တရားမဝင် ခိုးဝင် မြန်မာရွေ့ ပြောင်း အလုပ်သမား ၁၁ ဦးကို ထိုင်းနယ်စပ်လုံခြုံရေးတပ်ဖွဲ့ များ ဖမ်းဆီး - Amawpyay
News
Refး The Nation
The Ladies News
Unicode
တရားမဝင် ခိုးဝင် မြန်မာရွေ့ပြောင်း အလုပ်သမား ၁၁ ဦးကို ထိုင်းနယ်စပ်လုံခြုံရေးတပ်ဖွဲ့များ ဖမ်းဆီး
ကိုယ်အပူချိန်မြင့် ဖျားနာနေသူ၂ ဦး ပါဝင်နေကာ မဲဆောက်ဆေးရုံသို့ ပို့ဆောင်ပေးထား ၂ နိုင်ငံနယ်စပ်မြစ် ကိုဖြတ်၍ ထိုင်းနိုင်ငံ အတွင်းသို့ခိုးဝင် လာကြသည့် တရားမဝင် မြန်မာရွေ့ပြောင်း အလုပ်သမား ၁၁ဦးကို ယနေ့(သြဂုတ် ၃၁ )တွင် ထိုင်း
အစိုးရ၏နယ်ခြားစောင့်တပ်ဖွဲ့များက ဖမ်းဆီး ရမိခဲ့ပြီး ဖမ်းဆီးရမိသူ များအနက်မှ ၂ ဦးသည် ကိုယ်အပူချိန် မြင့်မားကာ ဖျားနာနေကြောင်း ထိုင်းမီဒီယာများ၏ဖော် ပြမှုအရ သိရသည်။
မြန်မာနှင့်ထိုင် းနိုင်ငံ အကြားတွင် ဖြတ်သန်းစီးဆင်း နေသည့် မိုအိမြစ် (ထိုင်းဘာသာ)ကို ဖြတ်သန်း၍ ထိုင်းနိုင်ငံ အတွင်းသို့တရားမဝင်, ဝင်ရောက်လာ သူများကို
လုံခြုံရေးတပ်ဖွဲ့များက ဖမ်းဆီး လိုက်သည်ဟု မဲဆောက် ခရိုင် အုပ်ချုပ်ရေးမှူး Chaiyapruek Chianthanrak က တရားမဝင် မြန်မာ လုပ်သားများကို ဖမ်းဆီး ရမိ ခဲ့မှုနှင့်ပတ်သက်ပြီး ပြောကြား သည်။
( ထိုင်းဘာသာဖြင့် “မိုအိမြစ်” ဟု ခေါ်ဆိုသည့် ၂ နိုင်ငံကြား နယ်စပ်မြစ်ကို ကရင်တိုင်းရင်းသားလူမျိုးများက “သူမွဲကျိ” ဟု ခေါ်ဆိုနားလည်ကာ မြန်မာ တစ်နိုင်ငံလုံး ကမူ “သောင်ရင်းမြစ်” အဖြစ် သိရှိထားကြသည်။ – The Ladies News)
ထိုင်း-မြန်မာ နယ်စပ် လုံခြုံရေးတွင် ပါဝင်ဆောင်ရွက် နေသည့် တာဝန်ရှိ အကြီးပိုင်းပုဂ္ဂိုလ်တစ်ဦးဖြစ် သကဲ့သို့ မဲဆောက်ခရိုင် ဒုတိယ အုပ်ချုပ်ရေးမှူးဖြစ် သည့်
Siriphon Sonwai ကလည်း ထိုင်းနိုင်ငံအတွင်းသို့တရားမဝင်, ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများ ကို ဖမ်းဆီးခဲ့မှုနှင့်ပတ်သက်ပြီး ယခုကဲ့သို့ ပြောကြားသည်။
ထိုင်းဘက်ခြမ်းကမ်းမြေသို့ စက်လှေဆိုက်ကပ် လာသည်နှင့် အတူပါလာသည့် ၃ ဦးကို သူမ၏ နယ်စပ် လုံခြုံရေးအဖွဲ့က မြန်နိုင်သမျှ အမြန်ဆုံး ဖမ်းဆီးနိုင်ခဲ့ေ ကြာင်း၊ နောက်ထပ် ၈ ဦးမှာ
ထိုင်း-မြန်မာ ချစ်ကြည် ရေးတံတားအနီးတွင် ပုန်းခိုနေခဲ့ကြောင်း၊ ကျန်ရှိသည့် ၈ ဦးအနက်မှ ၆ဦးသည် အမျိုးသမီး ၆ ဦးဖြစ်ကာ ကျန် ၂ ဦးမှာ အမျိုးသားများဖြစ်ကြောင်း Siriphon Sonwai က ပြောသည်။
ထပ်မံဖမ်းဆီး ရမိ ခဲ့သူ ၈ ဦးအနက်မှ ၂ ဦးတွင် ကိုယ် အပူရှိန်မြင့် ဖျားနာနေသည်ကို စစ်ဆေးတွေ့ရှိခဲ့သည့် အတွက် ဆေးကုသမှု ခံယူရန် မဲဆောက်ဆေးရုံသို့ပို့ဆောင်ပေး ထားသည်ဟုလည်း ခရိုင်ဒုတိယအုပ်ချုပ် ရေးမှူး Siriphon Sonwaiက ပြောကြားခဲ့သည်။
မြန်မာနိုင်ငံဘက်တွင် အလုပ်အကိုင်မျာ းမရှိသည့် အတွက် ထိုင်းနိုင်ငံအတွင်းသို့ ဝင်ရောက်လာခြင်းဖြစ် သည်ဟု ထိုင်းအစိုးရ တာဝန်ရှိ သူများ၏ ဖမ်းဆီး ထိန်းသိမ်းခြင်းကိုခံခဲ့ရသည့် တရားမဝင်မြန်မာရွေ့ပြောင်းအလုပ်သမားများက ပြောကြား ခဲ့ကြောင်းလည်း သတင်းများအရ သိရ သည်။
No Comments
Leave a Reply
Your email address will not be published. Required fields are marked *
ဝေဘာဂီက ဆရာဝန်ကြီး ပြောပြီ
News
ဝေဘာဂီက ဆရာဝန်ကြီး ပြောပြီ
ဝေဘာဂီက ဆရာဝန်ကြီး ပြောပြီ အင်အားပြပြီး နောက်ဆက်တွဲ ကိုဗစ်ဖြစ် ကြရင် အိမ်မှာပဲ သေကြ ပါ ။ ကားပေါ်မှ ပြုတ်ကျရင် လမ်းမှာပဲ သေကြ ပါ။ သွားလာရင်း ဓာတ်လိုက် သေလျှင် တခါတည်း မြှုပ်ကြ ပါ။ ကားပေါ်မှ မီးစ က် မီးလောင် လျှင် တ ခါ တည်း အ ရိုးကောက် ကြပါ။ အနီ နဲ့ အစိမ်းရန် ဖြစ်ကြလျှင် တခါတည်း များများ သေအောင် ခုတ် ကြပါ။ ဆေးရုံ ဝန်ထမ်းများနှင့် volunteers များ.,အလှူရှင် များ မှာ ကိုဗစ် တခု …
သာကေတမြို့နယ်ရှိ အမှိုက်ပုံပေါ်တွင် လူနာ ၆၀၀ ကျော်ဆံ့ဆေးရုံ တည်ဆောက်မည့်စီမံကိန်း ရပ်ဆိုင်း
News
သာကေတမြို့နယ်ရှိ အမှိုက်ပုံပေါ်တွင် လူနာ ၆၀၀ ကျော်ဆံ့ဆေးရုံ တည်ဆောက်မည့်စီမံကိန်း ရပ်ဆိုင်း
သာကေတမြို့နယ်ရှိ အမှိုက်ပုံပေါ်တွင် လူနာ ၆၀၀ ကျော်ဆံ့ဆေးရုံ တည်ဆောက်မည့်စီမံကိန်း ရပ်ဆိုင်း သာကေတမြို့နယ်ရှိ ၁၇ ဧကကျော် အမှိုက် ပုံပေါ်တွင် လူနာ ၆၀၀ ကျော်ဆန့်ဆေးရုံ တည်ဆောက်မည့် စီမံကိန်း ရပ်ဆိုင်း ခဲ့ပြီဖြစ်ကြောင်း မြန်မာနိုင်ငံ အင်ဂျင်နီယာ အသင်းချုပ် ဗဟိုအလုပ် အမှုဆောင် ကော်မတီဝင် ဦးစန်းကြူက ပြောကြား သည်။ အောက်တိုဘာ ၁၂ ရက်တွင် ယင်းစီမံကိန်းနှင့် ပတ်သက်ပြီး ပညာရှင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့ရာတွင် ဆေးရုံဆောက် လုပ်ရန် မသင့်ကြောင်း အကြံပြု ခဲ့သဖြင့် စီမံကိန်းရပ် နားခဲ့ခြင်းဖြစ်ပြီး သင့်တော်သည့် မြေနေရာရရှိရန် ထပ်မံရှာဖွေနေကြောင်း ဦးစန်းကြူက ပြောကြား သည်။ “သာကေတ plan …
မိန်းမကို ချစ်တက်လိုက်တဲ့ သိန်းတစ်ထောင် ဆုရှင်ကြီး
News
မိန်းမကို ချစ်တက်လိုက်တဲ့ သိန်းတစ်ထောင် ဆုရှင်ကြီး
မိန်းမကို ချစ်တက်လိုက်တဲ့ သိန်းတစ်ထောင် ဆုရှင်ကြီး သိန်း (၁၀၀၀) ဆု ပေါက်သည့် ချင်းအမျိုးသားကြီး ဆုငွေအားလုံး မိန်းမဆီ အပ်မည်ဟုဆို ခါးမြို့ ချင်းဦးစီး ရပ်ကွက်မှာ နေထိုင်တဲ့ ဦးတီလ်ကီးယန် (U Tial Kian) က အကြိမ် (၂၀) မြောက် အောင်ဘာလေ ထီဖွင့်ပွဲမှာ သိန်းတထောင်ဆု ဆွတ်ခူး ရရှိတယ်လို့ သတင်းရရှိ ပါ တယ် ။ ဦးတီလ်ကီးယန်ဟာ အသက် (၆၃)နှစ်အရွယ် ရှိပြီဖြစ်ပြီး အရင်က ကြေးနန်းစာတိုက်ရုံးတွင် အလုပ်လုပ် ခဲ့ပြီး ပင်စင် ယူထားတာ တစ်နှစ်ကျော်သာ ကြာပါသေးတယ်။ သိန်းတထောင်ဆု ပိုင်ရှင် ဦးတီလ်ကီးယန်က “ထီပေါက်တော့ အရမ်းပျော် …