
မရင့္က်က္တဲ့ စံံုတြဲေတြြဆီမွာပဲ ေတြ႔ရတတ္တဲ့ မရင့္က်က္တဲ့ အျပဳအမူမ်ား
အခ်စ္ေရးက နည္းနည္းေတာ့ ႐ႈပ္ေထြး ပါတယ္။ အခ်စ္ေရးမွာ ရင့္က်က္မႈ ႐ွိတယ္၊ မ႐ွိဘူးဆိုတာက အသက္အ႐ြယ္နဲ႔ မဆုိင္သလုိ အေတြ႔အႀကံဳနဲ႔လည္း မဆုိင္ ပါဘူး။
အခ်စ္ေရးမွာ ရင့္က်က္မႈ မ႐ွိေသးတဲဲ့ စံုတြဲေတြ ဆီမွာေတာ့ ဒီီလုိ အခ်က္ေတြကို ေတြ႔ရတတ္ပါ တယ္ေနာ္။
(1) အျမဲလုိလို ရန္ျဖစ္စကားမ်ားတတ္တယ္
ခ်စ္သူစံုတြဲ ဆုိတာ ကေတာ့ တစ္ခါတစ္ေလ ရန္ျဖစ္စကား မ်ားတာေလာက္ ကေတာ့ ျဖစ္ေလ့ ႐ွိတတ္ၾက တာပါပဲ။ ဒါေပမယ့္ မၾကာခဏ ဆုိသလုိ စကားမ်ား ရန္ျဖစ္တာေတြ ျဖစ္ေနခဲ႔မယ္ ဆုိရင္ေတာ့ ဒါဟာ အခ်စ္မွာ မရင့္က်က္တဲ့ လကၡဏာ ရပ္ပါ။
အသက္အ႐ြယ္၊ အေတြ႔အႀကံဳေတြက အခ်စ္နဲ႔ လံုးလံုးမွ မသက္ဆုိင္သလုိ အခ်စ္ရဲ႕ ရင့္က်က္ျခင္း၊ မရင့္က်က္ျခင္း ဟာလည္း ဒါေတြနဲ႔ မဆုိင္ ပါဘူးေနာ္။ တစ္ခ်ိဳ႕လူေတြဆုိ တည္ၿငိမ္သင့္တဲဲ့ အ႐ြယ္ေရာက္ေနေပမယ့္ အခ်စ္နဲ႔ ပတ္သက္ လာရင္ေတာ့ ရင့္က်က္မႈ နည္းေနၾကဆဲပါ။
(2) အျမဲတမ္း သဝန္တုိတတ္တယ္
အခ်စ္ေရးတစ္ခု ပိုလွပ အသက္ဝင္ ဖုိ႔ဆုိရင္ သဝန္တုိတာေလး၊ ရစ္တာေလးေတြဟာလည္း မပါမျဖစ္တဲ့ အရာေလးေတြ ပါ။ ဒါေပမယ့္ အရာရာမွာ ႐ွိသင့္႐ွိထုိက္တဲ့ အတုိင္းအတာဆုိတာ ႐ွိတတ္ ပါတယ္။
ေနရာတကာ လုိက္အူတိုေနတာကေတာ့ ခ်စ္သူကို ခ်စ္ရာမေရာက္ပဲ စိတ္က်ဥ္းက်ပ္ ပင္ပန္းေအာင္ လုပ္ေနသလုိပါပဲ။
အရာရာမွာ လိုက္သဝန္ တုိတတ္တာ ကလည္း အခ်စ္မွာ မရင့္က်က္တဲ့ လကၡဏာရပ္ပါပဲ။ တကယ္ေတာ့ ေနရာတကာ လုိက္အူ တိုလြန္းတာက ၾကာလာရင္ ဘာမွကို မခံစားရေတာ့ပဲ စိတ္ပ်က္ လာတတ္ ပါတယ္။ လုပ္ေဆာင္မႈ တုိင္းက အခ်ိန္မွန္၊ ေနရာမွန္ ျဖစ္ဖုိ႔ လုိအပ္ပါတယ္။
(3) အနာဂတ္ အစီအစဥ္ ဘာမွမ႐ွိဘူး
ခ်စ္လုိ႔ လက္တြဲၾကတဲ့ သူေတြမွာ အနာဂတ္အစီအစဥ္ေလးေတြေတာ့ ႐ွိထားသင့္ပါတယ္။ တစ္ေယာက္နဲ႔ တစ္ေယာက္ တြဲေတာ့ တြဲေနတာပဲ ဘာအစီအစဥ္ ဘာ plan မွ မ႐ွိဘူးဆုိရင္ေတာ့ ခ်စ္သူေတြလုိ ဘယ္ေခၚေတာ့ မလဲ။
ခ်စ္သူဆိုတာ ကိုယ္လုိအပ္တဲ့ အခ်ိန္ေလး တစ္ခုအတြက္သာ တြဲေနတယ္ဆုိရင္ေတာ့ ဒါဟာလည္း အခ်စ္ရဲ႕ မရင့္က်က္ျခင္းတစ္မ်ိဳးပါပဲေနာ္။
(4) ေလးနက္တဲ့ စကားဝိုင္းေတြ မ႐ွိဘူး
ဆက္ဆံေရးတစ္ခုမွ ပြင့္လင္းတဲ့ ေလးနက္တဲ့ စကားဝိုင္မ်ိဳး ႐ွိဖို႔ လုိအပ္ပါတယ္။ ဆိုလုိခ်င္္တာကေတာ့ တစ္ေယာက္ရဲ႕ ရင္ထဲက စစ္မွန္တဲဲ့ ခံစားခ်က္ေတြကို တစ္္ေယာက္ ေသခ်ာအေလးထား နားေထာင္ေပးဖို႔ လုိအပ္တာပါ။
ဒါမွ တစ္ေယာက္နဲ႔ တစ္ေယာက္ နားလည္မႈ ပို႐ွိလာၿပီး ခံစားခ်က္ေတြကို ပိုနားလည္ လက္ခံလာႏုိင္မွာပါ။ ေလးနက္တဲ့ စကားဝိုင္းေတြက မရင့္က်က္တဲ့ စံံုတြဲေတြမွာေတာ့ မေတြ႔ရတတ္ပါဘူး။
Khin
Credit
Unicode
မရင့်ကျက်တဲ့ စံုံတွဲတွေဆီမှာပဲ တွေ့ရတတ်တဲ့ မရင့်ကျက်တဲ့ အပြုအမူများ
အချစ်ရေးက နည်းနည်းတော့ ရှုပ်ထွေး ပါတယ်။ အချစ်ရေးမှာ ရင့်ကျက်မှု ရှိတယ်၊ မရှိဘူးဆိုတာက အသက်အရွယ်နဲ့ မဆိုင်သလို အတွေ့အကြုံနဲ့လည်း မဆိုင် ပါဘူး။
အချစ်ရေးမှာ ရင့်ကျက်မှု မရှိသေးတဲ့ စုံတွဲတွေ ဆီမှာတော့ ဒီလို အချက်တွေကို တွေ့ရတတ်ပါ တယ်နော်။
(1) အမြဲလိုလို ရန်ဖြစ်စကားများတတ်တယ်
ချစ်သူစုံတွဲ ဆိုတာ ကတော့ တစ်ခါတစ်လေ ရန်ဖြစ်စကား များတာလောက် ကတော့ ဖြစ်လေ့ ရှိတတ်ကြ တာပါပဲ။ ဒါပေမယ့် မကြာခဏ ဆိုသလို စကားများ ရန်ဖြစ်တာတွေ ဖြစ်နေခဲ့မယ် ဆိုရင်တော့ ဒါဟာ အချစ်မှာ မရင့်ကျက်တဲ့ လက္ခဏာ ရပ်ပါ။
အသက်အရွယ်၊ အတွေ့အကြုံတွေက အချစ်နဲ့ လုံးလုံးမှ မသက်ဆိုင်သလို အချစ်ရဲ့ ရင့်ကျက်ခြင်း၊ မရင့်ကျက်ခြင်း ဟာလည်း ဒါတွေနဲ့ မဆိုင် ပါဘူးနော်။ တစ်ချို့လူတွေဆို တည်ငြိမ်သင့်တဲ့ အရွယ်ရောက်နေပေမယ့် အချစ်နဲ့ ပတ်သက် လာရင်တော့ ရင့်ကျက်မှု နည်းနေကြဆဲပါ။
(2) အမြဲတမ်း သဝန်တိုတတ်တယ်
အချစ်ရေးတစ်ခု ပိုလှပ အသက်ဝင် ဖို့ဆိုရင် သဝန်တိုတာလေး၊ ရစ်တာလေးတွေဟာလည်း မပါမဖြစ်တဲ့ အရာလေးတွေ ပါ။ ဒါပေမယ့် အရာရာမှာ ရှိသင့်ရှိထိုက်တဲ့ အတိုင်းအတာဆိုတာ ရှိတတ် ပါတယ်။
နေရာတကာ လိုက်အူတိုနေတာကတော့ ချစ်သူကို ချစ်ရာမရောက်ပဲ စိတ်ကျဉ်းကျပ် ပင်ပန်းအောင် လုပ်နေသလိုပါပဲ။
အရာရာမှာ လိုက်သဝန် တိုတတ်တာ ကလည်း အချစ်မှာ မရင့်ကျက်တဲ့ လက္ခဏာရပ်ပါပဲ။ တကယ်တော့ နေရာတကာ လိုက်အူ တိုလွန်းတာက ကြာလာရင် ဘာမှကို မခံစားရတော့ပဲ စိတ်ပျက် လာတတ် ပါတယ်။ လုပ်ဆောင်မှု တိုင်းက အချိန်မှန်၊ နေရာမှန် ဖြစ်ဖို့ လိုအပ်ပါတယ်။
(3) အနာဂတ် အစီအစဉ် ဘာမှမရှိဘူး
ချစ်လို့ လက်တွဲကြတဲ့ သူတွေမှာ အနာဂတ်အစီအစဉ်လေးတွေတော့ ရှိထားသင့်ပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် တွဲတော့ တွဲနေတာပဲ ဘာအစီအစဉ် ဘာ plan မှ မရှိဘူးဆိုရင်တော့ ချစ်သူတွေလို ဘယ်ခေါ်တော့ မလဲ။
ချစ်သူဆိုတာ ကိုယ်လိုအပ်တဲ့ အချိန်လေး တစ်ခုအတွက်သာ တွဲနေတယ်ဆိုရင်တော့ ဒါဟာလည်း အချစ်ရဲ့ မရင့်ကျက်ခြင်းတစ်မျိုးပါပဲနော်။
(4) လေးနက်တဲ့ စကားဝိုင်းတွေ မရှိဘူး
ဆက်ဆံရေးတစ်ခုမှ ပွင့်လင်းတဲ့ လေးနက်တဲ့ စကားဝိုင်မျိုး ရှိဖို့ လိုအပ်ပါတယ်။ ဆိုလိုချင်တာကတော့ တစ်ယောက်ရဲ့ ရင်ထဲက စစ်မှန်တဲ့ ခံစားချက်တွေကို တစ်ယောက် သေချာအလေးထား နားထောင်ပေးဖို့ လိုအပ်တာပါ။
ဒါမှ တစ်ယောက်နဲ့ တစ်ယောက် နားလည်မှု ပိုရှိလာပြီး ခံစားချက်တွေကို ပိုနားလည် လက်ခံလာနိုင်မှာပါ။ လေးနက်တဲ့ စကားဝိုင်းတွေက မရင့်ကျက်တဲ့ စံုံတွဲတွေမှာတော့ မတွေ့ရတတ်ပါဘူး။
Khin
No Comments