
Unicode
ဒီလိုမိန်းကလေးတစ်ယောက်ကို တွဲနေတယ်ဆိုရင် အခုချက်ခြင်း လမ်းခွဲလိုက်ပါ
သူမကို တကယ်မချစ်ဘူးလား … ထားခဲ့ လိုက်ပါ ။
သူမကို သတို့သမီး ဝတ်စုံနဲ့ သင့်ဘေးမှာ ရပ်ဖို့အထိ မရည်ရွယ် ထားဘူး ဆိုရင် သူမကို လက်တွဲဖြုတ်ခဲ့ လိုက်ပါ ။
သင့်ကလေးတွေရဲ့ မိခင်နေရာ အထိ သူမကို ပုံဖော် မထားဘူး ဆိုရင် သူမကို ချန်ထား ရစ်ခဲ့ပါ ။
သူမရဲ့ မျက်နှာ မသစ်ခင် ကပုံ သူမရဲ့ အရှိ ပုံစံကို လက်မခံ နိုင်ဘူး ဆိုရင် သူမနဲ့ လမ်းခွဲလိုက်ပါ ။ သူမရဲ့ရယ် သံတွေက သင့်နှလုံးသားကို မနွေးထွေးစေ ဘူး ဆိုရင် သူမနဲ့ ဝေးရာကို လျှောက်သွား လိုက်ပါ ။
သူမရဲ့အပြုံးတွေက သင့်ကို မပျော်ရွှင်စေ ဘူး ဆိုရင် သူမကို လွှတ်ချ ပစ် လိုက်ပါ ။ သူမရဲ့ ကလေးဆန် မှုတွေကြောင့် စိတ်ညစ် ရတယ် ဆိုရင်
သူမရဲ့ ရက်ရောမှုတွေကြောင့် ဝမ်းမမြောက် နိုင်ဘူး ဆိုရင်
သူမရဲ့ ဖြူစင်ရိုးသား မှုတွေကို သာမန်လိုပဲ သဘော ထားနေ တယ်ဆို ရင်တော့ သူမနဲ့ သေချာပေါက် လမ်းခွဲ လိုက်ပါ ။
ဘာဖြစ်လို့လဲ ဆိုတော့ သင်တန်ဖိုး မထားတဲ့ သူမရဲ့ အရည်အချင်းတွေကို တန်ဖိုး ထားမြတ်နိုးမယ့် သူတစ်ယောက်က သူမကို စောင့်မျှော်နေ လို့ပါပဲ ။
ထူးခြားတဲ့ သူမဟာ ထူးခြားတဲ့ ချစ်ခြင်းတွေနဲ့ ထိုက်တန်တယ် ဆိုတာကို သင် မသိ ပေမယ့် တန်ဖိုး သိ တတ် တဲ့ သူ တစ်ယောက် နဲ့တော့ သူမနဲ့ ထိုက်တန် ပါတယ်လေ ။
ခရက်ဒစ် ဂန္ထဝင်မဂ္ဂဇင်း
No Comments