
ေလာကမွာ ဘယ္ေတာ့မွ ေမွ်ာ္လင့္ခ်က္မထားသင့္တဲ့ အေျခအေန (၅) မ်ိဳး
ေမွ်ာ္လင့္ခ်က္ဆိုတာမ်ိဳးက မထားေလ ေကာင္းေလ ပါပဲ။ ဒါေပမယ့္လည္း လူ႕သဘာဝအရ ေမွ်ာ္လင့္မိ တတ္တာေတြ ရွိေန ပါတယ္။ ျဖစ္မလာေသးတဲ့ အနာဂတ္အေျခအေနကို ေမွ်ာ္လင့္ထား မိတတ္ သူေတြအဖို႔ေတာ့
ဒီလို အေျခအေနေတြကို မေမွ်ာ္လင့္ ထားသင့္ ပါဘူး။ ေမွ်ာ္လင့္ ထားသလို ျဖစ္မလာခဲ့ရင္ နာက်င္ရမွာက ကိုယ္တိုင္မို႔ ဒီအခ်က္ ေတြကို လံုးဝ သတိထား သင့္ပါတယ္ေနာ္ ။
(၁) ကိုယ့္ေၾကာင့္ ေျပာင္းလဲမယ္ မေမွ်ာ္လင့္ပါနဲ႔”
လူတိုင္းက သူ႕ပုံစံနဲ႕ သူ ျဖစ္တည္ လာတာပါ။ အက်င့္ေတြ၊ ေနထိုင္ပုံေတြ ေျပာင္းလဲသြားၾကတဲ့ သူေတြ ရွိတယ္ဆိုတာ သူတို႔ကိုယ္တိုင္ ေျပာင္းလဲေနထိုင္ ခ်င္စိတ္ ရွိလို႔ပါ။ ဒါေပမယ့္ လည္း ကိုယ္ ေနေနက် အတိုင္း ေနသူေတြက ပိုမ်ားပါတယ္။
ကိုယ္က တျခားသူ တစ္ေယာက္ကို ေျပာင္းလဲေအာင္ လုပ္နိုင္တယ္ ေမွ်ာ္လင့္ေနရင္ေတာ့ သင့္အခ်ိန္ေတြပဲ ႏွေျမာစရာ ျဖစ္ေနမွာပါ ။
(၂) အခ်စ္ကို မေမွ်ာ္လင့္ပါနဲ႔”
အခ်စ္ဆိုတာ မ်ိဳးက လုပ္ယူလို႔ ရတာ မဟုတ္ပါဘူး။ ဒါေၾကာင့္ ကိုယ့္ကို မခ်စ္တဲ့သူကို ခ်စ္မိသြားရင္ အရွိတရားကို လက္ခံ လိုက္တာ ေကာင္းပါ တယ္။ တစ္ေန႕ေန႕ ခ်စ္လာမွာပါဆိုတဲ့ စိတ္နဲ႕ ေစာင့္ေနရင္ သင့္ရဲ႕ တကယ့္ ဖူးစာဖက္နဲ႕ေတာင္ လြဲသြားႏိုင္ ပါတယ္ ။
(၃) လူအမ်ား သေဘာက်ဖို႔ မေမွ်ာ္လင့္ပါနဲ႔”
လူတိုင္းက ကိုယ့္ကို သေဘာမက်ပါဘူး။ ဒီလိုပဲ လူတိုင္းက ကိုယ့္ကို သေဘာမက်တာမ်ိဳး မဟုတ္ ပါဘူး။ ကိုယ္က ဘယ္ေလာက္ပဲ ရိုးသားၿပီး ခ်စ္ဖို႔ေကာင္းေန ပါေစ ဟန္ေဆာင္ေနတယ္လို႔ ထင္ၿပီး မုန္းေနတဲ့ သူေတြလည္း ရွိေနတာက ေလာက သဘာဝ တစ္ခုပဲ ျဖစ္ပါတယ္ ။
(၄) ကိုယ့္စိတ္ကို သိဖို႔ မေမွ်ာ္လင့္ပါနဲ႔”
တစ္ေယာက္နဲ႕ တစ္ေယာက္ ရင္းႏွီးလာေလေလ တစ္ေယာက္စိတ္ကို တစ္ေယာက္ နားလည္ေလေလလို႔ ေျပာေလ့ ရွိၾကေပမယ့္ မိဘ မေျပာနဲ႕ တခါတေလ
ကိုယ့္စိတ္ ကိုယ္ေတာင္ မခန့္မွန္း တတ္တာ ျဖစ္ေနတတ္ ပါတယ္။ ဒါေၾကာင့္ ဖြင့္ေျပာ မွသာ သိၾကတာပါ။ အလိုအေလ်ာက္ သိဖို႔ဆိုတာ မလြယ္ကူတဲ့ အရာတစ္ခု ျဖစ္ပါတယ္ ။
(၅) ေသျခင္း မရွိသလို မေမွ်ာ္လင့္ထားပါနဲ႔”
လူတိုင္းက တေန႕မွာ အေၾကာင္းအမ်ိဳးမ်ိဳးနဲ႕ ေသဆုံးရမွာပါ။ ဘယ္သူပဲ ျဖစ္ျဖစ္ ကြယ္လြန္တဲ့သတင္းၾကားရင္ လက္ခံ လိုက္ရတဲ့ တည္ၿငိမ္မႈမ်ိဳးကို ကိုယ့္အနားက
သူေတြ ထြက္သြားရင္လည္း ရွိထားသင့္ ပါတယ္။ ကိုယ့္အနားက သူေတြက ဘယ္ေတာ့မွ မေသဆုံးေတာ့သလို ေတြးေနတာမ်ိဴးက သင့္ကို ပုံမွန္ထက္ပိုၿပီး နာက်င္ ခံစားရေစႏိုင္ပါတယ္ေနာ္ ။
Credit – Kham
Unicode
လောကမှာ ဘယ်တော့မှ မျှော်လင့်ချက်မထားသင့်တဲ့ အခြေအနေ (၅) မျိုး
မျှော်လင့်ချက်ဆိုတာမျိုးက မထားလေ ကောင်းလေ ပါပဲ။ ဒါပေမယ့်လည်း လူ့သဘာဝအရ မျှော်လင့်မိ တတ်တာတွေ ရှိနေ ပါတယ်။ ဖြစ်မလာသေးတဲ့ အနာဂတ်အခြေအနေကို မျှော်လင့်ထား မိတတ် သူတွေအဖို့တော့
ဒီလို အခြေအနေတွေကို မမျှော်လင့် ထားသင့် ပါဘူး။ မျှော်လင့် ထားသလို ဖြစ်မလာခဲ့ရင် နာကျင်ရမှာက ကိုယ်တိုင်မို့ ဒီအချက် တွေကို လုံးဝ သတိထား သင့်ပါတယ်နော် ။
(၁) ကိုယ့်ကြောင့် ပြောင်းလဲမယ် မမျှော်လင့်ပါနဲ့”
လူတိုင်းက သူ့ပုံစံနဲ့ သူ ဖြစ်တည် လာတာပါ။ အကျင့်တွေ၊ နေထိုင်ပုံတွေ ပြောင်းလဲသွားကြတဲ့ သူတွေ ရှိတယ်ဆိုတာ သူတို့ကိုယ်တိုင် ပြောင်းလဲနေထိုင် ချင်စိတ် ရှိလို့ပါ။ ဒါပေမယ့် လည်း ကိုယ် နေနေကျ အတိုင်း နေသူတွေက ပိုများပါတယ်။
ကိုယ်က တခြားသူ တစ်ယောက်ကို ပြောင်းလဲအောင် လုပ်နိုင်တယ် မျှော်လင့်နေရင်တော့ သင့်အချိန်တွေပဲ နှမြောစရာ ဖြစ်နေမှာပါ ။
(၂) အချစ်ကို မမျှော်လင့်ပါနဲ့”
အချစ်ဆိုတာ မျိုးက လုပ်ယူလို့ ရတာ မဟုတ်ပါဘူး။ ဒါကြောင့် ကိုယ့်ကို မချစ်တဲ့သူကို ချစ်မိသွားရင် အရှိတရားကို လက်ခံ လိုက်တာ ကောင်းပါ တယ်။ တစ်နေ့နေ့ ချစ်လာမှာပါဆိုတဲ့ စိတ်နဲ့ စောင့်နေရင် သင့်ရဲ့ တကယ့် ဖူးစာဖက်နဲ့တောင် လွဲသွားနိုင် ပါတယ် ။
(၃) လူအများ သဘောကျဖို့ မမျှော်လင့်ပါနဲ့”
လူတိုင်းက ကိုယ့်ကို သဘောမကျပါဘူး။ ဒီလိုပဲ လူတိုင်းက ကိုယ့်ကို သဘောမကျတာမျိုး မဟုတ် ပါဘူး။ ကိုယ်က ဘယ်လောက်ပဲ ရိုးသားပြီး ချစ်ဖို့ကောင်းနေ ပါစေ ဟန်ဆောင်နေတယ်လို့ ထင်ပြီး မုန်းနေတဲ့ သူတွေလည်း ရှိနေတာက လောက သဘာဝ တစ်ခုပဲ ဖြစ်ပါတယ် ။
(၄) ကိုယ့်စိတ်ကို သိဖို့ မမျှော်လင့်ပါနဲ့”
တစ်ယောက်နဲ့ တစ်ယောက် ရင်းနှီးလာလေလေ တစ်ယောက်စိတ်ကို တစ်ယောက် နားလည်လေလေလို့ ပြောလေ့ ရှိကြပေမယ့် မိဘ မပြောနဲ့ တခါတလေ
ကိုယ့်စိတ် ကိုယ်တောင် မခန့်မှန်း တတ်တာ ဖြစ်နေတတ် ပါတယ်။ ဒါကြောင့် ဖွင့်ပြော မှသာ သိကြတာပါ။ အလိုအလျောက် သိဖို့ဆိုတာ မလွယ်ကူတဲ့ အရာတစ်ခု ဖြစ်ပါတယ် ။
(၅) သေခြင်း မရှိသလို မမျှော်လင့်ထားပါနဲ့”
လူတိုင်းက တနေ့မှာ အကြောင်းအမျိုးမျိုးနဲ့ သေဆုံးရမှာပါ။ ဘယ်သူပဲ ဖြစ်ဖြစ် ကွယ်လွန်တဲ့သတင်းကြားရင် လက်ခံ လိုက်ရတဲ့ တည်ငြိမ်မှုမျိုးကို ကိုယ့်အနားက
သူတွေ ထွက်သွားရင်လည်း ရှိထားသင့် ပါတယ်။ ကိုယ့်အနားက သူတွေက ဘယ်တော့မှ မသေဆုံးတော့သလို တွေးနေတာမျိူးက သင့်ကို ပုံမှန်ထက်ပိုပြီး နာကျင် ခံစားရစေနိုင်ပါတယ်နော် ။
No Comments