“ခင်ပွန်းက ဇနီးကို သိပ်ချစ်တယ်ဆိုတာ လူ့ပတ်ဝန်းကျင်မှာ အင်မတန်မှ ‘မင်္ဂလာ’ မည်ပါတယ်” - Amawpyay


Knowledge

















Unicode

“ခင်ပွန်းက ဇနီးကို သိပ်ချစ်တယ်ဆိုတာ လူ့ပတ်ဝန်းကျင်မှာ အင်မတန်မှ ‘မင်္ဂလာ’ မည်ပါတယ်”

ခင်ပွန်းနဲ့ဇနီး အပေးအယူ မျှတစွာ ချစ်တယ် ဆိုတာလဲ အင်မတန်မှ ကျတ်သရေ ရှိပါတယ်.. ထားပါတော့! ပြောချင်တာက

ခင်ပွန်း တစ်ယောက်ဟာ ဇနီးကို အလိုလိုက် ချစ်တတ်ပြီ ဆိုရင် ထိုခင်ပွန်းရဲ့ မိတ်ဆွေ အပေါင်းအသင်းတွေ က ‘ဟေ့ကောင် မယားကြောက်’ ဘာညာဆိုပြီး စကြ နောက်ကြ လှောင်ပြောင်ကြ တယ် !

ပိုဆိုးတာက ” မိန်းမဆိုတာ ကြောက်စရာ မဟုတ်ဘူး ကိုယ့်လုပ်စာ ထိုင်စားနေတဲ့သူ အချိန်တန်ရင် လစာလေးအပ်” ”အိမ်က မိန်းမကြီးကို နားထား လိုက်ပါကွာ အပြင်မှာ အလန်းတွေ တပုံကြီး” စသဖြင့် စိတ်ထား ယုတ်တဲ့ မိတ်ဆွေတွေက မြှောက်ပင့် ပေးတတ်ကြတယ်

သေးသိမ်တဲ့ ခပ်ညံ့ညံ့ ဆွေမျိုး အသိုင်းအဝိုင်းတွေက ကဲ့ရဲ့ပစ်တင် ကြတယ် မခံချိ မခံသာ အတင်းပြောကြတယ်” အဲ့ကောင် မိန်းမမှ မိန်းမဖြစ်နေ တာ မိန်းမ ဘာလုပ်ချင်တယ်ဆို အကုန် လုပ်ပေးနေတာ ဘာညာပေါ့လေ’ ! တကယ်တော့ ခင်ပွန်းကောင် းဟူသည်

ဇနီးအပေါ် နိုင်ထက်စီးနင်း မပြုတဲ့သူ .. မိမိဇနီးက အမြဲတမ်း လေးစားချစ်ခင်နေအောင် ပြုမူနေထိုက်တက်သူ.. အိမ်ထောင် ဦးစီးတာဝန်ကို အပြည့်အဝ လုပ်ကိုင် ဆောင်ရွက်နိုင်သူ ခင်ပွန်းသည် မိမိဇနီးကို သဲသဲလှုပ် ချစ်တာ အပြစ်လာ?

ကျွန် မ ရဲ့ အ မြင် မှာ တော့ ထို ကဲ့ သို့ သော ခင် ပွန်း မျိုး ကို ‘မ ယား ကြောက်’ လို့ ဘယ် တော့ မှ မ မြင် ပါ

ထိုကဲ့သို့သော ခင်ပွန်းမျိုးသည် ဇနီးတိုင်း တောင့်တ လိုချင်သော သူမျိုး ဖြစ်ပါလိမ့်မယ် အိမ်ထောင်ရေး တခု ခိုင်မြဲဖို့ ခင်ပွန်းနဲ့ ဇနီး အပြန်အလှန် ချစ်ခြင်း မေတ္တာတခု ရှိသင့်ပါတယ်

ဇ နီး တစ် ယောက် ရဲ့ ပျော် ရွှင် မှု့ သည် မိ မိ ခင် ပွန်း ၏ ချစ် ခြင်း မေ တ္တ ာပဲ ဖြစ် ပါ တယ် ..

ပျော်ရွှင်သော ဇနီးတစ်ယောက်၏ ဘဝတွင် သိက္ခာရှိ၍ လေးစားထိုက်သော ခင်ပွန်းကောင်း ရှိနေပါလိမ့်မယ်… အမြဲတမ်း ငေးငိုင် မှိုင်တွေနေသော ဇနီး၏ နောက်ကွယ်တွင် သိက္ခာမဲ့၍ ဖောက်ပြန်တက်သော ခင်ပွန်းဆိုးများ ရှိနေပါလိမ့်မယ် ..

ပစ္စည်းဥစ္စာ ဆင်းရဲတဲ့ ဇနီးသည် ခင်ပွန်းကောင်း ရှိပါက စိတ်ပျော်ရွှင်နိုင်မည် ဖြစ်သော်လည်း ဥစ္စာချမ်းသာတဲ့ ဇနီးသည် ခင်ပွန်းကောင်း မရှိပါက စိတ် ပျော်ရွှင်နိုင်မည် မဟုတ်ပေ…

ထိုကြောင့် ခင်ပွန်းတို့သည် မိမိ၏ ဇနီးကို ချစ်မြဲချစ်ကြပါ.. ဒါဟာ ရှက်စရာ မဟုတ်ပါ.. အထင်ကြီးလေးစား ချီးကျူး စရာပါ… ခင်ပွန်းကောင်းတွေရဲ့ အပြုအမူပါ…

မိမိက ချစ်ပြ ဂရုစိုက်ပြလို့ ဇနီးဆီက ရရှိလာမဲ့ တုံ့ပြန်မှု့က ပျော်ရွှင်စရာကောင်းတဲ့ အိမ်ထောင်ရေးလေးတခုကို ပိုင်ဆိုင်ရမှာပါ…

စစ် မှန် တဲ့ ချစ် ခြင်း မေ တ္တာ တွေ နဲ့ ချစ် ပြ လိုက် ပါ..

မယုံမရှိပါနဲ့.. သင်တို့ရဲ့အိမ်ထောင်ရေး ဂေဟာလေးက အမြဲတမ်း သာယာနေမှာ မလွဲပါပဲ… ယောကျာ်းတိုင်း ခင်ပွန်းကောင်းများ ဖြစ်ကြပါစေ.. ဇနီးတိုင်း သဲသဲလှုပ် ချစ်တက်သော ခင်ပွန်းကောင်းများကို ပိုင်ဆိုင်နိုင်ပါစေ။

Credit to Original writer

No Comments

Leave a Reply

Your email address will not be published.

ရိုးဂုဏ်ဆိုတာ တန်ဖိုးဖြတ်လို့ မရဘူး
Knowledge
” ရိုးဂုဏ်ဆိုတာ တန်ဖိုးဖြတ်လို့ မရဘူး “

” ရိုးဂုဏ်ဆိုတာ တန်ဖိုးဖြတ်လို့ မရဘူး “ ငါ့လောက်ခြေထောက် များတဲ့သူကမ္ဘာမှာရှိရဲ့လားလို့ ကျောက်တုံးပေါ်က ကင်းခြေများက ကြွေးကြော်တော့ သူနေတဲ့နေရာနဲ့အနီးနားက ကျောက်ကုန်းပေါ်က ပို့နတ်သံကောင်က မင်းကငါ့ကို ပြိုင်ဝံ့လို့လားပြောလိုက်တော့ ခင်ဗျားကိုတော့ကျွန်နော် မပြိုင်ဝံ့ပါလို့ကင်းခြေများက ပြောရှာပါသတဲ့…. တစ်နေ့တွင် အမိတာဘချမ်းသည် လေယာဉ်ဖြင့်ခရီးထွက်ရန် ကိစ္စတစ်ခုပေါ်လာသည်။ လေယာဉ်ပေါ်ရှိ သူနှင့်ဘေးချင်းကပ်လျက်ကျသော လူတစ်ယောက်မှာ သူ့ထက်အသက်ကြီးပြီး ရိုးရိုးရှပ်အင်္ကျီနှင့် ဘောင်းဘီကိုသာ ဝတ်ထားသော သာမန် လူလတ်တန်းစားပုံစံပေါက်နေသည့် လူကြီးတစ်ယောက်ဖြစ်သည်။ ထိုလူကြီးမှာ ပညာတော့ တတ်ပုံရသည်။ သတင်းစာတစ်စောင်ကို ဖတ်နေတာတွေ့ရသည်။ ထိုစဉ် လေယာဉ်မယ်လေးက လက်ဖက်ရည်ဖြင့် လိုက်ဧည့်ခံလေသည်။ ထိုလူကြီးက လက်ဖက်ရည်ခွက်ကိုယူလိုက်ပြီး သူနှင့်ဘေးချင်းကပ် အမိတာဘချမ်းကို အသာအယာပြုံးပြလာလေသည်။bအမိတာဘချမ်းကလည်း ထိုလူ့ကို အခွင့်သာခိုက် ပြုံးပြလိုက်ပြီး “ဟဲလို” …

" ပိုက်ဆံ ရှာပါ စုပါ သုံးပါ မဖြုန်းပါနှင့် "
Knowledge
” ပိုက်ဆံ ရှာပါ စုပါ သုံးပါ မဖြုန်းပါနှင့် “

” ပိုက်ဆံ ရှာပါ စုပါ သုံးပါ မဖြုန်းပါနှင့် “ ပိုက်ဆံရှိမှ ဖြစ်တော့မယ်လို့ တွေးမိတဲ့အချိန်ဟာ ခရီးတစ်ခုကို စတင်ဖို့ လက်မှတ်စဝယ်တာနဲ့ တူပါတယ်။ လောကမှာ ပိုက်ဆံရှိမှ ပိုအဆင်ပြေနိုင်ပါတယ်။ မိသားစုထဲမှာ ကြည့်ပါ။ ပိုက်ဆံရှာနိုင်တဲ့သူက ပိုအရေးပါ အရာရောက်ပါတယ်။ အပေါင်းအသင်းတွေ ကြားထဲ ကြည့်ပါ။ ပိုက်ဆံရှိတဲ့သူက ပိုလူရာဝင်ပါတယ်။ လူမှုအဖွဲ့အစည်း တစ်ခုခုကို ကြည့်ပါ။ ပိုက်ဆံပိုရှိတဲ့သူက ပိုအရာရောက်ပါတယ်။ ဒါဟာ လောကကြီးထဲမှာ ရာခိုင်နှုန်း တော်တော်များများ ဖြစ်နေတာပါ။ ဘယ်နည်းနဲ့ကြည့်ကြည့် သင် ပိုက်ဆံရှာရပါမယ်။ ငွေစုရပါမယ်။ သင်ပိုက်ဆံရှိမှ သင်ချစ်တဲ့သူတွေအတွက် သင်လုပ်ချင်တဲ့အရာတွေအတွက် သင်ပြောချင်တဲ့စကားတွေအတွက် သင်လိုချင်တဲ့အရာတွေအတွက် အားလုံးမဟုတ်ရင်တောင် တော်တော်များများလုပ်လို့ရမှာပါ။ “ခင်မင်မှုက ပိုအရေးကြီးတယ်” …

ခံတွင်း အနံ့ဆိုးကို ဘယ်လို ဖျောက်ကြမလဲ
Knowledge
ခံတွင်း အနံ့ဆိုးကို ဘယ်လို ဖျောက်ကြမလဲ

ခံတွင်း အနံ့ဆိုးကို ဘယ်လို ဖျောက်ကြမလဲ ခံတွင်း ပုတ် အနံ့ သည် လူတယောက် အတွက် မိမိကိုယ် ကို ယုံကြည်မူ့ မဲ့စေပါသည်။ ခံံတွင်းအနံ့ မကောင်း သူများသည် လူအများ ကြားတွင် စကားပြော ဆိုရာ တွင် မိမိ ၏ ပါးစပ်မှ အနံ့ ကြောင့် သူတပါးအား အနှောင့်အယှက် ဖြစ်စေသလို မိမိကိုယ်တိုင်လည်း သိမ်ငယ်ရပါသည် ။ ကျွန်တော် တာဝန်ထမ်းဆောင်ရာ အရပ်တပါး၌် တောရ ကျောင်းတခုတွင် သီတင်းသုံး နေထိုင်သော ရဟန်းတပါးအား အခါ အခွင့်သင့်၍ သွားရောက် ဖူးခဲ့ပါသည်။ ထိုရဟန်းသည် စကားပြောသောအခါတွင် ပါးစပ်အား လက်ဝါးနှင့် ကာ၍ …