
၀မ္းပ်က္၊၀မ္းေဖါ၊၀မ္းကိုက္္၊ေခ်ာင္္းဆိုးသလိပ္ကပ္ လွ်ာကဲြ၊လွ်ာနာ အတြက္
အင္မတန္ေကာင္းတဲ႕ေဆးပင္ျဖစ္၏။ ေခ်ာင္းဆိုးေသြ းပါသူ ရင္က်ပ္သူမ်ား ကိုေရစင္ေအာင္ေဆး ၃ခြက္ ၁ခြက္ျပဳတ္၍ သႀကားအနည္းငယ္ ထည့္ေသာက္ ရပါသည္။ အရြက္စိမ္းကိုေထာင္း တိုက္၍ လည္းရသည္။
၂နွစ္သားအရြယ္ကေလးငယ္ မွာေခ်ာင္းဆိုး ရင္ႀကပ္ျပီးခြ်ဲသလိပ္ မ်ားထေန ၏။ ထိုအခ်ိန္တြင္ တိုင္းရင္း ေဆးဆရာႀကီး ဦးႀကြယ္ကေဆးပင္ ကိုျပ၍ ေဆးနည္း ရခဲ႔သည္။
ကေလးငယ္ညဖက္ ခြ်ဲသလိပ္တို႔ထ၍တငိုငိုိျဖစ္ေနစဥ္ ဆရာႀကီးေျပာသည့္အတိုင္း
ေဇာ္ဂ်ီီေတာင္ေဝွးအရြက္ႏုုကိုညတြင္းခ်င္းခူး၍ ေထာင္းတိုက္တာ နံနက္ပိုင္းခြ်ဲသလိပ္မ်ား အေထြးလိုက္ ထြက္လာ ကာသက္သာေပ်ာက္ကင္း ခဲ႔သည္။
ေခ်ာင္းဆိုး လာသည္ ႏွင့္ အရြက္ကို ခူးျပီးျပဳတ္ တိုက္လိုက္ ပါလ်ွင္ လည္းသက္သာ ေပ်ာက္ကင္းပါေစ ပါသည္။
တစ္ခါတစ္ရံ လွ်ာေပၚတြင္ အဖုအပိန္႔ထြက္ျခင္း၊ လွ်ာကဲြ၊လွ်ာနာျဖစ္ ပါက ေဇာ္ဂ်ီေတာင္ေ၀ွး ပင္၏ အျမစ္အား ေက်ာက္ပ်ဥ္တြင္ ဆားအနည္း ငယ္ေလး ထည့္ကာ
ေသြးျပီး ထိုေဆးရည္ျဖင့္ လွ်ာကို ႏွဳိပ္ေပးျခင္း၊လွ်ာေပၚ တင္ျခင္းျပဳ လုပ္ေပး လိုက္ပါ။ ေပ်ာက္ကင္း သက္သာ သြားပါ မည္။
အူေရာင္ျခင္း
ေဇာ္ဂ်ီေတာင္ေ၀ွး ပဥၥ(၅)ပါးအား ေရတစ္ဖလားျဖင့္ တစ္၀က္တင္ေအာင္ျပဳတ္ပါ။ထိုေဆးရည္ကို ထန္း လွ်က္(၁၀)သားျဖင့္ ေရာျပီး ျပဳတ္က်ိဳပါ။
ထို ေဆးရည္အား လက္ဖက္ရည္ ပန္းကန္(၁)ခြက္ နံနက္ည ေသာက္ေပးျခင္း ျဖင့္ အူေရာင္ျခင္းကို ေလ်ာ့က် သက္သာေပ်ာက္ကင္း ေစပါသည္။
၀မ္းပ်က္၊၀မ္းေဖါ၊၀မ္းကိုက္္
ေဇာ္္ဂ်ီေတာင္ေ၀ွးရြက္ နုနုေလးမ်ားကို သုပ္စား ေပးပါ။ ၀မ္းႏွင့္ ပတ္သက္ေသာ ေရာဂါမ်ားအတြက္္ အလြန္ေကာင္္း ပါသည္။ ထိုိေၾကာင္႔ေဆးၾကိတ္ ေဇာ္ဂ်ီတို႔ ကိုင္ေသာ ေဆးေတာင္ေ၀ွးကဲ႔သို႔ ေဆးစြမ္းၾကီး၍ ေဇာ္ဂ်ီေတာင္ ေ၀ွးဟုအမည္ မွတ္ခဲ႔သည္ ထင္မိေတာ့သည္။
ရဲမ်ိဳးသူ(ေဗာဓိျမိဳင္)
Unicode
၀မ်းပျက်၊ဝမ်းဖေါ၊ဝမ်းကိုက်၊ချောင်းဆိုးသလိပ်ကပ် လျှာကွဲ၊လျှာနာ အတွက်
အင်မတန်ကောင်းတဲ့ဆေးပင်ဖြစ်၏။ ချောင်းဆိုးသွေ းပါသူ ရင်ကျပ်သူများ ကိုရေစင်အောင်ဆေး ၃ခွက် ၁ခွက်ပြုတ်၍ သကြားအနည်းငယ် ထည့်သောက် ရပါသည်။ အရွက်စိမ်းကိုထောင်း တိုက်၍ လည်းရသည်။
၂နှစ်သားအရွယ်ကလေးငယ် မှာချောင်းဆိုး ရင်ကြပ်ပြီးချွဲသလိပ် များထနေ ၏။ ထိုအချိန်တွင် တိုင်းရင်း ဆေးဆရာကြီး ဦးကြွယ်ကဆေးပင် ကိုပြ၍ ဆေးနည်း ရခဲ့သည်။
ကလေးငယ်ညဖက် ချွဲသလိပ်တို့ထ၍တငိုငိုဖြစ်နေစဉ် ဆရာကြီးပြောသည့်အတိုင်း
ဇော်ဂျီတောင်ဝှေးအရွက်နုကိုညတွင်းချင်းခူး၍ ထောင်းတိုက်တာ နံနက်ပိုင်းချွဲသလိပ်များ အထွေးလိုက် ထွက်လာ ကာသက်သာပျောက်ကင်း ခဲ့သည်။
ချောင်းဆိုး လာသည် နှင့် အရွက်ကို ခူးပြီးပြုတ် တိုက်လိုက် ပါလျှင် လည်းသက်သာ ပျောက်ကင်းပါစေ ပါသည်။
တစ်ခါတစ်ရံ လျှာပေါ်တွင် အဖုအပိန့်ထွက်ခြင်း၊ လျှာကွဲ၊လျှာနာဖြစ် ပါက ဇော်ဂျီတောင်ဝှေး ပင်၏ အမြစ်အား ကျောက်ပျဉ်တွင် ဆားအနည်း ငယ်လေး ထည့်ကာ
သွေးပြီး ထိုဆေးရည်ဖြင့် လျှာကို နှိုပ်ပေးခြင်း၊လျှာပေါ် တင်ခြင်းပြု လုပ်ပေး လိုက်ပါ။ ပျောက်ကင်း သက်သာ သွားပါ မည်။
အူရောင်ခြင်း
ဇော်ဂျီတောင်ဝှေး ပဉ္စ(၅)ပါးအား ရေတစ်ဖလားဖြင့် တစ်ဝက်တင်အောင်ပြုတ်ပါ။ထိုဆေးရည်ကို ထန်း လျှက်(၁၀)သားဖြင့် ရောပြီး ပြုတ်ကျိုပါ။
ထို ဆေးရည်အား လက်ဖက်ရည် ပန်းကန်(၁)ခွက် နံနက်ည သောက်ပေးခြင်း ဖြင့် အူရောင်ခြင်းကို လျော့ကျ သက်သာပျောက်ကင်း စေပါသည်။
ဝမ်းပျက်၊ဝမ်းဖေါ၊ဝမ်းကိုက်
ဇော်ဂျီတောင်ဝှေးရွက် နုနုလေးများကို သုပ်စား ပေးပါ။ ဝမ်းနှင့် ပတ်သက်သော ရောဂါများအတွက် အလွန်ကောင်း ပါသည်။ ထိုကြောင့်ဆေးကြိတ် ဇော်ဂျီတို့ ကိုင်သော ဆေးတောင်ဝှေးကဲ့သို့ ဆေးစွမ်းကြီး၍ ဇော်ဂျီတောင် ဝှေးဟုအမည် မှတ်ခဲ့သည် ထင်မိတော့သည်။
ရဲမျိုးသူ(ဗောဓိမြိုင်)
No Comments