
သင့္ကို အျမတ္တႏုိးနဲ႔ အတည္တက် လက္ထပ္ယူလိုသူရဲ႕ လကၡဏာရပ္မ်ား
ခ်စ္သူေတြ အျဖစ္ လက္တြဲၾကတိုင္း ႏွစ္ဦးသား လက္ထပ္မယ္လို႔ ရည္ရြယ္ထားၾကတာ မဟုတ္ပါဘူး။ တစ္ခ်ိဳ႕ကေတာ့ ရည္းစားလိုခ်င္လို႔ တြဲၾကတာ ျဖစ္ၿပီး တစ္ခ်ိဳ႕ကေတာ့ အေပ်ာ္တြဲၾကတာ ျဖစ္ ပါတယ္။
ဒါေပမယ့္လည္း တစ္ခ်ိဳ႕ေကာင္ေလးေတြက ခ်စ္တဲ့သူနဲ႔ တစ္ဘဝလံုး အတူ ျဖတ္သန္းလိုတဲ့ ဆႏၵေတြ ရွိေနတတ္ ပါတယ္။ သူတို႔ ဆီမွာေတာ့ အခုလို အခ်က္ေတြကို သိသိသာသာကို ေတြ႔ရမွာ ျဖစ္ပါတယ္ေနာ္။
(၁) သင္က သူ႔ရဲ႕ ဦးစားေပးပဲ
ေကာင္ေလး တစ္ေယာက္က သူ႔ဘဝ လက္တြဲေဖာ္ အျဖစ္ မိန္းကေလး တစ္ေယာက္ကို စဥ္းစားၿပီ ဆိုရင္ေတာ့ သူက အဲ့ဒီ မိန္းကေလးကို ဦးစားေပး လာတတ္ ပါတယ္။ မိန္းကေလးကို အျမဲ ေတြးေနတတ္သလို မိန္းကေလး အတြက္ စဥ္းစားၿပီး အလုပ္လုပ္တတ္ၾကပါတယ္။
(၂) သင့္အေပၚ ပြင့္လင္းတယ္
သူ႔ရဲ႕ ေရွ႕ဆက္ရမယ့္ ဘဝမွာ အတူရွိမယ့္သူလို႔ ရည္ရြယ္ ထားတာေၾကာင့္ သင့္အေပၚ ပြင့္ပြင့္လင္းလင္း ဆက္ဆံ တတ္ပါ တယ္။ သူ႔ရဲ႕ မိသားစုအေျခအေန၊ အလုပ္အေျခအေနအျပင္ စိတ္အေျခအေနေတြကို အပြင့္လင္းဆံုး ေျပာျပ တတ္တဲ့ ေယာက်ၤားက သူတုိ႔ရဲ႕ လက္တြဲေဖာ္လို႔ ရည္ရြယ္ထားတဲ့ စိတ္ ရွိေနလို႔ပဲ ျဖစ္ပါတယ္။
(၃) သူ႔မိသားစုနဲ႔ မိတ္ဆက္ေပးတယ္
ဒါကေတာ့ စံုတြဲေတြ တုိင္းမွာ အဓိကက်တဲ့ အခ်က္လည္း ျဖစ္ပါ တယ္။ ေကာင္ေလးေတြက မ်ားေသာအားျဖင့္ ရည္းစား ထားရင္ အိမ္ကို အသိေပးရံုေလာက္ပဲ ေပးထားၾကတာ ျဖစ္ပါတယ္။ သူတို႔ အတည္အတံ့ လက္ထပ္ ယူခ်င္တဲ့ မိန္းကေလးမွသာ အိမ္နဲ႔ ေသေသခ်ာခ်ာေလး မိတ္ဆက္ေပးၾကတာ ျဖစ္ပါ တယ္။
(၄) သင့္မိသားစုနဲ႔ ရင္းႏွီးေအာင္ ေနတယ္
သင့္ကို သူ႔ဘဝထဲကို ေခၚခ်င္သလို သင့္ဘဝထဲကိုလည္း သူက လာခ်င္တဲ့အတြက္ သင့္မိသားစုနဲ႔လည္း သူ႔ကိုယ္သူ မိတ္ဆက္ထားမွာ ျဖစ္ပါတယ္။ အဓိကေတာ့ သူက မိသားစု ျဖစ္မလာခင္တည္း ရင္းႏွီးမႈ ႀကိဳယူထားတယ္ဆိုတဲ့ သေဘာ ျဖစ္ပါတယ္။
(၅) အခက္အခဲေတြကို အတူ ရင္ဆိုင္ေပးတယ္
သင့္မွာ ျပႆနာရွိရင္ေတာင္မွ သူက ထြက္မေျပး တတ္ပါဘူး။ သင့္အခက္အခဲေတြကို သင္နဲ႔ အတူ ေျဖရွင္းေပး တတ္တဲ့သူ ျဖစ္ပါတယ္။ သင့္ကို အၾကံေပးတာ ဆူပူတာေတြ ရွိႏိုင္ေပမယ့္ အလြန္အကၽြံ အျပစ္မတင္ၾကသူလည္း ျဖစ္ပါတယ္။ ဒါကေတာ့ သင္ သူ႔လက္တြဲေဖာ္ ျဖစ္လာမယ့္ သူလို႔ မွတ္ယူ ထားလို႔ပဲ ျဖစ္ပါ တယ္။
Kham
Credit
Unicode
သင့်ကို အမြတ်တနိုးနဲ့ အတည်တကျ လက်ထပ်ယူလိုသူရဲ့ လက္ခဏာရပ်များ
ချစ်သူတွေ အဖြစ် လက်တွဲကြတိုင်း နှစ်ဦးသား လက်ထပ်မယ်လို့ ရည်ရွယ်ထားကြတာ မဟုတ်ပါဘူး။ တစ်ချို့ကတော့ ရည်းစားလိုချင်လို့ တွဲကြတာ ဖြစ်ပြီး တစ်ချို့ကတော့ အပျော်တွဲကြတာ ဖြစ် ပါတယ်။
ဒါပေမယ့်လည်း တစ်ချို့ကောင်လေးတွေက ချစ်တဲ့သူနဲ့ တစ်ဘဝလုံး အတူ ဖြတ်သန်းလိုတဲ့ ဆန္ဒတွေ ရှိနေတတ် ပါတယ်။ သူတို့ ဆီမှာတော့ အခုလို အချက်တွေကို သိသိသာသာကို တွေ့ရမှာ ဖြစ်ပါတယ်နော်။
(၁) သင်က သူ့ရဲ့ ဦးစားပေးပဲ
ကောင်လေး တစ်ယောက်က သူ့ဘဝ လက်တွဲဖော် အဖြစ် မိန်းကလေး တစ်ယောက်ကို စဉ်းစားပြီ ဆိုရင်တော့ သူက အဲ့ဒီ မိန်းကလေးကို ဦးစားပေး လာတတ် ပါတယ်။ မိန်းကလေးကို အမြဲ တွေးနေတတ်သလို မိန်းကလေး အတွက် စဉ်းစားပြီး အလုပ်လုပ်တတ်ကြပါတယ်။
(၂) သင့်အပေါ် ပွင့်လင်းတယ်
သူ့ရဲ့ ရှေ့ဆက်ရမယ့် ဘဝမှာ အတူရှိမယ့်သူလို့ ရည်ရွယ် ထားတာကြောင့် သင့်အပေါ် ပွင့်ပွင့်လင်းလင်း ဆက်ဆံ တတ်ပါ တယ်။ သူ့ရဲ့ မိသားစုအခြေအနေ၊
အလုပ်အခြေအနေအပြင် စိတ်အခြေအနေတွေကို အပွင့်လင်းဆုံး ပြောပြ တတ်တဲ့ ယောင်္ကျားက သူတို့ရဲ့ လက်တွဲဖော်လို့ ရည်ရွယ်ထားတဲ့ စိတ် ရှိနေလို့ပဲ ဖြစ်ပါတယ်။
(၃) သူ့မိသားစုနဲ့ မိတ်ဆက်ပေးတယ်
ဒါကတော့ စုံတွဲတွေ တိုင်းမှာ အဓိကကျတဲ့ အချက်လည်း ဖြစ်ပါ တယ်။ ကောင်လေးတွေက များသောအားဖြင့် ရည်းစား ထားရင် အိမ်ကို အသိပေးရုံလောက်ပဲ ပေးထားကြတာ ဖြစ်ပါတယ်။ သူတို့ အတည်အတံ့ လက်ထပ် ယူချင်တဲ့ မိန်းကလေးမှသာ အိမ်နဲ့ သေသေချာချာလေး မိတ်ဆက်ပေးကြတာ ဖြစ်ပါ တယ်။
(၄) သင့်မိသားစုနဲ့ ရင်းနှီးအောင် နေတယ်
သင့်ကို သူ့ဘဝထဲကို ခေါ်ချင်သလို သင့်ဘဝထဲကိုလည်း သူက လာချင်တဲ့အတွက် သင့်မိသားစုနဲ့လည်း သူ့ကိုယ်သူ မိတ်ဆက်ထားမှာ ဖြစ်ပါတယ်။ အဓိကတော့ သူက မိသားစု ဖြစ်မလာခင်တည်း ရင်းနှီးမှု ကြိုယူထားတယ်ဆိုတဲ့ သဘော ဖြစ်ပါတယ်။
(၅) အခက်အခဲတွေကို အတူ ရင်ဆိုင်ပေးတယ်
သင့်မှာ ပြဿနာရှိရင်တောင်မှ သူက ထွက်မပြေး တတ်ပါဘူး။ သင့်အခက်အခဲတွေကို သင်နဲ့ အတူ ဖြေရှင်းပေး တတ်တဲ့သူ ဖြစ်ပါတယ်။ သင့်ကို အကြံပေးတာ ဆူပူတာတွေ ရှိနိုင်ပေမယ့် အလွန်အကျွံ အပြစ်မတင်ကြသူလည်း ဖြစ်ပါတယ်။ ဒါကတော့ သင် သူ့လက်တွဲဖော် ဖြစ်လာမယ့် သူလို့ မှတ်ယူ ထားလို့ပဲ ဖြစ်ပါ တယ်။
Kham
No Comments