သင့်ဘဝမှာ တစ်ကြိမ်တစ်ခါလောက်တော့ အချစ်ကိုရှာဖွေသင့်တဲ့ အကြောင်းရင်း(၅)ချက် - Amawpyay
အချစ်ရေး
Credit to original writer
Unicode
သင့်ဘဝမှာ တစ်ကြိမ်တစ်ခါလောက်တော့ အချစ်ကိုရှာဖွေသင့်တဲ့ အကြောင်းရင်း(၅)ချက်
အချစ်ဟာပူလောင်တယ်၊ လူကို ဒုက္ခပေး တယ်၊ အသည်း ကွဲစေ တယ်၊ ဘဝပျက်သည်အထိတောင်ဖြစ်စေ နိုင်တယ် စသဖြင့် အချစ်ကြောင့်နာကျင်ခံစားရဖူးသူတွေကမှတ်ချက်ပေးကြပါတယ်။
အချစ်ကြောင့် နာကျင်ရဖူးလို့ အချစ်နဲ့မတွေ့ချင် သူတွေလည်း ရှိသလို၊ မကောင်းတာတွေပဲကြုံ ရတယ် လို့ပြောတဲ့ စကားတွေ ကိုကြားပြီး အချစ်နဲ့မတွေ့ချင်ဘူး၊ အချစ်ကိုမရှာချင်ဘူးလို့ ငြင်းနေတဲ့ သူတွေလည်း ရှိပါတယ်။ တကယ်တော့ လူတိုင်း ဘဝမှာ အချစ်ကိုရှာဖွေသင့် ပါတယ်။ ဘာလို့လဲဆိုတော့….
၁။ ပေးဆပ်ခြင်းနဲ့ရယူခြင်းအကြောင်း သင်ယူနိုင်တယ်
အချစ်မှာ ကိုယ်ကချည်း ပဲပေးနေလို့ အဆင်မပြေ သလို၊ ကိုယ်ကချည်းပဲ ရယူချင်နေလို့လည်း မဖြစ်ပါ ဘူး။ ကိုယ့်ဘက် ကရယူတာနဲ့ ပေးဆပ် ကို မျှမျှတတဖြစ်အောင်နေ ရမယ်ဆို တာကို နားလည် လာပါ လိမ့်မယ်။
၂။ ညှိနှိုင်းခြင်းနဲ့ အတူတကွ လုပ်ဆောင်ခြင်းကို သင်ယူနိုင်တယ်
ချစ်လို့ သူ့သဘော အတိုင်းလိုက်လျောရင် အရာအားလုံး အဆင်ပြေ မယ်လို့ ထင်ပါသလား။ လုံးဝ မှားပါ တယ်။ ချစ်တဲ့ သူနှစ်ယောက်ကြား ညှိနှိုင်းရခြင်း၊ အခြေအနေအရပ်ရပ်မှာအဆင်ပြေဖို့ အတူတကွလျှောက် လှမ်းခြင်းစတာတွေ ကို သိလာ ပါလိမ့်မယ်။
၃။ နားထောင်ခြင်းနဲ့ ဖြေရှင်းခြင်းကို သင်ယူနိုင်တယ်
လူတစ်ယောက်ဟာ ကိုယ်ချစ်ရတဲ့ သူဆီက ပျော်စရာတွေ၊ သာယာနာပျော်ဖွယ်စကားလေးတွေကိုပဲ ကြားရမှာ မဟုတ်ပါဘူး။ ကိုယ်မကြားချင်တဲ့ စကားတွေ၊ကိုယ်မုန်းတီးတဲ့
အရာတွေ ကိုလည်း သူ့ဆီကကြား ရမှာပါ။ ဒီလိုအရာတွေကိုနားထောင်ပြီး ကိုယ့်စိတ်ခံစားချက်ကို ဖြေရှင်းနိုင်တဲ့ပညာတွေလည်း တတ်လာပါလိမ့်မယ်။
၄။ ကိုယ့်ကိုယ်ကို ပိုနားလည်လာမယ်
သူတစ်ပါးကို ချစ်မိတဲ့ အခါ ကိုယ်ချစ်တဲ့ သူဆီက ချစ်ခြင်းမေတ္တာကို လိုချင်မယ်၊ဂရုစိုက်တာကို လိုချင်မယ်၊ သူ့ကိုလည်း ဂရုစိုက်ပေး ချင်မယ်။ ဒီအရာတွေက ကိုယ့်စိတ်ကို ပိုနားလည်ဖို့ အထောက်အပံ့ ဖြစ်လာပြီး ကြာလေလေ ကိုယ့်ကိုယ်ကို နားလည် လာလေလေဖြစ်လာပါ လိမ့်မယ်။
၅။ ချစ်ခြင်းမေတ္တာဆိုတာ ဘာလဲနားလည်လာမယ်
အချစ်ဆိုတာ ပူလောင်တယ် ၊နာကျင်တယ်လို့ လူတွေ ဘာလို့ပြောကြ လဲ ဆိုတာ ကိုသိလာမယ်၊ တစ်ဖက်ကလည်း လူတွေပြော သလောက် အဆိုးချည်းပဲ မဟုတ်ဘူး ဆိုတာကိုလည်း သိလာ မယ်။
ချစ်ခြင်းမေတ္တ ာဆိုတာ စကားလုံးတွေနဲ့ရှင်းပြလို့ရတဲ့ အရာမဟုတ်မှန်း ကိုယ်တိုင် ခံစားသိရှိ လာမယ်။ အချစ်ကိုတွေ့ဖူးပြီး တဲ့လူတစ်ယောက်ဟာ နဂိုက် အများကြီး
ရင့်ကျက်သွား တတ်တယ်။ ဒါကြောင့် ဘယ်သူ မဆို အချစ်ကို ရှာတွေ့ဖို့ ငြင်းဆန် မနေသင့်ဘူးလို့ အကြံပေးချင် ပါတယ်။
No Comments
Leave a Reply
Your email address will not be published.
အခ်စ္ေရး
ဘယ်တော့မှမဆုံစည်းနိုင်တော့တဲ့ တစ်ယောက်သောသူကို သတိရလာတဲ့အခါ..
ဘယ်တော့မှမဆုံစည်းနိုင်တော့တဲ့ တစ်ယောက်သောသူကို သတိရလာတဲ့အခါ.. သင့်ရဲ့ဘဝမှာ လုံးဝ မဆုံနိုင်တော့တဲ့ သူတစ်ယောက်၊ အမြဲ သတိရနေသူ တစ်ယောက် ကတော့ ရှိခဲ့ဖူးမှာပါ။ အခုရှိနေ ရင်လည်း ရှိနေမှာပေါ့။ သူက ကိုယ့်အနားလုံးဝမရှိတော့တာဖြစ်စေ၊ ဒီကမ္ဘာကြီးမှာ မရှိတော့ တာပဲဖြစ်ဖြစ် သူ့ကို သတိရတဲ့ အချိန် ရှိမှာပါပဲ။ အဲ့လိုအချိန်မှာ တမ်းတစိတ်ကြောင့် ရူးရူးမိုက်မိုက် မဖြစ်သွား ပါနဲ့။ သင်ခံစား နိုင်ပါတယ်။ နာကျင်နိုင်ပါတယ်။ သတိရ နိုင်ပါတယ်။ ဒါပေမဲ့ သတိရတဲ့ အချိန်တိုင်း အရင်ကထက် ပိုသက်သာစေ မယ့် နည်းလမ်းတွေကို ဖော်ပြပေးပါရစေ။ ၁။ ဒီလိုခံစားရတာ သင့်အမှား မဟုတ်ပါဘူး အချိန်က အရာရာကို ကုစား သွားမယ်လို့ …
အခ်စ္ေရး
မိန်းကလေးတွေက အရမ်းချစ်သွားမိရင် ကိုယ့်သွေးသားရင်းလိုပဲခံစားရတာ
မိန်းကလေးတွေက အရမ်းချစ်သွားမိရင် ကိုယ့်သွေးသားရင်းလိုပဲခံစားရတာ မိန်းကလေးတွေဟာ မွေးရာပါ မိခင်စိတ် ရှိသူတွေ ဖြစ်ကြ ပါတယ်။ စိတ်နှလုံးနူးညံ့တယ်၊ သနားလွယ်တယ်၊ အနစ်နာခံ တတ်တယ်။ ဒီလို မိန်းကလေးတွေဟာ ချစ်မိပြီ ဆိုရင် သူမတူအောင်ကို ချစ်နိုင်ကြပါတယ် …. ။ ချစ်သူအတွက် ချစ်သူ အဖြစ်သာမက မိခင်တစ်ယောက် နီးပါးကို ဂရုစိုက် နိုင်တဲ့၊ ချစ်နိုင်တဲ့ မိန်းကလေးတွေဆိုတာ ဒီအချက်တွေနဲ့ ကိုက်ညီနေ သူပါ။ ဒါကြောင့် သင့်ချစ်သူသာ ဒီလို မိန်းကလေးဖြစ်နေခဲ့ရင် သင်ဟာ ကမ္ဘာပေါ်မှာ ကံအကောင်းဆုံး လူတစ်ယောက် ဖြစ်တယ် ဆိုတာ သိထား လိုက်ပါနော် ။ (1) အချိန်ပြည့်စိတ်ပူပေးတယ် မိခင်တစ်ယောက် နီးပါး …
အခ်စ္ေရး
အချိန်ကြာ လမ်းခွဲပြီးသွားမှ ပြန်လက်တွဲသွားကြတဲ့စုံတွဲတွေရဲ့ ထူးခြားချက်(၅) ချက်
အချိန်ကြာ လမ်းခွဲပြီးသွားမှ ပြန်လက်တွဲသွားကြတဲ့စုံတွဲတွေရဲ့ ထူးခြားချက်(၅) ချက် ချစ်သူချင်း အဆင်မပြေလို့ ကွဲကြ၊ ကွာကြတာဟာ ဓမ္မတာပါပဲ။ ဒါပေမဲ့ လမ်းခွဲပြတ်စဲခဲ့တဲ့ ချစ်သူတွေ အချိန်အတော်ကြာ အဆက်အသွယ်လည်း မလုပ်ကြဘဲ နောက်မှ ပြန်တွဲကြတဲ့အခါ နှစ်ယောက်ကြားက အချစ်ရေးမျာ ကောင်းကျိုးလေးတွေ ရှိလာတတ်ပါတယ်။ အဲဒါလေးတွေကတော့.. (၁) သံယောဇဉ်ပိုတိုးလာတယ် ဒါကတော့ ဒီလို ပြန်တွဲခဲ့ကြတဲ့ ချစ်သူတွေမှာ အဖြစ်အများဆုံးကိစ္စပါပဲ။ ဝေးပြီးတဲ့နောက် တစ်ယောက်အပေါ်တစ်ယောက် ထားရှိတဲ့ စိတ်ခံစားချက်တွေ ပိုသေချာသွားတာကြောင့် သူနဲ့လည်းအတူပြန်ရှိရော သံယောဇဉ်တွေ အရင်ကထက်ပိုတိုးလာတာပါ။ (၂) ပိုရင့်ကျက်လာကြတယ် ပြဿနာဖြစ်တိုင်း အရင်လို ဒေါနဲ့မောနဲ့ ြဖေရှင်းမယ်၊ ဘာမဟုတ်တာလေးနဲ့ ပြတ်မယ်ပြောတယ်ဆိုတဲ့ အကျင့်တွေကြောင့် ဝေးသွားခဲ့ကြတဲ့အတွက် နောက်ပိုင်း ပြဿနာအကြီးကြီးကြုံလာရင်တောင် …