
ရုပ္မလွလည္း အမ်ားၾကားထဲ ထင္ေပၚၿပီး ဆြဲေဆာင္မႈရွိတဲ့ မိန္းကေလး ျဖစ္ေစဖို႔
အရမ္းလွတဲဲ့ မိန္းကေလးေတြကိုပဲ အျမဲတမ္း အားက်ေန ရၿပီး ကုိယ့္ရဲ႕ ရုပ္ရည္နဲ႔ပတ္သက္လို႔ စိတ္အလိုမက် တာေတြ ျဖစ္ေနၿပီ လား။ စိတ္မညစ္ ပါနဲ႔ေနာ္။ လူတုိင္းမွာ အလွတရား ကိုယ္စီ ရွိပါ တယ္။
ျမင္ေအာင္ၾကည့္ တတ္ဖုိ႔ပဲ လိုအပ္ တာပါ။ ေနာက္ၿပီး ရုပ္မလွလည္း လူေတြၾကားထဲ ထင္ေပၚၿပီး ဆြဲေဆာင္မႈ ရွိေနေစမယ့္ နည္္းလမ္းေလးေတြ လည္း ရွိလို႔ေန ပါေသး တယ္။ အဲဒါေလးေတြ ကေတာ့
(၁) Self-confidence”
Confidence ရွိတဲ့ အမ်ိဳးသမီး တစ္ေယာက္ဟာ အရမ္းလွတဲ အမ်ိဳးသမီး တစ္ေယာက္ထက္ ပိုၿပီးေတာ့ ဆြဲေဆာင္မႈ ပိုရွိေစ ပါတယ္။ ကိုယ့္ရဲ႕ ျပစ္ခ်က္ေတြကို နားလည္ လက္ခံၿပီး ေကာင္းတဲ့ အခ်က္ေတြကို အသားေပး တတ္မယ္၊
စကားတစ္ခြန္းေျပာ လိုက္တုိင္း ေျခတစ္လွမ္းလွမ္း လိုက္တုိင္း ယံုၾကည္မႈအျပည့္ျဖစ္ေနတတ္တဲ့ အမ်ိဳးသမီး တစ္ေယာက္က ဘယ္ေနရာ သြားသြား လူတုိင္းရဲ႕ စိတ္ဝင္စားျခင္းကို ခံရမွာပဲ ျဖစ္ပါတယ္ ။
(၂) Styling”
ကုိယ္မလွလို႔ဆိုၿပီး စိတ္ဓာတ္က်ေန စရာ ဒီေခတ္မွာ ဘာအေၾကာင္းမွ မရွိေတာ့ပါဘူးေနာ္။ ပစၥည္းေတြ ကလည္းေပါ၊ နည္းလမ္းေတြ ကလည္းေပါနဲ႔ ဆုိေတာ့ ျပင္ျပင္ဆင္ဆင္ေလးေတာ့ ေနၾကည့္ ပါလုိ႔။
မိတ္ကပ္ေတြ ျပင္မယ္၊ outfit ေတြကိုလည္း သြားမယ့္ေနရာေပၚ လိုက္ၿပီး ကိုယ္နဲ႔ လိုက္ဖက္မႈရွိေစတဲ့ ပံုစံ မ်ိဳးေလးေတြ တြဲဝတ္မယ္ စသျဖင့္ေပါ႕။ အခုေခတ္မွာ ေကာင္မေလးတုိင္း လွေနၾက ပါၿပီ ။
(၃) Educated Woman”
ဘြဲ႕ေတြအမ်ားႀကီး ရတာကို ဆိုလိုတာ မဟုတ္ဘဲ ပညာ ဥာဏ္ရည္ ျပည့္ဝတဲ့ အမ်ိဳးသမီးတစ္ဦးဟာ ဘယ္ေနရာပဲ သြားသြား ကိုယ္ေရာင္ ကိုယ္ဝါ ေတာက္ပေန မွာပဲ ျဖစ္ပါတယ္ ။
(၄) Being Independent ”
ကိုယ့္အား ကုိယ္ကိုးတဲ့ အမ်ိဳးသမီး တစ္ေယာက္ေလာက္ ဂုဏ္ယူစရာေကာင္း တာမရွိေတာ့ပါဘူး။ လုပ္ငန္းခြင္ တစ္ခုမွာ သမာအာဇီဝ က်က်နဲ႔ အမွီအခိုကင္းတဲ့ အမ်ိဳးသမီးတစ္ေယာက္ဟာ လူတုိင္းကို အားက်ေစမွာ အမွန္ပါပဲ။ ဆြဲေဆာင္မႈ တစ္မ်ိဳးကို ရွိေနေရာတဲ့ ။
(၅) Good Personality”
Personality ဆိုတာ စိတ္ေနစိတ္ထား၊ အေတြးအေခၚ၊ ယူဆခ်က္၊ ေနမႈထုိင္ပံု စတဲ့အရာအားလံုးကို ျခံဳေျပာလို႔ ရႏုိင္ ပါတယ္။ Personality ေကာင္းတဲ့ လူတစ္ေယာက္ဟာ
ဘယ္ေလာက္ပဲ ရုပ္မလွ ပါေစဦး သူ႕မ်က္ႏွာမွာ အၾကည္ဓာတ္ေလးကို ေပၚလြင္ၿပီး မ်က္ႏွာျမင္ေအး ခ်မ္းခ်စ္ခင္မႈကို ျဖစ္ေပၚေစ ပါတယ္ေနာ္ ။
Credit – Penny
Unicode
ရုပ်မလှလည်း အများကြားထဲ ထင်ပေါ်ပြီး ဆွဲဆောင်မှုရှိတဲ့ မိန်းကလေး ဖြစ်စေဖို့
အရမ်းလှတဲ့ မိန်းကလေးတွေကိုပဲ အမြဲတမ်း အားကျနေ ရပြီး ကိုယ့်ရဲ့ ရုပ်ရည်နဲ့ပတ်သက်လို့ စိတ်အလိုမကျ တာတွေ ဖြစ်နေပြီ လား။ စိတ်မညစ် ပါနဲ့နော်။ လူတိုင်းမှာ အလှတရား ကိုယ်စီ ရှိပါ တယ်။
မြင်အောင်ကြည့် တတ်ဖို့ပဲ လိုအပ် တာပါ။ နောက်ပြီး ရုပ်မလှလည်း လူတွေကြားထဲ ထင်ပေါ်ပြီး ဆွဲဆောင်မှု ရှိနေစေမယ့် နည်းလမ်းလေးတွေ လည်း ရှိလို့နေ ပါသေး တယ်။ အဲဒါလေးတွေ ကတော့
(၁) Self-confidence”
Confidence ရှိတဲ့ အမျိုးသမီး တစ်ယောက်ဟာ အရမ်းလှတဲ အမျိုးသမီး တစ်ယောက်ထက် ပိုပြီးတော့ ဆွဲဆောင်မှု ပိုရှိစေ ပါတယ်။ ကိုယ့်ရဲ့ ပြစ်ချက်တွေကို နားလည် လက်ခံပြီး ကောင်းတဲ့ အချက်တွေကို အသားပေး တတ်မယ်၊
စကားတစ်ခွန်းပြော လိုက်တိုင်း ခြေတစ်လှမ်းလှမ်း လိုက်တိုင်း ယုံကြည်မှုအပြည့်ဖြစ်နေတတ်တဲ့ အမျိုးသမီး တစ်ယောက်က ဘယ်နေရာ သွားသွား လူတိုင်းရဲ့ စိတ်ဝင်စားခြင်းကို ခံရမှာပဲ ဖြစ်ပါတယ် ။
(၂) Styling”
ကိုယ်မလှလို့ဆိုပြီး စိတ်ဓာတ်ကျနေ စရာ ဒီခေတ်မှာ ဘာအကြောင်းမှ မရှိတော့ပါဘူးနော်။ ပစ္စည်းတွေ ကလည်းပေါ၊ နည်းလမ်းတွေ ကလည်းပေါနဲ့ ဆိုတော့ ပြင်ပြင်ဆင်ဆင်လေးတော့ နေကြည့် ပါလို့။
မိတ်ကပ်တွေ ပြင်မယ်၊ outfit တွေကိုလည်း သွားမယ့်နေရာပေါ် လိုက်ပြီး ကိုယ်နဲ့ လိုက်ဖက်မှုရှိစေတဲ့ ပုံစံ မျိုးလေးတွေ တွဲဝတ်မယ် စသဖြင့်ပေါ့။ အခုခေတ်မှာ ကောင်မလေးတိုင်း လှနေကြ ပါပြီ ။
(၃) Educated Woman”
ဘွဲ့တွေအများကြီး ရတာကို ဆိုလိုတာ မဟုတ်ဘဲ ပညာ ဉာဏ်ရည် ပြည့်ဝတဲ့ အမျိုးသမီးတစ်ဦးဟာ ဘယ်နေရာပဲ သွားသွား ကိုယ်ရောင် ကိုယ်ဝါ တောက်ပနေ မှာပဲ ဖြစ်ပါတယ် ။
(၄) Being Independent ”
ကိုယ့်အား ကိုယ်ကိုးတဲ့ အမျိုးသမီး တစ်ယောက်လောက် ဂုဏ်ယူစရာကောင်း တာမရှိတော့ပါဘူး။ လုပ်ငန်းခွင် တစ်ခုမှာ သမာအာဇီဝ ကျကျနဲ့ အမှီအခိုကင်းတဲ့ အမျိုးသမီးတစ်ယောက်ဟာ လူတိုင်းကို အားကျစေမှာ အမှန်ပါပဲ။ ဆွဲဆောင်မှု တစ်မျိုးကို ရှိနေရောတဲ့ ။
(၅) Good Personality”
Personality ဆိုတာ စိတ်နေစိတ်ထား၊ အတွေးအခေါ်၊ ယူဆချက်၊ နေမှုထိုင်ပုံ စတဲ့အရာအားလုံးကို ခြုံပြောလို့ ရနိုင် ပါတယ်။ Personality ကောင်းတဲ့ လူတစ်ယောက်ဟာ
ဘယ်လောက်ပဲ ရုပ်မလှ ပါစေဦး သူ့မျက်နှာမှာ အကြည်ဓာတ်လေးကို ပေါ်လွင်ပြီး မျက်နှာမြင်အေး ချမ်းချစ်ခင်မှုကို ဖြစ်ပေါ်စေ ပါတယ်နော် ။
Credit – Penny
No Comments