
ပရိသတ္အတြက္”ကိုကိုစိတ္ကူးယဥ္” သီခ်င္းေဟာင္းကိုလက္ေဆာင္ေပးသြားမယ့္ေဝလာရီ
MRTV- 4 မွ ပရိသတ္ အားေပးမွု ရရွိ ထားေသာ သ႐ုပ္ေဆာင္ ေဝလာရီသည္ “ကိုကိုစိတ္ကူးယဥ္” သီ ခ်င္းေဟာင္း တစ္ပုဒ္ကို သီဆိုၿပီး ပရိသတ္ အတြက္ လက္ေဆာင္ေပးသြားမည္ျဖစ္ေၾကာင္း ေျပာပါ တယ္။
“ကိုကိုစိတ္ကူးယဥ္က အသံသြင္း ထားတာ ေတာ္ေတာ္ၾကာ ပါၿပီ။ ဒီသီခ်င္းက အရင္တုန္းက အရမ္းကို နာမည္ႀကီး ခဲ့တဲ့ သီခ်င္းေလးပါ ။ အဓိကေတာ့ Tik Tok ေဆာ့နိုင္ဖို့ စီစဥ္ၿပီးေတာ့ ထုတ္ တာလည္း ျဖစ္ပါတယ္။
အိုက္တင္ပိုင္းေလး ထည့္ၿပီးေတာ့ ဘ၀င္ျမႇင့္တတ္ တဲ့ေကာင္းေလးနဲ ႔တြဲဖက္ သ႐ုပ္ေဆာင္ထားပါတယ္ “လို့သူမ ကေျပာ ပါတယ္။
အဆိုပါ ေတးသီခ်င္းကို ေတးေရး ျမသန္းစံ ကေရးသား ေဖာ္က်ဴး ထားၿပီး Music ပိုင္းကို Version ႏွစ္ခုျဖင့္ ထြက္ရွိ မည္ျဖစ္ ကာ Story ပုံစံ Music Video ကို ရိုက္ကူးၿပီး 7 Sence production မွျဖန္႔ခ်ိ သြားမည္ျဖစ္ေၾကာင္း သိရ ပါတယ္။
ကြန္ျပဴတာျဖင့္ တီးခတ္ထားတဲ့ Version ကေတာ့ Music Video ရိုက္မယ္။ ေနာက္ band နဲ႔ အျမဴး တီးခတ္ ထားတဲ့ Version ကေတာ့ တီးဝိုင္းေတြနဲ႔ ေဖ်ာ္ေျဖ ပြဲေတြမွာ သီဆို ဖို့ပါ။
ညီအစ္မ ႏွစ္ေယာက္ျဖစ္တဲ့ မမ လိေမၼာ္သီးနဲ႔ ဆိုမယ့္ သီခ်င္းက မအားေသး တာေၾကာင့္ မထြက္ျဖစ္ေသး ပါဘူး “ဟု သ႐ုပ္ေဆာင္ ေဝလာရီက ဆက္လက္ ေျပာပါတယ္။
လက္ရွိတြင္ ကိုဗစ္ကာလတြင္ မိသားစု စီးပြားေရး လုပ္ငန္းျဖစ္ သည့္ J & W Clothing မြန္ရိုးရာ ၀တ္စုံမ်ားကို Live လႊင့္ ေစ်းေရာင္းေန လၽွက္ရွိေၾကာင္း သိရ ပါတယ္။
Credit
Unicode
ပရိသတ်အတွက်”ကိုကိုစိတ်ကူးယဉ်” သီချင်းဟောင်းကိုလက်ဆောင်ပေးသွားမယ့်ဝေလာရီ
MRTV- 4 မှ ပရိသတ် အားပေးမှု ရရှိ ထားသော သရုပ်ဆောင် ဝေလာရီသည် “ကိုကိုစိတ်ကူးယဉ်” သီ ချင်းဟောင်း တစ်ပုဒ်ကို သီဆိုပြီး ပရိသတ် အတွက် လက်ဆောင်ပေးသွားမည်ဖြစ်ကြောင်း ပြောပါ တယ်။
“ကိုကိုစိတ်ကူးယဉ်က အသံသွင်း ထားတာ တော်တော်ကြာ ပါပြီ။ ဒီသီချင်းက အရင်တုန်းက အရမ်းကို နာမည်ကြီး ခဲ့တဲ့ သီချင်းလေးပါ ။ အဓိကတော့ Tik Tok ဆော့နိုင်ဖို့ စီစဉ်ပြီးတော့ ထုတ် တာလည်း ဖြစ်ပါတယ်။
အိုက်တင်ပိုင်းလေး ထည့်ပြီးတော့ ဘဝင်မြှင့်တတ် တဲ့ကောင်းလေးနဲ့တွဲဖက် သရုပ်ဆောင်ထားပါတယ် “လို့သူမ ကပြော ပါတယ်။
အဆိုပါ တေးသီချင်းကို တေးရေး မြသန်းစံ ကရေးသား ဖော်ကျူး ထားပြီး Music ပိုင်းကို Version နှစ်ခုဖြင့် ထွက်ရှိ မည်ဖြစ် ကာ Story ပုံစံ Music Video ကို ရိုက်ကူးပြီး 7 Sence production မှဖြန့်ချိ သွားမည်ဖြစ်ကြောင်း သိရ ပါတယ်။
ကွန်ပြူတာဖြင့် တီးခတ်ထားတဲ့ Version ကတော့ Music Video ရိုက်မယ်။ နောက် band နဲ့ အမြူး တီးခတ် ထားတဲ့ Version ကတော့ တီးဝိုင်းတွေနဲ့ ဖျော်ဖြေ ပွဲတွေမှာ သီဆို ဖို့ပါ။
ညီအစ်မ နှစ်ယောက်ဖြစ်တဲ့ မမ လိမ္မော်သီးနဲ့ ဆိုမယ့် သီချင်းက မအားသေး တာကြောင့် မထွက်ဖြစ်သေး ပါဘူး “ဟု သရုပ်ဆောင် ဝေလာရီက ဆက်လက် ပြောပါတယ်။
လက်ရှိတွင် ကိုဗစ်ကာလတွင် မိသားစု စီးပွားရေး လုပ်ငန်းဖြစ် သည့် J & W Clothing မွန်ရိုးရာ ဝတ်စုံများကို Live လွှင့် ဈေးရောင်းနေ လျှက်ရှိကြောင်း သိရ ပါတယ်။
No Comments