
သီချင်းနားထောင်ခြင်းကြောင့် ဖြစ်ပေါ်လာတဲ့ အံ့သြဖွယ်အကျိုးတရား (၇) ချက်
သီချင်း၊ ဂီတ သံစဉ် တွေဟာ လူသားတွေရဲ့ စိတ်ကို အများကြီး အထောက်အကူ ဖြစ်စေပါတယ် ။ စိတ်ဓာတ် ကျနေတဲ့ အချိန် သီချင်း
နားထောင် ပါက အားအင်တွေ ပြန်ပြည့် လာသလို ခံစားရ စေတာကို ငြင်းနိုင်မယ် မထင်ပါဘူး ။ ဒီအပြင် ပျော်ရွှင်နေတဲ့ အချိန်မှာလည်း
မြူးမြူးကြွကြွ သံစဉ် များက ပျော်ရွှင်စိတ်ကို ပိုဖြစ်စေပြီး တက်ကြွစေတဲ့ အပြင် အသည်းကွဲတာတွေ ၊ ဝမ်းနည်း တာ ကိုလည်း သီချင်းတွေ
နားထောင်ပြီး ဖြေဖျောက် ပစ်လို့ ရနိုင် ပါတယ် ။ ခံစားချက် တွေကို ပံ့ပိုးပေးတဲ့ အပြင် အမူအကျင့် ကောင်းများကို ဖြစ်ပေါ် စေပြီး သီချင်း
နားထောင်ခြင်း ၊ မနားထောင်ခြင်း အပေါ် မူတည် ပြီးလည်း ကွဲပြား သွားတဲ့ စိတ်နေ စိတ်ထားတွေ ရှိနေ ပါတယ် ။ ဘယ် အချက်တွေ ဖြစ်မလဲ ဆိုတာ ကြည့် လိုက်ကြ ရအောင်နော် ။
( ၁ ) သီချင်း နားထောင်ခြင်းဟာ စာမှတ်ခြင်းကို ပို ထိရောက်စေ ပါတယ် ။ သီချင်းရဲ့ melody , harmony နဲ့ rhythm တွေရဲ့ စည်းချက်
တိုင်းကို ဦးနှောက်မှ လိုက်မှတ်နေတဲ့ အတွက် ဦးနှောက် အတွက် လေ့ကျင့်ခန်းကောင်း တစ်ခု ဖြစ်စေပါတယ် ။
( ၂ ) စိတ်ဓာတ်ရာ တွေကို ဖြေဖျောက်ပေး ပါတယ် ။ အသည်းကွဲ သီချင်းတွေနဲ့ စိတ်မကောင်းစရာ သီချင်းတွေဟာ တကယ် တမ်းတော့
သင့်စိတ်ကို ပိုပြီး ဆိုးရွားအောင် မလုပ်ပေးဘဲ မသိစိတ်မှာ စိတ်ချမ်းမြေ့ မှုကို ဖြစ်ပေါ် စေတယ်လို့ သိရ ပါတယ် ။ ဒါကြောင့် အသည်းကွဲ
တဲ့အခါ လူတွေက ကိုယ်နဲ့ အတိုက်ဆိုင်ဆုံး အသည်းကွဲ သီချင်းတွေကို တောင့်တ တတ်ကြတာပါ ။
( ၃ ) ၂၀၁၄ မှာ လေ့လာတွေ့ ရှိချက် အရ သီချင်း နားထောင်တဲ့ လူတွေဟာ ပိုပြီး ရက်ရောတယ်လို့ သိရ ပါတယ် ။ အထူးသဖြင့် သီချင်း အေးအေးလေးတွေ ကြိုက်တတ်တဲ့ လူတွေပါ ။
( ၄ ) သီချင်း နားထောင်ရင်း လေ့ကျင့်ခန်း လုပ်ပါက စိတ်အား ထက်သန်မှု ပိုဖြစ်စေပါတယ် ။ သီချင်းရဲ့ beat တွေ နဲ့ လေ့ကျင့်ခန်းရဲ့
စည်းချက် တွေကို တိုက်ဆိုင် အောင် ဦးနှောက်က ခိုင်းစေနေတဲ့ အတွက် မသိစိတ်မှာ လေ့ကျင့်ခန်း လုပ်ရ တာကို ပိုတက်ကြွစေပါ တယ် ။
( ၅ ) ပုံမှန် အိပ်မပျော်တတ်တဲ့ လူဟာ သီချင်းလေး ဖွင့်ပြီး အိပ်ကြည့်ရင် မြန်မြန် အိပ်ပျော်တာကို တွေ့ရ မှာပါ ။ တစ်နေ့လုံး ပင်ပန်းထား
သမျှ ဦးနှောက်က သီချင်း သံကြောင့် အာရုံကြော တွေကို ဖြေလျော့ပေး လိုက်တဲ့ အတွက်ပါ ။
( ၆ ) သီချင်း နားထောင်တဲ့ အခါ နှလုံးခုန်သံတွေဟာ သီချင်းရဲ့ rhythm ကို တုပြီး နှလုံးခုန်နှုန်း ပြောင်းလဲ သွားတယ်လို့ သိရပါတယ် ။
( ၇ ) သီချင်း နားထောင်ခြင်း ဟာ ဦးနှောက်နဲ့ ပတ်သက်တဲ့ အယ်လ်ဇိုင်းမားတို့ ၊ သတိမေ့တတ်တဲ့ ရောဂါတို့ ဖြစ်နေခြင်းကို ကုသလို့ ရပါ
တယ် ။ အရှင်း ပျောက်ကွယ် သွားမယ်လို့ တော့ မဆိုလိုပေမယ့် တိုးတက် ပြောင်းလဲမှုတွေ ရှိတတ် ပါတယ် ။ Parkinson’s လို ရောဂါ ကိုတောင် သီချင်း ကုထုံးနဲ့ တရားဝင် ကုနေကြပါတယ် ။
Credit : Blowing Facts
No Comments