
ကိုယ္သိပ္ခ်စ္ခဲ့တဲ့လူကို သိပ္မုန္းသြားမွာထက္စာရင္ ဒီတိုင္းေလး ေဝးသြားတာက ပိုေကာင္းပါတယ္
ေပါင္းဖက္ၾကတယ္ ဆိုတိုင္း အရမ္းခ်စ္လို႔ ခ်ည္း မဟုတ္သလို ေက်ာခိုင္း သြားတယ္ ဆိုတိုင္း မုန္းသြားလို႔ မဟုတ္ ပါဘူး ။
ေအးစက္ သြားတဲ့ ဆက္ဆံေရးကို ျပန္ၿပီးေႏြးေထြး လာေအာင္ မလုပ္ ႏိုင္ေတာ့ဘူးလို႔ ယုံၾကည္သြားခဲ့ မိလို ႔ပါ ။ တတ္ႏိုင္ တာထက္ ပိုၿပီး ႀကိဳးစား ခဲ့သလို ေပးႏိုင္ တာေတြ ထက္လဲ ပိုေပးခဲ့ တာပဲေလ
မထိုက္တန္လို႔ ရမလာ ခဲ့တာပဲေန မွာဆိုၿပီး ဆုံးျဖတ္ခ်က္ေတြ ခ်စ္လိုက္ဖို႔ ဘယ္ေလာက္ နာက်င္ခဲ့ ရလဲ ဆိုတာ နည္းနည္း ေလးမ်ား ရိပ္မိ ခဲ့ဖူးလား
ကိုယ္တတ္ ႏိုင္သမွ် ဆက္ၿပီး ဆြဲထား ဖို႔လဲ ႀကိဳးစားခဲ့ ဖူးပါတယ္ ေနာက္ဆုံး လွည့္မထြက္ခင္အထိ ေမွ်ာ္လင့္ ခဲ့မိ တာပါ ။ ဝန္ခံ ပါတယ္
သိပ္ခ်စ္တယ္ ဆိုတာ ထက္လဲ ပိုပါတယ္ ေပါင္းဖက္ ရဖို႔ဆို တာကလဲ ကိုယ္အၿမဲ တေစ ေတာင္းခဲ့ ဖူးတဲ့ ဆုတစ္ ခုပါ
ဘယ္ေလာက္ပဲ လိုခ်င္ လိုခ်င္ ရမလာ တတ္တဲ့ ေလာကႀကီးမွာ ဆက္ၿပီး မေမွ်ာ္လင့္ေတာ့ဖို႔ ဒဏ္ရာဒဏ္ခ်က္ ဘယ္ေလာက္ မ်ားခဲ့သလဲ ဆိုတာ စာနာခဲ့ ဖူးရဲ႕လား ကိုယ္ ေအးစက္ သြားခဲ့တာ ကိုပဲ ျမင္ တာပါ တိတ္ဆိတ္ေန တဲ့ ဆက္ဆံေရးတစ္ခုမွ အခ်ိန္ဘယ္ေလာက္ၾကာၾကာ အသက္မဲ့ ခဲ့ဖူး သလဲ ဘယ္သူမွ မသိ ပါဘူး
မိန္းကေလး တစ္ေယာက္ပါ တစ္ေယာက္ တည္းကိုပဲ ခ်စ္ၿပီး အဲ့ဒီ ခ်စ္တဲ့သူ ကိုပဲ ေပါင္းဖက္ခ်င္ၾကတာ မိန္းကေလး တိုင္းရဲ႕ စိတ္ကူးပဲ ကြၽန္မလဲ စိတ္ကူးေတြ ယဥ္ခဲ့ ဖူးတဲ့ မိန္းကေလး တစ္ဦး ပါပဲ
ကံအေၾကာင္းမလွလို႔ ေဝးရတယ္ လို႔ပဲ မွတ္ပါ တယ္ ဘယ္အျပစ္ မ်ိဳးမွ ထုတ္ၿပီး မေျပာေတာ့ဘူး ကြၽန္မပဲ မွားတယ္ ကြၽန္မပဲ ရက္စက္ တယ္ ဆိုတဲ့ စြပ္စြဲ ခ်က္ေတြလဲ ေလကုန္ခံၿပီး မရွင္းျပေတာ့ ဘူး
တစ္ေန႔ တကယ္ ခ်စ္တတ္ လာတဲ့ တစ္ေန႔ေရာက္ရင္ ကြၽန္မ ဘယ္ေလာက္ ခ်စ္ခဲ့ဖူးလဲ စာနာပါလိမ့္မယ္ ၿပီးေတာ့ ဘယ္ေလာက္ ပင္ပန္း ခဲ့လဲ နားလည္ လာပါ လိမ့္မယ္
မုန္းလို႔ လက္ျပ ႏႈတ္ဆက္ လိုက္တာမွ မဟုတ္တာ ဆက္ၿပီး နာက်င္ေနဖို႔ ခံႏိုင္ရည္ အားမရွိေတာ့တာ သိကၡာေတြ ကုန္တဲ့ အထိ ခ်စ္ခဲ့ၿပီး သလို မာနေတြ မက်န္ေတာ့တဲ့ အထိ အနားနားေန ခဲ့ၿပီးၿပီေလ
ဝဋ္ေႂကြး ဆိုလဲ ေက်ေလာက္ ၿပီလို႔ ထင္ပါ တယ္ ဆက္ၿပီး ေစာင့္ေန ေမွ်ာ္လင့္ေနဖို႔ ေနာက္ထပ္အင္အားေတြ ကြၽန္မမွာ မရွိေတာ့လို႔ ကြၽန္မ လွည့္ထြက္ ခဲ့တာပါ
ရွင္လဲ ေပ်ာ္ ပါေစေပါ့ ကြၽန္မလဲ လြတ္လပ္ ပါေစ ဆိုတဲ့ ဆႏၵ တစ္ခုပဲ ရွိတာ ပါ ။ ေပါင္းဖက္ၾကတယ္ ဆိုတိုင္း ခ်စ္ၾကလိုမွ မဟုတ္တာ အဲ့လိုပါပဲ ေဝးသြားၾက တယ္ ဆိုတိုင္းလဲ မုန္းသြားလို႔မွ မဟုတ္တာ
အၿပဳံးေလးနဲ႔ပဲ ဒိတိုင္းေလး ေဝးသြား႐ုံ ပါပဲ ဘာအျပစ္ဘာ အနာအဆာမွ မဖြဲ႕လို ပါဘူး ကြၽန္မသာ ခံႏိုင္ရည္ မရွိေတာ့ တာပါ
ကိုယ္သိပ္ခ်စ္ ခဲ့တဲ့ လူကို သိပ္မုန္းသြားမွာ ထက္စာရင္ ဒီတိုင္းေလး ေဝးသြားတာက ပိုေကာင္းပါတယ္ ။
Zuu
Credit
Unicode
ကိုယ်သိပ်ချစ်ခဲ့တဲ့လူကို သိပ်မုန်းသွားမှာထက်စာရင် ဒီတိုင်းလေး ဝေးသွားတာက ပိုကောင်းပါတယ်
ပေါင်းဖက်ကြတယ် ဆိုတိုင်း အရမ်းချစ်လို့ ချည်း မဟုတ်သလို ကျောခိုင်း သွားတယ် ဆိုတိုင်း မုန်းသွားလို့ မဟုတ် ပါဘူး ။
အေးစက် သွားတဲ့ ဆက်ဆံရေးကို ပြန်ပြီးနွေးထွေး လာအောင် မလုပ် နိုင်တော့ဘူးလို့ ယုံကြည်သွားခဲ့ မိလို့ပါ ။ တတ်နိုင် တာထက် ပိုပြီး ကြိုးစား ခဲ့သလို ပေးနိုင် တာတွေ ထက်လဲ ပိုပေးခဲ့ တာပဲလေ
မထိုက်တန်လို့ ရမလာ ခဲ့တာပဲနေ မှာဆိုပြီး ဆုံးဖြတ်ချက်တွေ ချစ်လိုက်ဖို့ ဘယ်လောက် နာကျင်ခဲ့ ရလဲ ဆိုတာ နည်းနည်း လေးများ ရိပ်မိ ခဲ့ဖူးလား
ကိုယ်တတ် နိုင်သမျှ ဆက်ပြီး ဆွဲထား ဖို့လဲ ကြိုးစားခဲ့ ဖူးပါတယ် နောက်ဆုံး လှည့်မထွက်ခင်အထိ မျှော်လင့် ခဲ့မိ တာပါ ။ ဝန်ခံ ပါတယ်
သိပ်ချစ်တယ် ဆိုတာ ထက်လဲ ပိုပါတယ် ပေါင်းဖက် ရဖို့ဆို တာကလဲ ကိုယ်အမြဲ တစေ တောင်းခဲ့ ဖူးတဲ့ ဆုတစ် ခုပါ
ဘယ်လောက်ပဲ လိုချင် လိုချင် ရမလာ တတ်တဲ့ လောကကြီးမှာ ဆက်ပြီး မမျှော်လင့်တော့ဖို့ ဒဏ်ရာဒဏ်ချက် ဘယ်လောက် များခဲ့သလဲ ဆိုတာ စာနာခဲ့ ဖူးရဲ့လား ကိုယ် အေးစက် သွားခဲ့တာ ကိုပဲ မြင် တာပါ တိတ်ဆိတ်နေ တဲ့ ဆက်ဆံရေးတစ်ခုမှ အချိန်ဘယ်လောက်ကြာကြာ အသက်မဲ့ ခဲ့ဖူး သလဲ ဘယ်သူမှ မသိ ပါဘူး
မိန်းကလေး တစ်ယောက်ပါ တစ်ယောက် တည်းကိုပဲ ချစ်ပြီး အဲ့ဒီ ချစ်တဲ့သူ ကိုပဲ ပေါင်းဖက်ချင်ကြတာ မိန်းကလေး တိုင်းရဲ့ စိတ်ကူးပဲ ကျွန်မလဲ စိတ်ကူးတွေ ယဉ်ခဲ့ ဖူးတဲ့ မိန်းကလေး တစ်ဦး ပါပဲ
ကံအကြောင်းမလှလို့ ဝေးရတယ် လို့ပဲ မှတ်ပါ တယ် ဘယ်အပြစ် မျိုးမှ ထုတ်ပြီး မပြောတော့ဘူး ကျွန်မပဲ မှားတယ် ကျွန်မပဲ ရက်စက် တယ် ဆိုတဲ့ စွပ်စွဲ ချက်တွေလဲ လေကုန်ခံပြီး မရှင်းပြတော့ ဘူး
တစ်နေ့ တကယ် ချစ်တတ် လာတဲ့ တစ်နေ့ရောက်ရင် ကျွန်မ ဘယ်လောက် ချစ်ခဲ့ဖူးလဲ စာနာပါလိမ့်မယ် ပြီးတော့ ဘယ်လောက် ပင်ပန်း ခဲ့လဲ နားလည် လာပါ လိမ့်မယ်
မုန်းလို့ လက်ပြ နှုတ်ဆက် လိုက်တာမှ မဟုတ်တာ ဆက်ပြီး နာကျင်နေဖို့ ခံနိုင်ရည် အားမရှိတော့တာ သိက္ခာတွေ ကုန်တဲ့ အထိ ချစ်ခဲ့ပြီး သလို မာနတွေ မကျန်တော့တဲ့ အထိ အနားနားနေ ခဲ့ပြီးပြီလေ
ဝဋ်ကြွေး ဆိုလဲ ကျေလောက် ပြီလို့ ထင်ပါ တယ် ဆက်ပြီး စောင့်နေ မျှော်လင့်နေဖို့ နောက်ထပ်အင်အားတွေ ကျွန်မမှာ မရှိတော့လို့ ကျွန်မ လှည့်ထွက် ခဲ့တာပါ
ရှင်လဲ ပျော် ပါစေပေါ့ ကျွန်မလဲ လွတ်လပ် ပါစေ ဆိုတဲ့ ဆန္ဒ တစ်ခုပဲ ရှိတာ ပါ ။ ပေါင်းဖက်ကြတယ် ဆိုတိုင်း ချစ်ကြလိုမှ မဟုတ်တာ အဲ့လိုပါပဲ ဝေးသွားကြ တယ် ဆိုတိုင်းလဲ မုန်းသွားလို့မှ မဟုတ်တာ
အပြုံးလေးနဲ့ပဲ ဒိတိုင်းလေး ဝေးသွားရုံ ပါပဲ ဘာအပြစ်ဘာ အနာအဆာမှ မဖွဲ့လို ပါဘူး ကျွန်မသာ ခံနိုင်ရည် မရှိတော့ တာပါ
ကိုယ်သိပ်ချစ် ခဲ့တဲ့ လူကို သိပ်မုန်းသွားမှာ ထက်စာရင် ဒီတိုင်းလေး ဝေးသွားတာက ပိုကောင်းပါတယ် ။
Zuu
No Comments