ဆိုးရွားတဲ့အမျိုးသားကို ချစ်သူအဖြစ်တော်ထားရပြီဆိုတာ ပြောပြနေတဲ့ အချက် (၅) ချက် - Amawpyay
အချစ်ရေး
ထိန်းချုပ်ချင်တဲ့လူ
Credit Aunty May
Unicode
ဆိုးရွားတဲ့အမျိုးသားကို ချစ်သူအဖြစ်တော်ထားရပြီဆိုတာ ပြောပြနေတဲ့ အချက် (၅) ချက်
ချစ်သူရှိ တာတော့ ဟုတ်ပါပြီ။ ကြည်နူးချင်၊ ပျော်ရွှင်ချင်လို့၊ အထီးမကျန်ချင်လို့ ချစ်သူထားပါတယ် ဆိုကာမှ အထင် နဲ့အမြင်နဲ့ တလွဲဆီဖြစ်ပြီး နေ့တိုင်း ချစ်သူထားရတဲ့ ခံစားချက်အပြည့်အဝကို မခံစားရတဲ့ သူတွေ ရှိနေမလား။
ဒါဆိုရင်တော့ သင့်အနေနဲ့ သင့်ရဲ့ချစ်သူကို ပြန်စမ်းစစ် သင့်နေ ပါပြီ။ ဆိုးရွားလှတဲ့လူတစ်ယောက်ကိုများ ချစ်သူတော် ထားရပြီ လားပေါ့။ ဒါကို သိရဖို့အတွက် ဒီအချက် (၅) ချက်နဲ့ စမ်းစစ် လိုက် ပါ။
သင်အထီးကျန်ပြီဆိုရင်
ချစ်သူ ရှိလျက်နဲ့ သင်ဟာ အထီးကျန် လိုက်တာလို့ ခံစား မိနေပြီ ဆိုရင် သင့်ရဲ့အချစ်ရေးဟာ အလွဲကြီးကို လွဲမှားနေ ပါပြီ။ ဒီခေတ်မှာ အပြင်မှာတေ့ွမှ ဆက်သွယ် မှုပြုလို့ရနိုင်တာမဟုတ် ပါဘူး။
Message တွေပို့လို့ရတယ် အကယ်၍ သူက message ပို့တတ်တဲ့ ပုံစံမျိုးမဟုတ်ဘူးဆိုလည်း ဖုန်းလေးတော့ ပြောလို့ ရတယ်။ ဒီလိုေ တွမှ အချင်းချင် းတရင်းတနှီး ဆက်ဆံမှုမရှိဘူးဆိုရင် သင့်လူကို ပွင့်ပွင့်လင်းလင်း မေးသင့်နေ ပါပြီ။
ဒေါသချည်းလှိမ့်ထွက်နေတဲ့သူ
ဘယ်လို ကိစ္စမျိုး ပဲကြုံကြုံ အကျိုးအကြောင်းကို သေချာ မစဉ်းစားဘဲ အရင်ဆုံး အော်ဟစ်သောင်းကျန်းပြီး ဒေါသ ချည်းထွက်နေမ ယ်ဆိုရင် ရေရှည်မှ သင်တို့ ဘယ်လိုမှ အဆင်ပြေမှာ မဟုတ် ပါဘူး။
ဒေါသကြောင့် မှားသွားတဲ့ အမှားတွေ၊ ကျူးလွန်မိ သွားတဲ့ ပစ်မှုတွေ အများကြီး ရှိနေတယ်ဆိုတာ မမေ့ ပါနဲ့ ။
ကိုယ်ချင်းစာ စိတ်မရှိတဲ့လူ
သူ့နေရာမှာ ငါသာ ဆိုရင် ဆိုတဲ့ ကိုယ်ချင်းစာစိတ် မရှိတဲ့ လူဆိုတာ ဟာလည်း ချစ်သူအဖြစ် ထားဖို့မသင့်တဲ့ လူမျိုးတွေ ပါပဲ။ တစ်ခုခုဆို ကိုယ်ပဲ ခံရမှာလေ။
ထိန်းချုပ်ချင်တဲ့လူ
စိတ်ပိုင်းဆိုင်ရာ ကအစ ကိုယ့်ရဲ့နေပုံထိုင်ပုံ၊ ဝတ်ပုံစားပုံ၊ သွားပုံလာပုံတိုင်းကို ဟိုဟာမလုပ်နဲ့ ဒီဟာမလုပ်နဲ့ဆိုပြီး ထိန်းချုပ် လွန်းနေပြန် ရင်လည်း ရေရှည်အတွက် အဆင်ပြေမှာမဟုတ်ပါဘူး။ ဒါဟာ ချစ်လွန်းလို့ ကောင်းစေ ချင်တာ ဆိုတာ မဟုတ် ပါဘူးနော်။
ပါးစပ်နဲ့ပဲချစ်ပြတဲ့လူ
ပါးစပ်ကပဲ ချစ်လိုက်တာ၊ ဘယ်လိုချစ်တာ၊ ဘယ်လောက်မြတ်နိုးတာ ပြောနေပေမယ့် လက်တွေ့မှာတော့ ချစ်တဲ့ အရိပ်အယောင် လည်းမပြ၊ မကြင်နာ၊
နွေးထွေးဘဲ မချစ်ပြတတ် တဲ့လူ စားမျိုးတွေ ဆိုရင်လည်း အစပိုင်း မှာတော့ သည်းခံကောင်း သည်းခံ နိုင်ပေမယ့် နောက်ပိုင်းမှာတော့ ကိုယ်ပဲ စိတ်ဆင်းရဲမှာ အသေအချ ာပါပဲ။
Credit Aunty May
No Comments
Leave a Reply
Your email address will not be published.
အခ်စ္ေရး
ဘယ်တော့မှမဆုံစည်းနိုင်တော့တဲ့ တစ်ယောက်သောသူကို သတိရလာတဲ့အခါ..
ဘယ်တော့မှမဆုံစည်းနိုင်တော့တဲ့ တစ်ယောက်သောသူကို သတိရလာတဲ့အခါ.. သင့်ရဲ့ဘဝမှာ လုံးဝ မဆုံနိုင်တော့တဲ့ သူတစ်ယောက်၊ အမြဲ သတိရနေသူ တစ်ယောက် ကတော့ ရှိခဲ့ဖူးမှာပါ။ အခုရှိနေ ရင်လည်း ရှိနေမှာပေါ့။ သူက ကိုယ့်အနားလုံးဝမရှိတော့တာဖြစ်စေ၊ ဒီကမ္ဘာကြီးမှာ မရှိတော့ တာပဲဖြစ်ဖြစ် သူ့ကို သတိရတဲ့ အချိန် ရှိမှာပါပဲ။ အဲ့လိုအချိန်မှာ တမ်းတစိတ်ကြောင့် ရူးရူးမိုက်မိုက် မဖြစ်သွား ပါနဲ့။ သင်ခံစား နိုင်ပါတယ်။ နာကျင်နိုင်ပါတယ်။ သတိရ နိုင်ပါတယ်။ ဒါပေမဲ့ သတိရတဲ့ အချိန်တိုင်း အရင်ကထက် ပိုသက်သာစေ မယ့် နည်းလမ်းတွေကို ဖော်ပြပေးပါရစေ။ ၁။ ဒီလိုခံစားရတာ သင့်အမှား မဟုတ်ပါဘူး အချိန်က အရာရာကို ကုစား သွားမယ်လို့ …
အခ်စ္ေရး
မိန်းကလေးတွေက အရမ်းချစ်သွားမိရင် ကိုယ့်သွေးသားရင်းလိုပဲခံစားရတာ
မိန်းကလေးတွေက အရမ်းချစ်သွားမိရင် ကိုယ့်သွေးသားရင်းလိုပဲခံစားရတာ မိန်းကလေးတွေဟာ မွေးရာပါ မိခင်စိတ် ရှိသူတွေ ဖြစ်ကြ ပါတယ်။ စိတ်နှလုံးနူးညံ့တယ်၊ သနားလွယ်တယ်၊ အနစ်နာခံ တတ်တယ်။ ဒီလို မိန်းကလေးတွေဟာ ချစ်မိပြီ ဆိုရင် သူမတူအောင်ကို ချစ်နိုင်ကြပါတယ် …. ။ ချစ်သူအတွက် ချစ်သူ အဖြစ်သာမက မိခင်တစ်ယောက် နီးပါးကို ဂရုစိုက် နိုင်တဲ့၊ ချစ်နိုင်တဲ့ မိန်းကလေးတွေဆိုတာ ဒီအချက်တွေနဲ့ ကိုက်ညီနေ သူပါ။ ဒါကြောင့် သင့်ချစ်သူသာ ဒီလို မိန်းကလေးဖြစ်နေခဲ့ရင် သင်ဟာ ကမ္ဘာပေါ်မှာ ကံအကောင်းဆုံး လူတစ်ယောက် ဖြစ်တယ် ဆိုတာ သိထား လိုက်ပါနော် ။ (1) အချိန်ပြည့်စိတ်ပူပေးတယ် မိခင်တစ်ယောက် နီးပါး …
အခ်စ္ေရး
အချိန်ကြာ လမ်းခွဲပြီးသွားမှ ပြန်လက်တွဲသွားကြတဲ့စုံတွဲတွေရဲ့ ထူးခြားချက်(၅) ချက်
အချိန်ကြာ လမ်းခွဲပြီးသွားမှ ပြန်လက်တွဲသွားကြတဲ့စုံတွဲတွေရဲ့ ထူးခြားချက်(၅) ချက် ချစ်သူချင်း အဆင်မပြေလို့ ကွဲကြ၊ ကွာကြတာဟာ ဓမ္မတာပါပဲ။ ဒါပေမဲ့ လမ်းခွဲပြတ်စဲခဲ့တဲ့ ချစ်သူတွေ အချိန်အတော်ကြာ အဆက်အသွယ်လည်း မလုပ်ကြဘဲ နောက်မှ ပြန်တွဲကြတဲ့အခါ နှစ်ယောက်ကြားက အချစ်ရေးမျာ ကောင်းကျိုးလေးတွေ ရှိလာတတ်ပါတယ်။ အဲဒါလေးတွေကတော့.. (၁) သံယောဇဉ်ပိုတိုးလာတယ် ဒါကတော့ ဒီလို ပြန်တွဲခဲ့ကြတဲ့ ချစ်သူတွေမှာ အဖြစ်အများဆုံးကိစ္စပါပဲ။ ဝေးပြီးတဲ့နောက် တစ်ယောက်အပေါ်တစ်ယောက် ထားရှိတဲ့ စိတ်ခံစားချက်တွေ ပိုသေချာသွားတာကြောင့် သူနဲ့လည်းအတူပြန်ရှိရော သံယောဇဉ်တွေ အရင်ကထက်ပိုတိုးလာတာပါ။ (၂) ပိုရင့်ကျက်လာကြတယ် ပြဿနာဖြစ်တိုင်း အရင်လို ဒေါနဲ့မောနဲ့ ြဖေရှင်းမယ်၊ ဘာမဟုတ်တာလေးနဲ့ ပြတ်မယ်ပြောတယ်ဆိုတဲ့ အကျင့်တွေကြောင့် ဝေးသွားခဲ့ကြတဲ့အတွက် နောက်ပိုင်း ပြဿနာအကြီးကြီးကြုံလာရင်တောင် …