင်ယူ ချင်တယ်။ A သွေးလေးတွေကို ချစ်သူခင်သူ လည်းပေါသလို

အပေါင်းအသင်းလည်း များပေမယ့် အများအားဖြင့် တစ်ယောက်တည်းနေ ရတာ ကိုပဲ သဘောကျပြီး တစ်ယောက်တည်း ပဲ ဖစ်နေတတ် ပါတယ်

Aသွေးပိုင်ရှင်လေးတွေ ကဒေါသက လည်း အရမ်းကြီး တတ်တယ်။ ဒါပေမယ့်တော်ရုံတန်ရုံစိတ်မဆိုး တတ်ပါဘူး။ စိတ်ကလည်း အရမ်းမြန်တယ်။ သူမှန်တယ် ထင်ရင်ဘယ်သူ့ကိုမဆို ရင်ဆိုင် ရဲတယ်။ ဘာမဆို လုပ်ရဲ တယ်။ ကိစ္စတစ်ခုကို လုပ်ချင်ပြီ ဆိုရင်လည်းဇွတ်လုပ် တတ်တယ်။

သူ့ကိုမခံချင်အောင်၊ ဒေါသထွက်အောင် မထိတထိ သွားလုပ်တဲ့ သူတွေဆို အရွဲ့ပြန်တိုက်ရ်မှ ကိုကျေနပ် တယ်။ စိတ်တိုနေပြီ ဆိုရင်တော့ မျက်နှာထားက တင်းတင်းနဲ့ တစ်လောကလုံးသူ့ လုပ်စာကိုပဲ ထိုင်စားနေ ရသလို ဘယ်သူနဲ့ မှကို စကားမပြော ချင်တော့ဘူး

A သွေးလေးတွေဟာ သူများအပေါ် မှာလည်းကိုယ့် သိက္ခာအကျ ခံပြီးတော့ ကိုကူညီပေးတတ်တဲ့ သူတွေပါ။ မိသားစုနဲ့ ပတ်သတ်ရင်လည်း သံယောဇဉ် အရမ်းကြီးပြီးခ င်တွယ်တတ်တယ်။ A သွေးလေးတွေဟာ ချစ်သူ အပေါ်မှာလည်း .ကိုယ့်ရဲ့စိတ်ကူးထက် ချစ်သူရဲ့ စိတ်ကူးကိုပိုပြီးဦးစားပေး တတ်ကြ ပါတယ်။ ကိုယ်ချစ်တဲ့ သူကိုလည်း လိုတာထက် ပိုပြီးတော့သဝန် တိုတတ်ကြ တယ်။

ပြီးတော့စိတ် ထဲမှာရှိ တာ ကို ပွင့်ပွင့်လင်းလင်း မပြောရဲကြဘူး A သွေးလေးတွေဟာ ချစ်သူကို အရမ်းချစ်သလောက် မြတ်နိုးသလောက် ဂရုစိုက်သလောက် ကြင်နာ သလောက် တွယ်တာ သလောက် အလေးထား သလောက် နားလည်မှု တွေခွင့်လွှတ်မှုတွေ ရှိသလောက် အများအားဖြင့်

သူ့ချစ်သူအပေါ် သူပေးနိုင်သလောက် ပြန်မရတတ်ကြ ပါဘူးA သွေးလေးတွေ ဟာတစ်ယောက်ဆိုတစ်ယောက် ပိတောက်ဆို ပိတောက်ပါပဲ

ဘူးဆို ဖရုံမသီး တတ်ပါဘူး စိတ်ခံစားမှု ကလည်း အရမ်းပြင်းထန်တဲ့ အတွက် ချစ်သူနဲ့ပတ်သတ်ပြီး ဘာမဟုတ်တာလေး ကအစ စိတ်ထဲမှာ ဝမ်းနည်း ခံစားတတ် ပါတယ်။

Bသွေးလား

လူပုံကြည့်ရင် ရေခဲတုံးနဲ့ မှားမယ် ခင်ကြည့်ပါ ခင်လည်း သိပ်မရင်းနှီးတဲ့လူဆို ခပ်တန်းတန်းဘဲ မာနကြီးတာ မဟုတ်ပါဘူး သူတို့ပင်ကိုဗီဇကိုက အေးဆေးတာပါ လူအများနဲ. မနေတတ်ဘူး တယောက်တည်းနေ ရတာ သဘောကျ တယ်

စကားများတာမကြိုက်သလို ကိုယ်တိုငိက လည်းစကားနည်းတယ်လေ သူတို. အမှန်းဆုံးက ပူပူညံညံ စက်သေနတ် ပစ်တာ ကျော်ပူသာတာ ခံနိုင်တယ် နားပူတာတော့ မခံနိုင်ဘူးဗျာ ဆိုသလိုမျိုး တချို.က ပေါင်းသင်း ဆက်ဆံရေးညံ့ တယ်ထင်ကြတယ် မဟုတ်ပါဘူး

သူတို.မှာ လူတယောက်ကို ဘယ်လို ပေါင်းရသင်း ရမလည်း ဆိုတာ အဲ့လူကို ကြည့်တာနဲ. သိတယ် ဒါပေမယ့် မလိုအပ်ပဲ ပညာကို ထုတ်မသုံး ဘူးပေါ့ဗျာ တချို.လူတွေက သူတို.ကို ငတုံး ငအထင်တယ် သွားမလုပ်နဲ. ခင်ဗျားကို ရောင်းစား သွားလိမ့်မယ်

အလုပ်တခု လုပ်ရင် ကိုယ်ပိုင် အလုပ်ဖြစ်စေ တခြားသူရဲ. အလုပ်ဖြစ်စေ စိတ်ပါပါ လုပ်ပေးတတ်တယ် ဒါ့ကြောင့် သူတို. လုပ်ဖူး တဲ့နေရာတိုင်းက သူတို.ကို သဘောကျ ကျတယ် အလုပ်ပေါ်လည်း သစ္စာရှိ တာပေါ့ အစားအစာလား ဂျေးမများဘူး ကျွေးတာနဲ.စားတတ်တယ် ရှိတာနဲ.စားတယ်

စိတ်နေစိတ်ထားကတော့ သနားကြင်နာတတ်တာ ၂ ယောက်မရှိဘူး ဒုက္ခရောက်နေတဲ့ သူကိုတွေ.ရင် အရမ်းကူညီ ချင်တယ် မတတ်နိုင် လိုသာ မကူညီလိုက် ရတာဘဲ ရှိတယ် ကူညီချင်စိတ်မရှိလို. မကူညီတာတော့ မဟုတ်ဘူး သည်းခံ တတ်တယ်

ဒါပေမယ့် လိုတာထက် ပိုလာရင် တော့ သူလုပ်တာ ထက် ပိုလုပ် တတ်တယ် အစွဲလမ်းမကြီးဘူး ပြီး ပြီးရောပဲ စွဲမိပြီ ဆိုရင်လည်း ဒါမှဒါ ဟိုဟာလာ မပြောနဲ့ မရဘူး ဒေါသလား မကြီးသလိုနဲ. ဒေါသထွက် လာရင် တော်ရုံနဲ့ မပြေဘူး အဲ့ဒါကိုပဲ တွေးလိုက် ဒေါသထွက်လိုက်ပဲ

ဒေါသကြီးတာကတော့ 9 လောက် ရှိတယ် သူတို.ကို လျှော့မတွက်နဲ. ပျားတုပ်တာထက်ဆိုးသွားလိမ့်မယ် အငြိုးတော့ မကြီးပါဘူး ဒီနေ့ပြီး နောက်နေ ဆိုမေ့ရောပဲ… ပြီးတော့

လူတဖက်သားကို အရမ်းအားနာ တတ်တယ် စကားတခွန်းပြောမယ် ဆိုရင်တောင် အဲ့စကား ကို ပြောလိုက်ရင် တဖက်သား ဘယ်လို ခံစားရ မလည်း ဆိုတာစဉ်းစားမိပြီး မပြောဖြစ်လိုက်တာ များတယ် သူတို. အစော်ကားခံ ရလို. ပြောပြီ ဆိုရင်လည်း ယဉ်ကျေးလှပါတယ်ဆိုတဲ့ သူလိုက် မမီဘူး

တော်ရုံနဲ. တော့ မပြောတတ် ပါဘူး တော်တော် ပေါက်ကွဲ လာမှပါ ပြောမိပြောရာ ပြောပိသွားမှ သူတို.ဗီဇအရ ပြန်အားနာနေ တတ်ပြန်ရော အဲ့အခါမှ အဲ့လူကို ဘယ်လိုပြန်ချော့ရမလည်း စဉ်းစားရတာလည်း အမော ပေါ်တင်ကြီးတော့ မချော့ချင်ဘူး

ဘာလို.လည်းဆို မာနကလည်း ကြီးတာကိုး မာနကြီးတာကလည်း သူများထက်သာတယ် 9 လောက်ရှိတာပေါ့ မာနကြီး သလောက် အရှက်လည်းကြီးတယ် ဒါ့ကြောင့်တော်ရုံနဲ. ရည်းးစား စကားမပြောဖြစ်ကြ ဘူး ရှက်တာကိုး အဲ့တာဒါက B သွေးပိုင်ရှင် boy or girl တူတူတွေပါဘဲ

အချစ်ရေးလား

ကံမကောင်းဘူး ဘာလို.လည်းဆို သူတို့က အမြုံတွေလေ ရင်ထဲရှိတာကို အပြင်ဘက်မှာ သိပ်မဖေါ်ပြတတ်ဘူး မဖေါ်ပြတတ်တာ မဟုတ်ဘူး မဖေါ်ပြ ချင်တာ ဒါပေမယ့် သူတို.က အရမ်းချစ်တတ် ပါတယ်

သူ.ချစ်ရတဲ့သူ ထက်တောင် သူ.အပေါ် ပိုချစ်တယ် ဒါပေမယ့် သူ.ချစ်သူကိုယ်တိုင်ကကို သူ.အချစ်ကို မမြင်တတ်ဘူး ဘာလို.လည်းဆို ရင်ထဲရှိတာ တခြား အပြင်မှာ တကယ်ပြောမိ လုပ်မိတာက တခြားဖြစ်နေတာကိုး

အဲ့ဒါကြောင့် တော်တော် သည်းခံနိုင်ပိ B သွေးးတွေကို တော်တော်နားလည်နိုင်မှ ရေရှည်တည်တံ့တဲ့အချစ်တခု ပိုင်ဆိုင်နိုင်မှာပါ B သွေးက တခြားသွေးတွေထက် သစ္စာရှိတယ် သူ.ချစ်သူကွယ်ရာမှာ သစ္စာဖာက်တဲ့ ကိစ္စမျိုး မလုပ်မိအောင် ဘယ်သူမှမသိပါဘူး ဆိုပြီးလည်း

မလုပ်မိအောင် ထိန်းတယ် အဲ့လို လုပ်ထားရမှာကို စိတ်မလုံတာ B သွေးအများစုမှာ တဖက်သားနားမလည် နိုင်တဲ့ အပြုအမူတွေရှိတယ် B သွေးချစ်သူ ရှိရင် တခုတော့ အကြံပေးချင်ပါတယ် သူတို.က သင့်ကို မချစ်ဘူးလို. မထင်လိုက်ပါနဲ.

သင့်ထက်တောင် သူတို.က သင့်ကို ပိုချစ် ပါတယ် ဒါပေမယ့် သင့်လို အမူအရာနဲ. မဖေါ်ပြတတ်တာဘဲ ရှိတာပါ သူတို.ရင်ထဲမှာ သင့်ကို ချစ်တဲ့ အချစ်တွေနဲ.ပဲ ပြည့်နေတာပါ ဆိုးတာက

သူတို. ဘယ်လောက်ချစ်ကြောင်းမပြတတ်တာ ပါဘဲ သင်ါကိုသင့်ထက်ဘယ်လောက်ချစ်လည်း ဆိုတာ သင်က လမ်းခွဲရင်တောင် ပထမ B သွေးရဲ.မာနကြောင့်ရတယ်လေ ကိစ္စမရှိဘူး ပြောပါ လိမ့်မယ်

ဒါပေမယ့် သင့်နဲ. တကယ်ပြတ်ရတော့ မယ်မှန်းသိရင်သူတို.မှာခြေမကိုင် မိလက်မကိုင်မိနဲ. ကိုယ့်ကိုပြတ်ပါပိ ပြောတဲ့သူကို ဆွဲထား မိတတ်တဲ့ အထိ ချစ်ကြတာပါ တော်ရုံသန်ရုံ နဲ.တော့ သူတို.က သင့်ကို လမ်းစ မခွဲပါဘူး

သူတို. အမုန်းဆုံးက သူက သစ္စာရှိသလောက် သင်က သူ.အပေါ်သစ္စာ မဲ့ခဲ့ရင်တော့ သူအသက်လောက်ချစ်နေပါစေ သင်ဘယ်လောက် တောင်းပန်တောင်းပန် ဘယ်လောက်သူ.အရှေ.မှာ ငိုပြနေ ပါစေ သူတို.လက်ခံမှာ မဟုတ်ပါဘူး အဲ့အခါ ကြရင် သူတို.ရဲ.ပြတ်သားမှုကို သင်ကိုယ်တိုင်ကြည့်ပိ အံ့သြရတဲ့ အထိဖြစ် ပါလိမ့်မယ်

နောက်ဆုံးတခုက B သွေးအများးစု ဖြစ်ပါတယ် လမ်းလျောက်ရင် လက်ကို ဘယ်နားထားရမှန်းမသိဘူး တခုခုကို ကိုင်ထားရမှ နောက်တခု ကိုယ်ချစ် သလောက် ကိုယ့်အပေါ်သစ္စာ မရှိခဲ့လို မုန်းပြီဟေ့ဆို သူ.နာမည်တောင် မနည်းပြန် စဉ်းစားရလောက်ကို ပါပဲတဲ့.

ရှားရှား ပါးပါး AB များ

#ABသွေးလားးးးး အချစ်ကြီးလို့လား (သို့)အစွဲအလမ်း ကြီးလို့လား ချစ်သူတွေပေါ်မှာ သစ္စာရှိတတ်ကြလို့ ကျန်ရစ်ဖြစ် များပြီး အသည်းကွဲနေ တာများတယ် ချစ်သူပေါ်မှာလည်း သစ္စာမဖေါက် သလို သူတို့ကို လျစ်လျူရှုရင် ဂရူမစိုက်သလို ပြစ်ထားရင်လည်း

မချစ်တော့လို့လားလို့ AB လေးတွေက တွေဝေတတ် ကြတယ်လေ သူတို့က အချစ်ရေးမှာ ခံစားချက်ကို သိုဝှက်လေ့ မရှိကြ လို့လည်း အမြဲ တဖက်သားရဲ့ လှည့်စားမှုကို ခံရလေ့ ရှိနေတတ်ကြ တယ်တဲ့လေ

တွေဝေတတ်တာ ABပါ မသေချာ မရေရာတဲ့ အနာဂါတ် မနက်ဖြန်တိုင်း အတွက် သူတို့ လေးတွေက လေထဲမှာ စိတ်ကူး အိမ်မက်လေးတွေကို အကောင် ထည်ဖေါ်နေတတ် ကြတယ်လေ စိတ်ကူး ထဲကအတိုင်း အပြင်မှာ ဖြစ်အောင်ကြိုးစားဖို့

ဇွဲလုံလ ဝိရိယရှိသူတွေ ထဲမှာ အမှတ်ပေး ရမယ်ဆို ABလေးတွေကို လက်ညိုးအရင်ထိုးရလိမ့်မယ်လေ ဇွဲရှိ သူတွေ အနေနဲ့ပေါ့ AB တွေက တခြားသွေးတွေလို မဟုတ်ဘဲ လူမှုဆက်ဆံရေးမှာအရောတဝင် မလုပ်တတ်တာ သူတို့ရဲ့ ပင်ကို စရိုက်လေးပါ

သီခြား ပင်ကိုစတိုင်လေးနဲ့ ခပ်အေးအေးလေး နေတတ်ကြတယ် လေ အများစုက ဒါပေမယ့် သူတို့အရောတဝင် နေထိုင်လေ့ ရှိတဲ့ သူငယ်ချင်း မိတ်ဆွေ အရင်းတွေကြားမှာတော့ ဟာသဥာဏ်ရွှင်တဲ့ လူပြက် တစ်ယောက်လို

တပါးသူ ပျော်ရွှင်အောင် နေတတ်ကြ တတ်တယ်တဲ့ တိုက်ဆိုင်ရဲ့လား ABလေးတို့ရေ ABတွေက ဂီတကို အရမ်းမြတ်နိုးတယ် တစ်ယောက် ထဲပြင်းနေချိန်မှာ သံဇဉ်လေးတွေနဲ့feelingလုပ်နေ တတ်ကြတယ်

ပျော်စရာရှိပြီဆိုရင် တစ်ယောက်တည်း ကြိတ်မပျော်ဘဲ သူငယ်ချင်း အပေါင်းသင်း ချစ်သူတို့ကို ပျော်ရွှင်မှုကိုဝေမျှ ပီတိဖြစ်စေ တယ်လေ ဝမ်းနည်းပြီဆို နှစ်ယောက်မရှိဘူး ABတွေက အစွန်းဆုံးရောက်အောင် အားငယ်နေတတ် တတ်တယ်လေ

AB သွေးသမားတွေဟာ

လူမှုဆက်ရေးနဲ့ပတ်သတ်ရင်( သို့ ) သူငယ်ချင်းတွေနဲ့ ပတ်သတ်ရင် အားလုံးကို မျှတစွာ ဆက်ဆံတယ် ခွဲခြားဆက်ဆံတာမျိုး မရှိဘူး အယုတ်ဆုံးပြောရ ရင် ကျားမတောင် မခွဲခြားကြဘူး လူသားအားလုံး အပေါ် ကူညီ တတ်တယ် ဖော်ရွေ ပါတယ်

စကားပြောကောင်းပြီး လူကြီးလူကောင်း ဆန်တယ် ထင်ရပေမဲ့ သူငယ်ချင်းတွေနဲ့ တွေ့ရင် တကယ့် အပေါ တစ်ယောက် လိုဘဲ သူအကဲဆုံးဘဲ ဟာသ အမြဲလုပ်တတ်တယ် သူအကြောင်းမသိတဲ့ သူတွေဆို ရုပ်တည်ကြီးနေလို့ မာနကြီးတယ် ထင်ပြီး အမြင်ကတ်တယ်

အချို့က ပေါပေါတောတောနေလို့ ကြည့်မရကြဘူး ဒါပေမဲ့ တဖတ်သား အားနည်းချက်ကိုတော့ ဟာသ မလုပ်ကြဘူး အမြဲရှောင်တယ် ။ သူတို့ကို တစ်ခါနုတ်ဆက်ရင် ဒါမှမဟုတ်ပြုံးပြရင် သူတို့က ဆယ်ခါ နုတ်ဆက်ဖို့ ပြုံးပြဖို့ ဝန်မလေးဘူး

သူတို့ကို လူရာမသွင်းသလို ခံစားရရင် တစ်ယောက်ထဲ ဝမ်းနည်းနေရော ဘယ်လောက်ဘဲသံယောဇဉ် ရှိခဲ့ရှိခဲ့ မကျေနပ်တော့ဘူး ဆိုရင် ဓာတ်လှေကား အတူစီးနေ တာတောင် မသိချင်ယောင်ဆောင်နေ တတ်တယ် ။

အဲ အဲ့ဒီနေရာမှာ အဲဒီလူ တခုခုဖြစ်ကြည့်ပါလား သနားပြီး ကူညီိတတ်ကြပြန်ရော သူတို့ဟာ အတော်လေး နားလည် ရခတ်တယ် အရမ်းအားနာ တတ်လို့ အကြွေးတွေ ဆုံးတာများတယ် ကိုယ့်ပစ္စည်း ကိုတောင် ပြန်မတောင် ရက်ကြဘူး အေး သူတို့ မသဒ္ဓါရင်တော့ ရေတောင် မတိုက် ချင်ဘူး ။

အချစ်ရေးနဲ့ ပတ်သတ်ရင်

အချစ်ကြီးတယ် နည်းနည်းအစွန်းရောက် ချင်တယ် ဒါပေမဲ့ သူတို့လောက် ပြန်မချစ်ပြရင်နေ နည်းနည်းလေးချစ်ပြရုံနဲ့ ကျေနပ်နေ တတ်တယ် ဖြေသိပ်နိုင်တယ် သစ္စာ ဖောက်ရင် သတ်ပစ်ဖို့ဝန်မလေးဘူး သူတို့က အချစ်ကို တန်ဖိုးထားတယ် သူတို့ပျော်ရွှင်ဖို့အတွက်

ချစ်တယ် ဆိုတဲ့ စကားကို လွယ်လွယ်မပြောတတ်ကြဘူး ။ သူတို့တကယ်ချစ်မိပြီဆိုလည်း သူတို့ကိုအသုံးချနေမှန်း သိရက်နဲ့ ခွင့်လွတ်နေ ကြပြန်ရော ကဗျာ ဆန်ဆန် တင်စားရရင် ဆရာလယ် တွင်းသားစောချစ်ရဲ့“ မျက်လုံးမှာ အလွမ်း နုတ်ခမ်းမှာ မာန…” ဆိုတဲ့ ဝတ္ထုနာမည် တူကြတယ်

အမြဲလွမ်းနေတတ်တယ် အဲဒီနောက်မှာ မာနက ကပ်ပါနေတယ် သူတို့ကို မလိုတော့ဘူး ထင်တဲ့ တနေ့ တွယ်ကပ်နေမှာတော့ မဟုတ်ဘူး သူတို့မာနကဘဲ ဝမ်းနည်းလွယ်တဲ့ သဘောတရားကို ဖုံးကွယ် ထားတယ် ။ သူတို့အချစ်က စွဲမက်ဖို့ကောင်း သလိုကြောက်ဖို့လည်းကောင်း တယ် ။

စည်းပွားရေးပတ်သတ်ရင်

အကွက်မြင်တယ် စနစ်တကျ စီမံခန့်ခွဲနိုင်တယ် သူတပါးအလုပ်ကို လုပ်ရတာထက် ကိုယ်ပိုင်အလုပ်ကိုဘဲ ပိုစိတ်ဝင်စား ကြတယ် အရောင်းအဝယ်ကို ဝါသနာကြီးတယ် ကိုယ့်အားကို ကိုးတယ် ဆိုတာထက်

သူများအောက် မကျို့ချင်တဲ့ စိတ်က ပိုအားကြီးတယ် သူတို့က စပြီးပြိုင်ရတာကို သိပ်ဝါသနာမပါဘူး ဖြစ်သလိုနေ တတ်သလို အပျင်းလည်းကြီးချင် တယ် ဒါပေမဲ့ သူတို့ကို သွားပြိုင်ရင်တော့ လုံးဝ အကြောမခံဘူး အဲ့ဒါကတော့ နေရာမရွေးဘူး

သူတို့ကို ခြေတက်နင်းမိရင် ခေါင်းပြန်နင်းရမှ ကျေနပ်တယ် ပြီးမှ ငါလွန်သွားသလားတွေးတယ် ။

ဘဝနေထိုင်မှုပုံစံ

သဘာဝတရားကို အမြဲလက်ခံထားတဲ့ သူတွေဖြစ်တဲ့ အတွက် ဒေါင်ကျကျ ပြားကျကျ နေတယ် ဝတ်တယ် စားတယ် အသစ်အဆန်းကို စိတ်မဝင်စားလို့တော့ မဟုတ်ဘူး အဟောင်းလေးတွေအပေါ် သံယောဇဉ် တွယ်ပြီး မြတ်နိုးနေတဲ့ အတွက်

အသစ်ပေါ်တိုင်း ဝယ်မသုံးကြ ဘူး သူငယ်ချင်းတွေ မိသားစု ဝင်တွေ အတင်းတိုက်တွန်းမှ ဝယ်ဖြစ်ကြတယ် ။ သူတို့ဟာ စုတ်တံ တဖတ် ဓားတဖတ်တွေ ဖြစ်တယ် နုရွပြီဆိုလည်း သိပ်ကို အနုပညာဆန်ပြီး

ကြမ်းတမ်းပြီးဆိုရင် ကျားနာတစ်ကောင်လို တရှူးရှူး တဒိုင်းဒိုင်းဘဲ သူတို့ ပန်းချီဆွဲနေတာ စာရေးနေတာ ကဗျာစပ်နေတာ ပန်းအလှထိုးနေ တာကို ကြည့်ပြီး စိတ်ရှည်တယ်လို့ ထင်ရပေမဲ့ တခါတခါ ဘာမဟုတ်တဲ့ အဆင်မပြေ တာလေးနဲ့

စိတ်တိုနေပြန်ရော ဒါပေမဲ့ အမှန်တရားကို နားလည်လွယ်သူတွေ ဖြစ်လို့ စိတ်တိုလည်း သိပ်မကြာပါဘူး ။ သူတို့ လုပ်ချင်ရင် မှန်တယ် ထင်ရင် ဘယ်သူ့မှ ဂရုမစိုက်ကြဘူး တဇွတ်ထိုးနိုင်တယ်

သူတို့ကို ဟိတ်ကြီး ဟန်ကြီးနဲ့ သွားမပြောနဲ့ လုံးဝနာ ခံမှာ မဟုတ်ဘူး အရွဲ့တိုက်ပြီး လုပ်ဖို့ဘဲ ရှိတယ် လျှော့ပြောကြည့် ပါလား ကြိုက်သလားမမေးနဲ့ ဘာပဲ လုပ်ရ လုပ်ရဘဲ ။

သူတို့အကြောက်ဆုံးက ကိုယ်ကျင့်စာရိတ္တနဲ့ ပတ်သတ်ပြီး အထင်လွဲမှာ အကြောက်ဆုံးဘဲ အသက်ချင်းလည်းဖို့ ဝန်မလေးဘူး ။

ခန့်မှန်းရခက်သော O သွေး တို့ရဲ့စိတ်

စိတ်မပါပဲ အသေးအဖွဲအလုပ်လေးကအစ အပျင်းကြီးတယ်၊ တခါတရံကျ အလုပ်အများကြီးကို တစ်ယောက်တည်း မရပ်မနားလုပ်နေ တတ်ပြန်ရော။ တခါတလေ အပျော်ကြီးပျော်နေတယ်လို့ သူများ အမြင်မှာ နေပြပြီး တစ်ယောက် တည်း နောက်ကွယ် မျက်ရည်ကျကြတယ်။

ဟန်မဆောင် ပွင့်လင်းတတ်တဲ့ အခါ ရှိသလို ၊ ဟန်ဆောင် တော်ကြတာလည်း O က နံပါတ်(၁)ပါပဲ။ အငြင်းသန်ပြီး အရွဲ့တိုက်တတ်တယ်။ O သွေးတွေ မာန အလွန်ကြီးပြီး သူများ အသနားမခံ တတ်ကြ ဘူး။ ကိုယ့်ဒူးကိုချွန် ကိုယ့်အားကိုယ်ကိုး ဦးဆောင် တတ်တဲ့ ခေါင်းဆောင်စိတ် ရှိသူတွေပါ။

သူ့တို့မာနက သူများကို မထိခိုက်ပါဘူး၊ ရှိသင့် ရှိထိုက်တဲ့ မာနမျိုးပေါ့၊ အပေါင်းအသင်း သူငယ်ချင်း များအပေါ် အလွန် သံယောဇဉ် ကြီးတတ်ကြပြီး သူငယ်ချင်း အတွက်ဆို ကူညီပေးဖို့ အမြဲအသင့်ရှိတတ်ကြတယ်။

ငါခင်သလိုသူတို့က မခင်ပါဘူး´´လို့လည်း တစ်ယောက် တည်း တွေးကာ အားငယ်တတ်ကြတယ်။ သူတို့အကြောင်း မသိသူများ Oသွေးတွေကို အပေါ်ယံ ခန့်မှန်းရင် မာကြောကြော ဘုဆက်ဆက် မို့ မခင်တတ်ကြဘူးလို့ ထင်ကောင်းထင် လိမ့်မယ်။

တကယ် လက်တွေ့မှာ Oတွေရဲ့စိတ်က အလွန်နူံညံ့ပြီး ခံစားလွယ်တယ်။ ချစ်သူနဲ့သူငယ်ချင်းအပေါ် အလွန်အချစ်ကြီးပြီး ခွင့်လွှတ် နားလည်ပေး တတ်တယ်။ ဒါပေမဲ့ သူ့အပေါ် ချစ်တယ်ဆိုတာ အမြဲ သံသယထားပြီး စိတ်စမ်းလေ့ ရှိတယ်၊

အချစ်ကိုမယုံရဲတဲ့ သူမျိုးတွေပေါ့၊ ဒါကြောင့် Oသွေး ချစ်သူများ စိတ်ရှည်ရှည်ထားပေးဖို့တော့လို လိမ့်မယ်။ သူတို့စိတ်ကို နားလည်ဖို့ အချိန်ယူ ရလိမ့် မယ်၊ တခါတရံ အရမ်းသဘော ထားကြီးပြပြီး တခါတလေ ကလေး ဆိုးလေးလို့ ဘာမဟုတ် တာလေးနဲ့ စိတ်ကောက်တတ်ကြ တယ်။

O သွေးတွေဟာ သူ့ကို တကယ် ချစ်တဲ့သူကိုသာ သူပြန် ချစ်တတ် ပါတယ် ။ အချစ်ကို အလျော်အစား သဘောမျိုး ထားတတ်ပြီး တဖတ်သတ် အချစ်မျိုးကို မလိုလားတဲ့သူတွေ ပါ။ စိတ်ဆိုးပြေ လွယ်တတ်ပေမဲ့ စိတ် မှတ် ကြီးသူတွေပါ။

အမှတ်မထင် မှားမိရင် အမှားကို တစိမ့်စိမ့်တွေးကာ နောက်မဖြစ်အောင် ကိုယ့်ကိုယ်ကို ဆုံးမတတ်ကြတယ်။ လုပ်ချင် တာလုပ် ရတဲ့ အချိန်မှာတော့ Oသွေးတွေ မျက်နှာက ကြည့်အကောင်းဆုံး အချိန်ပါပဲ။ သူတို့ လုပ်ရပ် အတွက် ဘယ်တော့မှ နောင်တ မရတတ်ကြတဲ့ ခေါင်းမာ သူတွေပေါ့။

ခရက်ဒစ်

No Comments

Leave a Reply

Your email address will not be published. Required fields are marked *

ရုံးမှာ အထိုင် များ တဲ့ လူတွေ အတွက် လုပ် ကို လုပ် သင့် တဲ့ အကြောလျှော့ နည်း (၃) မျိုး
Knowledge
ရုံးမှာ အထိုင် များ တဲ့ လူတွေ အတွက် လုပ် ကို လုပ် သင့် တဲ့ အကြောလျှော့ နည်း (၃) မျိုး

ရုံးမှာ အထိုင် များ တဲ့ လူတွေ အတွက် လုပ် ကို လုပ် သင့် တဲ့ အကြောလျှော့ နည်း (၃) မျိုး သင့်ရဲ့တစ်နေ့တာ လုံးဟာ တစ်နေရာမှာ တသမတ် တည်း အမြဲတမ်း ထိုင်နေရမယ်ဆိုရင် ဒီအကြော်လျှော့နည်းတွေ ကို လုပ်ပေးသင့် ပါတယ်။ အထူးသဖြင့် အာရုံစိုက်ပြီး အထိုင်များတဲ့ ရုံးဝန်ထမ်း လိုမျိုးပေါ့။ အကြောလျှော့ပေးခြင်းဟာ ကြွက်သားနဲ့ စိတ်ဖိဆီး မှုကို ပြေပျောက်စေနိုင်ပြီး သွေးလှည့်ပတ်မှုကို ကောင်းစေတယ်၊ အဆီစုမှုကို တားဆီးပေး ပါ တယ် ။ ဒီတော့ ဘယ်နေရာမှာ ပဲဖြစ်ဖြစ် အလွယ်တကူ အကြောလျှော့နိုင်မယ့် နည်းလမ်းလေး …

မေတ္တာစစ်ရင် စူးပါတယ်
Knowledge
မေတ္တာစစ်ရင် စူးပါတယ်

မေတ္တာစစ်ရင် စူးပါတယ် ဘယ်တော့မှ နားမလည် နိုင်ပါဘူး တချို့ယောက်ျားတွေဟာ ကိုယ့်ကို အရမ်းချစ်တဲ့ မိန်းမတစ်ယောက်ကို ဘာကြောင့်များ စိတ်ဆင်း ရဲအောင် ပြုမူဆက်ဆံ သလဲ တန်ဖိုး မထားသလဲ ဆိုတာ ကို။ ကိုယ့်အတွက်ဆို ဘာမဆို ရင်ဆိုင်ဖို့ အသင့်ရှိ တဲ့မိန်းမ ကိုယ်နဲ့ ဆိုဘယ် ဘဝရောက်ရောက် လက်တွဲ မဖြုတ်ဘူး ဆိုတာ သေချာနေ ပြီးသား မိန်းမ စားဖို့ ထမင်း တစ်ပန်းကန်တည်း ရင်တောင် အဲ့ဒီ တစ်ပန်းကန်ကို ကိုယ့်ကို ပဲကျွေးမယ့်အထိ ချစ်တတ်တဲ့ မိန်းမ ကိုယ့်အတွက် ဘယ်လောက်ထိ ပေးဆပ်ရဲ ချစ်ပြရဲမှန်း သိနေတဲ့ မိန်းမကို ဘာလို့များ တန်ဖိုးမထားပါ …

တစ်ယောက်နဲ့တစ်ယောက် မတည့်အောင် ဂုံးမတိုက်နဲ့
Knowledge
တစ်ယောက်နဲ့တစ်ယောက် မတည့်အောင် ဂုံးမတိုက်နဲ့

တစ်ယောက်နဲ့တစ်ယောက် မတည့်အောင် ဂုံးမတိုက်နဲ့ တစ်ယောက်နဲ့ တစ်ယောက် မတည့်အောင် ဂုံးမတိုက် နဲ့ ။ တစ်ယောက်နဲ့ တစ်ယောက် မတည့်အောင် ဂုံးတိုက်ပြီ ဆို ရင် အဲဒီ ပုဂ္ဂိုလ်ဟာ ဒီဘဝ မှာလည်း ဒုက္ခရောက်တယ် နောက်ဘဝ ကျရင်လည်း သားတကွဲမယားတကွဲ၊ အချင်းချင်း ရန်ဖြစ်လို့ မိသားစုတွင်း ဘယ်တော့မှ မ တည့် ဘူး ။ သူများတွေ မတည့်အောင် လုပ်ခဲ့ တဲ့ အတွက်ကြောင့် သူ့မှာ တည့်တဲ့လူ မရှိဘူး အမြဲတမ်း ကွဲပြဲနေတာပဲ ကံရဲ့ပုံရိပ်တွေ အမြဲတမ်းပေါ်နေ တယ် အဲဒီလို မ လုပ် ဘူး ဆိုရင် သူက …