ရခိုင်ကနေ ရန်ကုန်ကို ၁၀ ရက်နေ့ နောက်ပိုင်း ပြန်လာကြသူတွေထဲက လူ ၄၀၀၀ ကျော် အခုထိ အဆက်အသွယ် မရသေး ( ပူးပေါင်းဆောင်ရွက်ကြပါရန်) - Amawpyay


News















Credit

Unicode

ရခိုင်ကနေ ရန်ကုန်ကို ၁၀ ရက်နေ့ နောက်ပိုင်း ပြန်လာကြသူတွေထဲက လူ ၄၀၀၀ ကျော် အခုထိ အဆက်အသွယ် မရသေး ( ပူးပေါင်းဆောင်ရွက်ကြပါရန်)

ယခုရက်ပိုင်း COVID ရောဂါ ရခိုင်မှာ ကူးစပ်မှု အရမ်းမြန်နေ ပါတယ်။ ရခိုင်ပြည်နယ်ကို ပြီးခဲ့တဲ့ သီတင်းပါတ် အတွင်း ခရီးသွားဖူး သူများလည်း ကူးစပ်မှုတွေ ရှိနေပါတယ်။

ဒါကြောင့်ရခိုင်ပြည်နယ် ခရီးသွားဖူး သူများကို ကျန်းမာရေး ဝန်ကြီးဌါနက ဆက်သွယ်နေပါတယ်။ ဆက်သွယ်မှု မရရှိသေး သူများကိုလည်း ကိုယ့်အသိ စိတ်ဓာတ်နဲကိုယ် ပူးပေါင်းဆောင်ရွက်ဖို့ တိုက်တွန်းနေ ပါတယ်။

အချို့သော သူများက ပူးပေါင်းဆောင်ရွက်မှု အားနည်းနေ တယ်လို့ သိရှိ ရပါတယ်။ အဲ့ဒါနဲ့ ပတ်သတ်ပြီး Nay Thway အကောင့်ကနေ အောက်ပါ အတိုင်း တိုက်တွန်း ထားတာကိုလညး တွေ့ရ ပါတယ်။

ရခိုင်မှာ ဖြစ်ပေါ်နေတဲ့ COVID ရောဂါကို တတ်နိုင် သလောက် ကြိုးစားကုသ ပေးနေပါတယ်။ အဲဒီအထဲမှာမှ အသက်အရွယ် ကြီးမြင့်တဲ့ ရောဂါ အခံရှိတဲ့ လူနာ ၃ ဦးရဲ့ အနေအထားကတော့ ပြင်းထန်မှု ရှိပါတယ်။

ဖိလစ်ပိုင်မှာ တနေ့ထဲ လူ ၄၀၀၀ ကျော် ကူးစက်ပီး ၁၀၀ ကျော် သေဆုံးသလို အင်ဒိုနီးရှားမှာလဲ တရက်ထဲ လူ ၂၀၀၀ ကျော် ကူးစက်ပီး သေဆုံး သူတွေ ရှိပါတယ်။

ဒါကြောင့် ဒီရောဂါကို လုံး၀ ပေါ့ဆလို့ မရသေးပါဘူး။ အာဆီယံဒေသကို တဖန်ပြန်လည်ရိုက်ခတ်နေလို့ သတိပြုရမှာပါ။

ရခိုင်ပြည်နယ် စစ်တွေမြို့မှာတော့ စစ်တွေတက္ကသိုလ်နဲ့ ရခိုင်ပြည်နယ်လွှတ်တော်တွေကို ယာယီဆေးရုံတွေအဖြစ် ပြောင်းလဲဖို့ စီစဉ်နေပါတယ်။

ဒီနေ့မှာတော့ ရခိုင်ပြည်နယ်က လူနာတွေကို ရန်ကုန်က ဖောင်ကြီးဆေးရုံ ( COVID Center) ကို ပြောင်းရွှေ့ကုသမှုပေး နိုင်ဖို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနဲ့ နေပြည်တော်က ကျန်းမာရေး ဝန်ကြီးဌာနက တာဝန်ရှိသူတွေ ဆွေးနွေးနေကြပါတယ်။

နောက်ဆုံးပြောချင်တာက ရခိုင်ကနေ ရန်ကုန်ကို ၁၀ ရက်နေ့ နောက်ပိုင်း ပြန်လာကြသူတွေထဲက လူ ၄၀၀၀ ကျော် အခုထိ မဆက်သွယ်သေးပါဘူး။

ပြည်သူ့ကျန်းမာ အပါအဝင် Trace လိုက်သူတွေက ဖုန်းခတွေ အကုန်ခံပီး ဖုန်းနံပါတ်ရအောင် ကြိုးစားပီး ဆက်သွယ်ရာ မှာလဲ ဖုန်းမကိုင်တာ၊ ဖုန်းချတာ၊ မသိချင်ယောင်ဆောင်တာ၊ ပေါက်ကရတွေ ပြောတာတွေကို သိရှိနေ ရပါတယ်။

ဖုန်းတွေ ဆက်ချင်လို့ လိုက်ဆက်နေတာ မဟုတ်ပါဘူး။ အဲဒီလူတွေကို စစ်ထားနိုင်မှ ရန်ကုန် အပါအဝင် တပြည်လုံးကို ထပ်မံ မကူးစက်အောင် ကာကွယ်နိုင်မှာမို့လို့ပါ။ လူလို သိတတ်ရင် ပူးပေါင်းဆောင်ရွက် သင့်ပါ တယ်။

အဲဒီလို ကပျက်ကချော်ပြုမှုတွေ များပြားလွန်း တာကြောင့် သတင်းမပို့သူတွေကို ကူးစက်ဥပဒေနဲ့ ထိထိရောက်ရောက် အရေးယူ မှာဖြစ် ပါတယ်။

– ရခိုင်ကနေ ပြန်လာကြတဲ့ သူတွေ ထဲက ၈၀၀ ခန့်ကို swab ယူခဲ့ပီး စစ်ဆေးပီး ပါပီ။ Negative ဆိုရင် အိမ်မှာပဲ နေရမှာဖြစ်ပီး ၂၀ ကျော်မှ ပြန်လာ သူတွေ ကိုတော့ FQ ထားဖို့ စီစဉ်နေ ပါတယ်။ ဒါကြောင့် မစိုးရိမ်ကြပဲ အားလုံး ပူးပေါင် းပါဝင်ကြ ဖို့ တိုက်တွန်းလိုက်ပါတယ်။

No Comments

Leave a Reply

Your email address will not be published. Required fields are marked *

ဝေဘာဂီက ဆရာဝန်ကြီး ပြောပြီ
News
ဝေဘာဂီက ဆရာဝန်ကြီး ပြောပြီ

ဝေဘာဂီက ဆရာဝန်ကြီး ပြောပြီ အင်အားပြပြီး နောက်ဆက်တွဲ ကိုဗစ်ဖြစ် ကြရင် အိမ်မှာပဲ သေကြ ပါ ။ ကားပေါ်မှ ပြုတ်ကျရင် လမ်းမှာပဲ သေကြ ပါ။ သွားလာရင်း ဓာတ်လိုက် သေလျှင် တခါတည်း မြှုပ်ကြ ပါ။ ကားပေါ်မှ မီးစ က် မီးလောင် လျှင် တ ခါ တည်း အ ရိုးကောက် ကြပါ။ အနီ နဲ့ အစိမ်းရန် ဖြစ်ကြလျှင် တခါတည်း များများ သေအောင် ခုတ် ကြပါ။ ဆေးရုံ ဝန်ထမ်းများနှင့် volunteers များ.,အလှူရှင် များ မှာ ကိုဗစ် တခု …

သာကေတမြို့နယ်ရှိ အမှိုက်ပုံပေါ်တွင် လူနာ ၆၀၀ ကျော်ဆံ့ဆေးရုံ တည်ဆောက်မည့်စီမံကိန်း ရပ်ဆိုင်း
News
သာကေတမြို့နယ်ရှိ အမှိုက်ပုံပေါ်တွင် လူနာ ၆၀၀ ကျော်ဆံ့ဆေးရုံ တည်ဆောက်မည့်စီမံကိန်း ရပ်ဆိုင်း

သာကေတမြို့နယ်ရှိ အမှိုက်ပုံပေါ်တွင် လူနာ ၆၀၀ ကျော်ဆံ့ဆေးရုံ တည်ဆောက်မည့်စီမံကိန်း ရပ်ဆိုင်း သာကေတမြို့နယ်ရှိ ၁၇ ဧကကျော် အမှိုက် ပုံပေါ်တွင် လူနာ ၆၀၀ ကျော်ဆန့်ဆေးရုံ တည်ဆောက်မည့် စီမံကိန်း ရပ်ဆိုင်း ခဲ့ပြီဖြစ်ကြောင်း မြန်မာနိုင်ငံ အင်ဂျင်နီယာ အသင်းချုပ် ဗဟိုအလုပ် အမှုဆောင် ကော်မတီဝင် ဦးစန်းကြူက ပြောကြား သည်။ အောက်တိုဘာ ၁၂ ရက်တွင် ယင်းစီမံကိန်းနှင့် ပတ်သက်ပြီး ပညာရှင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့ရာတွင် ဆေးရုံဆောက် လုပ်ရန် မသင့်ကြောင်း အကြံပြု ခဲ့သဖြင့် စီမံကိန်းရပ် နားခဲ့ခြင်းဖြစ်ပြီး သင့်တော်သည့် မြေနေရာရရှိရန် ထပ်မံရှာဖွေနေကြောင်း ဦးစန်းကြူက ပြောကြား သည်။ “သာကေတ plan …

မိန်းမကို ချစ်တက်လိုက်တဲ့ သိန်းတစ်ထောင် ဆုရှင်ကြီး
News
မိန်းမကို ချစ်တက်လိုက်တဲ့ သိန်းတစ်ထောင် ဆုရှင်ကြီး

မိန်းမကို ချစ်တက်လိုက်တဲ့ သိန်းတစ်ထောင် ဆုရှင်ကြီး သိန်း (၁၀၀၀) ဆု ပေါက်သည့် ချင်းအမျိုးသားကြီး ဆုငွေအားလုံး မိန်းမဆီ အပ်မည်ဟုဆို ခါးမြို့ ချင်းဦးစီး ရပ်ကွက်မှာ နေထိုင်တဲ့ ဦးတီလ်ကီးယန် (U Tial Kian) က အကြိမ် (၂၀) မြောက် အောင်ဘာလေ ထီဖွင့်ပွဲမှာ သိန်းတထောင်ဆု ဆွတ်ခူး ရရှိတယ်လို့ သတင်းရရှိ ပါ တယ် ။ ဦးတီလ်ကီးယန်ဟာ အသက် (၆၃)နှစ်အရွယ် ရှိပြီဖြစ်ပြီး အရင်က ကြေးနန်းစာတိုက်ရုံးတွင် အလုပ်လုပ် ခဲ့ပြီး ပင်စင် ယူထားတာ တစ်နှစ်ကျော်သာ ကြာပါသေးတယ်။ သိန်းတထောင်ဆု ပိုင်ရှင် ဦးတီလ်ကီးယန်က “ထီပေါက်တော့ အရမ်းပျော် …