
ေနာက္တစ္ေယာက္ရွာေတြ႕လို႔ စြန႔္ပစ္ခံ လိုက္ရတဲ့ အမ်ိဳးသမီးေတြဖတ္ဖို႔
ခ်စ္သူက ေလာေလာလတ္လတ္ စြန႔္ပစ္ သြားတဲ့ အေျခအေနကို ရင္ဆိုင္ေနရသလား ? ဒါမွမဟုတ္ ၿပီးခဲ့တဲ့ အတိတ္က စြန႔္ပစ္သြားတဲ့ ခ်စ္သူကို စိတ္မကုန္ေသးဘူးလား ?
ေနာက္တစ္ေယာက္ေတြ႕လို႔ သင့္ကို ထား သြားတာလား ? အဲဒီလို အေျခအေနနဲ႔ ရင္ဆိုင္ေနရတဲ့ အမ်ိဳးသမီးေတြ အတြက္ အန္တီေမက ေအာက္ပါ အတိုင္း အႀကံျပဳ ခ်င္ပါတယ္။
(၁) သင့္ေၾကာင့္ မဟုတ္ပါဘူး
ခ်စ္သူက သင့္ကို စြန႔္ပစ္ သြားတယ္ ဆိုရင္ သင့္မွာ အျပစ္ရွိလို႔ မဟုတ္ပါဘူး။ သူ႔ရဲ့ သစၥာမတည္ျမဲျခင္းရဲ့ သက္ေရာက္မွု ျဖစ္ပါ တယ္။ ဒီအတြက္ သင္ ၀မ္းသာရမွာက
အဲဒီလို ေဖာက္လႊဲေဖာက္ျပန္ လုပ္တတ္တဲ့ သူနဲ႔ သင္ လမ္းခြဲ လိုက္ရျခင္းျဖစ္ ပါတယ္။ ဒါဟာ ဘဝတစ္ခုလုံး စြန္းထင္းေစမယ့္ အမဲစက္ကို ေရွာင္ကြင္း နိုင္ျခင္း ပါဘဲ။
(၂) အခ်ိန္ယူကုစားပါ
အသဲကြဲတဲ့ ဒဏ္ရာကို ကုဖို႔ အခ်ိ န္လိုအပ္ ပါတယ္။ ေန႔ခ်င္းညခ်င္း သက္သာေစဖို႔ဆိုတာ မျဖစ္နို္င္ပါဘူး။ ခရီးေတြ ထြက္မယ္၊ စာအုပ္ေတြ ဖတ္မယ္၊ သူနဲ ႔ရင္းနီး ပတ္သက္ခဲ့ဖူးတဲ့ ေနရာေတြ၊
လူေတြကို ေရွာင္မယ္၊ သူ႔ထားခဲ့တဲ့ အမွတ္တရေတြကို အေႂကြးမထားပဲ တစ္ခါတည္း ဖ်က္ဆီးပစ္မယ္ ဒါဆိုရင္ အခ်ိန္နည္းနည္းပဲ လိုပါလိမ့္မယ္။
(၃) လြတ္လပ္ျခင္းဟာ ရတနာ
လြတ္လပ္ျခင္းရဲ့ အရသာကို ခ်ဳပ္ေႏွာင္ခံ ရတဲ့ သူေတြမွသာ သိနိုင္ပါတယ္။ သင္ဟာ လက္ရွိအခ်ိန္မွာ လြတ္လပ္ၿပီျဖစ္ ပါတယ္။
သင္လုပ္ခ်င္ရာ၊ သင္သြားလိုရာကို ဘယ္သူ႔အတားအဆီးမွ မခံဘဲ လုပ္နိုင္ သြားနိုင္ၿပီ ျဖစ္ပါတယ္။ ဒီအရသာကိုသာ သင္ အမွန္တကယ္ စြဲလန္းႏွစ္ၿခိဳက္သြားရင္ ဒုတိယတစ္ေယာက္ကိုေတာင္ ရွာဖို႔ ေမ့သြားမွာပါ။
(၄) အစတစ္ခုအတြက္ အဆုံးသတ္ျခင္း
အသစ္တစ္ခုစဖို႔ အေဟာင္းတစ္ခုက ပ်က္ေပး ရတယ္၊ အဆုံးသတ္ေပးရတယ္၊ ဒါဟာ ဓမၼတာပါဘဲ။ ဒီလို ဓမၼတာတရားနဲ႔ အတူ ဆီးစင္းနိုင္မွ လူ႔ဘဝက အန္ဝင္ ခြင္က် ရွိတာ ျဖစ္ပါတယ္။
ဒါကို ေကာင္းေကာင္ းနားလည္ ထားၿပီ ဆိုရင္ သြားေလ သူကို အမၽွေဝဖို႔တာဝန္က သင့္တာဝန္ ျဖစ္ပါ တယ္။ သင့္အတြက္ အသစ္ေတြ ျဖစ္ေပၚေစလို႔ သူ႔ကို ေက်းဇူးတင္ေၾကာင္း ေျပာလိုက္ ပါဦး။
Credit
Unicode
နောက်တစ်ယောက်ရှာတွေ့လို့ စွန့်ပစ်ခံ လိုက်ရတဲ့ အမျိုးသမီးတွေဖတ်ဖို့
ချစ်သူက လောလောလတ်လတ် စွန့်ပစ် သွားတဲ့ အခြေအနေကို ရင်ဆိုင်နေရသလား ? ဒါမှမဟုတ် ပြီးခဲ့တဲ့ အတိတ်က စွန့်ပစ်သွားတဲ့ ချစ်သူကို စိတ်မကုန်သေးဘူးလား ?
နောက်တစ်ယောက်တွေ့လို့ သင့်ကို ထား သွားတာလား ? အဲဒီလို အခြေအနေနဲ့ ရင်ဆိုင်နေရတဲ့ အမျိုးသမီးတွေ အတွက် အန်တီမေက အောက်ပါ အတိုင်း အကြံပြု ချင်ပါတယ်။
(၁) သင့်ကြောင့် မဟုတ်ပါဘူး
ချစ်သူက သင့်ကို စွန့်ပစ် သွားတယ် ဆိုရင် သင့်မှာ အပြစ်ရှိလို့ မဟုတ်ပါဘူး။ သူ့ရဲ့ သစ္စာမတည်မြဲခြင်းရဲ့ သက်ရောက်မှု ဖြစ်ပါ တယ်။ ဒီအတွက် သင် ဝမ်းသာရမှာက
အဲဒီလို ဖောက်လွှဲဖောက်ပြန် လုပ်တတ်တဲ့ သူနဲ့ သင် လမ်းခွဲ လိုက်ရခြင်းဖြစ် ပါတယ်။ ဒါဟာ ဘဝတစ်ခုလုံး စွန်းထင်းစေမယ့် အမဲစက်ကို ရှောင်ကွင်း နိုင်ခြင်း ပါဘဲ။
(၂) အချိန်ယူကုစားပါ
အသဲကွဲတဲ့ ဒဏ်ရာကို ကုဖို့ အချိ န်လိုအပ် ပါတယ်။ နေ့ချင်းညချင်း သက်သာစေဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ခရီးတွေ ထွက်မယ်၊ စာအုပ်တွေ ဖတ်မယ်၊ သူနဲ့ရင်းနီး ပတ်သက်ခဲ့ဖူးတဲ့ နေရာတွေ၊
လူတွေကို ရှောင်မယ်၊ သူ့ထားခဲ့တဲ့ အမှတ်တရတွေကို အကြွေးမထားပဲ တစ်ခါတည်း ဖျက်ဆီးပစ်မယ် ဒါဆိုရင် အချိန်နည်းနည်းပဲ လိုပါလိမ့်မယ်။
(၃) လွတ်လပ်ခြင်းဟာ ရတနာ
လွတ်လပ်ခြင်းရဲ့ အရသာကို ချုပ်နှောင်ခံ ရတဲ့ သူတွေမှသာ သိနိုင်ပါတယ်။ သင်ဟာ လက်ရှိအချိန်မှာ လွတ်လပ်ပြီဖြစ် ပါတယ်။
သင်လုပ်ချင်ရာ၊ သင်သွားလိုရာကို ဘယ်သူ့အတားအဆီးမှ မခံဘဲ လုပ်နိုင် သွားနိုင်ပြီ ဖြစ်ပါတယ်။ ဒီအရသာကိုသာ သင် အမှန်တကယ် စွဲလန်းနှစ်ခြိုက်သွားရင် ဒုတိယတစ်ယောက်ကိုတောင် ရှာဖို့ မေ့သွားမှာပါ။
(၄) အစတစ်ခုအတွက် အဆုံးသတ်ခြင်း
အသစ်တစ်ခုစဖို့ အဟောင်းတစ်ခုက ပျက်ပေး ရတယ်၊ အဆုံးသတ်ပေးရတယ်၊ ဒါဟာ ဓမ္မတာပါဘဲ။ ဒီလို ဓမ္မတာတရားနဲ့ အတူ ဆီးစင်းနိုင်မှ လူ့ဘဝက အန်ဝင် ခွင်ကျ ရှိတာ ဖြစ်ပါတယ်။
ဒါကို ကောင်းကောင် းနားလည် ထားပြီ ဆိုရင် သွားလေ သူကို အမျှဝေဖို့တာဝန်က သင့်တာဝန် ဖြစ်ပါ တယ်။ သင့်အတွက် အသစ်တွေ ဖြစ်ပေါ်စေလို့ သူ့ကို ကျေးဇူးတင်ကြောင်း ပြောလိုက် ပါဦး။
No Comments