
ရွင္ေစာပုလဲ အမွန္ေတြ သိပ္ေျပာတာပဲ (အခု ေခတ္မွာလည္း သတိထားေစခ်င္)
ရွင္ေစာပု မိဖုရားႀကီးက ဘုန္းႀကီးေက်ာင္း သြားခါနီး သူ႔အေႁခြအရံ မ်ားကို ေျပာေနသည္မွာ –
ထိပ္ထား တစ္ခုသတိေပး ခ်င္ေသး တယ္။ သမီးေတာ္ တို႔ေရာ ေသေသခ်ာခ်ာနားေထာင္ၾကေနာ္။ ယခုမယ္မယ္တို႔ သြားရမွာက ရဟန္းေတာ္ေတြ သီတင္းသုံးတဲ့ ေနရာ၊ မယ္မယ္တို႔ ခ်ယ္သ ထားတာက တကယ့္ ပြဲလမ္း သဘင္ သြားမယ့္ အတိုင္းပဲ။
မိန္းမတစ္ေယာက္ရဲ႕ ဝတ္စား ဆင္ယင္မႈနဲ႔ အမူအရာေတြဟာ ဆန႔္က်င္ဘက္ ျဖစ္တဲ့ ပုရိသေတြကို ဆြဲေဆာင္ ႏိုင္စြမ္း ရွိတယ္။
အဆန္းတၾကယ္ ျပင္ဆင္ မြမ္းမံမႈက ညႇိဳ႕ယူလိုက္တဲ့အတြက္သူတို႔မွာ ပူေလာင္တဲ့ဆႏၵ ျဖစ္လာႏိုင္တယ္ေလ။ဒီလို သူ႔စိတ္ကို အေမွာင္ရိပ္ လႊမ္းသြားတာနဲ႔ တၿပိဳင္နက္သူ႔မွာ အျပစ္ျဖစ္ ရသလို သူ႔ကို ပူေလာင္ေအာင္
ဝတ္ဆင္ ထားတဲ့ မိန္းမမွာလည္း တန္းတူ အျပစ္ျဖစ္ ရတယ္။ ဒီေတာ့ ကိုယ့္ရဲ႕အေနအထိုင္ေၾကာင့္ တစ္ပါးသူတစ္ဦးကို ဘယ္ေတာ့မွ အေမွာင္ မလႊမ္းသြား ပါေစနဲ႔။
သမီးေတာ္တို႔ . . . ရဟန္းေတာ္ေတြ ဆိုတာ ကလည္း အာသေဝါ ကုန္းခမ္းၾကေသးတာ မဟုတ္ဘူး။ ပုထုဇဥ္ေတြ ပဲျဖစ္လို႔ ျပာဖုံးေန တဲ့ မီးခဲေတြ ပါပဲ။ ဒီမီးခဲေတြကို သမီးေတာ္တို႔ရဲ႕ တပ္မက္ စရာ ႐ူပါ႐ုံ ဆိုတဲ့ ေလေျပ တစ္ခ်က္ေမြ႕လိုက္ရင္ . . .ထိပ္ထား မဆက္ပါရေစ နဲ႔ေတာ့ကြယ္ ။
ဒါေၾကာင့္ သင့္တင့္႐ုံပဲ ျပင္ဆင္ၾက၊ ေခါင္းက ပန္းေတြျဖဳပ္ လိုက္။ မႈံနံ႔သာေတြ ကိုလည္း ဖ်က္လိုက္ ၾကပါဦး။ လုံလုံၿခဳံၿခဳံ ဝတ္ဆင္ၿပီး ျမင္ရသူ စိတ္ထဲမွာ ႏွမငယ္ သမီးငယ္တစ္ေယာက္လို က႐ုဏာ ပြားလာေအာင္ ေျပာဆို ဆက္ဆံၾက ပါကြယ္။
မသန္းသန္း (မန္းတကၠသိုလ္)၏ ရွင္ေစာပု အမည္ရွိ စာအုပ္မွ ။ ဒါေၾကာင့္ ဆရာေတာ္ဘုရားႀကီးေတြ ဆုံးမ ၾက တယ္ ။
ပစၥည္း ၊ မာတု ၊ ထိုႏွစ္ခု
ဘိကၡဳ ေသမင္း ဓားႏွစ္စင္း။ တဲ့ . . . .
Credit: Original Writer
Unicode
ရှင်စောပုလဲ အမှန်တွေ သိပ်ပြောတာပဲ (အခု ခေတ်မှာလည်း သတိထားစေချင်)
ရှင်စောပု မိဖုရားကြီးက ဘုန်းကြီးကျောင်း သွားခါနီး သူ့အခြွေအရံ များကို ပြောနေသည်မှာ –
ထိပ်ထား တစ်ခုသတိပေး ချင်သေး တယ်။ သမီးတော် တို့ရော သေသေချာချာနားထောင်ကြနော်။ ယခုမယ်မယ်တို့ သွားရမှာက ရဟန်းတော်တွေ သီတင်းသုံးတဲ့ နေရာ၊ မယ်မယ်တို့ ချယ်သ ထားတာက တကယ့် ပွဲလမ်း သဘင် သွားမယ့် အတိုင်းပဲ။
မိန်းမတစ်ယောက်ရဲ့ ဝတ်စား ဆင်ယင်မှုနဲ့ အမူအရာတွေဟာ ဆန့်ကျင်ဘက် ဖြစ်တဲ့ ပုရိသတွေကို ဆွဲဆောင် နိုင်စွမ်း ရှိတယ်။
အဆန်းတကြယ် ပြင်ဆင် မွမ်းမံမှုက ညှို့ယူလိုက်တဲ့အတွက်သူတို့မှာ ပူလောင်တဲ့ဆန္ဒ ဖြစ်လာနိုင်တယ်လေ။ဒီလို သူ့စိတ်ကို အမှောင်ရိပ် လွှမ်းသွားတာနဲ့ တပြိုင်နက်သူ့မှာ အပြစ်ဖြစ် ရသလို သူ့ကို ပူလောင်အောင်
ဝတ်ဆင် ထားတဲ့ မိန်းမမှာလည်း တန်းတူ အပြစ်ဖြစ် ရတယ်။ ဒီတော့ ကိုယ့်ရဲ့အနေအထိုင်ကြောင့် တစ်ပါးသူတစ်ဦးကို ဘယ်တော့မှ အမှောင် မလွှမ်းသွား ပါစေနဲ့။
သမီးတော်တို့ . . . ရဟန်းတော်တွေ ဆိုတာ ကလည်း အာသဝေါ ကုန်းခမ်းကြသေးတာ မဟုတ်ဘူး။ ပုထုဇဉ်တွေ ပဲဖြစ်လို့ ပြာဖုံးနေ တဲ့ မီးခဲတွေ ပါပဲ။ ဒီမီးခဲတွေကို သမီးတော်တို့ရဲ့ တပ်မက် စရာ ရူပါရုံ ဆိုတဲ့ လေပြေ တစ်ချက်မွေ့လိုက်ရင် . . .ထိပ်ထား မဆက်ပါရစေ နဲ့တော့ကွယ် ။
ဒါကြောင့် သင့်တင့်ရုံပဲ ပြင်ဆင်ကြ၊ ခေါင်းက ပန်းတွေဖြုပ် လိုက်။ မှုံနံ့သာတွေ ကိုလည်း ဖျက်လိုက် ကြပါဦး။ လုံလုံခြုံခြုံ ဝတ်ဆင်ပြီး မြင်ရသူ စိတ်ထဲမှာ နှမငယ် သမီးငယ်တစ်ယောက်လို ကရုဏာ ပွားလာအောင် ပြောဆို ဆက်ဆံကြ ပါကွယ်။
မသန်းသန်း (မန်းတက္ကသိုလ်)၏ ရှင်စောပု အမည်ရှိ စာအုပ်မှ ။ ဒါကြောင့် ဆရာတော်ဘုရားကြီးတွေ ဆုံးမ ကြ တယ် ။
ပစ္စည်း ၊ မာတု ၊ ထိုနှစ်ခု
ဘိက္ခု သေမင်း ဓားနှစ်စင်း။ တဲ့ . . . .
Credit: Original Writer
No Comments