
Stay Home ကာလမွာ လူငယ္ေတြ လုပ္ကို လုပ္သင့္တဲ့ အရာ ၅ ခု
ေရာဂါေတြ ျဖစ္လို႔ စိုးရိမ္ပူပန္ ရတာေတြလည္း ရွိတာေၾကာင့္ တတ္ႏိုင္သမွ် မလိုအပ္ဘဲ အျပင္ထြက္ဖို႔ ခဲယဥ္း တာမ်ိဳးေတြ ရွိေန ပါတယ္။ ေက်ာင္းေတြ ပိတ္၊ သင္တန္းေတြ နားထားရသလို အလုပ္ေတြလည္း ရွာဖို႔ ခက္ခဲ တာမ်ိဳးကိုလည္း ရင္ဆိုင္ေန ရပါတယ္။
ဒီအေျခအေနကို ျဖတ္သန္းေနရတဲ့ လူငယ္ေတြ အဖို႔ စိတ္ဓာတ္ မက်ဘဲ ျပဳလုပ္သင့္တာေတြကို ျပဳလုပ္ေနသင့္ ပါတယ္။ ဒါေၾကာင့္ အခ်ိန္ေတြ အလဟသ မျဖစ္ေစမယ့္ နည္းေတြကို ေဖာ္ျပေပးလိုက္ ရပါတယ္။
(၁) ဘာသာစကား ေလ့လာပါ
ဒီအခ်ိန္က ဘာသာစကား ေလ့လာဖို႔ အေကာင္းဆံုး အခ်ိန္တစ္ခု ပါပဲ။ ဘာသာစကားက အျမဲတမ္း အသံုးဝင္ေန ပါတယ္။ ဒါေၾကာင့္ ဘာသာစကား အသစ္တစ္ခု တတ္ေျမာက္တိုင္းက ကိုယ့္အတြက္ ေကာင္းေသာ အခ်က္ ျဖစ္တာပါပဲ။
သင္တန္းေတြ သြားမတတ္လည္း ဘာသာ စကားေတြကို အြန္လိုင္း ကေန ေလ့လာသင္ယူလုိ႔ ရပါတယ္။ အေပ်ာ္အပါး လုပ္ရမယ့္ အခ်ိန္ေတြ နည္းသြားတ ာမို႔ ဘာသာစကားကို ပိုလည္း အားစိုက္ ေလ့လာ ႏိုင္ပါေသး တယ္။
(၂) သတင္းေတြ ေသခ်ာၾကည့္ရံုပဲ ၾကည့္ပါ
သတင္းေတြကို အျမဲ မျပတ္ ေစာင့္ၾကည့္တာ သင့္ကို ပိုၿပီး စိုးရိမ္စိတ္ေတြ ျဖစ္ေစႏိုင္ပါတယ္။ သတင္းကို တရားဝင္ ထုတ္ျပန္တဲ့ ေနရာေတြကိုပဲ သြားၾကည့္ၿပီး မွတ္ထားရံုပဲ မွတ္ထားပါ။
သတိထား သင့္တာကို သတိထားပါ။ ဒါက သင့္ကို လက္ရွိ အေျခအေနနဲ႔ မျပတ္ ျဖစ္ေစၿပီး စိတ္သက္သာရာ ရေစမယ့္ နည္းလမ္းလည္း ျဖစ္ပါတယ္။
(၃) အရည္အခ်င္း တိုးတက္ပါေစ
ဒီအခ်ိန္မွာ စိတ္ဓာတ္က်ေနမွာထက္ အရည္အခ်င္းေတြကို ပိုၿပီး တုိးတက္ေအာင္ လုပ္ရမွာ ျဖစ္ပါတယ္။ ကိုယ့္မွာ လက္ရွိ ရွိေနတဲ့ အရည္အခ်င္းထက္ တစ္လၿပီး တစ္လ တိုးတက္ေအာင္ ျပဳလုပ္ၾကည့္ပါ။
ပိုၿပီး ကိုယ့္ကိုယ္ကိုလည္း ေက်နပ္လာႏိုင္မွာ ျဖစ္ပါတယ္။ ဒီေခတ္မွာ ဆရာ မရွိလည္း Youtube ကေန ေလ့လာသင္ယူႏိုင္တာေတြ ရွိေနပါတယ္။
(၄) သင္တန္းတက္ပါ
အျပင္သင္တန္းေတြ မတက္ရလို႔ ပညာ အရည္အခ်င္းေတြ ရပ္တန္႔သြားမွာ မဟုတ္ပါဘူး။ ႏိုင္ငံတကာမွာ ရွိတဲ့ တကၠသိုလ္ အသီးသီးကေန အြန္လိုင္း သင္တန္းေတြ ဖြင့္လွစ္ ထားပါတယ္။
ဒီေနရာေတြမွာ သင္တန္းတက္ၿပီး အသိအမွတ္ျပဳလက္မွတ္ေတြ ယူလို႔ ရပါတယ္။
Photo by Julia M Cameron from Pexels
(၅) စာအုပ္ေတြ ဖတ္ပါ
စာအုပ္စာေပ လူ႔မိတ္ေဆြ ျဖစ္ပါတယ္။ စာအုပ္ေတြက အရည္အခ်င္းေတြကို တိုးတက္ေအာင္ လုပ္ႏိုင္သလို စကားေျပာ စြမ္းရည္နဲ႔ စကားလံုးေတြရဲ႕ အတိမ္အနက္ကိုလည္း သေဘာေပါက္ေစ ပါတယ္။
ဒါေၾကာင့္ Stay Home ကာလမွာ အခ်ိန္ေတြ ပိုရတယ္လို႔ ေတြးၿပီး စာအုပ္ေတြ ဖတ္ျဖစ္ေအာင္ ဖတ္သင့္ပါတယ္။
Kham
Credit
Unicode
Stay Home ကာလမှာ လူငယ်တွေ လုပ်ကို လုပ်သင့်တဲ့ အရာ ၅ ခု
ရောဂါတွေ ဖြစ်လို့ စိုးရိမ်ပူပန် ရတာတွေလည်း ရှိတာကြောင့် တတ်နိုင်သမျှ မလိုအပ်ဘဲ အပြင်ထွက်ဖို့ ခဲယဉ်း တာမျိုးတွေ ရှိနေ ပါတယ်။ ကျောင်းတွေ ပိတ်၊ သင်တန်းတွေ နားထားရသလို အလုပ်တွေလည်း ရှာဖို့ ခက်ခဲ တာမျိုးကိုလည်း ရင်ဆိုင်နေ ရပါတယ်။
ဒီအခြေအနေကို ဖြတ်သန်းနေရတဲ့ လူငယ်တွေ အဖို့ စိတ်ဓာတ် မကျဘဲ ပြုလုပ်သင့်တာတွေကို ပြုလုပ်နေသင့် ပါတယ်။ ဒါကြောင့် အချိန်တွေ အလဟသ မဖြစ်စေမယ့် နည်းတွေကို ဖော်ပြပေးလိုက် ရပါတယ်။
(၁) ဘာသာစကား လေ့လာပါ
ဒီအချိန်က ဘာသာစကား လေ့လာဖို့ အကောင်းဆုံး အချိန်တစ်ခု ပါပဲ။ ဘာသာစကားက အမြဲတမ်း အသုံးဝင်နေ ပါတယ်။ ဒါကြောင့် ဘာသာစကား အသစ်တစ်ခု တတ်မြောက်တိုင်းက ကိုယ့်အတွက် ကောင်းသော အချက် ဖြစ်တာပါပဲ။
သင်တန်းတွေ သွားမတတ်လည်း ဘာသာ စကားတွေကို အွန်လိုင်း ကနေ လေ့လာသင်ယူလို့ ရပါတယ်။ အပျော်အပါး လုပ်ရမယ့် အချိန်တွေ နည်းသွားတ ာမို့ ဘာသာစကားကို ပိုလည်း အားစိုက် လေ့လာ နိုင်ပါသေး တယ်။
(၂) သတင်းတွေ သေချာကြည့်ရုံပဲ ကြည့်ပါ
သတင်းတွေကို အမြဲ မပြတ် စောင့်ကြည့်တာ သင့်ကို ပိုပြီး စိုးရိမ်စိတ်တွေ ဖြစ်စေနိုင်ပါတယ်။ သတင်းကို တရားဝင် ထုတ်ပြန်တဲ့ နေရာတွေကိုပဲ သွားကြည့်ပြီး မှတ်ထားရုံပဲ မှတ်ထားပါ။
သတိထား သင့်တာကို သတိထားပါ။ ဒါက သင့်ကို လက်ရှိ အခြေအနေနဲ့ မပြတ် ဖြစ်စေပြီး စိတ်သက်သာရာ ရစေမယ့် နည်းလမ်းလည်း ဖြစ်ပါတယ်။
(၃) အရည်အချင်း တိုးတက်ပါစေ
ဒီအချိန်မှာ စိတ်ဓာတ်ကျနေမှာထက် အရည်အချင်းတွေကို ပိုပြီး တိုးတက်အောင် လုပ်ရမှာ ဖြစ်ပါတယ်။ ကိုယ့်မှာ လက်ရှိ ရှိနေတဲ့ အရည်အချင်းထက် တစ်လပြီး တစ်လ တိုးတက်အောင် ပြုလုပ်ကြည့်ပါ။
ပိုပြီး ကိုယ့်ကိုယ်ကိုလည်း ကျေနပ်လာနိုင်မှာ ဖြစ်ပါတယ်။ ဒီခေတ်မှာ ဆရာ မရှိလည်း Youtube ကနေ လေ့လာသင်ယူနိုင်တာတွေ ရှိနေပါတယ်။
(၄) သင်တန်းတက်ပါ
အပြင်သင်တန်းတွေ မတက်ရလို့ ပညာ အရည်အချင်းတွေ ရပ်တန့်သွားမှာ မဟုတ်ပါဘူး။ နိုင်ငံတကာမှာ ရှိတဲ့ တက္ကသိုလ် အသီးသီးကနေ အွန်လိုင်း သင်တန်းတွေ ဖွင့်လှစ် ထားပါတယ်။
ဒီနေရာတွေမှာ သင်တန်းတက်ပြီး အသိအမှတ်ပြုလက်မှတ်တွေ ယူလို့ ရပါတယ်။
Photo by Julia M Cameron from Pexels
(၅) စာအုပ်တွေ ဖတ်ပါ
စာအုပ်စာပေ လူ့မိတ်ဆွေ ဖြစ်ပါတယ်။ စာအုပ်တွေက အရည်အချင်းတွေကို တိုးတက်အောင် လုပ်နိုင်သလို စကားပြော စွမ်းရည်နဲ့ စကားလုံးတွေရဲ့ အတိမ်အနက်ကိုလည်း သဘောပေါက်စေ ပါတယ်။
ဒါကြောင့် Stay Home ကာလမှာ အချိန်တွေ ပိုရတယ်လို့ တွေးပြီး စာအုပ်တွေ ဖတ်ဖြစ်အောင် ဖတ်သင့်ပါတယ်။
Kham
No Comments