
Propose လုပ္ထားတဲ႔သူ တစ္ေယာက္ကို
Propose လုပ္ ထားတဲ႔သူ တစ္ေယာက္ကို အေျဖေပးေပမဲ႔ ေကာင္းတဲ႔အေျဖ မဟုတ္သလို မေကာင္းတဲ ႔အေျဖလဲ မဟုတ္ ဘူး။
ဒီလိုပဲ ဟိုမေရာက္ ဒီမေရာက္ သူငယ္ခ်င္းေတြ လို ေနမယ္ဆိုပီး ညင္ညင္ သာသာနဲ႔ ျငင္းလိုက္ တယ္။ ကိုယ္႔မွာလဲ သူမႀကိဳက္တဲ႔ အားနည္းခ်က္ေတြ ရွိလို႔ ျငင္းတာ ျဖစ္ႏိုင္ သလို သူ႔ကိုယ္သူလဲ မေသခ်ာေသးလို႔ ျငင္းတာလဲ ျဖစ္ႏိုင္ ပါတယ္။
သူလဲ ျငင္းသင့္တဲ႔ အေၾကာင္းေတြ ရွိမွာေပါ့ ဒီလိုျငင္း လိုက္ေပမဲ႔ ကိုယ္႔ကို သူငယ္ခ်င္း တစ္ေယာက္အျဖစ္ သတ္မွတ္ေပး ထားပါ တယ္။
လံုးဝမုန္းပစ္ ရေအာင္လဲ သူ႔ကို ကိုယ္နစ္နာေအာင္ ဘာမွ မလုပ္ခဲ႔ဘူးေလ။ ခ်စ္လို႔ မရ တာပါ။ မုန္းတာ မဟုတ္ပါဘူး ဒါေၾကာင့္ သူငယ္ခ်င္း အျဖစ္ပဲ ရွိေနတာ ပါ။
ဒါဟာ ေမ်ွာ္လင့္ခ်က္ေပး တာလဲ မဟုတ္ပါဘူး။ ႀကိဳးရွည္ရွည္နဲ႔ လွန္ထားတာလဲ မဟုတ္ရပါဘူး။ သူငယ္ခ်င္း ဆိုတဲ႔ ကိုယ္သတ္မွတ္လို႔ ရႏိုင္တဲ႔ အဆင့္ကို သတ္မွတ္ေရြးျခယ္ လိုက္တာ ပါပဲ။
ခ်စ္သူ ဆိုတာက ပူေလာင္မယ္ ေသာက မ်ားမယ္။ သူငယ္ခ်င္း ဆိုတာက ျဖဴျဖဴစင္စင္နဲ႕ သိပ္ကို ေအးခ်မ္ းပါတယ္။ တစ္ခါတေလမွာလဲ သူငယ္ခ်င္း သံေယာဇဥ္က ခ်စ္သူေတြ ထက္ေတာင္ ပိုခိုင္ၿမဲေန ပါေသးတယ္။
အဲ႔လို ဆက္ၿပီး ပတ္သတ္ေနတဲ႔ အေတာတြင္းမွာ သူလဲ ကိုယ္႔အေၾကာင္းကို ေလ႔လာေစာင့္ၾကည့္ လို႔ရမယ္။ ကိုယ္လဲ သူ႔ကို ျပန္ခ်စ္လာဖို႔ ေမ်ွာ္လင့္ ခြင့္ေလးေတြ ရလာ မယ္။ ဒီလိုမ်ိဳးေလးေတြက သိပ္ကို စည္းကမ္းက်က် နည္းလမ္းမွန္မွန္ အေနအထားမွာ ရွိေနတာေပါ့
ဘာျဖစ္ျဖစ္ အေကာင္းဘက္ ကေတြးမယ္ဆိုရင္ သူလဲ ကိုယ္႔အခ်စ္ကို ေစာ္ကားရာ မက်သလို ကိုယ္လဲ သူ႔ကို အျပစ္မတင္ပဲ ပိုခ်စ္မိ ပါတယ္ ။
#သက္ထက္တန္
Unicode
Propose လုပ်ထားတဲ့သူ တစ်ယောက်ကို
Propose လုပ် ထားတဲ့သူ တစ်ယောက်ကို အဖြေပေးပေမဲ့ ကောင်းတဲ့အဖြေ မဟုတ်သလို မကောင်းတဲ့အဖြေလဲ မဟုတ် ဘူး။
ဒီလိုပဲ ဟိုမရောက် ဒီမရောက် သူငယ်ချင်းတွေ လို နေမယ်ဆိုပီး ညင်ညင် သာသာနဲ့ ငြင်းလိုက် တယ်။ ကိုယ့်မှာလဲ သူမကြိုက်တဲ့ အားနည်းချက်တွေ ရှိလို့ ငြင်းတာ ဖြစ်နိုင် သလို သူ့ကိုယ်သူလဲ မသေချာသေးလို့ ငြင်းတာလဲ ဖြစ်နိုင် ပါတယ်။
သူလဲ ငြင်းသင့်တဲ့ အကြောင်းတွေ ရှိမှာပေါ့ ဒီလိုငြင်း လိုက်ပေမဲ့ ကိုယ့်ကို သူငယ်ချင်း တစ်ယောက်အဖြစ် သတ်မှတ်ပေး ထားပါ တယ်။
လုံးဝမုန်းပစ် ရအောင်လဲ သူ့ကို ကိုယ်နစ်နာအောင် ဘာမှ မလုပ်ခဲ့ဘူးလေ။ ချစ်လို့ မရ တာပါ။ မုန်းတာ မဟုတ်ပါဘူး ဒါကြောင့် သူငယ်ချင်း အဖြစ်ပဲ ရှိနေတာ ပါ။
ဒါဟာ မျှော်လင့်ချက်ပေး တာလဲ မဟုတ်ပါဘူး။ ကြိုးရှည်ရှည်နဲ့ လှန်ထားတာလဲ မဟုတ်ရပါဘူး။ သူငယ်ချင်း ဆိုတဲ့ ကိုယ်သတ်မှတ်လို့ ရနိုင်တဲ့ အဆင့်ကို သတ်မှတ်ရွေးခြယ် လိုက်တာ ပါပဲ။
ချစ်သူ ဆိုတာက ပူလောင်မယ် သောက များမယ်။ သူငယ်ချင်း ဆိုတာက ဖြူဖြူစင်စင်နဲ့ သိပ်ကို အေးချမ် းပါတယ်။ တစ်ခါတလေမှာလဲ သူငယ်ချင်း သံယောဇဉ်က ချစ်သူတွေ ထက်တောင် ပိုခိုင်မြဲနေ ပါသေးတယ်။
အဲ့လို ဆက်ပြီး ပတ်သတ်နေတဲ့ အတောတွင်းမှာ သူလဲ ကိုယ့်အကြောင်းကို လေ့လာစောင့်ကြည့် လို့ရမယ်။ ကိုယ်လဲ သူ့ကို ပြန်ချစ်လာဖို့ မျှော်လင့် ခွင့်လေးတွေ ရလာ မယ်။
ဒီလိုမျိုးလေးတွေက သိပ်ကို စည်းကမ်းကျကျ နည်းလမ်းမှန်မှန် အနေအထားမှာ ရှိနေတာပေါ့ ဘာဖြစ်ဖြစ် အကောင်းဘက် ကတွေးမယ်ဆိုရင် သူလဲ ကိုယ့်အချစ်ကို စော်ကားရာ မကျသလို ကိုယ်လဲ သူ့ကို အပြစ်မတင်ပဲ ပိုချစ်မိ ပါတယ် ။
#သက်ထက်တန်
No Comments