
ေပါင္းသင္းဆက္ဆံေရးတြင္ လိုအပ္ေသာကိုယ္ခ်င္းစာတရား
ေပါင္းသင္းဆက္ဆံေရးအတြက္ လွ်ိဳ႕ဝွက္ခ်က္
မဂၤလာပါ မိတ္ေဆြ အေပါင္းတို႔။ ကြၽန္ေတာ္တို႔ လူသားေတြ စိတ္ခ်မ္းသာမႈမွာ လူအခ်င္းခ်င္းေပါင္းသင္း ဆက္ဆံေရးဟာ အခ်က္တစ္ခ်က္ အေနနဲ႔ ပါဝင္ ပါတယ္။ မိတ္ဆိုတို႔ကို ကြၽန္ေတာ္ေပး ခ်င္ဆုံးက စိတ္ႏွလုံ းေအးခ်မ္းမႈ စိတ္ခ်မ္းသာမႈပါ။ ထို႔ေၾကာင့္ သူနဲ႔ဆိုင္ရာဆိုင္ ရာေလးေတြကို စဥ္းစားၿပီး တင္ျပေနျခင္းျဖစ္ ပါတယ္။
ေပါင္းသင္း ဆက္ဆံေရးမွာ အဓိက ကဘာလဲဆိုတာ မိတ္ေဆြတို႔ကို ေမးခ်င္ပါတယ္။ ဘာလို႔ ထင္ပါသလဲ။ ေျပာၾက တာရွိ ပါတယ္ ။ စာအုပ္ေတြ ထဲက အတိုင္း ေျပာရရင္ ၿပဳံးပါတို႔ ခ်ီးက်ဳူး ပါတို႔ မေဝဖန္ ပါနဲ႔တို႔ ေခ်ာင္ပိတ္
တဲ့ေမးခြန္း မေျပာမိ ပါေစနဲ႔တို႔ လႈိက္လႈိက္လွဲလွဲ ဆက္ဆံပါတို႔ ပါဝင္ မွာေပါ့ေနာ္။ တကယ္တမ္းက ထိုထို အရာေတြက ကိုယ္ပြါး အခ်က္အလက္ေတြပါ။
ေရးမယ္ေျပာမယ္ ဆိုရင္ ရာခ်ီေထာင္ခ်ီ ဥပေဒသေတြ ေရးလို ႔ရပါတယ္။ တကယ္တမ္း သိရမွာက main ကို သိရမွာ။ အဓိက mainက တစ္ခ်က္တည္း တစ္ခု တည္းပါ။ ထိုအရာကို ကြၽမ္းက်င္ေအာင္ လုပ္ႏိုင္ရင္ သင့္ကို သူတစ္ပါး ခ်စ္ခင္ ႏွစ္သက္ဘို႔ မခဲယဥ္ းပါဘူး။
သင့္ကိုေတြ႕ခြင့္ ရတိုင္း သူတို႔ စိတ္ႏွလုံးေအးခ်မ္းေနမယ္ ။ ထိုအရာကို သင္ မပိုင္ဆိုင္ခ်င္ဘူးလားဗ်ာ။ လိုခ်င္ရင္ သိခ်င္ရင္ ကြၽန္ေတာ္ နည္းေပးပါ့မယ့္။ တကယ္ လုပ္ဘို႔ေတာ့ လိုတာေပါ့ေနာ္။
လူလူခ်င္း ေပါင္းသင္း ဆက္ဆံေရးမွာ အဓိကက်ေသာ တစ္ခုတည္းေသာ အရာဆိုတာ တစ္ဖက္သား အျမင္ဘက္က ျမင္ေလ့ ရွိတဲ့ ကိုယ္ခ်င္စာ တရားပါဘဲ။ ဒီစကါးလုံးရဲ႕အဓိပၸါယ္ကို က်ယ္ျပန္႔စြာ မသိၾက ဘူး။
ဒုကၡကို မွ်ေဝ ခံစား တာေလာက္ဘဲ အသိအမွ မႈျပဳ ၾကတယ္။ “မင္း ငါ့ကို ကိုယ္ခ်င္းမစာဘူး” ဆိုတဲ့ စကားလုံးကို လူေတာ္ေတာ္ မ်ားမ်ားက ဒုကၡနဲ႔ ပက္သက္တဲ့ အေၾကာင္းအရာေလာက္ ဘဲေတြးၾက တယ္။
ေျပာရမယ္ ဆိုရင္ ေပါင္းသင္း ဆက္ဆံေရး အတြက္ အဓိက main စကားလုံး ေပ်ာက္ေနသလို ျဖစ္ေနတယ္။ သူတစ္ပါးကို စိတ္ႏွလုံးေအးခ်မ္းေအာင္ ၿပဳံးျပတာဟာ ကိုယ္ခ်င္းစာတရားပါဘဲ။
ငါ့ကိုၿပဳံးျပတာ ႏွစ္သက္ရင္ သူလည္း ငါၿပဳံးျပတာ ႏွစ္သက္မွာဘဲ လို႔ေတြးတာဟာ ကိုယ္ခ်င္းစာ တရားပါ။ ဒုကၡကို မွ်ေဝခံစားတာမဟုတ္ပါဘူး။ ခ်မ္းသာမႈ သုခတရားကို မွ်ေဝတာပါ။
ကၽြန္ေတာ္ ဆိုလိုတာကို မိတ္ေဆြတို႔ သေဘာေပါက္မယ္ ထင္ပါတယ္။ ေျပာရမယ္ဆိုရင္ တစ္ဘက္သားရဲ႕အျမင္ သူတစ္ပါးရဲ႕ခံစားမႈကို အေလးထား အသိအမွတ္ျပဳတာကို ကိုယ္ခ်င္းစာတရားလို႔ ေခၚတာပါဘဲ။
ကိုယ္ခ်င္းစာတရား အၿမဲလက္ကိုင္ ထားႏိုင္ဘို႔ လိုအပ္ေသာအရာ တစ္ခုရွိပါတယ္။ ထိုအရာကိုပိုင္ဆိုင္မွ ကိုယ္ခ်င္းစာ တရားဟာ ျဖစ္ေပၚလာ ႏိုင္ပါတယ္။ လိုအပ္ေသာ အရာဆိုတာ ေမတၱာတရား ပါဘဲ။ ထိုႏွစ္ခုဟာ အညမည ပါဘဲ။ ေမတၱာ တရားျပည္ဝ လာရင္ သည္းခံႏိုင္မႈစြမ္းရည္ ကလည္း တိုးတက္ လာပါတယ္။
သူတစ္ပါးရဲ႕မေကာင္းတဲ့ တုန္႔ျပန္ခ်က္ ကိုလည္း ဥပကၡာျပဳႏိုင္ လာပါတယ္။ ဟုတ္ၿပီ ေခါင္ကို ျပန္ကိုင္ရရင္ ကိုယ္ခ်င္းစာ တရားကို အၿမဲလက္ကိုင္ ထားႏိုင္ဘို႔ ေမတၱာတရားလိုအပ္ပါတယ္။
ဒါဆိုရင္ ကြၽန္ေတာ္တို႔က ေမတၱာတရားျပည့္ဝေအာင္ အဓိက ျပဳလုပ္ရ မွာျဖစ္ ပါတယ္။ လူအခ်င္းခ်င္းဆက္ဆံေရးမွာ ကိုယ္ခ်င္းစာ တရားကို လိုသလို ကြၽမ္းက်င္ ပိုင္ႏိုင္စြာ ထားႏိုင္ပါေစလို႔ ဆုေတာင္းရင္း နိဂုံးခ်ဳပ္ လိုက္ပါ တယ္။
မေဟာ္ (ရွားကိုး)
ယူနီကုတ္
ပေါင်းသင်းဆက်ဆံရေးတွင် လိုအပ်သောကိုယ်ချင်းစာတရား
ပေါင်းသင်းဆက်ဆံရေးအတွက် လျှို့ဝှက်ချက်
မင်္ဂလာပါ မိတ်ဆွေ အပေါင်းတို့။ ကျွန်တော်တို့ လူသားတွေ စိတ်ချမ်းသာမှုမှာ လူအချင်းချင်းပေါင်းသင်း ဆက်ဆံရေးဟာ အချက်တစ်ချက် အနေနဲ့ ပါဝင် ပါတယ်။ မိတ်ဆိုတို့ကို ကျွန်တော်ပေး ချင်ဆုံးက စိတ်နှလုံ းအေးချမ်းမှု စိတ်ချမ်းသာမှုပါ။ ထို့ကြောင့် သူနဲ့ဆိုင်ရာဆိုင် ရာလေးတွေကို စဉ်းစားပြီး တင်ပြနေခြင်းဖြစ် ပါတယ်။
ပေါင်းသင်း ဆက်ဆံရေးမှာ အဓိက ကဘာလဲဆိုတာ မိတ်ဆွေတို့ကို မေးချင်ပါတယ်။ ဘာလို့ ထင်ပါသလဲ။ ပြောကြ တာရှိ ပါတယ် ။ စာအုပ်တွေ ထဲက အတိုင်း ပြောရရင် ပြုံးပါတို့ ချီးကျုူး ပါတို့ မဝေဖန် ပါနဲ့တို့ ချောင်ပိတ်
တဲ့မေးခွန်း မပြောမိ ပါစေနဲ့တို့ လှိုက်လှိုက်လှဲလှဲ ဆက်ဆံပါတို့ ပါဝင် မှာပေါ့နော်။ တကယ်တမ်းက ထိုထို အရာတွေက ကိုယ်ပွါး အချက်အလက်တွေပါ။
ရေးမယ်ပြောမယ် ဆိုရင် ရာချီထောင်ချီ ဥပဒေသတွေ ရေးလို့ရပါတယ်။ တကယ်တမ်း သိရမှာက main ကို သိရမှာ။ အဓိက mainက တစ်ချက်တည်း တစ်ခု တည်းပါ။ ထိုအရာကို ကျွမ်းကျင်အောင် လုပ်နိုင်ရင် သင့်ကို သူတစ်ပါး ချစ်ခင် နှစ်သက်ဘို့ မခဲယဉ် းပါဘူး။
သင့်ကိုတွေ့ခွင့် ရတိုင်း သူတို့ စိတ်နှလုံးအေးချမ်းနေမယ် ။ ထိုအရာကို သင် မပိုင်ဆိုင်ချင်ဘူးလားဗျာ။ လိုချင်ရင် သိချင်ရင် ကျွန်တော် နည်းပေးပါ့မယ့်။ တကယ် လုပ်ဘို့တော့ လိုတာပေါ့နော်။
လူလူချင်း ပေါင်းသင်း ဆက်ဆံရေးမှာ အဓိကကျသော တစ်ခုတည်းသော အရာဆိုတာ တစ်ဖက်သား အမြင်ဘက်က မြင်လေ့ ရှိတဲ့ ကိုယ်ချင်စာ တရားပါဘဲ။ ဒီစကါးလုံးရဲ့အဓိပ္ပါယ်ကို ကျယ်ပြန့်စွာ မသိကြ ဘူး။
ဒုက္ခကို မျှဝေ ခံစား တာလောက်ဘဲ အသိအမှ မှုပြု ကြတယ်။ “မင်း ငါ့ကို ကိုယ်ချင်းမစာဘူး” ဆိုတဲ့ စကားလုံးကို လူတော်တော် များများက ဒုက္ခနဲ့ ပက်သက်တဲ့ အကြောင်းအရာလောက် ဘဲတွေးကြ တယ်။
ပြောရမယ် ဆိုရင် ပေါင်းသင်း ဆက်ဆံရေး အတွက် အဓိက main စကားလုံး ပျောက်နေသလို ဖြစ်နေတယ်။ သူတစ်ပါးကို စိတ်နှလုံးအေးချမ်းအောင် ပြုံးပြတာဟာ ကိုယ်ချင်းစာတရားပါဘဲ။
ငါ့ကိုပြုံးပြတာ နှစ်သက်ရင် သူလည်း ငါပြုံးပြတာ နှစ်သက်မှာဘဲ လို့တွေးတာဟာ ကိုယ်ချင်းစာ တရားပါ။ ဒုက္ခကို မျှဝေခံစားတာမဟုတ်ပါဘူး။ ချမ်းသာမှု သုခတရားကို မျှဝေတာပါ။
ကျွန်တော် ဆိုလိုတာကို မိတ်ဆွေတို့ သဘောပေါက်မယ် ထင်ပါတယ်။ ပြောရမယ်ဆိုရင် တစ်ဘက်သားရဲ့အမြင် သူတစ်ပါးရဲ့ခံစားမှုကို အလေးထား အသိအမှတ်ပြုတာကို ကိုယ်ချင်းစာတရားလို့ ခေါ်တာပါဘဲ။
ကိုယ်ချင်းစာတရား အမြဲလက်ကိုင် ထားနိုင်ဘို့ လိုအပ်သောအရာ တစ်ခုရှိပါတယ်။ ထိုအရာကိုပိုင်ဆိုင်မှ ကိုယ်ချင်းစာ တရားဟာ ဖြစ်ပေါ်လာ နိုင်ပါတယ်။ လိုအပ်သော အရာဆိုတာ မေတ္တာတရား ပါဘဲ။ ထိုနှစ်ခုဟာ အညမည ပါဘဲ။ မေတ္တာ တရားပြည်ဝ လာရင် သည်းခံနိုင်မှုစွမ်းရည် ကလည်း တိုးတက် လာပါတယ်။
သူတစ်ပါးရဲ့မကောင်းတဲ့ တုန့်ပြန်ချက် ကိုလည်း ဥပက္ခာပြုနိုင် လာပါတယ်။ ဟုတ်ပြီ ခေါင်ကို ပြန်ကိုင်ရရင် ကိုယ်ချင်းစာ တရားကို အမြဲလက်ကိုင် ထားနိုင်ဘို့ မေတ္တာတရားလိုအပ်ပါတယ်။
ဒါဆိုရင် ကျွန်တော်တို့က မေတ္တာတရားပြည့်ဝအောင် အဓိက ပြုလုပ်ရ မှာဖြစ် ပါတယ်။ လူအချင်းချင်းဆက်ဆံရေးမှာ ကိုယ်ချင်းစာ တရားကို လိုသလို ကျွမ်းကျင် ပိုင်နိုင်စွာ ထားနိုင်ပါစေလို့ ဆုတောင်းရင်း နိဂုံးချုပ် လိုက်ပါ တယ်။
မဟော် (ရှားကိုး)
No Comments