
ခါးနာျခင္းကို သက္သာေစမည့္ အိပ္စက္နည္းပုံစံမ်ား
ကမာၻ႔လူဦးေရရဲ႕ 80 ရာခိုင္ႏႈန္းက တစ္သက္မွာ အနည္းဆုံး တစ္ခါေတာ့ ခါးနာေဝဒနာကို ခံစား ရပါတယ္။ ခါးနာေဝဒနာ မျဖစ္ေအာင္ ႀကိဳတင္ကာကြယ္ႏိုင္မယ့္ နည္းလမ္းေလးေတြ ရွိပါတယ္။ အိပ္စက္တဲ့ပုံစံကို ေျပာင္းလိုက္ရင္ ခါးနာေဝဒနာက သက္သာသြားမွာပါ။
1. လည္ပင္းႏွင့္ ေက်ာအေပၚဘက္ နာက်င္ျခင္းအတြက္
ပက္လက္လွန္အိပ္ျခင္းက လည္ပင္းနဲ႔ ေက်ာအေပၚက ဖိအားေတြကို နည္းသြားေစပါတယ္။ ေက်ာ႐ိုးကိုလည္း ေျဖာင့္တန္းသြားေစပါတယ္။ လည္ပင္းေအာက္နဲ႔ ဒူးေခါင္းေအာက္မွာ ေခါင္းအုံး တစ္လုံးထားၿပီး အိပ္ျခင္းက လည္ပင္းနဲ႔ ေက်ာအေပၚ ဘက္က နာက်င္မႈကို သက္သာေစ ပါတယ္။
2. ေက်ာ႐ိုးမႀကီးတစ္ေလွ်ာက္ နာက်င္ျခင္းအတြက္
ေမွာက္အိပ္ျခင္းက ေက်ာ႐ိုး တစ္ေလွ်ာက္လုံး နာက်င္ေနတဲ့ သူေတြအတြက္ သင့္ေတာ္ပါတယ္။ ေခါင္းအုံးတစ္အုံးကိုလည္း ဗိုက္ေအာက္မွာ ထားလိုက္ပါ။ ေခါင္းအုံးက 3 လက္မထက္ မထူတဲ့ ေခါင္းအုံးအပါးေလးျဖစ္ဖို႔ လိုပါတယ္။
ဗိုက္ေအာက္မွာ ေခါင္းအုံးထားအိပ္ျခင္းက ေက်ာေပၚက ဖိအားေတြကို နည္းသြားေစပါတယ္။ ဗိုက္ေအာက္မွာ ေခါင္းအုံးထား အိပ္လို႔ မသက္သာရင္ ေခါင္းေအာက္က ေခါင္းအုံးကို ဖယ္ၿပီးအိပ္ ၾကည့္ပါ။
3. ေက်ာေအာက္ပိုင္း နာက်င္ျခင္းအတြက္
ခႏၶာကိုယ္ကို တစ္ဖက္ေစာင္းၿပီး အိပ္တဲ့အခါ ေက်ာ႐ိုးမႀကီးကို သဘာဝမက်တဲ့ ပုံစံ ျဖစ္ေစပါတယ္။ ေက်ာေအာက္ပိုင္း ကိုလည္း ကိုယ္အေလးခ်ိန္ ပိုသြားေစ ပါတယ္။ ဒူးကို အနည္းငယ္ ေကြးၿပီး ဒူးႏွစ္ဖက္ၾကားမွာ ေခါင္းအုံးတစ္လုံး ထားအိပ္ပါ။
အဲဒီအခါ ေက်ာေအာက္ပိုင္းနာက်င္ျခင္းေတြ သက္သာ လာမွာျဖစ္ၿပီး အိပ္ယာထတဲ့ အခါလည္း မနာေတာ့ပါဘူး။
4. ခါးနာျခင္းအတြက္
ေက်ာေအာက္ပိုင္းခါးနာရင္ ေနာက္ကိုမွီၿပီး အိပ္တာက ထိေရာက္ပါတယ္။ ေခါင္းအုံးေတြကို ေက်ာနဲ႔ လည္ပင္းေနာက္မွာထားၿပီး အိပ္ျခင္းက ခါးနာတဲ့ သူေတြ အတြက္
အဆင္ေျပပါတယ္။ ပိုၿပီး သက္ေတာင့္သက္သာ ရွိဖို႔ဆိုရင္ ေခါင္းအုံးေတြကို ဒူးနဲ႔ ေျခေထာက္ေအာက္မွာ ထားအိပ္လို႔ ရပါတယ္။
5. အာ႐ုံေၾကာမ်ားေတာင့္တင္းျခင္း
ေက်ာ႐ိုးဆစ္ေတြၾကားက အ႐ိုးႏုလႊာေလးေတြ ပုံမွန္အေနအထားကေန အနည္းငယ္ေ႐ြ႕ သြားရင္ နာက်င္မႈေတြ ခံစား ရပါတယ္။ ေက်ာ႐ိုးအဆစ္ေတြ ပုံမွန္အေနအထား အတိုင္း ျပန္ျဖစ္ဖို႔ ခႏၶာကိုယ္ အေပၚပိုင္းကို ေကြးၿပီးအိပ္ပါ။ အဲဒီအခါ ေက်ာ႐ိုးအဆစ္ေတြနဲ႔ အာ႐ုံေၾကာေပၚ သက္ေရာက္ေနတဲ့ ဖိအားေတြ ေလ်ာ့သြားပါတယ္။
ႏွစ္ေပါင္းမ်ားစြာ အိပ္စက္ လာတဲ့ ပုံစံကို ေျပာင္းအိပ္ဖို႔ ဆိုတာ မလြယ္ပါဘူး။ ခါးနာတာ မသက္သာရင္ ေနာက္ထပ္ အိပ္စက္နည္း ပုံစံေတြ ရွိပါတယ္။ ပုံေလးပုံထဲက ကိုယ္နဲ႔အဆင္ေျပမယ့္ အိပ္စက္နည္း ပုံစံႏွစ္မ်ိဳးကို ေ႐ြးၿပီး အိပ္ရင္ ခါးနာသက္သာလာႏိုင္ပါတယ္။
Zombie (LoveMedia)
ယူနီကုတ္
ခါးနာခြင်းကို သက်သာစေမည့် အိပ်စက်နည်းပုံစံများ
ကမ္ဘာ့လူဦးရေရဲ့ 80 ရာခိုင်နှုန်းက တစ်သက်မှာ အနည်းဆုံး တစ်ခါတော့ ခါးနာဝေဒနာကို ခံစား ရပါတယ်။ ခါးနာဝေဒနာ မဖြစ်အောင် ကြိုတင်ကာကွယ်နိုင်မယ့် နည်းလမ်းလေးတွေ ရှိပါတယ်။ အိပ်စက်တဲ့ပုံစံကို ပြောင်းလိုက်ရင် ခါးနာဝေဒနာက သက်သာသွားမှာပါ။
1. လည်ပင်းနှင့် ကျောအပေါ်ဘက် နာကျင်ခြင်းအတွက်
ပက်လက်လှန်အိပ်ခြင်းက လည်ပင်းနဲ့ ကျောအပေါ်က ဖိအားတွေကို နည်းသွားစေပါတယ်။ ကျောရိုးကိုလည်း ဖြောင့်တန်းသွားစေပါတယ်။ လည်ပင်းအောက်နဲ့ ဒူးခေါင်းအောက်မှာ ခေါင်းအုံး တစ်လုံးထားပြီး အိပ်ခြင်းက လည်ပင်းနဲ့ ကျောအပေါ် ဘက်က နာကျင်မှုကို သက်သာစေ ပါတယ်။
2. ကျောရိုးမကြီးတစ်လျှောက် နာကျင်ခြင်းအတွက်
မှောက်အိပ်ခြင်းက ကျောရိုး တစ်လျှောက်လုံး နာကျင်နေတဲ့ သူတွေအတွက် သင့်တော်ပါတယ်။ ခေါင်းအုံးတစ်အုံးကိုလည်း ဗိုက်အောက်မှာ ထားလိုက်ပါ။ ခေါင်းအုံးက 3 လက်မထက် မထူတဲ့ ခေါင်းအုံးအပါးလေးဖြစ်ဖို့ လိုပါတယ်။
ဗိုက်အောက်မှာ ခေါင်းအုံးထားအိပ်ခြင်းက ကျောပေါ်က ဖိအားတွေကို နည်းသွားစေပါတယ်။ ဗိုက်အောက်မှာ ခေါင်းအုံးထား အိပ်လို့ မသက်သာရင် ခေါင်းအောက်က ခေါင်းအုံးကို ဖယ်ပြီးအိပ် ကြည့်ပါ။
3. ကျောအောက်ပိုင်း နာကျင်ခြင်းအတွက်
ခန္ဓာကိုယ်ကို တစ်ဖက်စောင်းပြီး အိပ်တဲ့အခါ ကျောရိုးမကြီးကို သဘာဝမကျတဲ့ ပုံစံ ဖြစ်စေပါတယ်။ ကျောအောက်ပိုင်း ကိုလည်း ကိုယ်အလေးချိန် ပိုသွားစေ ပါတယ်။ ဒူးကို အနည်းငယ် ကွေးပြီး ဒူးနှစ်ဖက်ကြားမှာ ခေါင်းအုံးတစ်လုံး ထားအိပ်ပါ။
အဲဒီအခါ ကျောအောက်ပိုင်းနာကျင်ခြင်းတွေ သက်သာ လာမှာဖြစ်ပြီး အိပ်ယာထတဲ့ အခါလည်း မနာတော့ပါဘူး။
4. ခါးနာခြင်းအတွက်
ကျောအောက်ပိုင်းခါးနာရင် နောက်ကိုမှီပြီး အိပ်တာက ထိရောက်ပါတယ်။ ခေါင်းအုံးတွေကို ကျောနဲ့ လည်ပင်းနောက်မှာထားပြီး အိပ်ခြင်းက ခါးနာတဲ့ သူတွေ အတွက်
အဆင်ပြေပါတယ်။ ပိုပြီး သက်တောင့်သက်သာ ရှိဖို့ဆိုရင် ခေါင်းအုံးတွေကို ဒူးနဲ့ ခြေထောက်အောက်မှာ ထားအိပ်လို့ ရပါတယ်။
5. အာရုံကြောများတောင့်တင်းခြင်း
ကျောရိုးဆစ်တွေကြားက အရိုးနုလွှာလေးတွေ ပုံမှန်အနေအထားကနေ အနည်းငယ်ရွေ့ သွားရင် နာကျင်မှုတွေ ခံစား ရပါတယ်။ ကျောရိုးအဆစ်တွေ ပုံမှန်အနေအထား အတိုင်း ပြန်ဖြစ်ဖို့ ခန္ဓာကိုယ် အပေါ်ပိုင်းကို ကွေးပြီးအိပ်ပါ။ အဲဒီအခါ ကျောရိုးအဆစ်တွေနဲ့ အာရုံကြောပေါ် သက်ရောက်နေတဲ့ ဖိအားတွေ လျော့သွားပါတယ်။
နှစ်ပေါင်းများစွာ အိပ်စက် လာတဲ့ ပုံစံကို ပြောင်းအိပ်ဖို့ ဆိုတာ မလွယ်ပါဘူး။ ခါးနာတာ မသက်သာရင် နောက်ထပ် အိပ်စက်နည်း ပုံစံတွေ ရှိပါတယ်။ ပုံလေးပုံထဲက ကိုယ်နဲ့အဆင်ပြေမယ့် အိပ်စက်နည်း ပုံစံနှစ်မျိုးကို ရွေးပြီး အိပ်ရင် ခါးနာသက်သာလာနိုင်ပါတယ်။
Zombie (LoveMedia)
No Comments