
ကိုဗစ္ကာလမွာလည္း အခ်စ္ေတြမေလ်ာ့ၾကေစဖို႔
ကိုဗစ္ဒုတိယ လႈိင္းေၾကာင့္ အျပင္သြားလာ ခြင့္ေတြ ကန႔္သတ္ ပိတ္ပင္ လိုက္တဲ့ အတြက္ ခ်စ္သူ စုံတြဲမ်ား အေနနဲ႔လည္း အရင္လို အလြယ္တကူေတြ႕ဆုံႏိုင္ဖို႔ ခက္ခဲ လာႏိုင္ပါတယ္ ။
အလုပ္နဲ႔ ပတ္သက္တဲ့ ဖိအားေတြ ရွိႏိုင္တာ၊ မိတ္ေဆြ အေပါင္းအသင္းေတြနဲ႔လည္း သိပ္မေတြ႕ရတာ၊ ကိုဗစ္ကိုလည္း ပူပန္ေန ရတာ စသည္ျဖင့္ တျခားေသာ စိတ္ရႈပ္ေထြးစရာေတြကလည္း ႀကဳံရႏိုင္တဲ့ အတြက္ ခုခ်ိန္မွာ လူအမ်ားစုက
သာမန္ထက္ စိတ္တို စိတ္ဆတ္ေန တာမ်ိဳးရွိ ႏိုင္ပါ တယ္ ။ တစ္ေယာက္နဲ႔တစ္ေယာက္ အရင္းႏွီးဆုံးလို႔ေျပာ ရမယ့္ ခ်စ္သူ စုံတြဲေတြ ၾကားမွာလည္း သာမန္ထက္ ပိုတဲ့ ကေတာက္ကဆေလးေတြ ရွိလာ ႏိုင္တာ အမွန္ပါပဲ
ဒါေၾကာင့္ ခ်စ္သူ စုံတြဲမ်ား အေနနဲ႔ ကိုဗစ္ကာလ မွာလည္း အခ်စ္ေတြမေလ်ာ့ၾကေစဖို႔ လိုက္နာသင့္တဲ့ အခ်က္ေလးေတြကို မွ်ေဝေပး လိုက္ပါတယ္ ။
ကိုယ့္ကိုယ္ကိုအရင္ဆုံးဂ႐ုစိုက္ပါ
ဒါအေရးႀကီးပါတယ္ ။ ကိုယ့္ကိုယ္ကိုေတာင္ ေကာင္းေကာင္းဂ႐ုမစိုက္ႏိုင္ဘဲနဲ႔ က်ေနာ္တို႔ဟာ တျခားတစ္ေယာက္ေယာက္ကို ဂ႐ုစိုက္ေပး ႏိုင္လိမ့္မယ္ မဟုတ္ပါဘူး ။ Work from Homeလုပ္ေန ရတာ မ်ိဳးျဖစ္မယ္၊
ဒါမွမဟုတ္ အလုပ္နားေန ရတာ၊ အလုပ္သြားေန ရတာလည္း ျဖစ္ႏိုင္ ပါတယ္ ။ ဘယ္လိုပဲျဖစ္ျဖစ္ ကိုဗစ္ေၾကာင့္ျဖစ္ လာတဲ့ new normalမွာ က်ေနာ္တို ႔
ကိုယ္တိုင္ အသားက်ေအာင္ ျပင္ဆင္ ထားဖို႔ိ လိုပါတယ္ ။ ဘယ္လိုျပင္ဆင္ ရမယ္ ဆိုတာ ကေတာ့ တစ္ဦးတစ္ေယာက္ခ်င္းေပၚမူတည္ၿပီး ကြဲျပားႏိုင္ ပါတယ္ ။
အခ်ိန္ခြဲျခားသတ္မွတ္ထားပါ
တစ္ေယာက္ေယာက္ ဒါမွမဟုတ္ ႏွစ္ေယာက္စလုံးက အလုပ္လုပ္ေနရတယ္ဆိုရင္ေတာ့ ဒါကပိုလို႔ အေရးႀကီးႏိုင္ ပါတယ္ ။ အလုပ္သိပ္ မမ်ားဘူး ဆိုရင္ေတာင္ တျခားဝါသနာပါရာတစ္ခုခု၊
စိတ္ထြက္ေပါက္ တစ္ခုခု အတြက္ သီးသန႔္ အခ်ိန္အနည္းငယ္ လိုအပ္ ႏိုင္ပါတယ္ ။ တစ္ေယာက္ရဲ႕အလုပ္ခ်ိန္၊ သီးသန႔္ခ်ိန္ေလးေတြကို က်န္တစ္ေယာက္က အေလးထားေပးဖို႔၊ ဝင္မေႏွာင့္ယွက္မိဖို႔ ႀကိဳးစား သင့္ပါတယ္ ။
ပြင့္လင္းပါ
ကိုယ့္စိတ္ထဲမွာ ရွိေနတာကို တျခားတစ္ေယာက္က အလိုလို သိေန လိမ့္မယ္လို႔ ထင္မထားလိုက္ပါနဲ႔ ။ က်ေနာ္တို႔ဟာ ဒီလို ကပ္ေရာဂါ မ်ိဳးနဲ႔ ဘယ္တုန္း ကမွ ႀကဳံေတြ႕ဖူးခဲ့တာမဟုတ္ပါဘူး ။
က်ေနာ္တို႔မွာ ဒါနဲ ႔ပတ္သက္ၿပီး အေတြ႕အႀကဳံေတြ ရွိမေနပါဘူး ။ ကိုဗစ္ရဲ႕ေနာက္ဆက္တြဲေတြနဲ ႔ပတ္သက္လို႔ တစ္ေယာက္နဲ႔ တစ္ေယာက္ ခံစားခ်က္ခ်င္း၊ ပူပန္ ရမႈ အတိုင္းအတာခ်င္း ကြဲျပားႏိုင္ ပါတယ္ ။ ဒါေၾကာင့္ ကိုယ့္စိတ္ထဲမွာ ခံစားေန ရတာကို တစ္ဖက္လူသိေအာင္ ပြင့္ပြင့္လင္းလင္းေျပာျပဖို႔ အေရးႀကီးပါတယ္ ။
ဟာသဉာဏ္ရွိေအာင္ႀကိဳးစားပါ
သာမန္ အခ်ိန္မွာလည္း ဒါက အေရးႀကီးပါတယ္ ။ “လူေတြဟာ အဆိုးေလာကဓံတရားေတြနဲ႔ ႀကဳံလာ ရတဲ့ အခါ ဒိုင္းႏွစ္လက္နဲ႔ ကာကြယ္ရတယ္”လို႔ ဆို႐ိုးရွိပါတယ္ ။ ပထမဒိုင္းတစ္လက္က ဘာသာတရားျဖစ္ ပါတယ္ ။
ေနာက္တစ္ခု ကေတာ့ ဟာသပါပဲ ။ တတ္ႏိုင္သေလာက္ ဟာသေတြေျပာေပးလုပ္ေပးတာ၊ ရယ္ေမာေပးတာက အေကာင္းဆုံး စိတ္ထြက္ေပါက္ တစ္ခုျဖစ္ေကာင္းျဖစ္ႏိုင္ ပါတယ္ ။
လက္တြဲေတြ ခိုင္ၿမဲႏိုင္ၾကပါေစ…။ ။
Credit
Unicode
ကိုဗစ်ကာလမှာလည်း အချစ်တွေမလျော့ကြစေဖို့
ကိုဗစ်ဒုတိယ လှိုင်းကြောင့် အပြင်သွားလာ ခွင့်တွေ ကန့်သတ် ပိတ်ပင် လိုက်တဲ့ အတွက် ချစ်သူ စုံတွဲများ အနေနဲ့လည်း အရင်လို အလွယ်တကူတွေ့ဆုံနိုင်ဖို့ ခက်ခဲ လာနိုင်ပါတယ် ။
အလုပ်နဲ့ ပတ်သက်တဲ့ ဖိအားတွေ ရှိနိုင်တာ၊ မိတ်ဆွေ အပေါင်းအသင်းတွေနဲ့လည်း သိပ်မတွေ့ရတာ၊ ကိုဗစ်ကိုလည်း ပူပန်နေ ရတာ စသည်ဖြင့် တခြားသော စိတ်ရှုပ်ထွေးစရာတွေကလည်း ကြုံရနိုင်တဲ့ အတွက် ခုချိန်မှာ လူအများစုက
သာမန်ထက် စိတ်တို စိတ်ဆတ်နေ တာမျိုးရှိ နိုင်ပါ တယ် ။ တစ်ယောက်နဲ့တစ်ယောက် အရင်းနှီးဆုံးလို့ပြော ရမယ့် ချစ်သူ စုံတွဲတွေ ကြားမှာလည်း သာမန်ထက် ပိုတဲ့ ကတောက်ကဆလေးတွေ ရှိလာ နိုင်တာ အမှန်ပါပဲ
ဒါကြောင့် ချစ်သူ စုံတွဲများ အနေနဲ့ ကိုဗစ်ကာလ မှာလည်း အချစ်တွေမလျော့ကြစေဖို့ လိုက်နာသင့်တဲ့ အချက်လေးတွေကို မျှဝေပေး လိုက်ပါတယ် ။
ကိုယ့်ကိုယ်ကိုအရင်ဆုံးဂရုစိုက်ပါ
ဒါအရေးကြီးပါတယ် ။ ကိုယ့်ကိုယ်ကိုတောင် ကောင်းကောင်းဂရုမစိုက်နိုင်ဘဲနဲ့ ကျနော်တို့ဟာ တခြားတစ်ယောက်ယောက်ကို ဂရုစိုက်ပေး နိုင်လိမ့်မယ် မဟုတ်ပါဘူး ။ Work from Homeလုပ်နေ ရတာ မျိုးဖြစ်မယ်၊
ဒါမှမဟုတ် အလုပ်နားနေ ရတာ၊ အလုပ်သွားနေ ရတာလည်း ဖြစ်နိုင် ပါတယ် ။ ဘယ်လိုပဲဖြစ်ဖြစ် ကိုဗစ်ကြောင့်ဖြစ် လာတဲ့ new normalမှာ ကျနော်တို့
ကိုယ်တိုင် အသားကျအောင် ပြင်ဆင် ထားဖို့ိ လိုပါတယ် ။ ဘယ်လိုပြင်ဆင် ရမယ် ဆိုတာ ကတော့ တစ်ဦးတစ်ယောက်ချင်းပေါ်မူတည်ပြီး ကွဲပြားနိုင် ပါတယ် ။
အချိန်ခွဲခြားသတ်မှတ်ထားပါ
တစ်ယောက်ယောက် ဒါမှမဟုတ် နှစ်ယောက်စလုံးက အလုပ်လုပ်နေရတယ်ဆိုရင်တော့ ဒါကပိုလို့ အရေးကြီးနိုင် ပါတယ် ။ အလုပ်သိပ် မများဘူး ဆိုရင်တောင် တခြားဝါသနာပါရာတစ်ခုခု၊
စိတ်ထွက်ပေါက် တစ်ခုခု အတွက် သီးသန့် အချိန်အနည်းငယ် လိုအပ် နိုင်ပါတယ် ။ တစ်ယောက်ရဲ့အလုပ်ချိန်၊ သီးသန့်ချိန်လေးတွေကို ကျန်တစ်ယောက်က အလေးထားပေးဖို့၊ ဝင်မနှောင့်ယှက်မိဖို့ ကြိုးစား သင့်ပါတယ် ။
ပွင့်လင်းပါ
ကိုယ့်စိတ်ထဲမှာ ရှိနေတာကို တခြားတစ်ယောက်က အလိုလို သိနေ လိမ့်မယ်လို့ ထင်မထားလိုက်ပါနဲ့ ။ ကျနော်တို့ဟာ ဒီလို ကပ်ရောဂါ မျိုးနဲ့ ဘယ်တုန်း ကမှ ကြုံတွေ့ဖူးခဲ့တာမဟုတ်ပါဘူး ။
ကျနော်တို့မှာ ဒါနဲ့ပတ်သက်ပြီး အတွေ့အကြုံတွေ ရှိမနေပါဘူး ။ ကိုဗစ်ရဲ့နောက်ဆက်တွဲတွေနဲ့ပတ်သက်လို့ တစ်ယောက်နဲ့ တစ်ယောက် ခံစားချက်ချင်း၊ ပူပန် ရမှု အတိုင်းအတာချင်း ကွဲပြားနိုင် ပါတယ် ။ ဒါကြောင့် ကိုယ့်စိတ်ထဲမှာ ခံစားနေ ရတာကို တစ်ဖက်လူသိအောင် ပွင့်ပွင့်လင်းလင်းပြောပြဖို့ အရေးကြီးပါတယ် ။
ဟာသဉာဏ်ရှိအောင်ကြိုးစားပါ
သာမန် အချိန်မှာလည်း ဒါက အရေးကြီးပါတယ် ။ “လူတွေဟာ အဆိုးလောကဓံတရားတွေနဲ့ ကြုံလာ ရတဲ့ အခါ ဒိုင်းနှစ်လက်နဲ့ ကာကွယ်ရတယ်”လို့ ဆိုရိုးရှိပါတယ် ။ ပထမဒိုင်းတစ်လက်က ဘာသာတရားဖြစ် ပါတယ် ။
နောက်တစ်ခု ကတော့ ဟာသပါပဲ ။ တတ်နိုင်သလောက် ဟာသတွေပြောပေးလုပ်ပေးတာ၊ ရယ်မောပေးတာက အကောင်းဆုံး စိတ်ထွက်ပေါက် တစ်ခုဖြစ်ကောင်းဖြစ်နိုင် ပါတယ် ။
လက်တွဲတွေ ခိုင်မြဲနိုင်ကြပါစေ…။ ။
No Comments