
က်ီးကန္းက ေပးတဲ႕ သင္ခန္းစာ
တစ္ခါက က်ီးကန္း တစ္ေကာင္ ရွိတယ္ သူက သူ႔ကိုယ္သူ “ေလာကမွာ ငါဟာ အေပ်ာ္ဆုံးငွက္တစ္ေကာင္ပဲ” ဆိုၿပီး ဘ၀ကို သာယာေနတယ္
တစ္ေန႔ သူ ဗ်ိဳင္းတစ္ေကာင္ကိုေတြ႕တယ္ “သူ႔တစ္ကိုယ္လုံးက ျဖဴေဖြးေနတာပဲ… ငါကေတာ့ မည္းနက္ေနတယ္ သူဟာ ေလာကမွာ အေပ်ာ္ဆုံး ငွက္ျဖစ္ လိမ့္မယ္” လို႔ေတြးမိတယ္။
ဒီလိုနဲ႔ သူဗ်ိဳင္းကိုသြားေျပာတယ္ ” ကိုဗ်ိဳင္းရာ.. ခင္ဗ်ားအေရာင္က ျဖဴေဖြးေနတာပဲ လွလိုက္တာ ဧကႏၲ ခင္ဗ်ားဟာ ေလာကမွာ အေပ်ာ္ဆုံ းငွက္ပဲမလား”။
ဒီေတာ့ ဗ်ိဳင္းကျပန္ေျပာတယ္ “ကြၽန္ေတာ္လည္း အစက ဒီလိုေတြးမိတာ ၾကက္တူေ႐ြးကိုမေတြ႕ခင္အထိကပဲဗ်ာ ကြၽန္ေတာ္ကသာ အျဖဴေရာင္ တစ္ခုတည္း ရွိတာ သူမွာက အေရာင္ ၂မ်ိဳးရွိတယ္ သိပ္လွတယ္ဗ်”
ဒီလိုနဲ႔ က်ီးကန္းလည္း ၾကက္တူေ႐ြး ဆီသြားတယ္ ” ခင္ဗ်ားက အေရာင္ ၂မ်ိဳးနဲ႔ သိပ္လွတယ္ဗ်ာ ခင္ဗ်ားက ကမာၻေပၚမွာ အေပ်ာ္ဆုံးငွက္ ပဲမလား”
ၾကက္တူေ႐ြးက ” ဟား ကြၽန္ေတာ္က ဘာဟုတ္ေသး လဲဗ်ာ ကြၽန္ေတာ့္မွာ အေရာင္၂မ်ိဳးပဲရွိတာ ေဒါင္းမွာ အေရာင္ေတြ အမ်ားႀကီးနဲ႔ဗ် ခင္ဗ်ားသူ႔ကို သြားေမး ပါလား” လို႔ေျဖလိုက္တယ္။
ဒီလိုနဲ႔ က်ီးကန္းလည္း ေဒါင္းကို လိုက္ရွာရင္း တိရစာၦန္႐ုံ တစ္ခုထဲမွာ လူေတြအမ်ားႀကီး ဝိုင္းၾကည့္ေနတဲ့ ေဒါင္းကိုေတြ႕လိုက္တယ္ “အား ပါး လွလိုက္တာ သူက ေသခ်ာေပါက္ အေပ်ာ္ဆုံးငွက္ပဲ” လို႔ ေတြးလိုက္တယ္။ ဒီလိုနဲ႔ တိရစာၦန္႐ုံပိတ္ခ်ိန္ထိေစာင့္ေနၿပီး ညေနလူရွင္းေတာ့ ေဒါင္းဆီ သြားေျပာတယ္
” ကိုေဒါင္း ခင္ဗ်ား ဒီေလာက္လွတာ ခင္ဗ်ားက ေလာကမွာ အေပ်ာ္ဆုံးငွက္ပဲဗ်ာ… လူေတြက ခင္ဗ်ားရဲ႕ အလွကို ဒီလိုတကူးတက လာၾကည့္တယ္ က်ဳပ္ကိုျမင္ရင္ျဖင့္ေတာ့ ေမာင္းလႊတ္တာပဲဗ်ိဳ႕ တစ္ခါတစ္ေလ ခဲနဲ႔ေတာင္ ေပါက္လို႔ မနည္းေရွာင္ ရတယ္ဗ်ာ” လို႔ေျပာတယ္။
ဒီခ်ိန္မွာ ေဒါင္းက “အင္းဗ်ာ ကြၽန္ေတာ္က အလွဆုံးငွက္ဆိုတာ မွန္ပါရဲ႕၊ ဒါေပမယ့္ ကြၽန္ေတာ့ရဲ႕ အလွတရားေၾကာင့္ ကြၽန္ေတာ္ဟာ ေလွာင္အိမ္ထဲ ခ်ဳပ္ေႏွာင္ခံ ထားရတယ္
ဒီမွာ မိတ္ေဆြက်ီး ကြၽန္ေတာ္ တိရိစာၦန္႐ုံတစ္ခုလုံးကို ေသခ်ာ စူးစမ္းၿပီးၿပီ… ေလွာင္အိမ္ထဲထည့္မထားခံရတာဆိုလို႔ က်ီးကန္း ပဲရွိတယ္ဗ် ကြၽန္ေတာ္ တစ္ခါတစ္ေလေတြးမိတယ္
ေလာကမွာ အေပ်ာ္ဆုံးငွက္ဟာ က်ီးကန္းပဲျဖစ္မ ယ္လို႔ေပါ့…လြတ္လြတ္ လပ္လပ္ပ်ံသန္းေနတဲ့ က်ီးကန္းေတြျမင္ရင္ ကြၽန္ေတာ္ အရမ္းအားက် တယ္ဗ်ာ”…လို႔ျပန္ေျပာတယ္။
သင္ခန္းစာ။ ။ ကြၽန္ေတာ္တို႔ဟာ တခါတေလ ကြၽန္ေတာ္တို႔ ႀကဳံေတြ႕ေနရတဲ့ ဘ၀အေျခအေနနဲ႔ ျပႆနာေတြအေပၚမွာ မေက်မနပ္ျဖစ္ၿပီး သူမ်ားဘဝေတြကို အားက်မိတတ္ၾကတယ္
တကယ္ေတာ့ ဘယ္လို ဘ၀မ်ိဳး ျဖစ္ျဖစ္ လူတိုင္းမွာ အခက္အခဲေတြ ရွိေနတတ္ ပါတယ္။ ၿပီးျပည့္စုံတယ္ ဆိုတာ မရွိပါဘူး။ ကိုယ့္ဘ၀ကိုကိုယ္ ေက်နပ္ႏိုင္ သူသာ ေလာကမွာ အေပ်ာ္ဆုံး လူသားျဖစ္ ပါလိမ့္မယ္။
Credit Original uploader
Unicode
ကျီးကန်းက ပေးတဲ့ သင်ခန်းစာ
တစ်ခါက ကျီးကန်းတစ်ကောင်ရှိတယ် သူက သူ့ကိုယ်သူ “လောကမှာ ငါဟာ အပျော်ဆုံးငှက်တစ်ကောင်ပဲ” ဆိုပြီး ဘဝကို သာယာနေတယ်
တစ်နေ့ သူ ဗျိုင်းတစ်ကောင်ကိုတွေ့တယ် “သူ့တစ်ကိုယ်လုံးက ဖြူဖွေးနေတာပဲ… ငါကတော့ မည်းနက်နေတယ် သူဟာ လောကမှာ အပျော်ဆုံး ငှက်ဖြစ် လိမ့်မယ်” လို့တွေးမိတယ်။
ဒီလိုနဲ့ သူဗျိုင်းကိုသွားပြောတယ် ” ကိုဗျိုင်းရာ.. ခင်ဗျားအရောင်က ဖြူဖွေးနေတာပဲ လှလိုက်တာ ဧကန္တ ခင်ဗျားဟာ လောကမှာ အပျော်ဆုံ းငှက်ပဲမလား”။
ဒီတော့ ဗျိုင်းကပြန်ပြောတယ် “ကျွန်တော်လည်း အစက ဒီလိုတွေးမိတာ ကြက်တူရွေးကိုမတွေ့ခင်အထိကပဲဗျာ ကျွန်တော်ကသာ အဖြူရောင် တစ်ခုတည်း ရှိတာ သူမှာက အရောင် ၂မျိုးရှိတယ် သိပ်လှတယ်ဗျ”
ဒီလိုနဲ့ ကျီးကန်းလည်း ကြက်တူရွေး ဆီသွားတယ် ” ခင်ဗျားက အရောင် ၂မျိုးနဲ့ သိပ်လှတယ်ဗျာ ခင်ဗျားက ကမ္ဘာပေါ်မှာ အပျော်ဆုံးငှက် ပဲမလား”
ကြက်တူရွေးက ” ဟား ကျွန်တော်က ဘာဟုတ်သေး လဲဗျာ ကျွန်တော့်မှာ အရောင်၂မျိုးပဲရှိတာ ဒေါင်းမှာ အရောင်တွေ အများကြီးနဲ့ဗျ ခင်ဗျားသူ့ကို သွားမေး ပါလား” လို့ဖြေလိုက်တယ်။
ဒီလိုနဲ့ ကျီးကန်းလည်း ဒေါင်းကို လိုက်ရှာရင်း တိရစ္ဆာန်ရုံ တစ်ခုထဲမှာ လူတွေအများကြီး ဝိုင်းကြည့်နေတဲ့ ဒေါင်းကိုတွေ့လိုက်တယ် “အား ပါး လှလိုက်တာ သူက သေချာပေါက် အပျော်ဆုံးငှက်ပဲ” လို့ တွေးလိုက်တယ်။ ဒီလိုနဲ့ တိရစ္ဆာန်ရုံပိတ်ချိန်ထိစောင့်နေပြီး ညနေလူရှင်းတော့ ဒေါင်းဆီ သွားပြောတယ်
” ကိုဒေါင်း ခင်ဗျား ဒီလောက်လှတာ ခင်ဗျားက လောကမှာ အပျော်ဆုံးငှက်ပဲဗျာ… လူတွေက ခင်ဗျားရဲ့ အလှကို ဒီလိုတကူးတက လာကြည့်တယ် ကျုပ်ကိုမြင်ရင်ဖြင့်တော့ မောင်းလွှတ်တာပဲဗျို့ တစ်ခါတစ်လေ ခဲနဲ့တောင် ပေါက်လို့ မနည်းရှောင် ရတယ်ဗျာ” လို့ပြောတယ်။
ဒီချိန်မှာ ဒေါင်းက “အင်းဗျာ ကျွန်တော်က အလှဆုံးငှက်ဆိုတာ မှန်ပါရဲ့၊ ဒါပေမယ့် ကျွန်တော့ရဲ့ အလှတရားကြောင့် ကျွန်တော်ဟာ လှောင်အိမ်ထဲ ချုပ်နှောင်ခံ ထားရတယ်
ဒီမှာ မိတ်ဆွေကျီး ကျွန်တော် တိရိစ္ဆာန်ရုံတစ်ခုလုံးကို သေချာ စူးစမ်းပြီးပြီ… လှောင်အိမ်ထဲထည့်မထားခံရတာဆိုလို့ ကျီးကန်း ပဲရှိတယ်ဗျ ကျွန်တော် တစ်ခါတစ်လေတွေးမိတယ်
လောကမှာ အပျော်ဆုံးငှက်ဟာ ကျီးကန်းပဲဖြစ်မ ယ်လို့ပေါ့…လွတ်လွတ် လပ်လပ်ပျံသန်းနေတဲ့ ကျီးကန်းတွေမြင်ရင် ကျွန်တော် အရမ်းအားကျ တယ်ဗျာ”…လို့ပြန်ပြောတယ်။
သင်ခန်းစာ။ ။ ကျွန်တော်တို့ဟာ တခါတလေ ကျွန်တော်တို့ ကြုံတွေ့နေရတဲ့ ဘဝအခြေအနေနဲ့ ပြဿနာတွေအပေါ်မှာ မကျေမနပ်ဖြစ်ပြီး သူများဘဝတွေကို အားကျမိတတ်ကြတယ်
တကယ်တော့ ဘယ်လို ဘဝမျိုး ဖြစ်ဖြစ် လူတိုင်းမှာ အခက်အခဲတွေ ရှိနေတတ် ပါတယ်။ ပြီးပြည့်စုံတယ် ဆိုတာ မရှိပါဘူး။ ကိုယ့်ဘဝကိုကိုယ် ကျေနပ်နိုင် သူသာ လောကမှာ အပျော်ဆုံး လူသားဖြစ် ပါလိမ့်မယ်။
#Credit Original uploader
No Comments