Credit:Love
Unicode
မိန်းကလေးတယောက် ချစ်ဖို့ကောင်းမကောင်း သိချင်ရင်
ကောင်မလေး တယောက် Original လှတာ ဟုတ် ၊ မဟုတ် သိချင်ရင် သူမရဲ့ မျက်ခုံးမွှေးကိုသာ အရင် ရှိုးပါ။
မျက်ခုံးမွှေးကို အပြောင် ရိတ်ထားပြီး Eyeliner နဲ့ ကနုတ်ပန်း Style ခြယ်သထားတာ ၊ မှော်ကားထဲက ကဝေမ လိုလို ပြင်ထားတာ၊
Avatar ကားထဲက မင်းသမီးလို ဒုံးတိ လုပ်ထားတာ ၊ ဓားနဲ့ ခြစ်ထားသလို စတန့် ထွင်ပုံ ဖော်ထားတာ အဲ့လိုပြု ပြင်ပြီးမှ ရတဲ့ အလှကို Or မသတ်မှတ် ပါဘူး။
သူမ Eyebrow လေးက ရိုးရိုး ယဉ်ယဉ်လေးနဲ့ ပြေပြေ ပစ်ပစ် Cute နေမယ် ၊ မဲနက်ပြီး လခြမ်းပုံစံ ပန်းချီဆွဲထားသလို လှနေမယ်.
စူးရှတဲ့ အကြည့်တချက်ကို Version ထပ်မြှင့်ပေးမယ့် မျက်ခုံး နှစ်ခုကြားက အမွှေးနု ရေးရေးလေး ရှိနေမယ်။
အဲဒီ အချက်အလက် တွေ ရှိနေပြီဆို သေချာတယ် ။ သူမ တကယ် လှလို့ပဲ၊
မိန်းခလေး တယောက် အသဲ ခဏခဏ ကွဲဖူးလား သိချင်ရင် သူမရဲ့ ဆံပင်ကို အရင် ကြည့်ပါ။
သူမရဲ့ ဆံပင်လေးကို ကျစ်ဆံမြီးလေး ကျစ်ပြီး နေတတ်တာ ၊ ဆံပင်ရှည်လေး ကို စွဲစွဲ မြဲမြဲ ထားတတ်တာ ၊ ဘယ်သွားသွား ဆံပင်လေးကို စုစည်းထား တတ်တာ၊
ဆံပင်ကို ဒုတိယ အသက်လို တန်ဖိုးထား တတ်တာ ၊ ဒီအချက်တွေ မြင်နေရပြီဆို သူမ အချစ်စစ်နဲ့ တွေ့နေရလို့ ( သို့မဟုတ် ) အသဲ သေချာ မကွဲဖူးသေးတဲ့ Brand New စစ်စစ် ဖြစ်နေလို့ပဲ၊
ကောင်မလေး တယောက်ဟာ သူ့ရဲ့ ဆံပင်လေးကို ဖြောင့်လိုက် ကောက်လိုက် ကဒီး ကဒီး လုပ်မယ်။
ကျောလယ်ထိ ကျလာရင် မထားဘူး ၊ ညှပ်မယ် Highlight ဖောက်မယ် ၊ Colour ပြန်ချိန်းမယ် တပတ် နှစ်ခါထက် ပို ခေါင်းလျှော်မယ် ဆံပင်ကေကို ပုံသေမထားဘဲ အားနေ ပြောင်းမယ်။
စိတ်ထဲဝင် Scan ဖတ်နေစရာ မလိုဘူး ။ သူမ ရည်းစားနဲ့ ဘယ်တော့မှ မမြဲတတ်တာ သေချာပြီလေ၊
မိန်းခလေး တယောက် ချစ်စရာကောင်း ၊ မကောင်း သေချာ သိချင်ရင် သူမ အိပ်မောကျနေချိန် ဖုန်းခေါ်ကြည့်ပါ။
အဲ့ဒီအခါ သင့်ကို အသံပြဲကြီးနဲ့ ပြန်ကော လွှတ်မယ် ၊ ဒေါသ ထွက်ပြီး ရှုးရှုး ရှားရှား အသံနဲ့ ပြန်ပြောမယ် ၊ သွားပြီ အဲ့ဒါဆို ချစ်ဖို့ မကောင်းတော့ဘူး။
ဖုန်းကို ချက်ချင်း မကိုင်ဘဲ ခဏ ခဏ ချပစ်မယ် ၊ ကိုင်တော့လည်း ဘာမှ မပြောဘဲ အိပ်ပျော်နေမယ် ၊ ပြန်ပြောတော့လည်း အသံက မထွက် ဖြစ်နေမယ်။
သူမ အိပ်ချင်မူးတူးနဲ့ ပစ်ချွဲပြီး ပြောတဲ့ ” Hello ” ဆိုတဲ့ အသံလေးရယ် ” အင်း ” ” ပြော ” ဆိုတဲ့ အသံလေးရယ် မျက်လုံးကဖြင့် မဖွင့်ဘဲ ပြန်ဖြေနေခဲ့ပြီဆို သူမ ချစ်ဖို့ကောင်းတာ သိပ် သေချာနေပြီလေ။
Credit:Love
No Comments