
အသည္းကြဲၿပီးေနာက္ ခ်စ္တာကို ထုတ္မျပတတ္ၾကေတာ့တဲ့ အေၾကာင္းအရင္း (၅) မ်ိဳး
လူတုိင္းက ကိုယ့္ကို အခ်စ္ေရးနဲ႔ ပတ္သက္ လာရင္ ေသြးေအးတယ္၊ တကယ္မခ်စ္ဘူး၊ ကစားေနတာ ဆိုၿပီး ေျပာၾက တယ္။ ဒါေပမဲ့ ကိုယ္ဟာ တကယ္ေတာ့ အရမ္းခ်စ္တတ္တာကို လူေတြ မျမင္ေအာင္ ဖံုးဖိေန ခဲ့တာပါ။
အသည္းကြဲၿပီးေနာက္ပိုင္း ကိုယ့္ခ်စ္သူေလးကို အရမ္းခ်စ္လည္း သိပ္မခ်စ္ဘူး ဆိုတဲ့ ပံုစံရဖို႔အတြက္ ဘာေၾကာင့္ တမင္ဟန္ေဆာင္ေန ခဲ့တာလဲ ရင္ ဒီအေၾကာင္း (၅) ခုေၾကာင့္ပဲလို႔ ေျပာရမွာ ပါပဲ။
ထားခဲ့ခံရမွာေၾကာက္လို႔
ခဲမွန္ဖူးတဲ့ စာသူငယ္ လိုပါပဲ။ ကိုယ့္ရဲ႕ ေခါင္းထဲမွာ ထုတ္ခ်စ္ျပရင္ တစ္ဖက္သားအတြက္ ေပါ့ပ်က္ပ်က္ျဖစ္ေစ တယ္လို႔ပဲ ထင္မွတ္ သြားတာေၾကာင့္ ထုတ္မခ်စ္ျပေတာ့ တာပါ။ ဒါဟာ သူ႕ကိုကုိယ္ အရမ္းခ်စ္မိ သြားတဲ့ အတြက္ သူထားခဲ့ မွာေၾကာက္လို႔ ဟန္ေဆာင္ရျခင္း ပါပဲ။
လူေတြကို မယံုၾကည္ေတာ့လို႔
ကိုယ့္ရဲ႕ခံစားခ်က္ အစစ္အမွန္ေတြ ထုတ္ျပ လိုက္တဲ့ အခါ လူေတြဟာ ကိုယ့္ေမတၱာေတြကို အလြဲသံုးစားလုပ္ၿပီး အသံုးခ် သြားတတ္ တာေၾကာင့္ ကုိယ္ဟာ ခံစားခ်က္ မရွိတဲ့လူလို သရုပ္ေဆာင္ေန ရတာပါ။
အႏုိင္က်င့္မွာဆိုးလို႔
ေရာလြန္းရင္ ေပါလြန္းတယ္ ဆိုတဲ့ စကားအတုိင္းပဲ ကိုယ္က ခ်စ္လွပါခ်ီရဲ႕၊ ႀကိဳက္လွပါခ်ီရဲ႕၊ သူက ကုိယ့္အတြက္ တန္ဖိုးရွိ လွပါခ်ီ ရဲ႕ဆိုၿပီး ထုတ္ခ်စ္ျပ လိုက္တဲ့ အခါ လူေတြက အႏုိင္ယူခ်င္ၾကတယ္ေလ။
အကဲခတ္ေနတုန္းမလို႔
ဒါေတြတစ္ခုမွ မဟုတ္လည္း ဘဲ သူဟာ ကိုယ့္ဘဝအတြက္ တကယ့္ right person လား၊ ထားဝရ အတြက္လား ဆိုတာ သိရဖို႔အတြက္ သူ႕ကို အကဲခတ္ေနတုန္း အခ်ိန္မွာလည္း မခ်စ္တတ္တဲ့ အသည္းမာ သူႀကီး အျဖစ္
ဟန္ေဆာင္ ထားတတ္ ပါတယ္။ သူ႕စိတ္ရင္းမွန္ကို သိရေအာင္ေပါ့။ ယံုၾကည္ေလာက္တဲ့အခ်ိန္က် ရင္ေတာ့ သူ႕ကို ထုတ္ခ်စ္မယ္ ဆိုတဲ့ အိပ္မက္ေလးေတာ့ ရွိေနပါတယ္။
ကိုယ့္စိတ္ကိုယ္ကို ျပန္လွည့္စားဖို႔
မခ်စ္တတ္ ဘူးလို႔ လူေတြကို ထင္ေစခ်င္ တာထက္ ကိုယ္ဟာ ကုိယ့္စိတ္ကိုယ္ကို ျပန္လွည့္စားခ်င္တာပါ။ ကုိယ္သူ႕ကို တက္မခ်စ္ ပါဘူး၊ ဂရုမစိုက္ဘူး၊ သူမရွိလည္းမေနႏုိင္ဘူးဆိုတဲ့ ပံုစံမ်ိဳး မျဖစ္ျဖစ္ေအာင္ ကိုယ့္ကိုယ္ကို ပံုသြင္းေန တာပဲျဖစ္တယ္။
ဘာေၾကာင့္လဲ ဆိုေတာ့ အကယ္၍မ်ား ကိုယ္ေမွ်ာ္မွန္း ထားသလို ဒီတစ္ႀကိမ္လည္း အသည္းနင့္ေအာင္ခ်စ္ရတဲ့လူရဲ႕ ထားခဲ့ျခင္းကို ခံရဦးမယ္ ဆိုရင္ အရင္လူေတြ တုန္းကေလာက္ မခံစားရေအာင္ ဆိုတဲ့ ခံယူခ်က္ နဲ႔ပါ။
Credit
Unicode
အသည်းကွဲပြီးနောက် ချစ်တာကို ထုတ်မပြတတ်ကြတော့တဲ့ အကြောင်းအရင်း (၅) မျိုး
လူတိုင်းက ကိုယ့်ကို အချစ်ရေးနဲ့ ပတ်သက် လာရင် သွေးအေးတယ်၊ တကယ်မချစ်ဘူး၊ ကစားနေတာ ဆိုပြီး ပြောကြ တယ်။ ဒါပေမဲ့ ကိုယ်ဟာ တကယ်တော့ အရမ်းချစ်တတ်တာကို လူတွေ မမြင်အောင် ဖုံးဖိနေ ခဲ့တာပါ။
အသည်းကွဲပြီးနောက်ပိုင်း ကိုယ့်ချစ်သူလေးကို အရမ်းချစ်လည်း သိပ်မချစ်ဘူး ဆိုတဲ့ ပုံစံရဖို့အတွက် ဘာကြောင့် တမင်ဟန်ဆောင်နေ ခဲ့တာလဲ ရင် ဒီအကြောင်း (၅) ခုကြောင့်ပဲလို့ ပြောရမှာ ပါပဲ။
ထားခဲ့ခံရမှာကြောက်လို့
ခဲမှန်ဖူးတဲ့ စာသူငယ် လိုပါပဲ။ ကိုယ့်ရဲ့ ခေါင်းထဲမှာ ထုတ်ချစ်ပြရင် တစ်ဖက်သားအတွက် ပေါ့ပျက်ပျက်ဖြစ်စေ တယ်လို့ပဲ ထင်မှတ် သွားတာကြောင့် ထုတ်မချစ်ပြတော့ တာပါ။ ဒါဟာ သူ့ကိုကိုယ် အရမ်းချစ်မိ သွားတဲ့ အတွက် သူထားခဲ့ မှာကြောက်လို့ ဟန်ဆောင်ရခြင်း ပါပဲ။
လူတွေကို မယုံကြည်တော့လို့
ကိုယ့်ရဲ့ခံစားချက် အစစ်အမှန်တွေ ထုတ်ပြ လိုက်တဲ့ အခါ လူတွေဟာ ကိုယ့်မေတ္တာတွေကို အလွဲသုံးစားလုပ်ပြီး အသုံးချ သွားတတ် တာကြောင့် ကိုယ်ဟာ ခံစားချက် မရှိတဲ့လူလို သရုပ်ဆောင်နေ ရတာပါ။
အနိုင်ကျင့်မှာဆိုးလို့
ရောလွန်းရင် ပေါလွန်းတယ် ဆိုတဲ့ စကားအတိုင်းပဲ ကိုယ်က ချစ်လှပါချီရဲ့၊ ကြိုက်လှပါချီရဲ့၊ သူက ကိုယ့်အတွက် တန်ဖိုးရှိ လှပါချီ ရဲ့ဆိုပြီး ထုတ်ချစ်ပြ လိုက်တဲ့ အခါ လူတွေက အနိုင်ယူချင်ကြတယ်လေ။
အကဲခတ်နေတုန်းမလို့
ဒါတွေတစ်ခုမှ မဟုတ်လည်း ဘဲ သူဟာ ကိုယ့်ဘဝအတွက် တကယ့် right person လား၊ ထားဝရ အတွက်လား ဆိုတာ သိရဖို့အတွက် သူ့ကို အကဲခတ်နေတုန်း အချိန်မှာလည်း မချစ်တတ်တဲ့ အသည်းမာ သူကြီး အဖြစ်
ဟန်ဆောင် ထားတတ် ပါတယ်။ သူ့စိတ်ရင်းမှန်ကို သိရအောင်ပေါ့။ ယုံကြည်လောက်တဲ့အချိန်ကျ ရင်တော့ သူ့ကို ထုတ်ချစ်မယ် ဆိုတဲ့ အိပ်မက်လေးတော့ ရှိနေပါတယ်။
ကိုယ့်စိတ်ကိုယ်ကို ပြန်လှည့်စားဖို့
မချစ်တတ် ဘူးလို့ လူတွေကို ထင်စေချင် တာထက် ကိုယ်ဟာ ကိုယ့်စိတ်ကိုယ်ကို ပြန်လှည့်စားချင်တာပါ။ ကိုယ်သူ့ကို တက်မချစ် ပါဘူး၊ ဂရုမစိုက်ဘူး၊ သူမရှိလည်းမနေနိုင်ဘူးဆိုတဲ့ ပုံစံမျိုး မဖြစ်ဖြစ်အောင် ကိုယ့်ကိုယ်ကို ပုံသွင်းနေ တာပဲဖြစ်တယ်။
ဘာကြောင့်လဲ ဆိုတော့ အကယ်၍များ ကိုယ်မျှော်မှန်း ထားသလို ဒီတစ်ကြိမ်လည်း အသည်းနင့်အောင်ချစ်ရတဲ့လူရဲ့ ထားခဲ့ခြင်းကို ခံရဦးမယ် ဆိုရင် အရင်လူတွေ တုန်းကလောက် မခံစားရအောင် ဆိုတဲ့ ခံယူချက် နဲ့ပါ။
No Comments