
စိတ်ဆိုးလို့ မရတာ
ပျော်ရွှင်တာ
အတူမရှိလည်း ဖြစ်တာ
Credit Aunty May
Unicode
အချစ်စစ်နဲ့ မချစ်ဖူးတဲ့သူတွေ လုံးဝ မသိနိုင်တဲ့ ခံစားချက်များ
အချစ်ဆိုတာ ဘာလဲ ဆိုတာကို ချစ်ဖူးမှ သာ သိကြမှာ ဖြစ်ပါတယ်။ အချစ်ဆိုတာက တစ်ယောက်ယောက်ကို ကြိုက်မိတယ် ဆိုတဲ့ စိတ်ထက်တောင် ပိုပါသေး တယ်။
ချစ်မိသူတိုင်း ကြုံကြရတဲ့ ခံစားချက်တွေ ကတော့ သိပ်ကို ထူးဆန်းလွန်း ပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် နင့်နင့်နဲနဲ ချစ်ဖူးကြ ရင်တော့ ဒီလို ခံစားချက်တွေကို သိကြ မှာပါနော်။
မျက်လုံးချင်း စကားပြောတာ
ချစ်မိပြီး အချစ်စိတ်တွေ ဝင်လာတဲ့ သူတွေက စကားလုံးတွေနဲ့ အချစ်တွေကို ဖော်ပြစရာ မလိုကြတော့ ပါဘူး။ တစ်ခါတစ်လေ တစ်ယောက်ကို တစ်ယောက် ကြည့်လိုက် တာနဲ့ ဘာကိုဆိုလို လဲဆိုတာကို အပြန်အလှန် နားလည် တာတွေ ရှိနေ ပါတယ်။
ဒါတော့ အချစ်ကို မျက်လုံးတွေ ကနေ သက်သေပြုလို့ ရတဲ့ သဘော ပါပဲ။ မျက်လုံးလေးက အသက် ဆိုသလိုပေါ့။
စိတ်ဆိုးလို့ မရတာ
ချစ်မိတဲ့အခါ ထူးခြားချက် ကတော့ သူ့ရဲ့ ကိုယ့်အပေါ် မကောင်းတဲ့ အချက်တွေကို သိရရင်တောင်မှ စိတ်ဆိုးလို့ မရတာ ဖြစ်ပါတယ်။
တစ်ခြားသော အကြောင်းအရာထက် စာရင် သမီးရည်းစား ဆက်ဆံရေးမှာ စိတ်ဆိုးစရာရှိနေတာကို စိတ်မဆိုးမိတာမျိုးကို ချစ်မိသွားတဲ့ သူတွေက ကြုံရလေ့ ရှိပါတယ်။
ပျော်ရွှင်တာ
ကိုယ်ချစ်တဲ့သူ အနားမှာ ရှိနေရတာ တကယ့် ကိုပျော်ရွှင်ရတဲ့ အခြေအနေ ပါပဲ။ ချစ်မိတဲ့ စိတ်ကြောင့်သာ ချစ်တဲ့သူ အနားမှာ ရှိတိုင်းမှာ ပျော်ရွှင် ရတာ ဖြစ်ပါတယ်။ ဒီလို အချစ်ကြောင့် ရလာတဲ့ ပျော်ရွှင်မှုကို ချစ်ဖူးမှသာ သိကြ မှာပါ။ မချစ်ဖူးတဲ့ သူတွေကတော့ ခံစားကြည့်လို့တောင် မရပါဘူးနော်။
အတူမရှိလည်း ဖြစ်တာ
ချစ်မိတဲ့အခါ အတူရှိ ချင်လာတယ်၊ ပိုင်ဆိုင်ချင် လာတယ် ဆိုပေမယ့်လည်း တကယ့်ကို ချစ်မိကြတဲ့ သူတွေ ကတော့ အနေဝေးနေ ရင်တောင်မှာ အချစ်တွေက မအေး သွားပါဘူး။
အဝေးကနေ သူ့မျက်နှာလေးကို ကြည့်နေရုံနဲ့တင် အချစ်တွေကို ခံစားလို့ ရနေတတ်ကြပါတယ်။
မျက်နှာလေး မြင်ရုံနဲ့တင် အဆင်ပြေတာ
ကိုယ်ချစ်ရတဲ့သူ မျက်နှာကို မြင်ရုံနဲ့တင် စိတ်တွေ လှုပ်ရှားပြီး ရင်တွေ ခုန်တာကို ချစ်မိသူတွေက ခံစားမိ တတ်ကြ ပါတယ်။ သူ့အနားကို မရောက်ရင်တောင်မှ
သူ့မျက်နှာကို မြင်နေရတဲ့ ခဏက လုံးဝ တစ်ကမ္ဘာပါပဲနော်။ ဒီလို ခံစားမှုကိုတော့ တကယ့်ကို မြတ်မြတ်နိုးနိုး ချစ်မိသွားတဲ့အခါ ခံစားမိတတ်ကြပါတယ်။
No Comments