
မိမိခ်စ္သူ ခင္သူေတြနဲ႔ ဘဝဆက္တိုင္း အတူတူဆုံလိုလွ်င္
ဘဝဆက္တိုင္း အတူတူဆုံႏိုင္မယ့္ ကုသိုလ္
ဘဝတိုင္း ဆုံခ်င္လွ်င္ အခါ တပါး၌ ျမတ္စြာ ဘုရားသည္ ဘဂၢတိုင္း သုသုမာရဂိရိၿမိဳ႕တြင္ သီတင္းသုံးေတာ္မူစဥ္ နကုလပိတာ နကုလမာတာ အမည္ရွိေသာ သူႂကြယ္ ဇနီးေမာင္ႏွံအိမ္သို႔ ႂကြေတာ္မူသည္၊
သူႂကြယ္ ဇနီးေမာင္ႏွံ တို႔သည္ ျမတ္စြာ ဘုရားအား ႐ိုေသစြာ ရွိခိုးလ်က္ သင့္ေလ်ာ္ေသာေနရာ၌ ထိုင္ေနၾကၿပီးလွ်င္ နကုလပိတာ သူႂကြယ္က ဤသို႔ေလွ်ာက္သည္-
ျမတ္စြာဘုရား တပည့္ေတာ္သည္ အသက္ငယ္႐ြယ္စဥ္ကပင္ ငယ္႐ြယ္သူျဖစ္ေသာ နကုလမာတာႏွင့္ လက္ထပ္ခဲ့ပါသည္၊ လက္ထပ္သည့္ အခ်ိန္ကစ၍ ယေန႔အထိ နကုလမာတာကို ေက်ာ္လြန္ၿပီး
အျခားေသာ မိန္းမမ်ားထံ စိတ္ေရာက္ ဖူးသည္ဟု တခါမွ် မရွိခဲ့ဘူးပါ၊ ကိုယ္ထိလက္ေရာက္ က်ဴးလြန္မႈကား ဆိုဖြယ္ ရာပင္ မရွိေတာ့ပါ၊
ျမတ္စြာဘုရား တပည့္ေတာ္တို႔သည္ ယခုဘဝ၌လည္း အခ်င္းခ်င္းေတြ႕ဆုံၿပီး ေနာင္ဘဝသံသရာ၌လည္း အခ်င္းခ်င္းေတြ႕ဆုံရန္ အလိုရွိၾက ပါသည္ ဘုရား။
နကုလမာတာ ကလည္း ေလွ်ာက္ျပန္ သည္-ျမတ္စြာဘုရား တပည့္ေတာ္မ ငယ္႐ြယ္စဥ္ကပင္ နကုလပိတာႏွင့္ လက္ထပ္ခဲ့ ပါသည္၊ ထိုအခါမွစ၍ တပည့္ေတာ္မသည္ နကုလပိတာကို ေက်ာ္လြန္ၿပီး
ေယာက်္ားတပါးထံ စိတ္ေရာက္ ဖူးသည္ဟု မရွိခဲ့ ဘူးပါ၊ ကိုယ္ထိလက္ေရာက္ က်ဴးလြန္မႈကား ဆိုဖြယ္ရာပင္ မရွိေတာ့ပါ၊
ျမတ္စြာဘုရား တပည့္ေတာ္ တို႔သည္ ယခုဘဝ၌လည္း အခ်င္းခ်င္းေတြ႕ဆုံၿပီး ေနာင္ဘဝသံသရာ၌လည္း အခ်င္းခ်င္း ေတြ႕ဆုံရန္ အလိုရွိၾက ပါသည္ ဘုရား။
ထိုအခါ ျမတ္စြာဘုရားက ဤသို႔ မိန႔္ေတာ္မူေလသည္-သူႂကြယ္တို႔ ဇနီးေမာင္ႏွံႏွစ္ေယာက္တို႔သည္ အကယ္၍ ယခုဘဝ၌ အခ်င္းခ်င္းေတြ႕ဆုံၿပီး ေနာင္ဘဝသံသရာ မွာလည္း အခ်င္းခ်င္းေတြ႕ဆုံခ်င္ၾကလွ်င္
ႏွစ္ေယာက္လုံးသည္
၁-တူမွ်ေသာ သဒၶါ ရွိၾကရမည္။
၂-တူမွ်ေသာ အက်င့္သီလ ရွိၾကရမည္။
၃-တူမွ်ေသာ စြန႔္ႀကဲမႈ စာဂ ရွိၾကရမည္။
၄-တူမွ်ေသာ အသိဉာဏ္ပညာ ရွိၾကရမည္။
ယင္းသို႔ တူမွ်ေသာ သဒၶါ, တူမွ်သာ သီလ, တူမွ်ေသာ စာဂ, တူမွ်ေသာ ပညာရွိလွ်င္ ထိုဇနီးေမာင္ႏွံ ႏွစ္ေယာက္တို႔သည္ ယခုဘဝလည္း အခ်င္းခ်င္းေတြ႕ဆုံၿပီး ေနာင္ဘဝသံသရာမွၾလည္း အခ်င္းခ်င္း ေတြ႕ဆုံၾကရကုန္၏။
ဇနီးေမာင္ႏွံ ႏွစ္ေယာက္တို႔သည္ သဒၶါတရား ရွိၾက၏၊ အလႉခံပုဂၢိဳလ္၏ အလိုကို သိၾက၏၊ ကိုယ္နငတ္ကို ေစာင့္စည္းၾက၏၊ ထိုဇနီးေမာင္ႏွံတို ႔သည္ အခ်င္းခ်င္း ခ်စ္ဖြယ္စကားကို ေျပာဆိုၾက ကုန္လ်က္ တရားသျဖင့္ အသက္ေမြးၾက၏။
အက်င့္သီလ တူမွ်ၾကကုန္ေသာ ဇနီးေမာင္ႏွံ ႏွစ္ေယာက္တို႔အား စီးပြားဥစၥာ တိုးပြားလ်က္ ခ်မ္းသာစြာ ေနထိုင္ရ၏၊
ရန္သူမ်ား မေကာင္းမႀကံႏိုင္ေပ။ တူမွ်ေသာ သီလအက်င့္ရွိေသာ ဇနီးေမာင္ႏွံ ႏွစ္ဦးတို႔သည္ ယခုဘဝတြင္ တရားကိုက်င့္၍ ေနာင္အခါ နတ္ျပည္ ေလာက၌ ႏွစ္သက္ေမြ႕ေလ်ာ္ကာ မေတာင့္မတ လိုရာ ရလ်က္ ဝမ္းေျမာက္ၾက ရကုန္၏။
Credit
Unicode
မိမိချစ်သူ ခင်သူတွေနဲ့ ဘဝဆက်တိုင်း အတူတူဆုံလိုလျှင်
ဘဝဆက်တိုင်း အတူတူဆုံနိုင်မယ့် ကုသိုလ်
ဘဝတိုင်း ဆုံချင်လျှင် အခါ တပါး၌ မြတ်စွာ ဘုရားသည် ဘဂ္ဂတိုင်း သုသုမာရဂိရိမြို့တွင် သီတင်းသုံးတော်မူစဉ် နကုလပိတာ နကုလမာတာ အမည်ရှိသော သူကြွယ် ဇနီးမောင်နှံအိမ်သို့ ကြွတော်မူသည်၊
သူကြွယ် ဇနီးမောင်နှံ တို့သည် မြတ်စွာ ဘုရားအား ရိုသေစွာ ရှိခိုးလျက် သင့်လျော်သောနေရာ၌ ထိုင်နေကြပြီးလျှင် နကုလပိတာ သူကြွယ်က ဤသို့လျှောက်သည်-
မြတ်စွာဘုရား တပည့်တော်သည် အသက်ငယ်ရွယ်စဉ်ကပင် ငယ်ရွယ်သူဖြစ်သော နကုလမာတာနှင့် လက်ထပ်ခဲ့ပါသည်၊ လက်ထပ်သည့် အချိန်ကစ၍ ယနေ့အထိ နကုလမာတာကို ကျော်လွန်ပြီး
အခြားသော မိန်းမများထံ စိတ်ရောက် ဖူးသည်ဟု တခါမျှ မရှိခဲ့ဘူးပါ၊ ကိုယ်ထိလက်ရောက် ကျူးလွန်မှုကား ဆိုဖွယ် ရာပင် မရှိတော့ပါ၊
မြတ်စွာဘုရား တပည့်တော်တို့သည် ယခုဘဝ၌လည်း အချင်းချင်းတွေ့ဆုံပြီး နောင်ဘဝသံသရာ၌လည်း အချင်းချင်းတွေ့ဆုံရန် အလိုရှိကြ ပါသည် ဘုရား။
နကုလမာတာ ကလည်း လျှောက်ပြန် သည်-မြတ်စွာဘုရား တပည့်တော်မ ငယ်ရွယ်စဉ်ကပင် နကုလပိတာနှင့် လက်ထပ်ခဲ့ ပါသည်၊ ထိုအခါမှစ၍ တပည့်တော်မသည် နကုလပိတာကို ကျော်လွန်ပြီး
ယောကျ်ားတပါးထံ စိတ်ရောက် ဖူးသည်ဟု မရှိခဲ့ ဘူးပါ၊ ကိုယ်ထိလက်ရောက် ကျူးလွန်မှုကား ဆိုဖွယ်ရာပင် မရှိတော့ပါ၊
မြတ်စွာဘုရား တပည့်တော် တို့သည် ယခုဘဝ၌လည်း အချင်းချင်းတွေ့ဆုံပြီး နောင်ဘဝသံသရာ၌လည်း အချင်းချင်း တွေ့ဆုံရန် အလိုရှိကြ ပါသည် ဘုရား။
ထိုအခါ မြတ်စွာဘုရားက ဤသို့ မိန့်တော်မူလေသည်-သူကြွယ်တို့ ဇနီးမောင်နှံနှစ်ယောက်တို့သည် အကယ်၍ ယခုဘဝ၌ အချင်းချင်းတွေ့ဆုံပြီး နောင်ဘဝသံသရာ မှာလည်း အချင်းချင်းတွေ့ဆုံချင်ကြလျှင်
နှစ်ယောက်လုံးသည်
၁-တူမျှသော သဒ္ဓါ ရှိကြရမည်။
၂-တူမျှသော အကျင့်သီလ ရှိကြရမည်။
၃-တူမျှသော စွန့်ကြဲမှု စာဂ ရှိကြရမည်။
၄-တူမျှသော အသိဉာဏ်ပညာ ရှိကြရမည်။
ယင်းသို့ တူမျှသော သဒ္ဓါ, တူမျှသာ သီလ, တူမျှသော စာဂ, တူမျှသော ပညာရှိလျှင် ထိုဇနီးမောင်နှံ နှစ်ယောက်တို့သည် ယခုဘဝလည်း အချင်းချင်းတွေ့ဆုံပြီး နောင်ဘဝသံသရာမှလြည်း အချင်းချင်း တွေ့ဆုံကြရကုန်၏။
ဇနီးမောင်နှံ နှစ်ယောက်တို့သည် သဒ္ဓါတရား ရှိကြ၏၊ အလှူခံပုဂ္ဂိုလ်၏ အလိုကို သိကြ၏၊ ကိုယ်နငတ်ကို စောင့်စည်းကြ၏၊ ထိုဇနီးမောင်နှံတို့သည် အချင်းချင်း ချစ်ဖွယ်စကားကို ပြောဆိုကြ ကုန်လျက် တရားသဖြင့် အသက်မွေးကြ၏။
အကျင့်သီလ တူမျှကြကုန်သော ဇနီးမောင်နှံ နှစ်ယောက်တို့အား စီးပွားဥစ္စာ တိုးပွားလျက် ချမ်းသာစွာ နေထိုင်ရ၏၊
ရန်သူများ မကောင်းမကြံနိုင်ပေ။ တူမျှသော သီလအကျင့်ရှိသော ဇနီးမောင်နှံ နှစ်ဦးတို့သည် ယခုဘဝတွင် တရားကိုကျင့်၍ နောင်အခါ နတ်ပြည် လောက၌ နှစ်သက်မွေ့လျော်ကာ မတောင့်မတ လိုရာရလျက် ဝမ်းမြောက်ကြ ရကုန်၏။
No Comments