ဆိုင္္ သြားစရာမလိုတဲ့ အေရာင္တင္နည္းေတြ - Amawpyay

ဆိုင္္ သြားစရာမလိုတဲ့ အေရာင္တင္နည္းေတြ

ဆိုင္္ သြားစရာမလိုတဲ့ အေရာင္တင္နည္းေတြ
Knowledge

ဆိုင္္ သြားစရာမလိုတဲ့ အေရာင္တင္နည္းေတြ

လက္ဝက္ရတနာဆိုတာ မိန္းကေလးတိုင္း တန္ဖိုးထားရတဲ့ အရာျဖစ္ ပါတယ္။ ေ႐ႊထည္၊ ေငြထည္ေတြဟာ တန္ဖိုးလည္း ျမင့္သလို ဝတ္လိုက္တဲ့ အခါမွာလည္း အရမ္းကို က်က္သေရရွိပါတယ္။

ေ႐ႊထည္၊ ေငြထည္ေတြ ကလည္း ၾကာတဲ့အခါ အေရာင္မႈိင္း သြားတာ၊ မည္းသြားတာ၊ ညစ္ေနတာမ်ိဳးေတြ ျဖစ္တတ္ ပါတယ္။ ဒါေၾကာင့္ သင့္ရဲ႕ေ႐ႊထည္၊ ေငြထည္ပစၥည္းေလးေတြကို ဒီနည္းလမ္းေလးေတြနဲ႔ ေျပာင္လက္ သြားေအာင္ ျပဳလုပ္ေပးႏိုင္ ပါတယ္။

(၁) အမိုးနီးယား

အမိုးနီးယားဟာ ေႂကြထည္ ပစၥည္းေတြကို သန႔္စင္ေပးႏိုင္ ႐ုံသာမက စိန္ေတြကိုလည္း ေတာက္ပေအာင္ ျပဳလုပ္ေပး ႏိုင္ပါတယ္။ အမိုးနီးယားကို ေရေႏြး ၃ဆေရာ လိုက္ပါ။

အဲဒီ့အရည္ထဲကို စိန္ကို ႏွစ္လိုက္ကာ ၁၅ မိနစ္ခန႔္ေစာင့္ လိုက္ပါ။ ၿပီးရင္ေတာ့ ေျခာက္ေသြ႕ၿပီးသန႔္ရွင္းတဲ့ အဝတ္ေလးနဲ႔ သုတ္ လိုက္ပါ။ ေတာက္ပ သစ္လြင္ေနတဲ့ စိန္ေက်ာက္ေလးကို ေတြ႕ရွိ ရမွာျဖစ္ ပါတယ္။

(၂) ရွာလကာရည္

ရွာလကာရည္ဟာ သန႔္ရွင္းေရးမွာ အရမ္းကို အသုံးဝင္တဲ့ အရည္ တစ္မ်ိဳးျဖစ္တယ္ဆိုတာ အားလုံးလည္း အသိ ပါပဲ။ အျဖဴေရာင္ ရွာလကာရည္ဟာ ေက်ာက္မ်က္ရတနာေတြနဲ႔ ေ႐ႊထည္ပစၥည္းေတြကို သန႔္စင္ဖို႔ အတြက္ အေကာင္းဆုံး ပါပဲ။

ရွာလကာရည္ အနည္းငယ္ ထဲကို ေက်ာက္မ်က္နဲ႔ ေ႐ႊထည္ေတြကို စိမ္ေပး လိုက္႐ုံ ပါပဲ။ ၁၅ မိနစ္အၾကာမွာ သြားပြတ္ တံေလးနဲ႔ တိုက္ေပး လိုက္ကာ ေရျပန္ေဆးေပး လိုက္ပါ။ ေျခာက္ေအာင္သုတ္လို႔ အၿပီးမွာေတာ့ ေျပာင္လက္ေန တာကို ေတြ႕ျမင္ရမွာပါ။

(၃) သြားတိုက္ေဆး

တျခားေထြေထြထူးထူးေတြ လုပ္မေန ခ်င္ရင္ေတာ့ သြားတိုက္ေဆး နဲ႔လည္း အဆင္ေျပပါတယ္။ သြားတိုက္ေဆး တစ္လက္မခန႔္ကို ေရေႏြး လက္ဖက္ရည္ဇြန္း ၁ဇြန္းနဲ႔ေရာလိုက္ပါ။

ၿပီးရင္ေတာ့ သြားတိုက္ေဆးကို ရတနာပစၥည္းေတြ အေပၚ သုတ္ လိမ္းကာ အဝတ္ေလးနဲ႔ ပြတ္တိုက္ေပးလိုက္ပါ။ ေျပာင္လက္ သြားတာကို ေတြ႕ရမွာပါ။

(၄) ခဲပတ္

ခဲပတ္ဟာ ေငြထည္ေတြကို သန႔္စင္ရာမွာအေကာင္းဆုံး ပါပဲ။ ပန္းကန္လုံးထဲကို ခဲပတ္ခင္းလိုက္ပါ။ ၿပီးရင္ေတာ့ ေရေႏြးဆူဆူ၊ မုန႔္ဖုတ္ ဆိုဒါတို႔ိကို ေရာၿပီးေငြထည္ ပစၥည္းေတြကို စိမ္လိုက္ပါ။ ၅ မိနစ္အၾကာ မွာေတာ့ အဝတ္ေျခာက္ေလးနဲ ႔သုတ္လိုက္ ပါ။

Em Em

Credit

Unicode

ဆိုင် သွားစရာမလိုတဲ့ အရောင်တင်နည်းတွေ

လက်ဝက်ရတနာဆိုတာ မိန်းကလေးတိုင်း တန်ဖိုးထားရတဲ့ အရာဖြစ် ပါတယ်။ ရွှေထည်၊ ငွေထည်တွေဟာ တန်ဖိုးလည်း မြင့်သလို ဝတ်လိုက်တဲ့ အခါမှာလည်း အရမ်းကို ကျက်သရေရှိပါတယ်။

ရွှေထည်၊ ငွေထည်တွေ ကလည်း ကြာတဲ့အခါ အရောင်မှိုင်း သွားတာ၊ မည်းသွားတာ၊ ညစ်နေတာမျိုးတွေ ဖြစ်တတ် ပါတယ်။ ဒါကြောင့် သင့်ရဲ့ရွှေထည်၊ ငွေထည်ပစ္စည်းလေးတွေကို ဒီနည်းလမ်းလေးတွေနဲ့ ပြောင်လက် သွားအောင် ပြုလုပ်ပေးနိုင် ပါတယ်။

(၁) အမိုးနီးယား

အမိုးနီးယားဟာ ကြွေထည် ပစ္စည်းတွေကို သန့်စင်ပေးနိုင် ရုံသာမက စိန်တွေကိုလည်း တောက်ပအောင် ပြုလုပ်ပေး နိုင်ပါတယ်။ အမိုးနီးယားကို ရေနွေး ၃ဆရော လိုက်ပါ။

အဲဒီ့အရည်ထဲကို စိန်ကို နှစ်လိုက်ကာ ၁၅ မိနစ်ခန့်စောင့် လိုက်ပါ။ ပြီးရင်တော့ ခြောက်သွေ့ပြီးသန့်ရှင်းတဲ့ အဝတ်လေးနဲ့ သုတ် လိုက်ပါ။ တောက်ပ သစ်လွင်နေတဲ့ စိန်ကျောက်လေးကို တွေ့ရှိ ရမှာဖြစ် ပါတယ်။

(၂) ရှာလကာရည်

ရှာလကာရည်ဟာ သန့်ရှင်းရေးမှာ အရမ်းကို အသုံးဝင်တဲ့ အရည် တစ်မျိုးဖြစ်တယ်ဆိုတာ အားလုံးလည်း အသိ ပါပဲ။ အဖြူရောင် ရှာလကာရည်ဟာ ကျောက်မျက်ရတနာတွေနဲ့ ရွှေထည်ပစ္စည်းတွေကို သန့်စင်ဖို့ အတွက် အကောင်းဆုံး ပါပဲ။

ရှာလကာရည် အနည်းငယ် ထဲကို ကျောက်မျက်နဲ့ ရွှေထည်တွေကို စိမ်ပေး လိုက်ရုံ ပါပဲ။ ၁၅ မိနစ်အကြာမှာ သွားပွတ် တံလေးနဲ့ တိုက်ပေး လိုက်ကာ ရေပြန်ဆေးပေး လိုက်ပါ။ ခြောက်အောင်သုတ်လို့ အပြီးမှာတော့ ပြောင်လက်နေ တာကို တွေ့မြင်ရမှာပါ။

(၃) သွားတိုက်ဆေး

တခြားထွေထွေထူးထူးတွေ လုပ်မနေ ချင်ရင်တော့ သွားတိုက်ဆေး နဲ့လည်း အဆင်ပြေပါတယ်။ သွားတိုက်ဆေး တစ်လက်မခန့်ကို ရေနွေး လက်ဖက်ရည်ဇွန်း ၁ဇွန်းနဲ့ရောလိုက်ပါ။

ပြီးရင်တော့ သွားတိုက်ဆေးကို ရတနာပစ္စည်းတွေ အပေါ် သုတ် လိမ်းကာ အဝတ်လေးနဲ့ ပွတ်တိုက်ပေးလိုက်ပါ။ ပြောင်လက် သွားတာကို တွေ့ရမှာပါ။

(၄) ခဲပတ်

ခဲပတ်ဟာ ငွေထည်တွေကို သန့်စင်ရာမှာအကောင်းဆုံး ပါပဲ။ ပန်းကန်လုံးထဲကို ခဲပတ်ခင်းလိုက်ပါ။ ပြီးရင်တော့ ရေနွေးဆူဆူ၊ မုန့်ဖုတ် ဆိုဒါတို့ိကို ရောပြီးငွေထည် ပစ္စည်းတွေကို စိမ်လိုက်ပါ။ ၅ မိနစ်အကြာ မှာတော့ အဝတ်ခြောက်လေးနဲ့သုတ်လိုက် ပါ။

Em Em

No Comments

Leave a Reply

Your email address will not be published.

ရိုးဂုဏ်ဆိုတာ တန်ဖိုးဖြတ်လို့ မရဘူး
Knowledge
” ရိုးဂုဏ်ဆိုတာ တန်ဖိုးဖြတ်လို့ မရဘူး “

” ရိုးဂုဏ်ဆိုတာ တန်ဖိုးဖြတ်လို့ မရဘူး “ ငါ့လောက်ခြေထောက် များတဲ့သူကမ္ဘာမှာရှိရဲ့လားလို့ ကျောက်တုံးပေါ်က ကင်းခြေများက ကြွေးကြော်တော့ သူနေတဲ့နေရာနဲ့အနီးနားက ကျောက်ကုန်းပေါ်က ပို့နတ်သံကောင်က မင်းကငါ့ကို ပြိုင်ဝံ့လို့လားပြောလိုက်တော့ ခင်ဗျားကိုတော့ကျွန်နော် မပြိုင်ဝံ့ပါလို့ကင်းခြေများက ပြောရှာပါသတဲ့…. တစ်နေ့တွင် အမိတာဘချမ်းသည် လေယာဉ်ဖြင့်ခရီးထွက်ရန် ကိစ္စတစ်ခုပေါ်လာသည်။ လေယာဉ်ပေါ်ရှိ သူနှင့်ဘေးချင်းကပ်လျက်ကျသော လူတစ်ယောက်မှာ သူ့ထက်အသက်ကြီးပြီး ရိုးရိုးရှပ်အင်္ကျီနှင့် ဘောင်းဘီကိုသာ ဝတ်ထားသော သာမန် လူလတ်တန်းစားပုံစံပေါက်နေသည့် လူကြီးတစ်ယောက်ဖြစ်သည်။ ထိုလူကြီးမှာ ပညာတော့ တတ်ပုံရသည်။ သတင်းစာတစ်စောင်ကို ဖတ်နေတာတွေ့ရသည်။ ထိုစဉ် လေယာဉ်မယ်လေးက လက်ဖက်ရည်ဖြင့် လိုက်ဧည့်ခံလေသည်။ ထိုလူကြီးက လက်ဖက်ရည်ခွက်ကိုယူလိုက်ပြီး သူနှင့်ဘေးချင်းကပ် အမိတာဘချမ်းကို အသာအယာပြုံးပြလာလေသည်။bအမိတာဘချမ်းကလည်း ထိုလူ့ကို အခွင့်သာခိုက် ပြုံးပြလိုက်ပြီး “ဟဲလို” …

" ပိုက်ဆံ ရှာပါ စုပါ သုံးပါ မဖြုန်းပါနှင့် "
Knowledge
” ပိုက်ဆံ ရှာပါ စုပါ သုံးပါ မဖြုန်းပါနှင့် “

” ပိုက်ဆံ ရှာပါ စုပါ သုံးပါ မဖြုန်းပါနှင့် “ ပိုက်ဆံရှိမှ ဖြစ်တော့မယ်လို့ တွေးမိတဲ့အချိန်ဟာ ခရီးတစ်ခုကို စတင်ဖို့ လက်မှတ်စဝယ်တာနဲ့ တူပါတယ်။ လောကမှာ ပိုက်ဆံရှိမှ ပိုအဆင်ပြေနိုင်ပါတယ်။ မိသားစုထဲမှာ ကြည့်ပါ။ ပိုက်ဆံရှာနိုင်တဲ့သူက ပိုအရေးပါ အရာရောက်ပါတယ်။ အပေါင်းအသင်းတွေ ကြားထဲ ကြည့်ပါ။ ပိုက်ဆံရှိတဲ့သူက ပိုလူရာဝင်ပါတယ်။ လူမှုအဖွဲ့အစည်း တစ်ခုခုကို ကြည့်ပါ။ ပိုက်ဆံပိုရှိတဲ့သူက ပိုအရာရောက်ပါတယ်။ ဒါဟာ လောကကြီးထဲမှာ ရာခိုင်နှုန်း တော်တော်များများ ဖြစ်နေတာပါ။ ဘယ်နည်းနဲ့ကြည့်ကြည့် သင် ပိုက်ဆံရှာရပါမယ်။ ငွေစုရပါမယ်။ သင်ပိုက်ဆံရှိမှ သင်ချစ်တဲ့သူတွေအတွက် သင်လုပ်ချင်တဲ့အရာတွေအတွက် သင်ပြောချင်တဲ့စကားတွေအတွက် သင်လိုချင်တဲ့အရာတွေအတွက် အားလုံးမဟုတ်ရင်တောင် တော်တော်များများလုပ်လို့ရမှာပါ။ “ခင်မင်မှုက ပိုအရေးကြီးတယ်” …

ခံတွင်း အနံ့ဆိုးကို ဘယ်လို ဖျောက်ကြမလဲ
Knowledge
ခံတွင်း အနံ့ဆိုးကို ဘယ်လို ဖျောက်ကြမလဲ

ခံတွင်း အနံ့ဆိုးကို ဘယ်လို ဖျောက်ကြမလဲ ခံတွင်း ပုတ် အနံ့ သည် လူတယောက် အတွက် မိမိကိုယ် ကို ယုံကြည်မူ့ မဲ့စေပါသည်။ ခံံတွင်းအနံ့ မကောင်း သူများသည် လူအများ ကြားတွင် စကားပြော ဆိုရာ တွင် မိမိ ၏ ပါးစပ်မှ အနံ့ ကြောင့် သူတပါးအား အနှောင့်အယှက် ဖြစ်စေသလို မိမိကိုယ်တိုင်လည်း သိမ်ငယ်ရပါသည် ။ ကျွန်တော် တာဝန်ထမ်းဆောင်ရာ အရပ်တပါး၌် တောရ ကျောင်းတခုတွင် သီတင်းသုံး နေထိုင်သော ရဟန်းတပါးအား အခါ အခွင့်သင့်၍ သွားရောက် ဖူးခဲ့ပါသည်။ ထိုရဟန်းသည် စကားပြောသောအခါတွင် ပါးစပ်အား လက်ဝါးနှင့် ကာ၍ …