ဗိုက္အဆီေတြကိုအျပတ္ျဖဳတ္ေပးမယ့္ က်န္းမာေရးနဲ႔ကိုက္ညီတဲ့ ေရေသာက္နည္းမ်ား - Amawpyay

ဗိုက္အဆီေတြကိုအျပတ္ျဖဳတ္ေပးမယ့္ က်န္းမာေရးနဲ႔ကိုက္ညီတဲ့ ေရေသာက္နည္းမ်ား

ဗိုက္အဆီေတြကိုအျပတ္ျဖဳတ္ေပးမယ့္ က်န္းမာေရးနဲ႔ကိုက္ညီတဲ့ ေရေသာက္နည္းမ်ား
အခ်စ္ေရး

ဗိုက္အဆီေတြကိုအျပတ္ျဖဳတ္ေပးမယ့္ က်န္းမာေရးနဲ႔ကိုက္ညီတဲ့ ေရေသာက္နည္းမ်ား

ေန႔စဥ္ လိုအပ္တဲ့ ေရေသာက္တယ္ ဆိုတာမွာ ေရေတြထဲကို တျခားပစၥည္းေတြ ေပါင္းထည့္ၿပီး ေသာက္လို႔ ရပါတယ္။ ေရထဲကို ေပါင္းထည့္တဲ့ ပစၥည္းေတြကို မူတည္ၿပီး သင့္က်န္းမာေရးကို ထူးျခားေစတတ္ ပါတယ္။

ဥပမာ ေရထဲကို အဆိပ္ေရာ ထားရင္ ေသတာမ်ိဳးေပါ့။ အခု ေျပာျပမယ့္ နည္းေလးေတြကေတာ့ ဗိုက္အဆီေတြကို က်သြားေစမယ့္ ေရ ျပဳလုပ္နည္းေလးေတြပါပဲ။ ဒီလိုမ်ိဳး ေရာေႏွာၿပီး ေသာက္မယ္ဆိုရင္ ခ်ပ္ရပ္ေနတဲ့ ဗိုက္ကေလးေတြနဲ ႔အတူ က်န္းမာလွပေနမွာ ျဖစ္ပါတယ္။

(၁) ေရေႏြးနဲ႔ သဘာဝဆား

ဗိုက္အဆီေတြကိုအျပတ္ျဖဳတ္ေပးမယ့္ က်န္းမာေရးနဲ႔ကိုက္ညီတဲ့ ေရေသာက္နည္းမ်ား

ခႏၶာကိုယ္က လိုအပ္တဲ့ အထဲမွာ လံုေလာက္တဲ့ ဆားပမာဏ လည္း ပါဝင္ပါတယ္။ ဟင္းခ်က္တဲ့အခါ သံုးၾကတဲ့ အိုင္အိုဒင္းဆား မဟုတ္ဘဲ ပင္လယ္ဆား လက္ဖက္ရည္ဇြန္း ႏွစ္ဇြန္းကို ေရေႏြးေႏြးေလး ႏွစ္ခြက္ ပမာဏနဲ႔ ေရေႏွာၿပီး ေသာက္သံုးလို႔ ရပါတယ္။

အစာမစားထားတဲ့ မနက္လို အခ်ိန္မ်ိဳးဆို အေကာင္းဆံုးပါပဲ။ အရသာခံခ်င္ရင္ေတာ့ သံပရိုသီး အနည္းငယ္ညစ္ၿပီး ေသာက္လို႔ ရပါတယ္။ (ေရာဂါအခံေၾကာင့္ ဆားကို ေလွ်ာ့စားရတဲ့သူဆိုရင္ေတာ့ ဒီနည္းနဲ႔ မသင့္ေလ်ာ္ပါဘူးေနာ္)

(၂) ေရနဲ႔ ၾကက္သြန္ျဖဴ

ၾကက္သြန္ျဖဴက က်န္းမာေရးကို အမ်ားႀကီး အေထာက္အကူျပဳတဲ့ အစားအစာ တစ္မ်ိဳး ျဖစ္ပါတယ္။ အစာလည္း ေၾကေစႏိုင္သလို ခႏၶာကိုယ္ရဲ႕ အညစ္အေၾကးေတြကိုလည္း သန္႔စင္ေပးႏိုင္ပါတယ္။

ဗိုက္အဆီေတြကိုအျပတ္ျဖဳတ္ေပးမယ့္ က်န္းမာေရးနဲ႔ကိုက္ညီတဲ့ ေရေသာက္နည္းမ်ား

ၾကက္သြန္ျဖဴ ႏွစ္တက္ကို ပါးပါးလွီးၿပီး ေရ ၅၀၀ မီလီ နဲ႔ ေရာထားၿပီး ၁၀ မိနစ္ေလာက္ထားၿပီးရင္ေတာ့ ေသာက္လို႔ ရပါတယ္။ အနည္းဆံုး ၾကက္သြန္ျဖဴနဲ႔ စိမ္ထားတဲ့ေရကို ႏွစ္နာရီအတြင္းမွာ ေသာက္သံုးတာက အက်ိဳး အရွိဆုံးပါေနာ္။

(၃) ေရ၊ ပန္းသီးနဲ႔ သစ္ၾကံပိုးေခါက္

ပန္းသီးနဲ႔ သစ္ၾကံပိုးေခါက္ ႏွစ္ခုလံုးက အဆီေတြကို က်ေစႏိုင္တဲ့ အာနိသင္ ရွိပါတယ္။ ဒီႏွစ္မ်ိဳးကို ေပါင္းလိုက္ရင္ေတာ့ ဗီတာမင္ စီနဲ႔ဘီကိုလည္း ရရွိႏိုင္ ပါေသးတယ္။

ပန္းသီး ႏွစ္လံုး၊ သစ္ၾကံပိုးေခါက္ ႏွစ္ခုနဲ႔ ေရ တို႔ကို ေရာၿပီး ေရခဲေသတၱာထဲမွာ ၁ နာရီေလာက္ ထားၿပီးရင္ေတာ့ ေသာက္လို႔ ရပါၿပီ။

(၄) ေရနဲ႔ ငရုပ္ေကာင္း

အဆီက်ဖို႔အတြက္ဆို ငရုပ္ေကာင္းကလည္း ပံ့ပိုးေပးႏိုင္ပါတယ္။ ႏွလံုးေရာဂါ ျဖစ္ပြားမႈကိုေတာင္ ေလွ်ာ့ခ်ေပးတာကေတာ့ ငရုပ္ေကာင္းရဲ႕ အစြမ္းသတၱိပါပဲ။

ငရုပ္ေကာင္းကို မညက္တညက္ ေထာင္းထားတဲ့ လက္ဖက္ရည္ဇြန္း တစ္ဝက္စာကို ေထာင္းထားတဲ့ ဂ်င္း လက္ဖက္ရည္ တစ္ဇြန္းနဲ႔ ပ်ားရည္ တစ္ဇြန္းကို ေရာေမႊထားပါ။

ေရခပ္ေႏြးေႏြး တစ္ဖန္ခြက္ကို ေရာေမႊထားတာ လက္ဖက္ရည္ဇြန္း တစ္ဇြန္းစာ ထည့္ၿပီးတဲ့ ေနာက္မွာေတာ့ သံပရိုသီး ညစ္ၿပီး ေရ မေအးခင္မွာ ေသာက္သံုးသင့္ပါတယ္။

Kham

Credit

Unicode

ဗိုက်အဆီတွေကိုအပြတ်ဖြုတ်ပေးမယ့် ကျန်းမာရေးနဲ့ကိုက်ညီတဲ့ ရေသောက်နည်းများ

နေ့စဉ် လိုအပ်တဲ့ ရေသောက်တယ် ဆိုတာမှာ ရေတွေထဲကို တခြားပစ္စည်းတွေ ပေါင်းထည့်ပြီး သောက်လို့ ရပါတယ်။ ရေထဲကို ပေါင်းထည့်တဲ့ ပစ္စည်းတွေကို မူတည်ပြီး သင့်ကျန်းမာရေးကို ထူးခြားစေတတ် ပါတယ်။

ဥပမာ ရေထဲကို အဆိပ်ရော ထားရင် သေတာမျိုးပေါ့။ အခု ပြောပြမယ့် နည်းလေးတွေကတော့ ဗိုက်အဆီတွေကို ကျသွားစေမယ့် ရေ ပြုလုပ်နည်းလေးတွေပါပဲ။ ဒီလိုမျိုး ရောနှောပြီး သောက်မယ်ဆိုရင် ချပ်ရပ်နေတဲ့ ဗိုက်ကလေးတွေနဲ့အတူ ကျန်းမာလှပနေမှာ ဖြစ်ပါတယ်။

(၁) ရေနွေးနဲ့ သဘာဝဆား

ခန္ဓာကိုယ်က လိုအပ်တဲ့ အထဲမှာ လုံလောက်တဲ့ ဆားပမာဏ လည်း ပါဝင်ပါတယ်။ ဟင်းချက်တဲ့အခါ သုံးကြတဲ့ အိုင်အိုဒင်းဆား မဟုတ်ဘဲ ပင်လယ်ဆား လက်ဖက်ရည်ဇွန်း နှစ်ဇွန်းကို ရေနွေးနွေးလေး နှစ်ခွက် ပမာဏနဲ့ ရေနှောပြီး သောက်သုံးလို့ ရပါတယ်။

အစာမစားထားတဲ့ မနက်လို အချိန်မျိုးဆို အကောင်းဆုံးပါပဲ။ အရသာခံချင်ရင်တော့ သံပရိုသီး အနည်းငယ်ညစ်ပြီး သောက်လို့ ရပါတယ်။ (ရောဂါအခံကြောင့် ဆားကို လျှော့စားရတဲ့သူဆိုရင်တော့ ဒီနည်းနဲ့ မသင့်လျော်ပါဘူးနော်)

(၂) ရေနဲ့ ကြက်သွန်ဖြူ

ကြက်သွန်ဖြူက ကျန်းမာရေးကို အများကြီး အထောက်အကူပြုတဲ့ အစားအစာ တစ်မျိုး ဖြစ်ပါတယ်။ အစာလည်း ကြေစေနိုင်သလို ခန္ဓာကိုယ်ရဲ့ အညစ်အကြေးတွေကိုလည်း သန့်စင်ပေးနိုင်ပါတယ်။

ကြက်သွန်ဖြူ နှစ်တက်ကို ပါးပါးလှီးပြီး ရေ ၅၀၀ မီလီ နဲ့ ရောထားပြီး ၁၀ မိနစ်လောက်ထားပြီးရင်တော့ သောက်လို့ ရပါတယ်။ အနည်းဆုံး ကြက်သွန်ဖြူနဲ့ စိမ်ထားတဲ့ရေကို နှစ်နာရီအတွင်းမှာ သောက်သုံးတာက အကျိုး အရှိဆုံးပါနော်။

(၃) ရေ၊ ပန်းသီးနဲ့ သစ်ကြံပိုးခေါက်

ပန်းသီးနဲ့ သစ်ကြံပိုးခေါက် နှစ်ခုလုံးက အဆီတွေကို ကျစေနိုင်တဲ့ အာနိသင် ရှိပါတယ်။ ဒီနှစ်မျိုးကို ပေါင်းလိုက်ရင်တော့ ဗီတာမင် စီနဲ့ဘီကိုလည်း ရရှိနိုင် ပါသေးတယ်။

ပန်းသီး နှစ်လုံး၊ သစ်ကြံပိုးခေါက် နှစ်ခုနဲ့ ရေ တို့ကို ရောပြီး ရေခဲသေတ္တာထဲမှာ ၁ နာရီလောက် ထားပြီးရင်တော့ သောက်လို့ ရပါပြီ။

(၄) ရေနဲ့ ငရုပ်ကောင်း

အဆီကျဖို့အတွက်ဆို ငရုပ်ကောင်းကလည်း ပံ့ပိုးပေးနိုင်ပါတယ်။ နှလုံးရောဂါ ဖြစ်ပွားမှုကိုတောင် လျှော့ချပေးတာကတော့ ငရုပ်ကောင်းရဲ့ အစွမ်းသတ္တိပါပဲ။

ငရုပ်ကောင်းကို မညက်တညက် ထောင်းထားတဲ့ လက်ဖက်ရည်ဇွန်း တစ်ဝက်စာကို ထောင်းထားတဲ့ ဂျင်း လက်ဖက်ရည် တစ်ဇွန်းနဲ့ ပျားရည် တစ်ဇွန်းကို ရောမွှေထားပါ။

ရေခပ်နွေးနွေး တစ်ဖန်ခွက်ကို ရောမွှေထားတာ လက်ဖက်ရည်ဇွန်း တစ်ဇွန်းစာ ထည့်ပြီးတဲ့ နောက်မှာတော့ သံပရိုသီး ညစ်ပြီး ရေ မအေးခင်မှာ သောက်သုံးသင့်ပါတယ်။

Kham

No Comments

Leave a Reply

Your email address will not be published.

အခ်စ္ေရး
ဘယ်တော့မှမဆုံစည်းနိုင်တော့တဲ့ တစ်ယောက်သောသူကို သတိရလာတဲ့အခါ..

ဘယ်တော့မှမဆုံစည်းနိုင်တော့တဲ့ တစ်ယောက်သောသူကို သတိရလာတဲ့အခါ.. သင့်ရဲ့ဘဝမှာ လုံးဝ မဆုံနိုင်တော့တဲ့ သူတစ်ယောက်၊ အမြဲ သတိရနေသူ တစ်ယောက် ကတော့ ရှိခဲ့ဖူးမှာပါ။ အခုရှိနေ ရင်လည်း ရှိနေမှာပေါ့။ သူက ကိုယ့်အနားလုံးဝမရှိတော့တာဖြစ်စေ၊ ဒီကမ္ဘာကြီးမှာ မရှိတော့ တာပဲဖြစ်ဖြစ် သူ့ကို သတိရတဲ့ အချိန် ရှိမှာပါပဲ။ အဲ့လိုအချိန်မှာ တမ်းတစိတ်ကြောင့် ရူးရူးမိုက်မိုက် မဖြစ်သွား ပါနဲ့။ သင်ခံစား နိုင်ပါတယ်။ နာကျင်နိုင်ပါတယ်။ သတိရ နိုင်ပါတယ်။ ဒါပေမဲ့ သတိရတဲ့ အချိန်တိုင်း အရင်ကထက် ပိုသက်သာစေ မယ့် နည်းလမ်းတွေကို ဖော်ပြပေးပါရစေ။ ၁။ ဒီလိုခံစားရတာ သင့်အမှား မဟုတ်ပါဘူး အချိန်က အရာရာကို ကုစား သွားမယ်လို့ …

အခ်စ္ေရး
မိန်းကလေးတွေက အရမ်းချစ်သွားမိရင် ကိုယ့်သွေးသားရင်းလိုပဲခံစားရတာ

မိန်းကလေးတွေက အရမ်းချစ်သွားမိရင် ကိုယ့်သွေးသားရင်းလိုပဲခံစားရတာ မိန်းကလေးတွေဟာ မွေးရာပါ မိခင်စိတ် ရှိသူတွေ ဖြစ်ကြ ပါတယ်။ စိတ်နှလုံးနူးညံ့တယ်၊ သနားလွယ်တယ်၊ အနစ်နာခံ တတ်တယ်။ ဒီလို မိန်းကလေးတွေဟာ ချစ်မိပြီ ဆိုရင် သူမတူအောင်ကို ချစ်နိုင်ကြပါတယ် …. ။ ချစ်သူအတွက် ချစ်သူ အဖြစ်သာမက မိခင်တစ်ယောက် နီးပါးကို ဂရုစိုက် နိုင်တဲ့၊ ချစ်နိုင်တဲ့ မိန်းကလေးတွေဆိုတာ ဒီအချက်တွေနဲ့ ကိုက်ညီနေ သူပါ။ ဒါကြောင့် သင့်ချစ်သူသာ ဒီလို မိန်းကလေးဖြစ်နေခဲ့ရင် သင်ဟာ ကမ္ဘာပေါ်မှာ ကံအကောင်းဆုံး လူတစ်ယောက် ဖြစ်တယ် ဆိုတာ သိထား လိုက်ပါနော် ။ (1) အချိန်ပြည့်စိတ်ပူပေးတယ် မိခင်တစ်ယောက် နီးပါး …

အခ်စ္ေရး
အချိန်ကြာ လမ်းခွဲပြီးသွားမှ ပြန်လက်တွဲသွားကြတဲ့စုံတွဲတွေရဲ့ ထူးခြားချက်(၅) ချက်

အချိန်ကြာ လမ်းခွဲပြီးသွားမှ ပြန်လက်တွဲသွားကြတဲ့စုံတွဲတွေရဲ့ ထူးခြားချက်(၅) ချက် ချစ်သူချင်း အဆင်မပြေလို့ ကွဲကြ၊ ကွာကြတာဟာ ဓမ္မတာပါပဲ။ ဒါပေမဲ့ လမ်းခွဲပြတ်စဲခဲ့တဲ့ ချစ်သူတွေ အချိန်အတော်ကြာ အဆက်အသွယ်လည်း မလုပ်ကြဘဲ နောက်မှ ပြန်တွဲကြတဲ့အခါ နှစ်ယောက်ကြားက အချစ်ရေးမျာ ကောင်းကျိုးလေးတွေ ရှိလာတတ်ပါတယ်။ အဲဒါလေးတွေကတော့.. (၁) သံယောဇဉ်ပိုတိုးလာတယ် ဒါကတော့ ဒီလို ပြန်တွဲခဲ့ကြတဲ့ ချစ်သူတွေမှာ အဖြစ်အများဆုံးကိစ္စပါပဲ။ ဝေးပြီးတဲ့နောက် တစ်ယောက်အပေါ်တစ်ယောက် ထားရှိတဲ့ စိတ်ခံစားချက်တွေ ပိုသေချာသွားတာကြောင့် သူနဲ့လည်းအတူပြန်ရှိရော သံယောဇဉ်တွေ အရင်ကထက်ပိုတိုးလာတာပါ။ (၂) ပိုရင့်ကျက်လာကြတယ် ပြဿနာဖြစ်တိုင်း အရင်လို ဒေါနဲ့မောနဲ့ ြဖေရှင်းမယ်၊ ဘာမဟုတ်တာလေးနဲ့ ပြတ်မယ်ပြောတယ်ဆိုတဲ့ အကျင့်တွေကြောင့် ဝေးသွားခဲ့ကြတဲ့အတွက် နောက်ပိုင်း ပြဿနာအကြီးကြီးကြုံလာရင်တောင် …