အချစ်ရေးနဲ့ပတ်သက်လာရင် ရင့်ကျက်သူတို့ အများဆုံးပြုလုပ်ကြတဲ့ကျင့်ဝတ် (၅) ခု - Amawpyay
အချစ်ရေး
Mutual Respect ရှိတယ်
မလိမ်ညာတတ်ဘူး
Credit
Unicode
အချစ်ရေးနဲ့ပတ်သက်လာရင် ရင့်ကျက်သူတို့ အများဆုံးပြုလုပ်ကြတဲ့ကျင့်ဝတ် (၅) ခု
ရင့်ကျက်ခြင်း၊ မရင့်ကျက်ခြင်း ဆိုတာ တကယ်တော့ အသက်အရွယ်နဲ့ လုံးဝ မသက်ဆိုင်တဲ့အရာတွေ ပါပဲ။ ရင့်ကျက်ခြင်းဟာ ဘဝရဲ့ကိစ္စတော်တော်များများ တိုင်းအတွက် ဆုံးဖြတ်ချက်တွေ မှန်စေတဲ့ လက်နှက် တစ်ခုဆိုရင် လည်းမမှားပါဘူး။
ဒါဆိုရင် ရင့်ကျက်သူတွေ အနေနဲ့ အချစ်ရေးမှာရော ဘယ်လိုအရာတွေ ရှောင်ရှားပြီး ဘယ်လိုအရာတွေ လုပ်လေ့ ရှိတယ် ဆိုတာ ကြည့်လိုက်ကြ ရအောင်။
တစ်ဖက်သားကို အရှက်မခွဲဘူး
ဘယ်လိုအကြောင်းကြောင်း ပဲဖြစ်ဖြစ် တစ်ဖက်က ကိုယ့်ကို လွန်လွန်ကျူးကျူးမှားပြီးမှ ပြတ်စဲသွား ရင်တောင်မှပဲ နောက်ကြောင်းတွေ လှန်ပြီး အပြစ်တွေပြော မနေဘူး၊ အရှက်တွေလည်း ခွဲတာမျိုးတွေ လုံးဝ မလုပ်တတ် ပါဘူး။ ခွင့်လွှတ်ခြင်းကိုပဲ လက်ကိုင်ထားလေ့ရှိပါတယ်။
Mutual Respect ရှိတယ်
တစ်ယောက်နဲ့ တစ်ယောက် ချစ်သူဖြစ်နေပေမယ့်လို့ တစ်ဖက် သားပေါ်မှာ လေးစားသမှုနဲ့အမြဲတမ်း ဆက်ဆံလေ့ ရှိပါ တယ်။ ကိုယ်၊ နှုတ်၊ အမူအယာကစလို့ ဘယ်တော့မှ တစ်ဖက်သားကို နစ်နာအောင်၊
မိုက်ရိုင်းစေမယ့် အပြုအမူတွေကို လုံးဝ မလုပ် ပါဘူး။ တစ်ဖက်သားရဲ့ လွတ်လပ်ခွင့်နဲ့ သဘော ထားတွေကို လေးလေးစားစားနဲ့ ဆက်ဆံပြီး လူတစ်ဖက် သားကိုလည်း တန်ဖိုးထားဆက်ဆံ တတ်ပါ တယ်။
မလိမ်ညာတတ်ဘူး
Relationship တစ်ခုမှာ လိမ်ညာမှုဟာ အကြီးမားဆုံး အပြစ်တွေထဲက တစ်ခုပါပဲ။ ရင့်ကျက်တဲ့လူတွေကတော့ အမှားလုပ်ခဲ့ မိတယ် ဆိုရင်တောင်မှပဲ ချစ်သူကို ပွင့်ပွင့်လင်းလင်းပြောပြပြီး အပြစ်တွေကို ခံယူတတ်တဲ့ လူစားမျိုးတွေ ပါတဲ့။ ဘယ်တော့မှ မလိမ်ညာတတ်ပါဘူး။
အချစ်ကို အလွဲသုံးစားမလုပ်ဘူး
လူတစ်ယောက်ရဲ့စိတ်ဟာ အချိန်နဲ့တြပေးညီ၊ အခြေအနေတွေပေါ်မူတည်ပြီး ပြောင်းလဲတတ်ကြပါတယ်။ ရင့်ကျက်တဲ့ လူတွေ ကတော့ ဒါတွေကို နားလည်လက်ခံထားပြီး အချစ်ကို ခုတုံး မလုပ်တတ် ကြပါဘူး။
ဆိုလိုတာ ချစ်တယ်ဆိုတဲ့ စကားကို လွယ်လွယ်နဲ့ မပြာတတ် ကြပါဘူး။ သေချာကာမှ ချစ်တယ်ဆိုပြီးပြောကြ တာပါတဲ့။ မချစ်တော့ ရင်လည်း မချစ်တော့ဘူး ဆိုပြီး ပွင့်ပွင့်လင်းလင်းပဲပြောကြ တာပါ။
ကိုယ့်ရဲ့အေပျာ်ရွှင်မှုကိုတခြားလူအပေါ်မမှီခိုဘူး
ချစ်တာက ချစ်တာပဲ ဘဝက ဘဝဆိုပြီး ခွဲခြားသိမြင် ထားသူတွေပေါ့။ ချစ်သူနဲ့ရှိနေရင်လည်း ကြည်ကြည်နူးနူးနဲ့ ပျော်ရွှင်မှုရှိပြီး ချစ်သူ မရှိလည်း စည်းဘောင်ထဲကနေ ပျော်ရွှင်တတ်တဲ့ လူမျိုးတွေပါ။
No Comments
Leave a Reply
Your email address will not be published. Required fields are marked *
သင့်ဘဝမှာ တစ်ကြိမ်တစ်ခါလောက်တော့ အချစ်ကိုရှာဖွေသင့်တဲ့ အကြောင်းရင်း(၅)ချက်
အချစ်ရေး
သင့်ဘဝမှာ တစ်ကြိမ်တစ်ခါလောက်တော့ အချစ်ကိုရှာဖွေသင့်တဲ့ အကြောင်းရင်း(၅)ချက်
သင့်ဘဝမှာ တစ်ကြိမ်တစ်ခါလောက်တော့ အချစ်ကိုရှာဖွေသင့်တဲ့ အကြောင်းရင်း(၅)ချက် အချစ်ဟာ ပူလောင်တယ်၊ လူကို ဒုက္ခပေး တယ်၊ အသည်း ကွဲစေတယ်၊ ဘဝပျက်သည်အထိတောင်ဖြစ်စေ နိုင်တယ် စသဖြင့် အချစ်ကြောင့် နာကျင် ခံစားရဖူးသူတွေ ကမှတ်ချက်ပေးကြ ပါတယ်။ အချစ်ကြောင့် နာကျင်ရဖူးလို့ အချစ်နဲ့မတွေ့ချင်သူတွေ လည်းရှိသလို၊ မကောင်းတာတွေပဲကြုံရတယ် လို့ပြောတဲ့ စကားတွေ ကိုကြားပြီး အချစ်နဲ့မတွေ့ချင်ဘူး၊ အချစ်ကိုမရှာချင်ဘူးလို့ ငြင်းနေတဲ့ သူတွေလည်း ရှိပါတယ်။ တကယ်တော့ လူတိုင်းဘဝမှာ အချစ်ကိုရှာဖွေသင့် ပါတယ်။ ဘာလို့လဲ ဆိုတော့…. ၁။ ပေးဆပ်ခြင်းနဲ့ရယူခြင်းအကြောင်း သင်ယူနိုင်တယ် အချစ်မှာ ကိုယ်ကချည်း ပဲပေးနေလို့ အဆင်မပြေ သလို၊ ကိုယ်ကချည်းပဲ ရယူချင်နေလို့လည်းမဖြစ် ပါဘူး။ …
ရုပ်ပုံ တွေကပြောပြမယ့် သင်တို့စုံတွဲ ရဲ့အချစ်ရေး
အချစ်ရေး
ရုပ်ပုံ တွေကပြောပြမယ့် သင်တို့စုံတွဲ ရဲ့အချစ်ရေး
ရုပ်ပုံ တွေကပြောပြမယ့် သင်တို့စုံတွဲ ရဲ့အချစ်ရေး သင်တို့ရဲ့ပျော်ရွင်စရာကောင်းတဲ့ အချစ်ရေး ကို ရုပ်ပုံ တွေက ဆင့်ပြောပြတာဟာ နည်းနည်းတော့ ထူးဆန်း သလိုဖြစ်နိုင် ပါတယ်။ အဆိုပါ ရုပ်ပုံ တွေဟာ လူမှု စိတ်ပညာရှင် တွေရဲ့ ခန့်မှန်းချက်ဖြစ် တာကြောင့် သင်တို့စုံတွဲ နဲ့ ဆင်တူတဲ့ ရုပ်ပုံ ကိုလက်နဲ့ ထိပြီး သင်တို့ရဲ့အချစ်ရေး အခြေအနေကို ဖတ်ရှုနိုင် ပါတယ်။ ( 1 )သင်တို့စုံတွဲ လိုပါပဲ အမျိုးသမီး လေးဟာ သူမရဲ့ချစ်သူ အတွက် ဂုဏ်ယူနေပြီးတော့ အဲဒီ့အကြောင်းကို တစ်ကမ္ဘာလုံးသိအောင် ပြောပြချင်နေ ပါတယ်။ သူမ ကအရမ်းကို လွတ်လပ် ပျော်ရွင်နေပြီးတော့ …
သင့်ရဲ့ အနာဂတ် အတွက် ဒီလို မိန်းကလေးမျိုးကိုသာ ဇနီးလောင်းအဖြစ် ရွေးချယ်ပါ….။
အချစ်ရေး
သင့်ရဲ့ အနာဂတ် အတွက် ဒီလို မိန်းကလေးမျိုးကိုသာ ဇနီးလောင်းအဖြစ် ရွေးချယ်ပါ….။
သင့်ရဲ့ အနာဂတ် အတွက် ဒီလို မိန်းကလေးမျိုးကိုသာ ဇနီးလောင်းအဖြစ် ရွေးချယ်ပါ….။ အခုခေတ်မှာ လူတွေက ကိုယ်နဲ့ လိုက်ဖက်ညီတဲ့ လက်တွဲဖော်တွေ ရှာနေကြ ပါတယ်။ ဒီလို ချစ်သူ ကောင်မလေးမျိုးကို ပိုင်ဆိုင် ထားရင်တော့ လက်ထပ် လိုက်ပါတော့..၊ ၁။ သူမက မင်းကို ယုံကြည် အားကိုးရင်..၊ အချစ်ဆိုတဲ့အရာက လူတွေကိုတောင် ရူးသွပ်စေ တတ်ပါတယ်။ တစ်စုံ တစ်ယောက်ရဲ့ အချစ်ကို ရရှိထားတာဟာ အလွန်ကောင်းမွန်တဲ့ အရာပဲဖြစ်ပါတယ်။ ဒါပေမဲ့ မင်းက မင်းကို ချစ်နေတဲ့ ချစ်သူရထားရင် ကံကောင်းနေပြီလို့ ထင်ပါ လိမ့်မယ်.။ အချစ်ဆိုတာဟာ အစွန်းနှစ်ဖက်ကို ရောက်တတ် ပါတယ်။ ဒါကြောင့် မင်းရဲ့ …