အိုင်းစတိုင်းပြောတဲ့ လက်တွေ့ဘ၀ သင်ခန်းစာ (၇) ခု - Amawpyay

အိုင်းစတိုင်းပြောတဲ့ လက်တွေ့ဘ၀ သင်ခန်းစာ (၇) ခု

အိုင်းစတိုင်းပြောတဲ့ လက်တွေ့ဘ၀ သင်ခန်းစာ (၇) ခု
Knowledge

အိုင်းစတိုင်းပြောတဲ့ လက်တွေ့ဘ၀ သင်ခန်းစာ (၇) ခု

(၁) သိလိုစိတ်ပြင်းပြနေပါစေ

“ကျွန်တော့်မှာ ထူးထူးခြားခြားပင်ကို စွမ်းရည် ပါရမီ ဘာမှ မရှိပါဘူး ပြင်းပြင်းထန်ထန် သိလိုစိတ်၊ စူးစမ်း လိုစိတ်ပဲ ရှိတာပါ။

ကျွန်တော်တို့ဟာ အမြဲ သိလိုစိတ်၊ စူးစမ်းလို စိတ်ပြင်းပြနေ ရမှာဖြစ်ပြီး အတွေးတစ်ခုခု၊ သိလိုတာ တစ်ခုခုရုတ်တရက်ပေါ်လာပြီ ဆိုရင်လည်း ထုတ်ဖော်ပြောဆိုရဲ၊ မေးခွန်းထုတ်ရဲရပါမယ်။

သင့်ရဲ့သိလို စိတ်ပြင်းပြမှုကို ဘယ်အရာကမှ မတားဆီးနိုင် ပါဘူး။ လူတစ်ယောက်နဲ့ တစ်ယောက်ဟာ သိလိုစိတ်၊ သင်ယူလိုစိတ် ပြင်းပြမှုရှိ မရှိပေါ်မှာ မူတည်ပြီး

ကွာခြား သွားကြတာပါ။ သင့်ရဲ့ရည်မှန်းချက်တွေ ကိုဖော်ထုတ်ပါ၊ စိတ်ထဲက သိလို တဲ့မေးခွန်းတွေ အားလုံးရဲ့အဖြေကို ရအောင် ရှာဖွေပါ။

(၂) ဇွဲ၊ လုံ့လ၊ ဝိရီယ ထက်သန်မှုဟာ အဖိုးမဖြတ်နိုင်ပါဘူး

ကျွန်တော်က ထူးချွန်တဲ့ လူတော်တစ်ယောက် မဟုတ်ပါ ဘူး။ ကျွန်တော်က ဖြေရှင်းရမယ့်ပြသာနာတွေနဲ့ အကြာကြီးနေနိုင် တာပါ။

သင်သာ လုံ့လ ဝီရိယရှိတဲ့ လူတစ်ယောက်ဆို သင်မဖြေရှင်းနိုင် တဲ့ပြသာနာ၊ သင်မလုပ်နိုင်တဲ့အရာဆိုတာ မရှိပါဘူး။ ဒါကြောင့်ဖြေရှင်း မရတဲ့ပြသာနာတွေကို ဘယ်တော့မှ အရှုံးမပေးပါနဲ့။

(၃) အမှားတွေလုပ်ပါ

ဘယ်တော့မှ အမှားမလုပ်ဖူးတဲ့ လူတစ်ယောက်ဟာ ဘယ်တော့မှ လည်းအသစ် တစ်ခုခုကို ဖန်တီးနိုင် မှာမဟုတ်ဘူး။

အိုင်စတိုင်း ဆိုလိုတာဟာ တမင်ရည်ရွယ်ပြီး လုပ်တဲ့ အမှားတွေ ကိုတော့ ဆိုလိုတာ မဟုတ်ပါဘူး။ အမှားတစ်ခုခု လုပ်မိမှာ ကြောက်စရာ လုံးဝ မလိုဘူးလို့ ဆိုလိုခြင်းပဲဖြစ်ပါတယ်။

ကျွန်တော်တို့ဟာ တစ်ခုခုကို မှားယွင်း မှာကြောက်နေရင် အားနည်းချက်တွေကို အနိုင်ယူနိုင်တဲ့ နည်းလမ်းတွေကို ဘယ်တော့မှ သင်ယူနိုင်မှာ မဟုတ်ပါဘူး

(၄) တန်ဖိုးရှိအောင်နေထိုင်ပါ

ကြိုးစားမှုဟာ အောင်မြင်မှု မဟုတ်ပါဘူး၊ တန်ဖိုးတစ်ခု ပဲဖြစ်ပါတယ်။

လူတော်တော် များများက အောင်မြင်ကို ချဉ်းကပ်ပုံတွေ လွဲချော်နေကြ ပါတယ်။ အောင်မြင်မှုဆိုတာငွေကြေး ချမ်းသာကြွယ်ဝနေ တာမျိုး မဟုတ်ပါဘူး။ အောင်မြင်မှု ဆိုတာ နေ့ချင်း ညချင်း ဖန်တီးယူလို့ မရပါဘူး တစ်ဆင့်ချင်း သွားမယ့် အရာဖြစ် ပါတယ်။

ဒါကြောင့် အောင်မြင်တဲ့ လူမဖြစ်ခင် တန်ဖိုးရှိတဲ့ လူအရင်ဖြစ်အောင် ကြိုးစားရမှာပါ။ တန်ဖိုးရှိတဲ့ လူတစ်ယောက်ဆိုတာ ကျင့်ဝတ် ရှိရမယ်၊ အကျင့်စာရိတ္တကောင်းမွန် ရမယ်၊ ဂုဏ်သိက္ခာ ရှိရမယ်၊ ရိုးသားရမယ် စတဲ့ အချက်တွေနဲ့ပြည့်စုံ ရမှာပါ။

(၅) ပညာဗဟုသုတဆိုတာ အတွေ့အကြုံကတစ်ဆင့်ဖြစ်လာတာပါ

အကြောင်းအရာ အချက်အလက်တွေက ပညာဗဟုသုတ မဟုတ် ပါဘူး။ ပညာဗဟုသုတရဲ့တစ်ခုတည်းသော အရင်းအမြစ်က အတွေ့အကြုံပါ။

လူတစ်ယောက်ဟာ သူ့ရဲ့သက်ဆိုင်ရာ နယ်ပယ်မှာ အတွေ့အကြုံပြည့်ဝနေ တယ်ဆိုတာသူ့အိမ်မှာ စာကြည့် တိုက်ကြီးအကြီးကြီးရှိနေလို့ မဟုတ်ပါဘူး။

သူဟာ သူ့နယ်ပယ်မှာအမှားတွေအကြိမ်ကြိမ်ပြုလုပ် မိပြီး အမှားတွေ ကနေ တစ်ဆင့်သင် ယူရင်းနဲ့မှ အတွေ့အကြုံရှိတဲ့ လူတစ်ယောက်ဆိုတာဖြစ် လာတာ ပါ။

ဒါကြောင့် အထက်မှာဖော်ပြခဲ့ သလို အမှားတွေလုပ်မိ သွားမှာ မကြောက်ပါနဲ့။ အမှားတွေကတစ်ဆင့် သင်ခန်းစာ ယူနိုင်ဖို့ပဲ လိုတာပါ။

ပြသာနာတွေကို ဘယ်လို မဖြေရှင်းသင့် ဘူးဆိုတဲ့ အတွေ့အကြုံဟာ အမှားတွေက တစ်ဆင့်ရနိုင် ပါတယ်။

(၆) စည်းမျဉ်းတွေအရင်သင်ယူပါ။ ပြီးမှအကောင်းဆုံးကစားပါ။

ဂိမ်းတစ်ခုကို ကစားတော့မယ် ဆိုရင် စည်းမျဉ်တွေ ကိုအရင်နားလည်အောင် သင်ယူပါ။ ပြီးမှသူများထက် သာအောင် ကစားပါ။

ကျွန်တော်တို့မှာ ဘ၀မှာလည်း ဘ၀ရဲ့စည်းမျဉ်းတွေကို အရင်နားလည်အောင် သင်ယူရမှာပါ။ပြီးမှ ဘ၀မှာအောင်မြင်အောင် ကြိုးစား ရမှာပါ။ ကျွန်တော်တို့ဟာ

အောင်မြင်တဲ့လူတွေလုပ်တဲ့ အတိုင်း တစ်ထေရာတည်းလိုက် လုပ်ဆောင်စရာ မလိုပါဘူး။ ကိုယ့်နည်းလမ်းနဲ့ကိုယ် မတူညီတဲ့အရာတွေဖန်တီးပြီး အောင်မြင်အောင်လုပ်ရမှာပါ။

(၇) စိတ်ကူးစိတ်သန်းတွေဟာ စွမ်းအားတစ်ခုဖြစ်ပါတယ်။

အရာအားလုံးကို စိတ်ကူးယဉ်ကြည့် နိုင်ပါတယ်။ အဲ့ဒါဟာ ဘ၀မှာဖြစ်ပေါ် လာမယ့် အရာတွေရဲ့နိဒါန်းပဲဖြစ် ပါတယ်။ စိတ်ကူးစိတ်သန်း ဟာ ဗဟုသုတ ထက်တောင်မှ အရေးကြီးပါသေးတယ်။

စိတ်ကူးစိတ်သန်းတွေ ဆိုတာ ဗဟုသုတ၊ အတွေ့အကြုံ စတဲ့တွေက တစ်ဆင့် လာဖြစ်ပေါ်လာတာပါ။ စိတ်ကူးစိတ်သန်းတွေ ဟာ သင့်အနာဂတ်ကို ဘယ်လို ဖန်တီးမယ် ဆိုတဲ့ ဖော်မြူလာတွေ တွက်ချက်ပေး နိုင်စွမ်းရှိ ပါတယ်။

လင်းထက်မော် (Focus Youth) ဘာသာပြန်

No Comments

Leave a Reply

Your email address will not be published.

ရိုးဂုဏ်ဆိုတာ တန်ဖိုးဖြတ်လို့ မရဘူး
Knowledge
” ရိုးဂုဏ်ဆိုတာ တန်ဖိုးဖြတ်လို့ မရဘူး “

” ရိုးဂုဏ်ဆိုတာ တန်ဖိုးဖြတ်လို့ မရဘူး “ ငါ့လောက်ခြေထောက် များတဲ့သူကမ္ဘာမှာရှိရဲ့လားလို့ ကျောက်တုံးပေါ်က ကင်းခြေများက ကြွေးကြော်တော့ သူနေတဲ့နေရာနဲ့အနီးနားက ကျောက်ကုန်းပေါ်က ပို့နတ်သံကောင်က မင်းကငါ့ကို ပြိုင်ဝံ့လို့လားပြောလိုက်တော့ ခင်ဗျားကိုတော့ကျွန်နော် မပြိုင်ဝံ့ပါလို့ကင်းခြေများက ပြောရှာပါသတဲ့…. တစ်နေ့တွင် အမိတာဘချမ်းသည် လေယာဉ်ဖြင့်ခရီးထွက်ရန် ကိစ္စတစ်ခုပေါ်လာသည်။ လေယာဉ်ပေါ်ရှိ သူနှင့်ဘေးချင်းကပ်လျက်ကျသော လူတစ်ယောက်မှာ သူ့ထက်အသက်ကြီးပြီး ရိုးရိုးရှပ်အင်္ကျီနှင့် ဘောင်းဘီကိုသာ ဝတ်ထားသော သာမန် လူလတ်တန်းစားပုံစံပေါက်နေသည့် လူကြီးတစ်ယောက်ဖြစ်သည်။ ထိုလူကြီးမှာ ပညာတော့ တတ်ပုံရသည်။ သတင်းစာတစ်စောင်ကို ဖတ်နေတာတွေ့ရသည်။ ထိုစဉ် လေယာဉ်မယ်လေးက လက်ဖက်ရည်ဖြင့် လိုက်ဧည့်ခံလေသည်။ ထိုလူကြီးက လက်ဖက်ရည်ခွက်ကိုယူလိုက်ပြီး သူနှင့်ဘေးချင်းကပ် အမိတာဘချမ်းကို အသာအယာပြုံးပြလာလေသည်။bအမိတာဘချမ်းကလည်း ထိုလူ့ကို အခွင့်သာခိုက် ပြုံးပြလိုက်ပြီး “ဟဲလို” …

" ပိုက်ဆံ ရှာပါ စုပါ သုံးပါ မဖြုန်းပါနှင့် "
Knowledge
” ပိုက်ဆံ ရှာပါ စုပါ သုံးပါ မဖြုန်းပါနှင့် “

” ပိုက်ဆံ ရှာပါ စုပါ သုံးပါ မဖြုန်းပါနှင့် “ ပိုက်ဆံရှိမှ ဖြစ်တော့မယ်လို့ တွေးမိတဲ့အချိန်ဟာ ခရီးတစ်ခုကို စတင်ဖို့ လက်မှတ်စဝယ်တာနဲ့ တူပါတယ်။ လောကမှာ ပိုက်ဆံရှိမှ ပိုအဆင်ပြေနိုင်ပါတယ်။ မိသားစုထဲမှာ ကြည့်ပါ။ ပိုက်ဆံရှာနိုင်တဲ့သူက ပိုအရေးပါ အရာရောက်ပါတယ်။ အပေါင်းအသင်းတွေ ကြားထဲ ကြည့်ပါ။ ပိုက်ဆံရှိတဲ့သူက ပိုလူရာဝင်ပါတယ်။ လူမှုအဖွဲ့အစည်း တစ်ခုခုကို ကြည့်ပါ။ ပိုက်ဆံပိုရှိတဲ့သူက ပိုအရာရောက်ပါတယ်။ ဒါဟာ လောကကြီးထဲမှာ ရာခိုင်နှုန်း တော်တော်များများ ဖြစ်နေတာပါ။ ဘယ်နည်းနဲ့ကြည့်ကြည့် သင် ပိုက်ဆံရှာရပါမယ်။ ငွေစုရပါမယ်။ သင်ပိုက်ဆံရှိမှ သင်ချစ်တဲ့သူတွေအတွက် သင်လုပ်ချင်တဲ့အရာတွေအတွက် သင်ပြောချင်တဲ့စကားတွေအတွက် သင်လိုချင်တဲ့အရာတွေအတွက် အားလုံးမဟုတ်ရင်တောင် တော်တော်များများလုပ်လို့ရမှာပါ။ “ခင်မင်မှုက ပိုအရေးကြီးတယ်” …

ခံတွင်း အနံ့ဆိုးကို ဘယ်လို ဖျောက်ကြမလဲ
Knowledge
ခံတွင်း အနံ့ဆိုးကို ဘယ်လို ဖျောက်ကြမလဲ

ခံတွင်း အနံ့ဆိုးကို ဘယ်လို ဖျောက်ကြမလဲ ခံတွင်း ပုတ် အနံ့ သည် လူတယောက် အတွက် မိမိကိုယ် ကို ယုံကြည်မူ့ မဲ့စေပါသည်။ ခံံတွင်းအနံ့ မကောင်း သူများသည် လူအများ ကြားတွင် စကားပြော ဆိုရာ တွင် မိမိ ၏ ပါးစပ်မှ အနံ့ ကြောင့် သူတပါးအား အနှောင့်အယှက် ဖြစ်စေသလို မိမိကိုယ်တိုင်လည်း သိမ်ငယ်ရပါသည် ။ ကျွန်တော် တာဝန်ထမ်းဆောင်ရာ အရပ်တပါး၌် တောရ ကျောင်းတခုတွင် သီတင်းသုံး နေထိုင်သော ရဟန်းတပါးအား အခါ အခွင့်သင့်၍ သွားရောက် ဖူးခဲ့ပါသည်။ ထိုရဟန်းသည် စကားပြောသောအခါတွင် ပါးစပ်အား လက်ဝါးနှင့် ကာ၍ …