အၿမဲတမ္း ကိုယ့္ေနရာကေနဘဲ မၾကည့္ဘဲ တျခားသူ ဘက္ကေနလဲ ၾကည့္ေပးပါ - Amawpyay

အၿမဲတမ္း ကိုယ့္ေနရာကေနဘဲ မၾကည့္ဘဲ တျခားသူ ဘက္ကေနလဲ ၾကည့္ေပးပါ

အၿမဲတမ္း ကိုယ့္ေနရာကေနဘဲ မၾကည့္ဘဲ တျခားသူ ဘက္ကေနလဲ ၾကည့္ေပးပါ
Knowledge

အၿမဲတမ္း ကိုယ့္ေနရာကေနဘဲ မၾကည့္ဘဲ တျခားသူ ဘက္ကေနလဲ ၾကည့္ေပးပါ

တခါတုန္းက လူတစ္ေယာက္ဟာ မ်က္မျမင္ သူငယ္ခ်င္း တစ္ေယာက္ကို ထမင္း ဖိတ္ေကြၽးတယ္ ။

ထမင္းစားရင္း အခ်ိန္က ေတာ္ေတာ္ေလး ေနာက္က် သြားၿပီး မိုးခ်ဳပ္ သြားတယ္ ။ မ်က္မျမင္ သူငယ္ခ်င္းက မိုးအရမ္း ခ်ဳပ္ေနၿပီ ျပန္ေတာ့ မယ္လို႔ ေျပာတယ္

ဒါနဲ႔ အိမ္ရွင္က သူ႔ကို မီးအိမ္ တစ္ခု ေပးလိုက္တယ္ မ်က္မျမင္ သူငယ္ခ်င္းက ေဒါသ အရမ္း ထြက္သြားၿပီး ေျပာတယ္

“က်ေနာ္ဟာ မ်က္မျမင္ တစ္ေယာက္လို႔ သိေနပါရဲ႕ က်ေနာ့ ကို မီးအိမ္ တစ္ခု ေပးတာ က်ေနာ့္ကို ေလွာင္ေန တာလား?”

အိမ္ရွင္က ျပန္ေျပာတယ္

“က်ေနာ္ သင့္ကို အေလး ထားလို႔ မီးအိမ္ ေပးတာပါ သင္က မျမင္ရေပမဲ့ တျခားသူက ျမင္ရတယ္ေလ

ဒါေၾကာင့္ ည အေမွာင္ထဲမွာ တျခားလူက သင့္ကို မတိုက္မိ ႏိုင္ေတာ့ ဘူးေပါ့”

မ်က္မျမင္ သူငယ္ခ်င္း သေဘာေပါက္ နားလည္ သြားပါတယ္။

နားလည္ သေဘာေပါက္ တာခ်င္း မတူရင္ ေနာက္ဆုံး ရလဒ္က မတူၾက ပါဘူး။

က်ေနာ္တို႔ ေနရာခ်င္း လဲၿပီး စဥ္းစား ေပးဖို႔ လို ပါတယ္။ ဘယ္ကိစၥ မဆို မတူတဲ့ ရႈေထာင့္ကေန ၾကည့္ရင္ မတူတဲ့ အျမင္ ရွိၾက ပါတယ္။

သင့္မွာ သမီးတစ္ေယာက္ ရွိရင္ သားရွင္ဘက္က မ်ားမ်ား တင္ေတာင္းဖို႔ သင္ ေမွ်ာ္လင့္လိမ့္မယ္။ သင့္မွာ သားတစ္ေယာက္ ရွိရင္ သမီးရွင္ဘက္က မ်ားမ်ား မေတာင္းဖို႔ ေမွ်ာ္လင့္လိမ့္မယ္။

သင့္မွာ ေခြၽးမတစ္ေယာက္ ရွိရင္ သူ အိမ္မႈကိစၥေတြ မ်ားတယ္၊ နားလည္မႈ မရွိဘူးလို႔ ျပစ္တင္ မိလိမ့္မယ္။ သင့္မွာ သမီးတစ္ေယာက္ရွိရင္ သူ႔ ေယာကၡမ အိမ္ကို လႊမ္းမိုး ႏိုင္သူ ျဖစ္ေစခ်င္တယ္။

သင္လမ္းေလွ်ာက္တဲ့ အခ်ိန္ ကားေမာင္းသူေတြကို အျမင္ကပ္တယ္။ သင္ ကားေမာင္းခ်ိန္ လမ္းေလွ်ာက္သူေတြကို ၾကည့္မရဘူး။ သင္ အလုပ္သမား ျဖစ္ေနရင္ သင္ရဲ႕ သူေဌးက ကပ္ေစးနည္း အာဏာ ျပလြန္း

တယ္လို႔ ယူဆတယ္။ သင္ သူေဌးျဖစ္တဲ့ အခ်ိန္ သင့္ အလုပ္သမားေတြက ခိုကပ္တယ္ တာဝန္ ယူခ်င္စိတ္ မရွိဘူးလို႔ ယူဆတယ္။

သင္ ဝယ္ယူသူ ျဖစ္တဲ့ အခ်ိန္ ေဈးေရာင္းသူက အျမတ္ ႀကီးစား လြန္းတယ္လို႔ သတ္မွတ္တယ္။ သင္ ေဈးေရာင္းသူ ျဖစ္တဲ့အခ်ိန္ ဝယ္ယူသူက ေဈးဆစ္ တတ္လြန္း တယ္လို႔ သတ္မွတ္တယ္။

အၿမဲတမ္း ကိုယ့္ေနရာကေနဘဲ မၾကည့္ဘဲ တျခားသူ ဘက္ကေနလဲ ၾကည့္ေပးပါ။ ေနရာ လဲၿပီး တစ္ပါးသူ အတြက္လဲ စဥ္းစားေပးဖို႔ လိုပါတယ္။

တျခားသူရဲ႕ ဒုကၡကို နားလည္ေပး ႏိုင္တာ ဂ႐ုစိုက္မႈ တစ္မ်ိဳးပါ။ တျခားသူရဲ႕ အခက္အခဲကို နားလည္ေပး ႏိုင္တာ ၾကင္နာျခင္း တစ္မ်ိဳးပါ။ တျခားသူရဲ႕

အမွားကို ခြင့္လြတ္ ေပးတတ္ တာဟာ သဘာထားႀကီးျခင္း တစ္မ်ိဳးပါ။

Credit: p&p

Unicode

အမြဲတမ်း ကိုယ့်နေရာကနေဘဲ မကြည့်ဘဲ တခြားသူ ဘက်ကနေလဲ ကြည့်ပေးပါ…….

တခါတုန်းက လူတစ်ယောက်ဟာ မျက်မမြင် သူငယ်ချင်း တစ်ယောက်ကို ထမင်း ဖိတ်ကျွေးတယ် ။

ထမင်းစားရင်း အချိန်က တော်တော်လေး နောက်ကျ သွားပြီး မိုးချုပ် သွားတယ် ။ မျက်မမြင် သူငယ်ချင်းက မိုးအရမ်း ချုပ်နေပြီ ပြန်တော့ မယ်လို့ ပြောတယ်

ဒါနဲ့ အိမ်ရှင်က သူ့ကို မီးအိမ် တစ်ခု ပေးလိုက်တယ် မျက်မမြင် သူငယ်ချင်းက ဒေါသ အရမ်း ထွက်သွားပြီး ပြောတယ်

“ကျနော်ဟာ မျက်မမြင် တစ်ယောက်လို့ သိနေပါရဲ့ ကျနော့ ကို မီးအိမ် တစ်ခု ပေးတာ ကျနော့်ကို လှောင်နေ တာလား?”

အိမ်ရှင်က ပြန်ပြောတယ်

“ကျနော် သင့်ကို အလေး ထားလို့ မီးအိမ် ပေးတာပါ သင်က မမြင်ရပေမဲ့ တခြားသူက မြင်ရတယ်လေ

ဒါကြောင့် ည အမှောင်ထဲမှာ တခြားလူက သင့်ကို မတိုက်မိ နိုင်တော့ ဘူးပေါ့”

မျက်မမြင် သူငယ်ချင်း သဘောပေါက် နားလည် သွားပါတယ်။

နားလည် သဘောပေါက် တာချင်း မတူရင် နောက်ဆုံး ရလဒ်က မတူကြ ပါဘူး။

ကျနော်တို့ နေရာချင်း လဲပြီး စဉ်းစား ပေးဖို့ လို ပါတယ်။ ဘယ်ကိစ္စ မဆို မတူတဲ့ ရှုထောင့်ကနေ ကြည့်ရင် မတူတဲ့ အမြင် ရှိကြ ပါတယ်။

သင့်မှာ သမီးတစ်ယောက် ရှိရင် သားရှင်ဘက်က များများ တင်တောင်းဖို့ သင် မျှော်လင့်လိမ့်မယ်။ သင့်မှာ သားတစ်ယောက် ရှိရင် သမီးရှင်ဘက်က များများ မတောင်းဖို့ မျှော်လင့်လိမ့်မယ်။

သင့်မှာ ချွေးမတစ်ယောက် ရှိရင် သူ အိမ်မှုကိစ္စတွေ များတယ်၊ နားလည်မှု မရှိဘူးလို့ ပြစ်တင် မိလိမ့်မယ်။ သင့်မှာ သမီးတစ်ယောက်ရှိရင် သူ့ ယောက္ခမ အိမ်ကို လွှမ်းမိုး နိုင်သူ ဖြစ်စေချင်တယ်။

သင်လမ်းလျှောက်တဲ့ အချိန် ကားမောင်းသူတွေကို အမြင်ကပ်တယ်။ သင် ကားမောင်းချိန် လမ်းလျှောက်သူတွေကို ကြည့်မရဘူး။ သင် အလုပ်သမား ဖြစ်နေရင် သင်ရဲ့ သူဌေးက ကပ်စေးနည်း အာဏာ ပြလွန်း

တယ်လို့ ယူဆတယ်။ သင် သူဌေးဖြစ်တဲ့ အချိန် သင့် အလုပ်သမားတွေက ခိုကပ်တယ် တာဝန် ယူချင်စိတ် မရှိဘူးလို့ ယူဆတယ်။

သင် ဝယ်ယူသူ ဖြစ်တဲ့ အချိန် ဈေးရောင်းသူက အမြတ် ကြီးစား လွန်းတယ်လို့ သတ်မှတ်တယ်။ သင် ဈေးရောင်းသူ ဖြစ်တဲ့အချိန် ဝယ်ယူသူက ဈေးဆစ် တတ်လွန်း တယ်လို့ သတ်မှတ်တယ်။

အမြဲတမ်း ကိုယ့်နေရာကနေဘဲ မကြည့်ဘဲ တခြားသူ ဘက်ကနေလဲ ကြည့်ပေးပါ။ နေရာ လဲပြီး တစ်ပါးသူ အတွက်လဲ စဉ်းစားပေးဖို့ လိုပါတယ်။

တခြားသူရဲ့ ဒုက္ခကို နားလည်ပေး နိုင်တာ ဂရုစိုက်မှု တစ်မျိုးပါ။ တခြားသူရဲ့ အခက်အခဲကို နားလည်ပေး နိုင်တာ ကြင်နာခြင်း တစ်မျိုးပါ။ တခြားသူရဲ့

အမှားကို ခွင့်လွတ် ပေးတတ် တာဟာ သဘာထားကြီးခြင်း တစ်မျိုးပါ။

Credit: p&p

 

No Comments

Leave a Reply

Your email address will not be published. Required fields are marked *

႐ုံးမွာ အထိုင္ မ်ား တဲ့ လူေတြ အတြက္ လုပ္ ကို လုပ္ သင့္ တဲ့ အေၾကာေလွ်ာ့ နည္း (၃) မ်ိဳး
Knowledge
႐ုံးမွာ အထိုင္ မ်ား တဲ့ လူေတြ အတြက္ လုပ္ ကို လုပ္ သင့္ တဲ့ အေၾကာေလွ်ာ့ နည္း (၃) မ်ိဳး

႐ုံးမွာ အထိုင္ မ်ား တဲ့ လူေတြ အတြက္ လုပ္ ကို လုပ္ သင့္ တဲ့ အေၾကာေလွ်ာ့ နည္း (၃) မ်ိဳး သင့္ရဲ႕တစ္ေန႔တာ လုံးဟာ တစ္ေနရာမွာ တသမတ္ တည္း အၿမဲတမ္း ထိုင္ေနရမယ္ဆိုရင္ ဒီအေၾကာ္ေလွ်ာ့နည္းေတြ ကို လုပ္ေပးသင့္ ပါတယ္။ အထူးသျဖင့္ အာ႐ုံစိုက္ၿပီး အထိုင္မ်ားတဲ့ ႐ုံးဝန္ထမ္း လိုမ်ိဳးေပါ့။ အေၾကာေလွ်ာ့ေပးျခင္းဟာ ႂကြက္သားနဲ ႔စိတ္ဖိဆီး မႈကို ေျပေပ်ာက္ေစႏိုင္ၿပီး ေသြးလွည့္ပတ္မႈကို ေကာင္းေစတယ္၊ အဆီစုမႈကို တားဆီးေပး ပါ တယ္ ။ ဒီေတာ့ ဘယ္ေနရာမွာ ပဲျဖစ္ျဖစ္ အလြယ္တကူ အေၾကာေလွ် ာ့ႏိုင္မယ့္ နည္းလမ္းေလး …

ေမတၱာစစ္ရင္ စူးပါတယ္
Knowledge
ေမတၱာစစ္ရင္ စူးပါတယ္

ေမတၱာစစ္ရင္ စူးပါတယ္ ဘယ္ေတာ့မွ နားမလည္ ႏိုင္ပါဘူး တခ်ိဳ႕ေယာက္်ားေတြဟာ ကိုယ့္ကို အရမ္းခ်စ္တဲ့ မိန္းမတစ္ေယာက္ကို ဘာေၾကာင့္မ်ား စိတ္ဆင္း ရဲေအာင္ ျပဳမူဆက္ဆံ သလဲ တန္ဖိုး မထားသလဲ ဆိုတာ ကို။ ကိုယ့္အတြက္ဆို ဘာမဆို ရင္ဆိုင္ဖို ႔အသင့္ရွိ တဲ့မိန္းမ ကိုယ္နဲ႔ ဆိုဘယ္ ဘဝေရာက္ေရာက္ လက္တြဲ မျဖဳတ္ဘူး ဆိုတာ ေသခ်ာေန ၿပီးသား မိန္းမ စားဖို႔ ထမင္း တစ္ပန္းကန္တည္း ရင္ေတာင္ အဲ့ဒီ တစ္ပန္းကန္ကို ကိုယ့္ကို ပဲေကြၽးမယ့္အထိ ခ်စ္တတ္တဲ့ မိန္းမ ကိုယ့္အတြက္ ဘယ္ေလာက္ထိ ေပးဆပ္ရဲ ခ်စ္ျပရဲမွန္း သိေနတဲ့ မိန္းမကို ဘာလို႔မ်ား တန္ဖိုးမထားပါ …

တစ္ေယာက္နဲ႔တစ္ေယာက္ မတည့္ေအာင္ ဂုံးမတိုက္နဲ႔
Knowledge
တစ္ေယာက္နဲ႔တစ္ေယာက္ မတည့္ေအာင္ ဂုံးမတိုက္နဲ႔

တစ္ေယာက္နဲ႔တစ္ေယာက္ မတည့္ေအာင္ ဂုံးမတိုက္နဲ႔ တစ္ေယာက္နဲ ႔တစ္ေယာက္ မတည့္ေအာင္ ဂုံးမတိုက္ နဲ႔ ။ တစ္ေယာက္နဲ႔ တစ္ေယာက္ မတည့္ေအာင္ ဂုံးတိုက္ၿပီ ဆို ရင္ အဲဒီ ပုဂၢိဳလ္ဟာ ဒီဘဝ မွာလည္း ဒုကၡေရာက္တယ္ ေနာက္ဘဝ က်ရင္လည္း သားတကြဲမယားတကြဲ၊ အခ်င္းခ်င္း ရန္ျဖစ္လို႔ မိသားစုတြင္း ဘယ္ေတာ့မွ မ တည့္ ဘူး ။ သူမ်ားေတြ မတည့္ေအာင္ လုပ္ခဲ့ တဲ့ အတြက္ေၾကာင့္ သူ႔မွာ တည့္တဲ့လူ မရွိဘူး အၿမဲတမ္း ကြဲၿပဲေနတာပဲ ကံရဲ႕ပုံရိပ္ေတြ အၿမဲတမ္းေပၚေန တယ္ အဲဒီလို မ လုပ္ ဘူး ဆိုရင္ သူက …