လုပ်ငန်းအတွက် လိုအပ်တဲ့ ပညာရပ်များကို စိတ်လိုလက်ရ ဆက်လက်လေ့လာနေခြင်း၊ အလုပ်ကို အကောင်းဆုံး အမြန်ဆုံးပြီးနိုင်မယ့် အကြံဥာဏ်များ ရှာဖွေ အသုံးပြုခြင်း
လုပ်ငန်းခွင်မှာ လုပ်နည်းကိုင်နည်းများရှိပြီးသားဆိုပေမယ့် အမြဲပြောင်းလဲတတ်တဲ့ သဘာဝနဲ့အတူ စိတ်ကူးအသစ် အကြံဥာဏ် အသစ်များကလည်း အမြဲ လိုအပ်ပါတယ်။
ကိစ္စရပ် တစ်ခုတည်းမှာ အများနဲ့မတူတဲ့ စိတ်ကူးတွေရှိတယ်၊ ကောင်းတဲ့ အကြံဥာဏ်တွေ ရှိတယ်၊ ပိုကောင်းတဲ့ လုပ်နည်း လုပ်ဟန်တွေ ရှိတယ်ဆိုရင် ထုတ်ဖော်ပြောဖို့ နောက်မတွန့်သင့်ပါဘူး။
ခရက်ဒစ်
ယူနီကုတ်
လုပ်ငန်းခွင်မှာ ထားရမယ့် အရေးကြီးသော စိတ်သဘောထား (၅) ခု။
အလုပ်လုပ်ကြ တဲ့အခါ အရေးအကြီး ဆုံးဖြစ်တဲ့ လုပ်ငန်းကျွမ်းကျင်မှု၊ အတွေ့အကြုံတွေနဲ့အတူ စိတ်သဘော ထားကောင်းများ ကလည်း ထပ်တူထပ်မျှ အရေးကြီးပါတယ်။ ဘယ်လောက်တော်သည် တတ်သည်ဖြစ်စေ အလုပ်အပေါ် မှာထားတဲ့ စိတ်နေစိတ်ထား မကောင်းရင် ပညာရှင် ပီသတယ်လို့ မဆိုနိုင် ပါဘူး။
၁။ တပါးသူကို လေးစားတတ်ခြင်း။
မိမိနဲ့ တပါးသူ ကိုလေးစား တတ်သူများဟာ အထက်အရာ ရှိများ အကြိုက် ပြီးရင်ပြီးရော မလုပ်ကြပါဘူး။ သူတို့မှာ ပိုကောင်းပြီး လက်တွေ့ကျတဲ့ အကြံအဉာဏ် ရှိတယ် ဆိုရင် လေးလေးစားစားနဲ့ တင်ပြတတ် ကြပါတယ်။
လုပ်ငန်းနဲ့ ဆက်စပ်တဲ့ စားသုံးသူ၊ လုပ်ငန်းအပ်နှံသူ၊ ဝယ်ယူအားပေးသူများနဲ့ လုပ်ဖော်ကိုင်ဖက်တွေကို လေးလေးစားစားနဲ့ ဆက်ဆံ တတ်သူ များလည်း ဖြစ်ပါတယ်။
သူတပါးအပေါ်မှာ လေးစားတတ်ခြင်း၊ ယဉ်ကျေးစွာ ပြောဆိုတတ်ခြင်း၊ အမြင်မတူတဲ့အပေါ်မှာ ပညာရှင်ဆန်ဆန် အပြုသဘောဆောင်ခြင်းဖြင့် ရှင်းလင်းပြောဆို တတ်ခြင်းများက တပါးသူကို လေးစားတာ ပဲဖြစ်ပါ တယ်။
၂။ ကောင်းသောဘဝခံယူချက်များ ကူးစက်စေခြင်း။
အပြုသဘောဆောင်တဲ့ ကောင်းသော ခံယူချက် များရှိ သူတွေဟာ ကောင်းတဲ့သဘောသဘာဝတွေ မိမိကိုယ်တိုင်မှာ ရှိသလို လုပ်ငန်းခွင် အတွင်းကိုလည်း ကူးစက်စေပါတယ်။ အလုပ်အပေါ်မှာ စိတ်ဝင်တစားရှိခြင်း၊
လုပ်ငန်းအတွက် လိုအပ်တဲ့ ပညာရပ်များကို စိတ်လိုလက်ရ ဆက်လက်လေ့လာနေခြင်း၊ အလုပ်ကို အကောင်းဆုံး အမြန်ဆုံးပြီးနိုင်မယ့် အကြံဉာဏ်များ ရှာဖွေ အသုံးပြုခြင်း
စတဲ့ ကိုယ်ပိုင်တန်ဖိုး ရှိတယ် ဆိုရင် လုပ်ငန်းခွင်မှာ အများနဲ့ မိမိကိုယ်တိုင် အတွက် တန်ဖိုးရှိတဲ့ လူတစ်ယောက် ဖြစ်နေမှာ မလွဲပါဘူး။
၃။ အလုပ်ကို တာဝန်ခံပြီး ကတိပေးတဲ့အတိုင်းလုပ်နိုင်ခြင်း။
ပေးအပ်လာတဲ့တာဝန်တွေကို သတ်မှတ်အချိန်အတွင်း ပြီးစီးအောင် စိတ်ရောကိုယ်ပါနစ်ပြီး လုပ်နိုင်ကြရပါသည်။ လုပ်ငန်းရဲ့သဘောတရား၊ ဦးတည်ချက်၊ လုပ်ဆောင်ရမယ့်တာဝန်တွေကို နားလည်ပြီး လုပ်သင့် လုပ်ထိုက် တာကို စိတ်ပိုင်းဖြတ်ပြီး လုပ်တတ်သူများဟာ လုပ်ငန်းခွင်မှာ တန်ဖိုးမြင့်သူများဖြစ်ပါတယ်။
၄။ အများနဲ့မတူတဲ့ စိတ်ကူးစိတ်သန်းများ ရှိခြင်း။
လုပ်ငန်းခွင်မှာ လုပ်နည်းကိုင်နည်းများရှိပြီးသားဆိုပေမယ့် အမြဲပြောင်းလဲတတ်တဲ့ သဘာဝနဲ့အတူ စိတ်ကူးအသစ် အကြံဉာဏ် အသစ်များကလည်း အမြဲ လိုအပ်ပါတယ်။
ကိစ္စရပ် တစ်ခုတည်းမှာ အများနဲ့မတူတဲ့ စိတ်ကူးတွေရှိတယ်၊ ကောင်းတဲ့ အကြံဉာဏ်တွေ ရှိတယ်၊ ပိုကောင်းတဲ့ လုပ်နည်း လုပ်ဟန်တွေ ရှိတယ်ဆိုရင် ထုတ်ဖော်ပြောဖို့ နောက်မတွန့်သင့်ပါဘူး။
၅။ သူတပါးကို ကူညီတတ်ခြင်း။
တစ်ဦးနဲ့တစ်ဦး ရိုင်းပင်း ကူညီတတ်တာက လုပ်ငန်းခွင်မှာ အရေးကြီးပါတယ်။ အများနဲ့ပူးပေါင်းလုပ်ဆောင် နိုင်ခြင်းမှာ ကူညီရိုင်းပင်း စိတ်ရှိခြင်းဖြင့် ပိုမိုအောင်မြင်စေ ပါတယ်။
တစ်ဦးတည်းက အရာအားလုံး မသိနိုင် သလို အားလုံးပြီးစီးအောင် လည်းမလုပ်နိုင် ပါဘူး။ သူတပါးကိုလည်း ကူညီပြီး မိမိအကူအညီလိုရင်လည်း တောင်းခံ တတ်ရပ ါတယ်။
No Comments