
Credit Aunty May
Ref : Her Interest
UNICODE
ယောက်ျားတစ်ယောက်က သင့်ကိုလှည့်စားနေပြီဆိုတာ သိနိုင်တဲ့အမူအယာများ
” မိန်းမ မာယာသဲကိုးဖြာ” တဲ့၊ယောင်္ကျား မာယာကျတော့ မန်းကျည်းပင် နှစ်ပင်လောက်က မန်ကျည်းစေ့တွေလောက် ရှိတယ်တဲ့။သဲနဲ့ မန်းကျည်းစေ့နဲ့ သဲက ပိုများတာ မှန်ပေမဲ့ မန်ကျည်းပင်ကလည်း တစ်နေ့တခြားကို တိုးလာ တာပါ။
ဒါကလည်း ပုံပမာ တစ်ခုသာ ဖြစ်ပါ တယ်။ လှည့်စား တတ်တဲ့ သူက ယောင်္ကျားလေးပဲဖြစ်ဖြစ် မိန်းကလေး ပဲဖြစ်ဖြစ် လှည့်စား တတ်သလို့ မလှည့်စား တတ်တဲ့သူ ကလည်း မလှည့်စားတတ်ပါဘူး။
အခု ဒီမှာတော့ ယောင်္ကျားလေး တစ်ယောက်က သင့်ကို လှည့်စားနေ သလားဆို တာကို သိနိုင်မဲ့ အချက်တွေကို ဖော်ပြပေး လိုက်ပါ တယ်။
သင်ကြားချင်တာပဲ အမြဲပြောပါတယ်။
မိန်းကလးတွေနဲ့ပါတ်သတ်ပြီး ကျွမ်းကျင်တဲ့ ယောင်္ကျားလေး များဟာ သင်ဘာကြားချင်သလဲဆိုတာကို သိကြပြီး သင်ကြား ချင်တာကိုပဲ ပြောတတ် ပါတယ် ။
သင့်နှလုံးသားကို အရည်ပျော်စေမဲ့ စကားတွေ ကြားရဖန် များနေရင် သတိ ထားပါ။ မကြာခင်လူပါ အရည်ပျော်တော့ မှာဖြစ် ပါတယ်။
သူ့ရဲ့ အနာဂါတ်နဲ့ ပါတ်သတ်ပြီးေ၀ဝါးနေတယ်။
သင့်ကို သူ့ရဲ့ အနာဂါတ် အစီအစဉ်တွေက ဘာလဲဆိုတာ တိုင်ပင်ဖူး ပါသလား။သူ့ရဲ့အလုပ်၊နောင်လမှာ ဘာလုပ်မယ်၊ ဘာတွေ စဉ်းစားထား သလဲ ဆိုတာကို တိုင်ပင်ဖူးပါသလား။
သင့်ကို မတိုင်ပင်ဖူးဘူး ဆိုရင်တော့ သင့်ကို ကစားနေတာ ဖြစ်ပြီး သူ့အနာဂါတ်မှာ လုပ်ဆောင်မဲ့ ကိစ္စတွေကို သင်မသိစေ ချင်တဲ့ အတွက်ဖြစ် ပါတယ်။
သူ့ဖုန်းကို ပေးမကြည့်ဘူး။
ဒါကတော့ တော့ သိသာ ပါတယ်။ ဖုန်းကို Lock ခတ် ထားတဲ့ ဆိုတာ တခြားသူတွေကို ပေးမသိစေချင်တဲ့ဟာ တစ်ခုခု ရှိပြီးလျှို့ဝှက်ထားတယ် ဆိုတဲ့ အဓိပ္ပါယ်ဖြစ် ပါတယ်။
ဒါပေမဲ့ သင့်နဲ့စကားပြောနေ ချိန် ဖုန်းလာတယ် ဆိုရင် ဖုန်းချပစ် လိုက်တာ မျိုး၊ဖုန်းပိတ်ထားတတ်တာမျို းဆိုရင်တော့ သင့်ကို ကစားနေတာ ဖြစ်ပါတယ်။
သင့်ကို ဘယ်လိုခံစားရလဲဆိုတာကိုပြောလေ့မရှိဘူး။
လှတယ်၊ချစ်ဖို့ကောင်းတယ်၊ချောတယ်၊ အံ့ဩဖို့ကောင်းတယ် ဆိုတာတွေက သင်နဲ့ပါတ်သတ်ပြီးသူခံစားနေ ရတာ မဟုတ်ဘဲ သူ့ကြိုက်တဲ့ အရာတွေကို စာရင်းပြုစုနေခြင်းသာ ဖြစ်ပါတယ်။
သင်နဲ့ပါတ်သတ်ပြီး တကယ် ခံစား ရတာတွေကို ပြောလေ့ မရှိဘူး ဆိုရင်တော့ သင့်ကို ကစားနေတာ ဖြစ်နိုင် ပါတယ်။
သူ့ရဲ့ ချီးမွမ်းစကားတွေဟ သင့်ရုပ်နဲ့ပဲ ပါတ်သတ်နေတယ်။
သင့်ကို ချီးမွမ်းစကားပြောတိုင်း သင့်ရုပ်အကြောင်း ပဲပြောနေခြင်းဟာ နားထောင်လို့ကောင်းရင်ကောင်းနေပေမဲ့ သင့်ရဲ့ ပင်ကိုယ် လက္ခဏာနဲ့ပါတ် သတ်ပြီး ချီးမွမ်းစကားမပြောခြင်းဟာ သင့်ပင်ကိုယ် လက္ခဏာ တစ်ရပ်ကို သူရှာဖို့ အချိန်မရလို့ ဖြစ်ပါ တယ်။
သူငယ်ချင်းတွေ၊မိသားစုတွေနဲ့ မိတ်ဆက်ပေးလေ့မရှိဘူး။
သူငယ်ချင်းတွေ၊မိဘတွေနဲ့လည်း မိတ်ဆက်ပေးတိုင်း ထာဝရချစ်သွားမယ်လို့တော့ ပြောလို့မရပါဘူး။ ဒါပေမဲ့ ယောင်္ကျားလေးတွေဟာ မိဘတွေ၊ သူငယ်ချင်းတွေနဲ့ မိတ်ဆက်ပေးခြင်းကို သူတို့အချစ်ရဲ့ သက်သေလို့ဖော်ပြလေ့ ရှိပြီး
သင့်ဟာ အဲ့ဒီ အဆင့်ထိတောင် မရောက်သေးဘူး ဆိုရင်တော်တော် အခြေအနေဆိုးတယ်လို့ပဲဆိုရမှာပါ။ဒါကြောင့် မိသားစုနဲ့ မိတ်ဆက်ပေးတယ် ဆိုတာ ခြေလှမ်းကြီး တစ်ခုဖြစ်ပြီး သူမိသားစုနဲ့ မိတ်ဆက်ပေးဖို့တောင် စိတ်ကူး မရှိရင် သင့်ကို ကစားနေပြီ လို့ ယူဆနိုင်ပါတယ်။
သင့်မိသားစုတွေ၊သူငယ်ချင်းတွေကိုလည်း ဂရုမစိုက်ဘူး။
သူရဲ့ မိသားစုတွေ သူငယ်ငယ်ချင်းတွေ အကြောင်းကိုလည်း စိတ်ဝင် တစား မမေးဘူး။တွေ့ဆုံဖို့ကိုလည်း ရှောင်နေတယ် ဆိုရင် သင့်ကို ကစားနေတာ ဖြစ်နိုင်ပါတယ်။
လိုမျိုးရှောင်ကြဉ်တာ ဟာ သံယောဇဉ် အနှောင်အဖွဲ့များနေရင် သူ အချိန်တန်တဲ့ အခါ ရုန်းထွက်ရခက်မှာဆိုးလို့ဖြစ်ပါတယ်။
No Comments