
ချစ်တဲ့သူက ပြန်မချစ်တဲ့အခါ
ချစ်ခြင်းမေတ္တာ ဆိုတာ မျိုးကလည်း နည်းနည်းတော့ပြော ရခက် ပါတယ်၊ ကဗျာဆန်ဆန်ပြောရရင် နှလုံးသားက သူချစ်ချင်တဲ့ သူကိုပဲ ချစ်တာပါ၊ ဒါကို ကျနော်တို့ မထိန်းချုပ်နိုင်ပါဘူး၊
ဦးနှောက်အသိကြောင့်၊ အခြေအနေအရပ်ရပ်ကြောင့် ကျနော်တို့မှာ ရွေးချယ်(လိုက်)ရတာတွေရှိနိုင်ပေမယ့် တကယ်တမ်းနှလုံးသားရဲ့ရွေးချယ်မှု ကတော့ သက်သက်ရှိနေနိုင်ပါတယ်၊ ဒါကို ကျနော်တို့ ဘာမှမတတ် နိုင်ပါဘူး
တစ်ခါတစ်လေကျတော့ ကိုယ့်ကိုမချစ်တဲ့ တစ်ယောက်ကိုမှ တိုက်တိုက်ဆိုင်ဆိုင် သွားချစ်မိနေတတ်တာ လည်းရှိပါတယ်၊ အဲ့ဒီလိုအချိန်မျိုးမှာတော့ ကျနော်တို့မှာ နာကျင်နေရုံကလွဲလို့ အခြားမရှိပါဘူး
နာကျင်ရတယ် ဆိုပေမယ့်လည်း ဒါဟာ အဖြစ်မှန်ပါပဲ၊ ဒါကိုလက်ခံပြီး အကောင်းဆုံးရှေ့ဆက်နိုင်ဖို့ပဲ ကျနော်တို့ ကြိုးစားကြ ရမှာပါ၊ လွယ်တော့ မလွယ်ဘူးပေါ့
ကိုယ့်ကိုပြန်မချစ်တဲ့ တစ်ယောက်ကို သွားချစ်မိလို့ ရရှိလာတဲ့ နာကျင်မှုတွေကို ကုစားလို့ရနိုင်မယ့် နည်းလမ်းတချို့ကို ဖော်ပြပေး လိုက်ပါတယ်။
၁၊ အတူရှိချိန်လေးကို တန်ဖိုးထားပါ ။
ပိုင်ဆိုင်နိုင်ဖို့ မဖြစ်နိုင်ကြောင်းကို အရင်ဆုံး လက်ခံထားဖို့ လိုပါတယ်။ ဒီအဖြစ်မှန်ကို လက်မခံနိုင်သေးရင် နာကျင်မှုတွေ၊ depressionတွေ ပိုပြီးတော့ များလာနိုင် ပါတယ်၊ ဒါဆို သင့်အတွက် မကောင်းပါဘူး
သူ့ကိုချစ်မိနေတဲ့ စိတ်တွေကို သင်ကိုယ်တိုင် အတတ်နိုင်ဆုံးထိန်းသိမ်းဖို့၊ (စိတ်ခိုင်မယ်ဆိုရင်) ရိုးရိုးမိတ်ဆွေ သူငယ်ချင်း တစ်ယောက်အနေနဲ့ တစ်ဘဝလုံး
ဆက်ဆံသွားဖို့ ကြိုးစားသင့်ပါတယ်၊ လုံးဝ မတွေ့ဖြစ်ကြတာနဲ့ စာရင်တော့ သူငယ်ချင်းအနေနဲ့ ဆက်ရှိနေတာက ပိုကောင်းမယ်ထင်ပါတယ်…
၂၊ ဝါသနာတစ်ခုခုထဲမှာ စိတ်ကိုနှစ်မြှုပ်လိုက်ပါ ။
ကိုယ်ချစ်တဲ့ တစ်ယောက်က ကိုယ့်ကိုပြန်မချစ်တဲ့နာကျင်မှုက အတော်လေးဆိုးရွားပါတယ်။ ဘဝရဲ့အခြားသော အစိတ်အပိုင်းတွေကိုပါ အနည်းနဲ့အများ ထိခိုက်စေနို င်ပါတယ်။
ဒီအချိန်မှာ စိတ်တွေ ကယောက်ကယက်မဖြစ် ရအောင် ထိန်းသိမ်းဖို့ အကောင်းဆုံးနည်းလမ်းကတော့ ကိုယ်ဝါသနာ ပါတဲ့ အရာတစ်ခုခုကို စိုက်လိုက် မတ်တတ် လုပ်ဆောင်တာမျိုးပါပဲ
အဲ့ဒီတစ်ယောက်နဲ့ လုံးဝမပတ်သက်တဲ့ ဝါသနာမျိုးဖြစ်ရင် ပိုကောင်းပါတယ်။ အစကတည်းက ကိုယ်ဝါသနာပါ တဲ့အရာဖြစ်တဲ့
အတွက် (ယေဘုယျအားဖြင့်) စိတ်ပါဝင်စားဖို့လည်း မခက်ပါဘူး။ ဝါသနာထဲမှာ စိတ်ကိုနှစ်မြှုပ်ထားခြင်းအားဖြင့် နာကျင်မှုတွေ လျော့ပါး သက်သာစေ နိုင်ပါတယ် ။
၃၊ မိမိကိုယ်ကိုကာကွယ်ပါ ။
မိတ်ဆွေသူငယ်ချင်းတစ်ယောက်အနေနဲ့ သူ့အနားမှာဆက်ရှိနေတာကောင်းပါတယ်။ သူလိုအပ်တဲ့အခါမျိုးမှာလည်း ကူညီပေးနိုင်တာပေါ့။ ဒါပေမယ့် ကိုယ့်ရဲ့ခံစားချက်ကိုလည်း ဂရုစိုက်ဖို့လိုပါတယ်။
ခံစားချက်တွေအရမ်းပြင်းထန်လာရင် သက်ဆိုင်သူကို ပွင့်ပွင့်လင်းလင်းပြောပြနိုင်ပါတယ်၊ အဆင်မပြေရင် သူ့အနားက ထွက်သွား တာကောင်း ပါတယ်။
သင့်ကို ဂရုစိုက်တဲ့ သူမှန်ရင် ဒီလုပ်ရပ်ကို နားလည်ပေးမှာပါ။ ကျနော်တို့ဟာ ဘယ်လိုအခြေအနေမျိုးမှာ ပဲဖြစ်ဖြစ် ကိုယ့်ကိုယ်ကိုတော့ ဆုံးရှူံး မသွားသင့်ဘူးမဟုတ်လား ။
၎၊ ခဏခဏမတွေ့ပါနဲ့ ။
သံယောဇဉ်ဆိုတာမျိုးက အနေနီးရင်လည်း ဖြစ်တတ်တဲ့ သဘောရှိပါတယ်။ အထူးသဖြင့် ကိုယ်ချစ်တဲ့ တစ်ယောက်နဲ့ ခဏခဏတွေ့နေရမယ် ဆိုရင် သံယောဇဉ်က
ပိုတိုးလာဖို ပဲရှိပါတယ်။ အဲ့ဒီ တစ်ယောက်က ကိုယ့်အတွက် မဟုတ်ဘူး ဆိုတာ ခဏခဏသတိပေးပါ။ သူနဲ့ ခဏခဏမတွေ့ဖြစ်အောင်လည်း ကြိုးစားသင့် ပါတယ် ။
၅၊ တခြားသူတွေနဲ့လည်း တွေ့ကြည့်ပါ ။
နာကျင်စရာကောင်းပါတယ်၊ ဒါပေမယ့် သင်တို့ နှစ်ယောက်အတူ မရှိနိုင်ဘူး ဆိုတာ ကလည်း အဖြစ်မှန် ပါပဲ။ နောက်ဆုံး တစ်နေ့မှာတော့ ဒါကိုမဖြစ်မနေ လက်ခံရ ပါလိမ့်မယ်။ အဲ့ဒီအတွက် အကောင်းဆုံးနည်း ကတော့ တခြား သူတွေနဲ့လည်း တွေ့ကြည့်တာမျိုးပါပဲ
ဒီနေရာမှာ ကျနော် ဆိုလိုတာက သူ့နေရာကို တခြား တစ်ယောက်ယောက်နဲ့ အစားထိုးဖို့ မဟုတ်ပါဘူး။ တခြားတစ်ယောက် ဆီမှာ သူ့ရဲ့အငွေ့အသက်တွေကို လိုက်ရှာနေ တာမျိုးမဖြစ်ဖို့ လည်း အရေးကြီးပါ တယ်။
ပြောသလောက်တော့ မလွယ်ဘူးပေါ့ ဒါပေမယ့် ကြိုးစားကြည့်သင့် တယ်ထင်ပါတယ် ။
ကျနော်တို့ဟာ ဒီနာကျင်မှုတွေ ထဲမှာ တစ်သက်လုံး နစ်မြုပ်နေ လို့တော့ မရဘူး မဟုတ်လား ။
No Comments