ဘ၀မှာ ခဏခဏ မကြေကွဲချင်ရင် ဒီအရာတွေကို လူတွေဆီက မမျှော်လင့်ပါနဲ့ - Amawpyay


အချစ်ရေး















Credit

Unicode

ဘဝမှာ ခဏခဏ မကြေကွဲချင်ရင် ဒီအရာတွေကို လူတွေဆီက မမျှော်လင့်ပါနဲ့

လောကကြီးမှာ သွေးထွက်အောင်မှန်တဲ့ အမှန်တရား တစ်ခု ရှိပါတယ်။ အဲ့ဒါကတော့ မျှော်လင့်ချက်ထားရင် ထားသလောက် ကြေကွဲရတယ် ဆိုတာပါပဲ။ အမြဲတမ်း မျှော်လင့်ချက်တွေများလို့ အမြဲတမ်း ကြေကွဲနေ ရသူတွေ အနေနဲ့ တခြားသူတွေ ဆီက ဒါတွေမမျှော်လင့်ပါနဲ့လို့ အကြံပေးလိုက် ပါတယ်။

သင့်ကို အမြဲထောက်ခံဖို့ မမျှော်လင့်နဲ့

သင်လုပ်သမျှ လူတွေက ကြိုက်ချင်မှ ကြိုက်မှာမို့ သူတို့တွေ သင့်ကို အမြဲထောက်ခံနေဖို့ မလိုပါဘူး။ တခါတလေ အကြံတောင်း တာမျိုး မဟုတ်ဘဲ တခြား သူတွေရဲ့ ထောက်ခံမှု အမြဲလိုအပ်နေသူတွေဟာ ပျော့ညံ့တဲ့ သူတွေပါ။

ကိုယ်ပေးတာထက် ပိုရဖို့ မမျှော်လင့်နဲ့

ဒီနေရာမှာ ပိုက်ဆံပေးတာကို ဆိုလိုတာ မဟုတ်ပါဘူး။ ကိုယ်က တစ်ဖက်လူအပေါ် လေးစားသမှု မရှိဘဲနဲ့ ကိုယ့်ကို တလေးတစား ဆက်ဆံစေ ချင်တာမျိုးကို ပြောချင်တာပါ။ ကိုယ်က လေးစား သလောက် လူတွေက ကိုယ့်ကို ပြန်လေးစားပါ လိမ့်မယ်။

သင့်လုပ်ရပ်တိုင်းကို သဘောကျလိမ့်မယ်လို့ မမျှော်လင့်နဲ့

ဒီလောက်ရှုပ်ထွေးတဲ့ လောကကြီး ထဲမှာ သင်လုပ်သမျှကို လူတွေက ကြိုက်လိမ့်မယ်လို့ မျှော်လင့်နေရင်တော့ မှားပါ လိမ့်မယ်။ အဲ့ဒီလို မျှော်လင့် တတ်တာက ကြာလာရင် သူတို့ကြိုက်မလား ဆိုတာကိုပဲ စဉ်းစားမိပြီး ကိုယ့်ဖြစ်တည် မှုတောင် ပျောက်သွားနိုင် ပါတယ်။

လူတွေကို ကိုယ့်အတွေးထဲက အတိုင်း ဖြစ်ဖို့ မမျှော်လင့်ပါနဲ့

ကိုယ်တိုင်တောင် ကိုယ်အတွေးထဲက အတိုင်း မဖြစ်တာ တခြားသူတွေကို အဲ့လိုဖြစ်စေချင်နေတယ် ဆိုရင်တော့ သင်တစ်ခုခု မှားနေပါပြီ။ No one is Perfect ဆိုတာကို အမြဲသတိရပါ။

ကိုယ့်အတွေးတွေကို အလိုလိုသိဖို့ မမျှော်လင့်ပါနဲ့

သမီးရည်းစားတွေမှာ အဖြစ်များတဲ့ ပြဿနာပါ ။ငါ့ကို ချစ်တယ် လည်းဆိုသေး ငါဘာတွေးနေတယ် ဆိုတာ နင်မသိဘူးလားတို့ ဘာတို့ပေါ့။ ကိုယ့်အတွေးထဲ ကဟာတွေ အကုန်သိနေရအောင် သူက အကြားအမြင် ဆရာလည်း မဟုတ်(ဟုတ်နေရင်တော့ မသိဘူး :-P)။

ချက်ချင်းကြီး ပြုပြင်ဖို့ မမျှော်လင့်ပါနဲ့

ကိုယ်တောင်မှ မကောင်းတဲ့ အကျင့်တွေကို ချက်ချင်းပြုပြင်လို့ မရတာ ။ တခြားသူတွေကိုလည်း ရဖို့ မမျှော်လင့် သင့်ပါဘူး။ ဆိုးတဲ့ ကောင်လေး၊ ကောင်မလေးတွေကို “ငါပြုပြင်လို့ရမှာပဲ” ဆိုပြီး ရည်းစားတော် မယ့်သူတွေ သတိထား ရမယ့် အချက်ပါနော်။

No Comments

Leave a Reply

Your email address will not be published. Required fields are marked *

သင့်ဘဝမှာ တစ်ကြိမ်တစ်ခါလောက်တော့ အချစ်ကိုရှာဖွေသင့်တဲ့ အကြောင်းရင်း(၅)ချက်
အချစ်ရေး
သင့်ဘဝမှာ တစ်ကြိမ်တစ်ခါလောက်တော့ အချစ်ကိုရှာဖွေသင့်တဲ့ အကြောင်းရင်း(၅)ချက်

သင့်ဘဝမှာ တစ်ကြိမ်တစ်ခါလောက်တော့ အချစ်ကိုရှာဖွေသင့်တဲ့ အကြောင်းရင်း(၅)ချက် အချစ်ဟာ ပူလောင်တယ်၊ လူကို ဒုက္ခပေး တယ်၊ အသည်း ကွဲစေတယ်၊ ဘဝပျက်သည်အထိတောင်ဖြစ်စေ နိုင်တယ် စသဖြင့် အချစ်ကြောင့် နာကျင် ခံစားရဖူးသူတွေ ကမှတ်ချက်ပေးကြ ပါတယ်။ အချစ်ကြောင့် နာကျင်ရဖူးလို့ အချစ်နဲ့မတွေ့ချင်သူတွေ လည်းရှိသလို၊ မကောင်းတာတွေပဲကြုံရတယ် လို့ပြောတဲ့ စကားတွေ ကိုကြားပြီး အချစ်နဲ့မတွေ့ချင်ဘူး၊ အချစ်ကိုမရှာချင်ဘူးလို့ ငြင်းနေတဲ့ သူတွေလည်း ရှိပါတယ်။ တကယ်တော့ လူတိုင်းဘဝမှာ အချစ်ကိုရှာဖွေသင့် ပါတယ်။ ဘာလို့လဲ ဆိုတော့…. ၁။ ပေးဆပ်ခြင်းနဲ့ရယူခြင်းအကြောင်း သင်ယူနိုင်တယ် အချစ်မှာ ကိုယ်ကချည်း ပဲပေးနေလို့ အဆင်မပြေ သလို၊ ကိုယ်ကချည်းပဲ ရယူချင်နေလို့လည်းမဖြစ် ပါဘူး။ …

ရုပ်ပုံ တွေကပြောပြမယ့် သင်တို့စုံတွဲ ရဲ့အချစ်ရေး
အချစ်ရေး
ရုပ်ပုံ တွေကပြောပြမယ့် သင်တို့စုံတွဲ ရဲ့အချစ်ရေး

ရုပ်ပုံ တွေကပြောပြမယ့် သင်တို့စုံတွဲ ရဲ့အချစ်ရေး သင်တို့ရဲ့ပျော်ရွင်စရာကောင်းတဲ့ အချစ်ရေး ကို ရုပ်ပုံ တွေက ဆင့်ပြောပြတာဟာ နည်းနည်းတော့ ထူးဆန်း သလိုဖြစ်နိုင် ပါတယ်။ အဆိုပါ ရုပ်ပုံ တွေဟာ လူမှု စိတ်ပညာရှင် တွေရဲ့ ခန့်မှန်းချက်ဖြစ် တာကြောင့် သင်တို့စုံတွဲ နဲ့ ဆင်တူတဲ့ ရုပ်ပုံ ကိုလက်နဲ့ ထိပြီး သင်တို့ရဲ့အချစ်ရေး အခြေအနေကို ဖတ်ရှုနိုင် ပါတယ်။ ( 1 )သင်တို့စုံတွဲ လိုပါပဲ အမျိုးသမီး လေးဟာ သူမရဲ့ချစ်သူ အတွက် ဂုဏ်ယူနေပြီးတော့ အဲဒီ့အကြောင်းကို တစ်ကမ္ဘာလုံးသိအောင် ပြောပြချင်နေ ပါတယ်။ သူမ ကအရမ်းကို လွတ်လပ် ပျော်ရွင်နေပြီးတော့ …

သင့်ရဲ့ အနာဂတ် အတွက် ဒီလို မိန်းကလေးမျိုးကိုသာ ဇနီးလောင်းအဖြစ် ရွေးချယ်ပါ….။
အချစ်ရေး
သင့်ရဲ့ အနာဂတ် အတွက် ဒီလို မိန်းကလေးမျိုးကိုသာ ဇနီးလောင်းအဖြစ် ရွေးချယ်ပါ….။

သင့်ရဲ့ အနာဂတ် အတွက် ဒီလို မိန်းကလေးမျိုးကိုသာ ဇနီးလောင်းအဖြစ် ရွေးချယ်ပါ….။ အခုခေတ်မှာ လူတွေက ကိုယ်နဲ့ လိုက်ဖက်ညီတဲ့ လက်တွဲဖော်တွေ ရှာနေကြ ပါတယ်။ ဒီလို ချစ်သူ ကောင်မလေးမျိုးကို ပိုင်ဆိုင် ထားရင်တော့ လက်ထပ် လိုက်ပါတော့..၊ ၁။ သူမက မင်းကို ယုံကြည် အားကိုးရင်..၊ အချစ်ဆိုတဲ့အရာက လူတွေကိုတောင် ရူးသွပ်စေ တတ်ပါတယ်။ တစ်စုံ တစ်ယောက်ရဲ့ အချစ်ကို ရရှိထားတာဟာ အလွန်ကောင်းမွန်တဲ့ အရာပဲဖြစ်ပါတယ်။ ဒါပေမဲ့ မင်းက မင်းကို ချစ်နေတဲ့ ချစ်သူရထားရင် ကံကောင်းနေပြီလို့ ထင်ပါ လိမ့်မယ်.။ အချစ်ဆိုတာဟာ အစွန်းနှစ်ဖက်ကို ရောက်တတ် ပါတယ်။ ဒါကြောင့် မင်းရဲ့ …