
သင္ေမြးဖြားတဲ့ရာသီဥတုက ေျပာေနတဲ့ သင့္အေၾကာင္းမ်ား
ေႏြ၊မိုး၊ေဆာင္း ရာသီဥတုေတြဟာ တစ္ခုနဲ႔တစ္ခု မတူညီ ၾကဘဲ ကိုယ္ပိုင္ပုံစံေတြရွိၾကပါတယ္။ ဒီလိုပါပဲ။ ေႏြ၊ မိုး၊ ေဆာင္း မွာ ေမြးဖြားခဲ့တဲ့ ကြၽန္ေတာ္တို႔၊ ခင္ဗ်ားတို ႔မွာလည္း မတူညီတဲ့ ပုံစံ၊ အက်င့္စ႐ိုက္ေတြ ရွိေနၾက ပါတယ္။
ကဲ…ကိုယ့္ကို ေမြးခဲ့တဲ့ ရာသီဥတုက ကိုယ့္အေၾကာင္း ဘာေတြ ေျပာေန မလဲ။ ေအာက္မွာ ၾကည့္လိုက္ ပါ။
ေႏြရာသီဖြား
သင္ဟာ ေႏြရာသီမွာ ေမြးဖြားခဲ့ သူတစ္ေယာက္ ဆိုရင္ေတာ့ သင္ဟာ အေကာင္းျမင္တတ္သူတစ္ေယာက္ပါ။ အဆိုးျမင္ စိတ္နည္း တယ္။ လြတ္လြတ္လပ္လပ္ ေနခ်င္ တယ္။ စိတ္ကူးစိတ္သန္းေကာင္း တယ္။
အခက္အခဲေတြရွိလာရင္ အိုင္ဒီယာေကာင္းေတြ ထြက္ေလ့ ရွိတယ္။ ေပ်ာ္ေပ်ာ္ေနတတ္တယ္။ စူးစမ္းလို စိတ္ႀကီး တယ္။ အၿမဲတက္ ၾကြေနေလ့ ရွိတယ္။ ဒါေတြဟာ ေႏြရာသီဖြားေလးေတြရဲ႕ စ႐ိုက္လကၡဏာေတြပဲ ျဖစ္ပါ တယ္။
သူငယ္ခ်င္း အေပါင္းအသင္းေတြ ကေတာင္ အားက် ရေလာက္တဲ့ တက္ႂကြမႈမ်ိဳး သင့္မွာရွိပါတယ္။ သူငယ္ခ်င္းေတြ ကိုလည္း အၿမဲတမ္း ကူညီေနက် သူတစ္ေယာက္၊ မိသားစုရဲ႕ အားထားရသူတစ္ေယာက္၊
အားလုံးရဲ႕ ဆည္းလည္းေလးလည္း ျဖစ္ပါတယ္။ ေႏြရာသီမွာ ေမြးဖြားသူေတြဟာ စိတ္ခံစားလြယ္လြန္းၿပီး သနာၾကင္နာစိတ္လည္း ႀကီးမားၾကသူေတြ ျဖစ္ပါတယ္။
မိုးရာသီဖြား
သင္ဟာ မိုးရာသီမွာ ေမြးဖြားခဲ့သူ တစ္ေယာက္ ဆိုရင္ေတာ့ သင္ဟာ တည္ၿငိမ္ေအးေဆးသူတစ္ေယာက္ပါ။ ဆုံးျဖတ္ခ်က္ တစ္ခုခု ခ်မယ္ဆိုရင္ ေသခ်ာ စဥ္းစား တတ္ေလ့ရွိတယ္။ အၿမဲတမ္း ပတ္ဝန္းက်င္ကို ေလ့လာေနေလ့ ရွိတယ္။
ခ်စ္သူခင္သူေတြနဲ႔ စကားေတြေျပာေန ရရင္ သင္ေပ်ာ္ တယ္။ သင့္အေၾကာင္းေတြအားလုံးကို ရင္ဖြင့္ေလ့ ရွိတယ္။ ေကာင္းတာေရာ ဆိုးတာေရာ အားလုံးေပါ့။ ပြင့္လင္းတဲ့ သင့္ပုံစံေၾကာင့္ ခ်စ္သူခင္သူ မရွားဘူး။
ေဆာင္းရာသီဖြား
သင္ဟာ ေဆာင္းရာသီမွာ ေမြးဖြားခဲ့သူ တစ္ေယာက္ ဆိုရင္ေတာ့ သင္ဟာ ဇြဲႀကီးသူတစ္ေယာက္ပါ။ တစ္ခုခုကို တကယ္လို ခ်င္ၿပီဆို မရရေအာင္ ယူတတ္တာ သင့္အက်င့္ပါ။ သင့္ရဲ႕ အားနည္းခ်က္ ကေတာ့ လူေတြကို အားနာ တတ္လြန္းတာ ပါပဲ။ တစ္ေယာက္ေယာက္က အကူအညီေတာင္းတဲ့အခါ ျငင္းရ ခက္ေလ့ ရွိတယ္။
အလြန္ရွက္တတ္သူ တစ္ေယာက္လည္း ျဖစ္တယ္။ တစ္ေယာက္ကို ခ်စ္မိတဲ့ အခါမွာလည္း သင့္ဘက္ကေတာ့ အၿမဲတမ္း ထာဝရ အတြက္ကိုပဲ ရည္႐ြယ္ေလ့ ရွိတယ္။
အၿမဲတမ္း ေပးဆပ္သူပဲ ျဖစ္ေလ့ ရွိတယ္။ ကိုယ့္ကိုယ္ ကိုလည္း အၿမဲ ေဝဖန္ေနတတ္သူတစ္ေယာက္။ ၿပီးေတာ့ ရည္မွန္းခ်က္ႀကီးေတြလည္း သင့္မွာ ရွိပါတယ္။
ေမွ်ာ္မွန္းထားေတြလည္း ျဖစ္မလာတဲ့ အခါမွာလည္း အလြန္အားငယ္ တတ္သူတစ္ေယာက္ျဖစ္ ပါတယ္။ သူမ်ားေတြ အတြက္ ဘာမဟုတ္တဲ့ ရႈံးနိမ့္မႈေသးေသးေလးေတြက ေဆာင္းရာသီဖြားေလးေတြ အတြက္ေတာ့ အႀကီးအက်ယ္ စိတ္ဓာတ္က်ေစ တတ္ေလ့ရွိပါတယ္။
သင္က ဘယ္ရာသီမွာ ေမြးဖြားခဲ့သူတစ္ေယာက္လဲ။
Credit
Unicode
သင်မွေးဖွားတဲ့ရာသီဥတုက ပြောနေတဲ့ သင့်အကြောင်းများ
နွေ၊မိုး၊ဆောင်း ရာသီဥတုတွေဟာ တစ်ခုနဲ့တစ်ခု မတူညီ ကြဘဲ ကိုယ်ပိုင်ပုံစံတွေရှိကြပါတယ်။ ဒီလိုပါပဲ။ နွေ၊ မိုး၊ ဆောင်း မှာ မွေးဖွားခဲ့တဲ့ ကျွန်တော်တို့၊ ခင်ဗျားတို့မှာလည်း မတူညီတဲ့ ပုံစံ၊ အကျင့်စရိုက်တွေ ရှိနေကြ ပါတယ်။
ကဲ…ကိုယ့်ကို မွေးခဲ့တဲ့ ရာသီဥတုက ကိုယ့်အကြောင်း ဘာတွေ ပြောနေ မလဲ။ အောက်မှာ ကြည့်လိုက် ပါ။
နွေရာသီဖွား
သင်ဟာ နွေရာသီမှာ မွေးဖွားခဲ့ သူတစ်ယောက် ဆိုရင်တော့ သင်ဟာ အကောင်းမြင်တတ်သူတစ်ယောက်ပါ။ အဆိုးမြင် စိတ်နည်း တယ်။ လွတ်လွတ်လပ်လပ် နေချင် တယ်။ စိတ်ကူးစိတ်သန်းကောင်း တယ်။
အခက်အခဲတွေရှိလာရင် အိုင်ဒီယာကောင်းတွေ ထွက်လေ့ ရှိတယ်။ ပျော်ပျော်နေတတ်တယ်။ စူးစမ်းလို စိတ်ကြီး တယ်။ အမြဲတက် ကြွနေလေ့ ရှိတယ်။ ဒါတွေဟာ နွေရာသီဖွားလေးတွေရဲ့ စရိုက်လက္ခဏာတွေပဲ ဖြစ်ပါ တယ်။
သူငယ်ချင်း အပေါင်းအသင်းတွေ ကတောင် အားကျ ရလောက်တဲ့ တက်ကြွမှုမျိုး သင့်မှာရှိပါတယ်။ သူငယ်ချင်းတွေ ကိုလည်း အမြဲတမ်း ကူညီနေကျ သူတစ်ယောက်၊ မိသားစုရဲ့ အားထားရသူတစ်ယောက်၊
အားလုံးရဲ့ ဆည်းလည်းလေးလည်း ဖြစ်ပါတယ်။ နွေရာသီမှာ မွေးဖွားသူတွေဟာ စိတ်ခံစားလွယ်လွန်းပြီး သနာကြင်နာစိတ်လည်း ကြီးမားကြသူတွေ ဖြစ်ပါတယ်။
မိုးရာသီဖွား
သင်ဟာ မိုးရာသီမှာ မွေးဖွားခဲ့သူ တစ်ယောက် ဆိုရင်တော့ သင်ဟာ တည်ငြိမ်အေးဆေးသူတစ်ယောက်ပါ။ ဆုံးဖြတ်ချက် တစ်ခုခု ချမယ်ဆိုရင် သေချာ စဉ်းစား တတ်လေ့ရှိတယ်။ အမြဲတမ်း ပတ်ဝန်းကျင်ကို လေ့လာနေလေ့ ရှိတယ်။
ချစ်သူခင်သူတွေနဲ့ စကားတွေပြောနေ ရရင် သင်ပျော် တယ်။ သင့်အကြောင်းတွေအားလုံးကို ရင်ဖွင့်လေ့ ရှိတယ်။ ကောင်းတာရော ဆိုးတာရော အားလုံးပေါ့။ ပွင့်လင်းတဲ့ သင့်ပုံစံကြောင့် ချစ်သူခင်သူ မရှားဘူး။
ဆောင်းရာသီဖွား
သင်ဟာ ဆောင်းရာသီမှာ မွေးဖွားခဲ့သူ တစ်ယောက် ဆိုရင်တော့ သင်ဟာ ဇွဲကြီးသူတစ်ယောက်ပါ။ တစ်ခုခုကို တကယ်လို ချင်ပြီဆို မရရအောင် ယူတတ်တာ သင့်အကျင့်ပါ။ သင့်ရဲ့ အားနည်းချက် ကတော့ လူတွေကို အားနာ တတ်လွန်းတာ ပါပဲ။ တစ်ယောက်ယောက်က အကူအညီတောင်းတဲ့အခါ ငြင်းရ ခက်လေ့ ရှိတယ်။
အလွန်ရှက်တတ်သူ တစ်ယောက်လည်း ဖြစ်တယ်။ တစ်ယောက်ကို ချစ်မိတဲ့ အခါမှာလည်း သင့်ဘက်ကတော့ အမြဲတမ်း ထာဝရ အတွက်ကိုပဲ ရည်ရွယ်လေ့ ရှိတယ်။
အမြဲတမ်း ပေးဆပ်သူပဲ ဖြစ်လေ့ ရှိတယ်။ ကိုယ့်ကိုယ် ကိုလည်း အမြဲ ဝေဖန်နေတတ်သူတစ်ယောက်။ ပြီးတော့ ရည်မှန်းချက်ကြီးတွေလည်း သင့်မှာ ရှိပါတယ်။
မျှော်မှန်းထားတွေလည်း ဖြစ်မလာတဲ့ အခါမှာလည်း အလွန်အားငယ် တတ်သူတစ်ယောက်ဖြစ် ပါတယ်။ သူများတွေ အတွက် ဘာမဟုတ်တဲ့ ရှုံးနိမ့်မှုသေးသေးလေးတွေက ဆောင်းရာသီဖွားလေးတွေ အတွက်တော့ အကြီးအကျယ် စိတ်ဓာတ်ကျစေ တတ်လေ့ရှိပါတယ်။
သင်က ဘယ်ရာသီမှာ မွေးဖွားခဲ့သူတစ်ယောက်လဲ။#crd
No Comments