
မျက်နှာဝင်းပ ၀က်ခြံကင်းကြစေဖို့
မျက်နှာမှာ အမာရွတ်တွေ ၊အစက်အပျောက်တွေကြောင့် စိတ်ညစ် ရတယ်လို့ ကလေးမလေးတစ်ဦးက ဆိုလာ ပါတယ်။ မျက်နှာချောမွေ့ကြည်စင်ဖို့ ဆေးနည်းလေးတွေ ရှိရင် လိုချင်ကြောင်းပြော လာပါတယ်။
အဆီအဆိမ့်အစားများတာ၊ အိပ်ရေးမ၀တာ ၊ စိတ်ဖိစီးမှုများတာ ၊ အငံအစားများတာ တွေကြောင့် မျက်နှာမှာ ၀က်ခြံ ထွက်လာ ပါတယ်။ အစားအသောက်ကို ကျန်းမာရေးနဲ့ ညီအောင်သမမျှတစွာစားဖို့ လိုအပ် ပါတယ်။
ဝက်ခြံ၊ တင်းတိပ်၊ မှဲ့ခြောက်တွေ ထွက်လာပြီဆိုရင် အလှပျက်မှာစိုးလို့ ထုံးနဲ့တို့တာတို့၊ တမာရိုးနဲ့ထိုးတာတို့ ဟာ အရေပြားကို ပျက်ဆီးစေတဲ့ အပြင် အမာရွတ်တွေပါ တိုးပွားစေပါတယ်။
ဝက်ခြံဖြစ်ပြီး ကျန်တဲ့ အမာရွတ်တွေ ကကိုတော့ နနွင်းလက်ဖက် ရည်ဇွန်းတစ်ဇွန်းနဲ့ သံပုရာရည်ကို ရောစပ်ပြီး တစ်နေ့ နှစ်ကြိမ်လိမ်းပေးရင် သက်သာပျောက်ကင်းစေ ပါတယ်။
နေလောင်တဲ့ အသားအရေ ကိုတော့ နနွင်းနဲ့ ရှားစောင်း လက်ပက် ကိုရောပြီး လိမ်းပေးရင် ပြန်လည်ဝင်းပလာစေ ပါတယ်။
နနွင်းစစ်စစ်ကို ပျားရည်နဲ့ လုံးပြီး အခြောက်ခံကာ ပုံမှန်သောက် သုံးပေးရင် အမျိုးသမီးများအသားအရေကြည်လင် လှပစေ ပါတယ်။ သခွားသီးကို အခွံနွှာ ၊
ပါးပါးလှီး မျက်နှာပြင် နှာခေါင်းနဲ့ မျက်လုံးလေးေ တွပေါ် ကပ်ပေးခြင်းအားဖြင့် အသားအရည်ကို ကြည်လင်စေပြီး အဆီပြန်ခြင်းကနေ ကာကွယ်ပေး ပါတယ် ။
အမျိုးသမီးတစ်ယောက်က ပြောပါတယ်။ သူမဟာ အာလူးကို လိမ်းပေးတဲ့အတွက် မျက်နှာချော့မွေ့ တင်းရင်းကာ အသားအရည် အရေးကြောင်းများသက်သာကာ ၀က်ခြံများလည်း ပျောက်ကင်း တယ်လို့ ဆိုလာ ပါတယ်။
အာလူးမှာ အသားဖြူစေတဲ့ ဓာတ်တွေ ပါဝင်တဲ့ အပြင် ၀က်ခြံတွေ ကိုလည်း ပျောက်ကင်းစေတယ်လို့ လေ့လာ သူတွေက ဆိုပါ တယ်။ အာလူးကို ပြုတ်လိုက်ပါ။
အာလူးပြုတ်ကို ပါးပါးလှီးပြီး ၀က်ခြံရှိတဲ့နေရာမှာကပ်ပေးရင် ၀က်ခြံသာမက အရေးအကြောင်းတွေကို လည်း ပျောက်ကင်းစေနိုင် ပါတယ်။ အာလူးအစိမ်း ကိုလည်း အသုံးပြုလို့ရပါတယ်။
လေးညှင်းဆီ ၃ စက်နဲ့ ပျားရည် လက်ဖက်ရည်ဇွန်း ၂ ဇွန်းကို ရောကာ မျက်နှာမှာလိမ်းပြီး ခဏကြာရေဆေး လိုက်မယ် ဆိုရင် ဝက်ခြံတွေ လျှော့ပါး လာစေ ပါတယ်။ မျက်စိထဲမ၀င်အောင်တော့ ဂရုစိုက်ရ ပါမယ်။
ကျောက်ဖရုံသီးကြိတ်ရည်ကို သံပရာရည်နဲ့ အရေပြားမှာ ရောလိမ်းတာဖြစ်ဖြစ် ဒါမှမဟုတ် တခြား မျက်နှာပေါင်းတင်ဆေးတွေ နဲ့ရောသုံး တာဖြစ်ဖြစ် လုပ်ပေးရင် အမည်းစက်တွေကိုလျော့ပါးစေပြီး အသား အရေ ဝင်းလက် လာစေ ပါတယ်။
ငှက်ပျောသီး မှည့်မှည့် တစ်လုံးနဲ့ ပျားရည် လက်ဖက်ရည်ဇွန်း တစ်ဇွန်းစာကို သမအောင် ရောမွှေပြီး မျက်နှာနဲ့လည်ပင်းကို ခပ်ပါးပါးလေး လိမ်းရင်တော့ အသားအရေ နူးညံ့ဝင်းပစေ ပါတယ်။
မနက်အိပ်ရာထချိန်မှာလည်း ပျားရည်စစ်စစ် လက်ဖက်ရည်ဇွန်း တစ်ဝက်လောက်ကို မျက်နှာမှာ လိမ်းထားပြီး ၁၅ မိနစ်လောက်ကြာရင် ရေခပ်နွေးနွေးလေးနဲ့ ဆေးကြောသန့်စင်ပေးရင်လည်း မျက်နှာဝင်း ပစေ ပါတယ်။
ရှားဇောင်းလက်ပတ်ကိုခြစ်ယူပြီး ကြေမွအောင်ချေယူ၊ လက်ဖက်စားဇွန်း၂ဇွန်းထည့် ၊သံလွင်ဆီထည့် ၊နှင်းဆီရေ ၂ဇွန်းထည့်၊ မျက်နှာကို ညဖက်လိမ်း အိပ်ရင်လည်း နူးညံ့ချောမွတ်တဲ့ အသားအရေကို ပိုင်ဆိုင် နိုင်မှာပါ။
နှင်းဆီ ပွင့်ဖတ်တွေ ကိုခြွေယူပြီ ရေနွေးထဲ ထည့်ပြုတ်လို့ရလာတဲ့ရေ) အာလူးရည်နဲ့ ရှားစောင်းလက်ပက်တို့ရောပြီး လိမ်းပါက မျက်နှာတင် ရင်းကာ ၀င်းပ လာပါတယ်။
အုန်းခွက်ကို သွေးလိမ်းရင်လည်း အမည်းစက်တွေ သိသိသာသာလျှော့ပါးစေပါတယ်။ တိုင်းရင်းဆေးအမှတ် ၄၃ ( အကင်းဆယ်ပါးဆေး ) ကို ညအိပ်ရာဝင်ပုံမှန်လိမ်းမယ်ဆိုရင်လည်း အသားအရေ စိုပြေ၀င်းပစေ ပါတယ်။
အဆီပြန်တဲ့ အသားအရေပိုင်ရှင်တွေ အတွက်ကတော့ သံပုရာရည်နှစ်ဇွန်း (လက်ဖက်ရည်ဇွန်း)၊ နနွင်းမှုန့် ဇွန်းဝက်ခန့် (လက်ဖက် ရည်ဇွန်း) သင်္ဘောသီးစိတ် ကိုချေပြီး သင်္ဘောသီး ရည်ကို သုံးဇွန်းခန့်ယူကာ အားလုံးကို ရောစပ်ပြီး မျက်နှာကိုလိမ်းပြီး ၁၅မိနစ်လောက်ထားပါ။
ပြီးရင်တော့ ပြန်လည်ဆေးကြော သန့်စင်ရမှာဖြစ်ပါတယ်။ဝက်ခြံတွေ တအားထွက်သူ အမျိုးသမီးတစ်ယောက် ကတော့ သူမမျက်နှာက ၀က်ခြံတွေ သိသိသာသာလျှော့ပါး လာတာနဲ့ ပတ်သက်လို့ မေးကြည့်တဲ့ အခါ အိပ်ရေး၀၀ အိပ်တယ်၊
မကျီးဖျော်ရည်ကို ကိုယ်တိုင်ဖျော်သောက် သလို အသီးအရွက်ကို ဦးစားပေးစားပြီး အဆီအဆိမ့်ကိုအတတ်နိုင် ဆုံးရှောင် တယ်။ ကိုယ်လက်လှုပ်ရှားမှု ကိုလည်း ပုံမှန် လုပ်ဆောင်ပါတယ်။
မကြာခဏရှားဇောင်း လက်ပတ်ကို လိမ်းတယ။် ကြိတ်မှန်ရွက်ကို ရံဖန်ရံခါ အရည်ညှစ်သောက်တယ် လို့ သူမက ဆိုပါတယ်။ အထက်မှာ တင်ပြသလို ကိုယ်လက်
လှုပ်ရှားပြီး အစားအသောက်ကို ကျန်းမာရေးနဲ့ ညီအောင် စားမယ်၊ ၀မ်းမှန်ဆီးမှန်ဖြစ်နေမယ်ဆိုရင် အသားအရေစိုပြေ၀င်းပလာမှာဖြစ်ကြောင်း တင်ပြ လိုက် ရပါတယ်။
Credit
No Comments